Analysis Premier League

အဆင့် ၄ ထိ အာဆင်နယ်နေရာတက်ယူလာနိုင်တဲ့အထိ အာတီတာ ပြုလုပ်ခဲ့တဲ့ နည်းဗျူဟာအပြောင်းအလဲ ၃ ခု

အာဆင်နယ်အသင်းဟာ ယခုရာသီအစောပိုင်းတုန်းက နိုင်ပွဲတွေ မရခဲ့တာဟာ တစ်စုံတရာကို တိုးတက်အောင်လုပ်ဖို့ သို့မဟုတ် အပြောင်းအလဲလုပ်ဖို့ လိုအပ်နေတယ်ဆိုတာကို ပြသနေခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ ကျယ်ပြန့်တဲ့ ကစားသမားအစုအဖွဲ့ဆီကနေ စွမ်းဆောင်မှုကို မတူညီတဲ့ ချဉ်းကပ်မှု ပုံစံတွေ အများအပြားနဲ့အတူ ကွဲပြားတဲ့ ကစားသမားဖွဲ့စည်းပုံ ကြီးကြီးမားမားနဲ့ လူစာရင်းထုတ်ခဲ့ပြီး အနိုင်ရနိုင်မယ့် ဖော်မြူလာကို မတွေ့မချင်း ဖြစ်နိုင်သမျှနည်းလမ်းအားလုံးကို ကြိုးစားခဲ့ပါတယ်။ လက်ရှိ နိုင်ပွဲအနည်းငယ်ဆက်တိုက် ရရှိနေမှုမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ကစားနေတဲ့ပွဲစဉ်တွေမှာ တူညီတဲ့လူစာရင်းအတိုင်းကစားခဲ့တာ ၅ ပွဲနီးနီးရှိလာပြီဆိုတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

နောဝစ်ချ်အသင်းကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တစ်ပွဲမှာသာ လူထုတ်ပုံ အပြောင်းအလဲရှိခဲ့ပြီး အဲဒါကလည်း ညာနောက်ခံနေရာမှာ လိုအပ်ချက်အရ အပြောင်းအလဲ လုပ်ခဲ့တာဖြစ်ပါတယ်။ နည်းဗျူဟာပိုင်း ကွာခြားမှုအချို့ကိုလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ သတိထားမိခဲ့ပြီး အာတီတာဟာ နည်းဗျူဟာတစ်ခုကို ပြိုင်ဘက်တွေက လုံးဝ နောကြေသွားတဲ့အထိ အသုံးပြုပြီးမှ နောက်ထပ်တစ်ခုကို ပြောင်းလဲအသုံးပြုတတ်တဲ့ အကျင့် ရှိတဲ့သူဖြစ်ပါတယ်။

အခု အသုံးပြုနေတဲ့ နည်းဗျူဟာက ဘယ်လောက်ကြာကြာ အလုပ်ဖြစ်နေဦးမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းနေပြီး လက်ရှိမှာတော့ အာတီတာဟာ ၎င်းရဲ့နည်းပြသက်တမ်းမှာ အသင်းရဲ့ အကောင်းဆုံးပုံစံတွေထဲက အချို့ကို ရရှိအောင် စွမ်းဆောင်ထားပြီး ကစားသမားတွေကလည်း ကွင်းအတွင်းမှာ ချိတ်ဆက်မှုအားကောင်းကောင်းနဲ့ တိုက်စစ်မှာ အလွယ်တကူလိုက်ပါစီးမျောနိုင်စွမ်းကို ပြသရင်း ဂိုးတွေအများကြီး ရရှိအောင် စွမ်းဆောင်နေတာဖြစ်ပါတယ်။

နည်းဗျူဟာ ကွာခြားမှုတွေဟာလည်း စိတ်ဝင်စားစရာဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး အာတီတာအနေနဲ့ ထူးထူးခြားခြား ပြောင်းလဲခဲ့တဲ့ နည်းဗျူဟာ ၃ ခု ရှိနေခဲ့ပါတယ်။

၁။ ၄-၃-၃ ကို ပြန်သုံးပြီလား

၄-၃-၃ ကို ပြန်သုံးပြီလားဆိုတာ မသေချာပေမယ့် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အဲဒီကစားကွက်နဲ့ အရမ်းတူနေတာတော့ ကျိန်းသေပါတယ်။ ပိုပြီး သိသာတာက ရမ်းဒ်ဒေးလ် ဂိုးလွန်ဘော ကန်တင်တဲ့အချိန်မှာ အသင်းပုံစံက ၄-၃-၃ ပုံစံ ဖြစ်နေပြီး ကွင်းလယ်က ချာကာက တိုက်စစ်ကို ပိုမိုရောက်ရှိနေပြီး ကျောနံပါတ် ၈ ဖြစ်လုနီးပါးဖြစ်နေသလို အော်ဒီဂွါဒ်ကလည်း ညာတောင်ပံမှာ ရှိနေတာကြောင့် V ပုံသဏ္ဌာန်ပေါ်နေတာကို ရှင်းရှင်းကြီး မြင်နိုင်ပါတယ်။ အသင်းငယ်ဖြစ်တဲ့ နောဝစ်ချ်နဲ့ပွဲစဉ်တုန်းကဆိုရင် ချာကာက လာကာဇက်ရဲ့နောက်ကနေတောင် ပြေးလွှားပြီး ပင်နယ်တီဧရိယာဆီကို မကြာခဏ ပြေးလွှားနေခဲ့တာဖြစပါတယ်။ အာဆင်နယ်အသင်းရဲ့ တည်ဆောက်ပုံမှာ ဘယ်တောင်ပံက တီယာနီနဲ့ မာတီနယ်လီဟာ ချာကာ ပါဝင်မှုကြောင့် အကူအညီရခဲ့ပြီး ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့်က တီယာနီ တောင်ပံတကြော မွှေနှောက်နိုင်အောင် အလှည့်ကျ အတက်အဆင်း လုပ်ပေဲး့ပါတယ်။

ချာကာအနေနဲ့ ကွင်းလယ်ကနေ ဘယ်တောင်ပံ ရောက်ရောက်သွားတာနဲ့့ပတ်သက်ပြီး အရင်တုန်းက စောဒကတက်မျိုးတွေ ရှိခဲ့ပြီး အဲဒီပုံစံမျိုးနဲ့ ကစားတာက မဆင်မပြေပေမယ့် အခုအချိန်မှာတော့ ဘောလုံးပေးပို့ဖို့ ရွေးချယ်စရာအဖြစ်နဲ့ တောင်ပံကို ခိုင်မာကို ကူညီပေးနေတာဖြစ်လို့ ခါးဆက်မပြတ်တော့ပါဘူး။ ဘယ်နောက်ခံနေရာမှာ ချာကာ ဝင်ကစားပေးတာက အသစ်အဆန်းမဟုတ်ပေမယ့် ကျောနံပါတ် ၈ အဖြစ်နဲ့ ကစားစေတာကတော့ ၎င်းရဲ့ ကွင်းလယ်ဗဟို ဧရိယာမှာ ရွေ့လျားနိုင်စွမ်းမရှိမှုကို ဖာထေးပေးပြီး ပါတေးနဲ့ နောက်ခံလူတွေကို ရှေ့ပိုတက်ကစားနိုင်စေဖို့လို့ ယူဆရပါတယ်။ ပါတေးဟာ ကျောနံပါတ် ၆ နေရာမှာ ကစားစေဖို့ တာဝန်ပေးခံရတာ ဖြစ်ဖို့များပြီး အဲဒါကတော့ သိပ်ကြီးမားတဲ့ အပြောင်းအလဲတွေ ပေါ်လာမယ့်ပုံ မပေါ်ပါဘူး။ ချာကာဟာ ကျောနံပါတ် ၆ နေရာမှာ တော်တော်ကောင်းကောင်း ကစားနေခဲ့တာဖြစ်ပြီး ၎င်းရဲ့ ခံစစ်ပိုင်း အမြင်ရှိမှုက အာဆင်နယ်ရဲ့တိုက်စစ်ကို ကြာကြာ ထိန်းထားနိုင်တဲ့ သော့ချက်ဖြစ်ခဲ့ပါတယ်။ အဲဒီအပိုင်းကတော့ အဓိကသော့ချက်ဖြစ်ပါတယ်။

၂။ ပြိုင်ဘက်အသင်းတွေကို ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းက ဦးဆောင်ထားပြီး ပွဲကို ဆုပ်ကိုင်ထားနိုင်ချိန်မှာ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပြိုင်ဘက်လက်ထဲ ပြန်ပါသွားတာက ပုံမှန်ဖြစ်နေကျ စိတ်ပျက်စရာတစ်ခုဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်၊ ပဲလေ့စ်တို့နဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်တွေလိုမျိုးမှာ အဲဒီလို ဖြစ်တာက နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေခဲ့တယ်ဆိုတာ မြင်ခဲ့ရမှာပါ။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲမှာတော့ ဒီလိုမျိုး မဖြစ်ခဲ့ဘဲ ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ နည်းနည်း ခြေချော်ခဲ့ပေမယ့် ပြဿနာမဖြစ်ခဲ့တာက စီနီယာကစားသမားတွေဖြစ်တဲ့ ချာကာနဲ့ လာကာဇက်တို့ ဖြေရှင်းနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းဗျူဟာအားဖြင့် ဘောလုံးကို အသည်းအသန်လိုက်လုတာက အာဆင်နယ်ကို အပေါင်းလက္ခဏာဆောင်တဲ့ပွဲအခြေအနေမှာတောင်မှ ကြိုးစားအားထုတ်မှုကို ဆက်ထိန်းထားနိုင်အောင် အကူအညီဖြစ်စေပါတယ်။

ဂါဘရီယယ်လ်က ဖိအားဆက်ပေးနိုင်ဖို့အတွက် တစ်ခါတရံ သူ လူကပ်ထားတဲ့ ကစားသမားနောက်ကိုလိုက်ပြီး တိုက်စစ်အထိ လိုက်ပါတတ်တာက အဓိကသော့ချက်ဖြစ်ပါတယ်။ ဆာကာကိုတော့ နောက်ခံတောင်ပံကစားသမားတွေကို ရှေ့မတက်ရဲအောင် တောင်ပံနေရာကို ဖိထားဖို့ ညွှန်ကြားထားပြီး မာတီနယ်လီကတော့ အခြေအနေအတိုင်း လိုက်ကစားရုံပဲဖြစ်ပါတယ်။ လာကာဇက်က အဆက်မပြတ် ဖိထားဖို့ အော်ဟစ်နေပြီး အာဆင်နယ်ရဲ့ တန်ပြန်ဖိအားပေးမှုက မယုံနိုင်လောက်အောင် အကျိုးသက်ရောက်မှုရှိနေတာဖြစ်ပါတယ်။ ဘောလုံးမရှိဘဲ နေရာယူမှန်မှုက ပိုပြီး အကျိုးသက်ရောက်မှုရှိတဲ့ တန်ပြန်ဖိအားပေးမှုအတွက် အခြေခံအုတ်မြစ်တည်ဆောက်ရာမှာ အရေးကြီးပြီး ခံစစ်ကစားသမားတွေကလည်း ဂါဘရီယယ်လ်ရဲ့အကူအညီနဲ့အတူ တွန်အားပေးထားသလို တောင်ပံကစားသမားတွေကလည်း ပြိုင်ဘက်နောက်ခံကစားသမားတွေကို ဖိအားပေးထားနိုင်ပါတယ်။ အော်ဒီဂွါဒ်နဲ့ လာကာဇက်တို့ကြားက အလွန်ထက်မြက်တဲ့ ဆက်သွယ်မှုက တန်ပြန်ဖိအားပေးမှုကို အဓိက ကြိုးကိုင်ထားပြီး ရှေ့ပိုတက်ကစားတဲ့ ချာကာရဲ့ အကူအညီနဲ့အတူ အာဆင်နယ်က လက်ရှိမှာတော့ အသင်းတွေကို ကြိုးရှည်ရှည်နဲ့ လှန်ထားနိုင်နေပြီဖြစ်ပါတယ်။

၁။ လွတ်လွတ်လပ်လပ် စွန့်စားမှု

အာတီတာအနေနဲ့ အာဆင်နယ်ကို တာဝန်ယူကိုင်တွယ်တဲ့အချိန်ကတည်းက ၎င်းရဲ့ နည်းလမ်းတွေအတွက် ဝေဖန်မှုတွေ အများကြီးခံခဲ့ရတာ အမှန်ပါပဲ။ တိုက်စစ်မှာ ဖရိုဖရဲနဲ့ တိုက်စစ်စတင်ပုံ နှေးကွေးတာကြောင့် အာဆင်နယ်အသင်းဟာ အခွင့်အရေးအနည်းငယ်သာ ဖန်တီးနိုင်ပြီး ဂိုးလည်း နည်းနည်းပဲရခဲ့ပါတယ်။ ဘောလုံးကို ဂိုးပိုက်ထဲဝင်အောင် လုပ်နိုင်ဖို့အတွက် ရှေ့တန်းကနေ နောက်တန်းအထိ အသေးစိတ်ကအစ ပြီးပြည့်စုံနေရမှာဖြစ်ပါတယ်။ အသေးစိတ်ကျတဲ့ နည်းလမ်းတွေက ကစားသမားတွေရဲ့ တိုက်စစ်မှာ လွတ်လပ်စွာ ကစားနိုင်မှုကို အတားအဆီးဖြစ်စေပြီး ရလဒ်အနေနဲ့ ပျင်းရိဖွယ်ကောင်းပြီး၊ စိတ်ဝင်စားစရာမကောင်းတဲ့ ကစားပုံ ဖြစ်လာစေပါတယ်။ ရာသီကလည်း စတင်ခဲ့တာ ကြာလာတာနဲ့အမျှ တဖြည်းဖြည်း တိုးတက်လာပြီး ဘယ်လောက်အထိ စွန့်စားမှုတွေ လုပ်နိုင်နေပြီလဲဆိုတာကို လက်ရှိအချိန်မှာတော့ သတိပြုနိုင်ပြီဖြစ်ပါတယ်။

အော်ဒီဂွါဒ်က ဘောလုံးပေးပို့မှုတွေ ပြုလုပ်ဖို့အတွက် ပစ်မှတ်ရှာဖွေနေချိန်မှာ ဆာကာက ညာတောင်ပံမှာ ပြိုင်ဘက်ကစားသမားတွေ ဝိုင်းလာအောင် ဆွဲခေါ်ထားနိုင်တာက ကစားသမားတွေအနေနဲ့ စာအုပ်ကြီးအတိုင်း ကစားစရာမလိုဘူးဆိုတဲ့ ယုံကြည်ချက်ကို ကြီးထွားစေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရင်က အဓိကထားကစားခဲ့တဲ့ နေရာမှာ ဘောလုံးပိုင်ဆိုင်မှု ပြန်လည်စတင်နိုင်တာကြောင့် အဲဒီနေရာတွေမှာ ပိုမို လွတ်လပ်စွာနဲ့ စွန့်စားမှုတွေ ပြုလုပ်နိုင်မှာ သေချာပါတယ်။ အဲဒါကြောင့်ပဲ ကစားသမားတွေက ၎င်းတို့ ခြေထဲက ဘောလုံးကို အဆုံးရှုံးခံပြီး ပြိုင်ဘက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုတွေ ပြုလုပ်ဖို့ ပိုပြီးတော့ စွန့်စားမှုတွေ ပြုလုပ်နိုင်တယ်လို့ ခံစားရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပိုမိုအားကောင်းတဲ့ တန်ပြန်ဖိအားခြင်းဆိုတာဟာ ဘောလုံးကို ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ဆုံးရှုံးတာက တစ်ခါတရံကျရင် ပိုလို့တောင် အကျိုးအမြတ် ရှိတာကြောင့်ဖြစ်ပါတယ်။ တကယ်လို့ စွန့်စွန့်စားစား ကျော်ဖြတ်မှုက အလုပ်မဖြစ်လာခဲ့ရင်လည်း အခွင့်အရေးက သေဆုံးသွားပြီလို့ ဆိုလိုတာ မဟုတ်တာကြောင့်ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ယခုရာသီအေစာပိုင္းတုန္းက နိုင္ပြဲေတြ မရခဲ့တာဟာ တစ္စုံတရာကို တိုးတက္ေအာင္လုပ္ဖို႔ သို႔မဟုတ္ အေျပာင္းအလဲလုပ္ဖို႔ လိုအပ္ေနတယ္ဆိုတာကို ျပသေနခဲ့တာျဖစ္ပါတယ္။

အာတီတာဟာ က်ယ္ျပန႔္တဲ့ ကစားသမားအစုအဖြဲ႕ဆီကေန စြမ္းေဆာင္မႈကို မတူညီတဲ့ ခ်ဥ္းကပ္မႈ ပုံစံေတြ အမ်ားအျပားနဲ႔အတူ ကြဲျပားတဲ့ ကစားသမားဖြဲ႕စည္းပုံ ႀကီးႀကီးမားမားနဲ႔ လူစာရင္းထုတ္ခဲ့ၿပီး အနိုင္ရနိုင္မယ့္ ေဖာ္ျမဴလာကို မေတြ႕မခ်င္း ျဖစ္နိုင္သမၽွနည္းလမ္းအားလုံးကို ႀကိဳးစားခဲ့ပါတယ္။ လက္ရွိ နိုင္ပြဲအနည္းငယ္ဆက္တိုက္ ရရွိေနမႈမွာ အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္မွာ ယွဥ္ၿပိဳင္ကစားေနတဲ့ပြဲစဥ္ေတြမွာ တူညီတဲ့လူစာရင္းအတိုင္းကစားခဲ့တာ ၅ ပြဲနီးနီးရွိလာၿပီဆိုတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ေနာဝစ္ခ်္အသင္းကို ၅-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္တစ္ပြဲမွာသာ လူထုတ္ပုံ အေျပာင္းအလဲရွိခဲ့ၿပီး အဲဒါကလည္း ညာေနာက္ခံေနရာမွာ လိုအပ္ခ်က္အရ အေျပာင္းအလဲ လုပ္ခဲ့တာျဖစ္ပါတယ္။ နည္းဗ်ဴဟာပိုင္း ကြာျခားမႈအခ်ိဳ႕ကိုလည္း ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ သတိထားမိခဲ့ၿပီး အာတီတာဟာ နည္းဗ်ဴဟာတစ္ခုကို ၿပိဳင္ဘက္ေတြက လုံးဝ ေနာေၾကသြားတဲ့အထိ အသုံးျပဳၿပီးမွ ေနာက္ထပ္တစ္ခုကို ေျပာင္းလဲအသုံးျပဳတတ္တဲ့ အက်င့္ ရွိတဲ့သူျဖစ္ပါတယ္။

အခု အသုံးျပဳေနတဲ့ နည္းဗ်ဴဟာက ဘယ္ေလာက္ၾကာၾကာ အလုပ္ျဖစ္ေနဦးမလဲဆိုတာကို စိတ္ဝင္စားစရာေကာင္းေနၿပီး လက္ရွိမွာေတာ့ အာတီတာဟာ ၎ရဲ့နည္းျပသက္တမ္းမွာ အသင္းရဲ့ အေကာင္းဆုံးပုံစံေတြထဲက အခ်ိဳ႕ကို ရရွိေအာင္ စြမ္းေဆာင္ထားၿပီး ကစားသမားေတြကလည္း ကြင္းအတြင္းမွာ ခ်ိတ္ဆက္မႈအားေကာင္းေကာင္းနဲ႔ တိုက္စစ္မွာ အလြယ္တကူလိုက္ပါစီးေမ်ာနိုင္စြမ္းကို ျပသရင္း ဂိုးေတြအမ်ားႀကီး ရရွိေအာင္ စြမ္းေဆာင္ေနတာျဖစ္ပါတယ္။

နည္းဗ်ဴဟာ ကြာျခားမႈေတြဟာလည္း စိတ္ဝင္စားစရာျဖစ္ေအာင္ လုပ္ေဆာင္နိုင္ခဲ့ၿပီး အာတီတာအေနနဲ႔ ထူးထူးျခားျခား ေျပာင္းလဲခဲ့တဲ့ နည္းဗ်ဴဟာ ၃ ခု ရွိေနခဲ့ပါတယ္။

၁။ ၄-၃-၃ ကို ျပန္သုံးၿပီလား

၄-၃-၃ ကို ျပန္သုံးၿပီလားဆိုတာ မေသခ်ာေပမယ့္ ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ အဲဒီကစားကြက္နဲ႔ အရမ္းတူေနတာေတာ့ က်ိန္းေသပါတယ္။ ပိုၿပီး သိသာတာက ရမ္းဒ္ေဒးလ္ ဂိုးလြန္ေဘာ ကန္တင္တဲ့အခ်ိန္မွာ အသင္းပုံစံက ၄-၃-၃ ပုံစံ ျဖစ္ေနၿပီး ကြင္းလယ္က ခ်ာကာက တိုက္စစ္ကို ပိုမိုေရာက္ရွိေနၿပီး ေက်ာနံပါတ္ ၈ ျဖစ္လုနီးပါးျဖစ္ေနသလို ေအာ္ဒီဂြါဒ္ကလည္း ညာေတာင္ပံမွာ ရွိေနတာေၾကာင့္ V ပုံသဏၭာန္ေပၚေနတာကို ရွင္းရွင္းႀကီး ျမင္နိုင္ပါတယ္။ အသင္းငယ္ျဖစ္တဲ့ ေနာဝစ္ခ်္နဲ႔ပြဲစဥ္တုန္းကဆိုရင္ ခ်ာကာက လာကာဇက္ရဲ့ေနာက္ကေနေတာင္ ေျပးလႊားၿပီး ပင္နယ္တီဧရိယာဆီကို မၾကာခဏ ေျပးလႊားေနခဲ့တာျဖစပါတယ္။ အာဆင္နယ္အသင္းရဲ့ တည္ေဆာက္ပုံမွာ ဘယ္ေတာင္ပံက တီယာနီနဲ႔ မာတီနယ္လီဟာ ခ်ာကာ ပါဝင္မႈေၾကာင့္ အကူအညီရခဲ့ၿပီး ဆြစ္ဇာလန္ကြင္းလယ္ၾကယ္ပြင့္က တီယာနီ ေတာင္ပံတေၾကာ ေမႊေႏွာက္နိုင္ေအာင္ အလွည့္က် အတက္အဆင္း လုပ္ေပဲး့ပါတယ္။

ခ်ာကာအေနနဲ႔ ကြင္းလယ္ကေန ဘယ္ေတာင္ပံ ေရာက္ေရာက္သြားတာနဲ႔့ပတ္သက္ၿပီး အရင္တုန္းက ေစာဒကတက္မ်ိဳးေတြ ရွိခဲ့ၿပီး အဲဒီပုံစံမ်ိဳးနဲ႔ ကစားတာက မဆင္မေျပေပမယ့္ အခုအခ်ိန္မွာေတာ့ ေဘာလုံးေပးပို႔ဖို႔ ေရြးခ်ယ္စရာအျဖစ္နဲ႔ ေတာင္ပံကို ခိုင္မာကို ကူညီေပးေနတာျဖစ္လို႔ ခါးဆက္မျပတ္ေတာ့ပါဘူး။ ဘယ္ေနာက္ခံေနရာမွာ ခ်ာကာ ဝင္ကစားေပးတာက အသစ္အဆန္းမဟုတ္ေပမယ့္ ေက်ာနံပါတ္ ၈ အျဖစ္နဲ႔ ကစားေစတာကေတာ့ ၎ရဲ့ ကြင္းလယ္ဗဟို ဧရိယာမွာ ေရြ႕လ်ားနိုင္စြမ္းမရွိမႈကို ဖာေထးေပးၿပီး ပါေတးနဲ႔ ေနာက္ခံလူေတြကို ေရွ႕ပိုတက္ကစားနိုင္ေစဖို႔လို႔ ယူဆရပါတယ္။ ပါေတးဟာ ေက်ာနံပါတ္ ၆ ေနရာမွာ ကစားေစဖို႔ တာဝန္ေပးခံရတာ ျဖစ္ဖို႔မ်ားၿပီး အဲဒါကေတာ့ သိပ္ႀကီးမားတဲ့ အေျပာင္းအလဲေတြ ေပၚလာမယ့္ပုံ မေပၚပါဘူး။ ခ်ာကာဟာ ေက်ာနံပါတ္ ၆ ေနရာမွာ ေတာ္ေတာ္ေကာင္းေကာင္း ကစားေနခဲ့တာျဖစ္ၿပီး ၎ရဲ့ ခံစစ္ပိုင္း အျမင္ရွိမႈက အာဆင္နယ္ရဲ့တိုက္စစ္ကို ၾကာၾကာ ထိန္းထားနိုင္တဲ့ ေသာ့ခ်က္ျဖစ္ခဲ့ပါတယ္။ အဲဒီအပိုင္းကေတာ့ အဓိကေသာ့ခ်က္ျဖစ္ပါတယ္။

၂။ ၿပိဳင္ဘက္အသင္းေတြကို ႀကိဳးရွည္ရွည္နဲ႔ လွန္ထားတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းက ဦးေဆာင္ထားၿပီး ပြဲကို ဆုပ္ကိုင္ထားနိုင္ခ်ိန္မွာ ထိန္းခ်ဳပ္နိုင္ျခင္းမရွိဘဲ ၿပိဳင္ဘက္လက္ထဲ ျပန္ပါသြားတာက ပုံမွန္ျဖစ္ေနက် စိတ္ပ်က္စရာတစ္ခုျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္၊ ပဲေလ့စ္တို႔နဲ႔ ကစားခဲ့တဲ့ အေဝးကြင္းပြဲစဥ္ေတြလိုမ်ိဳးမွာ အဲဒီလို ျဖစ္တာက ေနာက္ဆက္တြဲ ထိခိုက္ပ်က္စီးမႈေတြ ျဖစ္ေစခဲ့တယ္ဆိုတာ ျမင္ခဲ့ရမွာပါ။ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၄ ပြဲမွာေတာ့ ဒီလိုမ်ိဳး မျဖစ္ခဲ့ဘဲ ဝက္စ္ဟမ္းနဲ႔ပြဲမွာေတာ့ နည္းနည္း ေျခေခ်ာ္ခဲ့ေပမယ့္ ျပႆနာမျဖစ္ခဲ့တာက စီနီယာကစားသမားေတြျဖစ္တဲ့ ခ်ာကာနဲ႔ လာကာဇက္တို႔ ေျဖရွင္းနိုင္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း နည္းဗ်ဴဟာအားျဖင့္ ေဘာလုံးကို အသည္းအသန္လိုက္လုတာက အာဆင္နယ္ကို အေပါင္းလကၡဏာေဆာင္တဲ့ပြဲအေျခအေနမွာေတာင္မွ ႀကိဳးစားအားထုတ္မႈကို ဆက္ထိန္းထားနိုင္ေအာင္ အကူအညီျဖစ္ေစပါတယ္။

ဂါဘရီယယ္လ္က ဖိအားဆက္ေပးနိုင္ဖို႔အတြက္ တစ္ခါတရံ သူ လူကပ္ထားတဲ့ ကစားသမားေနာက္ကိုလိုက္ၿပီး တိုက္စစ္အထိ လိုက္ပါတတ္တာက အဓိကေသာ့ခ်က္ျဖစ္ပါတယ္။ ဆာကာကိုေတာ့ ေနာက္ခံေတာင္ပံကစားသမားေတြကို ေရွ႕မတက္ရဲေအာင္ ေတာင္ပံေနရာကို ဖိထားဖို႔ ညႊန္ၾကားထားၿပီး မာတီနယ္လီကေတာ့ အေျခအေနအတိုင္း လိုက္ကစား႐ုံပဲျဖစ္ပါတယ္။ လာကာဇက္က အဆက္မျပတ္ ဖိထားဖို႔ ေအာ္ဟစ္ေနၿပီး အာဆင္နယ္ရဲ့ တန္ျပန္ဖိအားေပးမႈက မယုံနိုင္ေလာက္ေအာင္ အက်ိဳးသက္ေရာက္မႈရွိေနတာျဖစ္ပါတယ္။ ေဘာလုံးမရွိဘဲ ေနရာယူမွန္မႈက ပိုၿပီး အက်ိဳးသက္ေရာက္မႈရွိတဲ့ တန္ျပန္ဖိအားေပးမႈအတြက္ အေျခခံအုတ္ျမစ္တည္ေဆာက္ရာမွာ အေရးႀကီးၿပီး ခံစစ္ကစားသမားေတြကလည္း ဂါဘရီယယ္လ္ရဲ့အကူအညီနဲ႔အတူ တြန္အားေပးထားသလို ေတာင္ပံကစားသမားေတြကလည္း ၿပိဳင္ဘက္ေနာက္ခံကစားသမားေတြကို ဖိအားေပးထားနိုင္ပါတယ္။ ေအာ္ဒီဂြါဒ္နဲ႔ လာကာဇက္တို႔ၾကားက အလြန္ထက္ျမက္တဲ့ ဆက္သြယ္မႈက တန္ျပန္ဖိအားေပးမႈကို အဓိက ႀကိဳးကိုင္ထားၿပီး ေရွ႕ပိုတက္ကစားတဲ့ ခ်ာကာရဲ့ အကူအညီနဲ႔အတူ အာဆင္နယ္က လက္ရွိမွာေတာ့ အသင္းေတြကို ႀကိဳးရွည္ရွည္နဲ႔ လွန္ထားနိုင္ေနၿပီျဖစ္ပါတယ္။

၁။ လြတ္လြတ္လပ္လပ္ စြန႔္စားမႈ

အာတီတာအေနနဲ႔ အာဆင္နယ္ကို တာဝန္ယူကိုင္တြယ္တဲ့အခ်ိန္ကတည္းက ၎ရဲ့ နည္းလမ္းေတြအတြက္ ေဝဖန္မႈေတြ အမ်ားႀကီးခံခဲ့ရတာ အမွန္ပါပဲ။ တိုက္စစ္မွာ ဖရိုဖရဲနဲ႔ တိုက္စစ္စတင္ပုံ ေႏွးေကြးတာေၾကာင့္ အာဆင္နယ္အသင္းဟာ အခြင့္အေရးအနည္းငယ္သာ ဖန္တီးနိုင္ၿပီး ဂိုးလည္း နည္းနည္းပဲရခဲ့ပါတယ္။ ေဘာလုံးကို ဂိုးပိုက္ထဲဝင္ေအာင္ လုပ္နိုင္ဖို႔အတြက္ ေရွ႕တန္းကေန ေနာက္တန္းအထိ အေသးစိတ္ကအစ ၿပီးျပည့္စုံေနရမွာျဖစ္ပါတယ္။ အေသးစိတ္က်တဲ့ နည္းလမ္းေတြက ကစားသမားေတြရဲ့ တိုက္စစ္မွာ လြတ္လပ္စြာ ကစားနိုင္မႈကို အတားအဆီးျဖစ္ေစၿပီး ရလဒ္အေနနဲ႔ ပ်င္းရိဖြယ္ေကာင္းၿပီး၊ စိတ္ဝင္စားစရာမေကာင္းတဲ့ ကစားပုံ ျဖစ္လာေစပါတယ္။ ရာသီကလည္း စတင္ခဲ့တာ ၾကာလာတာနဲ႔အမၽွ တျဖည္းျဖည္း တိုးတက္လာၿပီး ဘယ္ေလာက္အထိ စြန႔္စားမႈေတြ လုပ္နိုင္ေနၿပီလဲဆိုတာကို လက္ရွိအခ်ိန္မွာေတာ့ သတိျပဳနိုင္ၿပီျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္က ေဘာလုံးေပးပို႔မႈေတြ ျပဳလုပ္ဖို႔အတြက္ ပစ္မွတ္ရွာေဖြေနခ်ိန္မွာ ဆာကာက ညာေတာင္ပံမွာ ၿပိဳင္ဘက္ကစားသမားေတြ ဝိုင္းလာေအာင္ ဆြဲေခၚထားနိုင္တာက ကစားသမားေတြအေနနဲ႔ စာအုပ္ႀကီးအတိုင္း ကစားစရာမလိုဘူးဆိုတဲ့ ယုံၾကည္ခ်က္ကို ႀကီးထြားေစတာလည္း ျဖစ္ေကာင္း ျဖစ္နိုင္ပါတယ္။ ဒါေပမယ့္ အရင္က အဓိကထားကစားခဲ့တဲ့ ေနရာမွာ ေဘာလုံးပိုင္ဆိုင္မႈ ျပန္လည္စတင္နိုင္တာေၾကာင့္ အဲဒီေနရာေတြမွာ ပိုမို လြတ္လပ္စြာနဲ႔ စြန႔္စားမႈေတြ ျပဳလုပ္နိုင္မွာ ေသခ်ာပါတယ္။ အဲဒါေၾကာင့္ပဲ ကစားသမားေတြက ၎တို႔ ေျခထဲက ေဘာလုံးကို အဆုံးရႈံးခံၿပီး ၿပိဳင္ဘက္ကို တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္မႈေတြ ျပဳလုပ္ဖို႔ ပိုၿပီးေတာ့ စြန႔္စားမႈေတြ ျပဳလုပ္နိုင္တယ္လို႔ ခံစားရမွာျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ပိုမိုအားေကာင္းတဲ့ တန္ျပန္ဖိအားျခင္းဆိုတာဟာ ေဘာလုံးကို ၿပိဳင္ဘက္ကြင္းဘက္ျခမ္းမွာ ဆုံးရႈံးတာက တစ္ခါတရံက်ရင္ ပိုလို႔ေတာင္ အက်ိဳးအျမတ္ ရွိတာေၾကာင့္ျဖစ္ပါတယ္။ တကယ္လို႔ စြန႔္စြန႔္စားစား ေက်ာ္ျဖတ္မႈက အလုပ္မျဖစ္လာခဲ့ရင္လည္း အခြင့္အေရးက ေသဆုံးသြားၿပီလို႔ ဆိုလိုတာ မဟုတ္တာေၾကာင့္ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.