Premier League

ချဲလ်ဆီးကို နိုင်ဖို့ လုပ်ရမယ့်အရာကို အသင်းဖော်တွေသိအောင် ပြောလိုက်တဲ့ ဂျိုတာ

လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး ဂျိုတာက တနင်္ဂနွေနေ့ ချဲလ်ဆီးနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ပတ်သက်ပြီး ၎င်းရဲ့ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။

၂ သင်းစလုံးဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာက မန်ချက်စတာစီးတီးအသင်းနဲ့ ရမှတ် ကွာဟမှု လျှော့ချချင်နေတာကြောင့် စတမ်းဖို့ဒ် ဘရစ်ျခ်မှာ ကစားမယ့်ပွဲစဉ်က ၂ သင်းစလုံးအတွက် အရေးကြီးတဲ့ ပွဲစဉ်ဖြစ်လာမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး တစ်ပွဲလျော့နဲ့ ချဲလ်ဆီးအသင်းရဲ့နောက် ၁ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ၉ မှတ်ကွာဟနေပြီး တနင်္ဂနွေနေ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲကနေ ထွက်ရဖို့ များသွားမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မတိုင်မီ ဂျိုတာဟာ လီဗာပူးလ်အနေနဲ့ ချဲလ်ဆီးကို အနိုင်ယူပြီး ၎င်းတို့ ၂ သင်းနဲ့ မန်စီးတီးတို့ကြားက ရမှတ် ကွာဟမှုကို လျှော့ချနိုင်မယ်လို့ ထင်လားလို့ မေးမြန်းခံခဲ့ရတာဖြစ်ပါတယ်။

“ရမှတ် ကွာဟချက်ရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီ ကွာဟမှုကို လျော့ကျသွားအောင်လုပ်နိုင်တယ်ဆိုတာလည်း ကျွန်တော်တို့ သိနေပြီး အဲဒါက ကျွန်တော်တို့ရဲ့အစီအစဉ်ပါ။ ဒါပေမယ့် ကျွန်တော်တို့ လက်စတာနဲ့ပွဲတုန်းက ဖြစ်ပျက်ခဲ့တာတွေလိုမျိုးကိစ္စတွေကို ရှောင်လွှဲနိုင်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အဲဒီပွဲတုန်းက လုပ်ခဲ့တဲ့ဟာတွေကို ဆက်လုပ်နေရင် ကျွန်တော်တို့အတွက် ခက်ခဲလာတော့မှာဖြစ်ပါတယ်”

ဂျိုတာက စတမ်းဖို့ဒ် ဘရစ်ချ်မှာ အနိုင်ရရှိချင်တယ်ဆိုရင် လီဗာပူးလ်အသင်းအနေနဲ့ အကောင်းဆုံး ပုံစံမှာ ရှိနေရမှာဖြစ်တယ်လို့လည်း ဝန်ခံ ပြောကြားခဲ့ပါတယ်။ “ချဲလ်ဆီးနဲ့အဝေးကွင်းမှာ ကစားရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အိမ်ကွင်းမှာကစားတုန်းက သူတို့နဲ့ သရေကျခဲ့တယ်။ အဲဒီပွဲစဉ်က လွယ်ကူမှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ ၂ သင်းစလုံး ကွာဟချက်ကို လျှော့ချချင်ပေမယ့် အနည်းဆုံး ကျွန်တော်တို့ထဲက တစ်သင်းကတော့ ပိုလို့တောင် နောက်ရောက်သွားမယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်”

“ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အသင်းတိုင်းကို ကွင်းမရေးပဲအနိုင်ယူတုန်းက ပုံစံအတိုင်း အကောင်းဆုံးပုံစံမှာ ရှိနေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အဲဒီလိုသာ လုပ်နိုင်ရင် စတမ်းဖို့ဒ် ဘရစ်ချ်မှာ အနိုင်ရရှိနိုင်မယ်ဆိုတာကို သိပါတယ်။ ကျွန်တော်တို့ နှစ်သစ်ကို ကောင်းကောင်း စတင်ချင်ပြီး တစ်ခုတည်းသော နည်းလမ်းကတော့ စတမ်းဖို့ဒ် ဘရစ်ချ်က ပွဲစဉ်ကို အနိုင်ကစားသွားဖို့ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး ဂ်ိဳတာက တနဂၤေႏြေန႔ ခ်ဲလ္ဆီးနဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္နဲ႔ပတ္သက္ၿပီး ၎ရဲ့ထင္ျမင္ခ်က္ကို ေျပာၾကားခဲ့ပါတယ္။

၂ သင္းစလုံးဟာ အမွတ္ေပးဇယားထိပ္ဆုံးေနရာက မန္ခ်က္စတာစီးတီးအသင္းနဲ႔ ရမွတ္ ကြာဟမႈ ေလၽွာ့ခ်ခ်င္ေနတာေၾကာင့္ စတမ္းဖို႔ဒ္ ဘရစ္်ခ္မွာ ကစားမယ့္ပြဲစဥ္က ၂ သင္းစလုံးအတြက္ အေရးႀကီးတဲ့ ပြဲစဥ္ျဖစ္လာမွာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၃ ေနရာမွာ ရပ္တည္ေနၿပီး တစ္ပြဲေလ်ာ့နဲ႔ ခ်ဲလ္ဆီးအသင္းရဲ့ေနာက္ ၁ မွတ္အကြာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ၉ မွတ္ကြာဟေနၿပီး တနဂၤေႏြေန႔ပြဲစဥ္မွာ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲကေန ထြက္ရဖို႔ မ်ားသြားမွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္မတိုင္မီ ဂ်ိဳတာဟာ လီဗာပူးလ္အေနနဲ႔ ခ်ဲလ္ဆီးကို အနိုင္ယူၿပီး ၎တို႔ ၂ သင္းနဲ႔ မန္စီးတီးတို႔ၾကားက ရမွတ္ ကြာဟမႈကို ေလၽွာ့ခ်နိုင္မယ္လို႔ ထင္လားလို႔ ေမးျမန္းခံခဲ့ရတာျဖစ္ပါတယ္။

“ရမွတ္ ကြာဟခ်က္ရွိေနတယ္ဆိုတာ ကၽြန္ေတာ္တို႔ သိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ အဲဒီ ကြာဟမႈကို ေလ်ာ့က်သြားေအာင္လုပ္နိုင္တယ္ဆိုတာလည္း ကၽြန္ေတာ္တို႔ သိေနၿပီး အဲဒါက ကၽြန္ေတာ္တို႔ရဲ့အစီအစဥ္ပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ လက္စတာနဲ႔ပြဲတုန္းက ျဖစ္ပ်က္ခဲ့တာေတြလိုမ်ိဳးကိစၥေတြကို ေရွာင္လႊဲနိုင္ဖို႔ လိုပါတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ အဲဒီပြဲတုန္းက လုပ္ခဲ့တဲ့ဟာေတြကို ဆက္လုပ္ေနရင္ ကၽြန္ေတာ္တို႔အတြက္ ခက္ခဲလာေတာ့မွာျဖစ္ပါတယ္”

ဂ်ိဳတာက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အနိုင္ရရွိခ်င္တယ္ဆိုရင္ လီဗာပူးလ္အသင္းအေနနဲ႔ အေကာင္းဆုံး ပုံစံမွာ ရွိေနရမွာျဖစ္တယ္လို႔လည္း ဝန္ခံ ေျပာၾကားခဲ့ပါတယ္။ “ခ်ဲလ္ဆီးနဲ႔အေဝးကြင္းမွာ ကစားရမယ္ဆိုတာ ကၽြန္ေတာ္တို႔ သိပါတယ္။ အိမ္ကြင္းမွာကစားတုန္းက သူတို႔နဲ႔ သေရက်ခဲ့တယ္။ အဲဒီပြဲစဥ္က လြယ္ကူမွာမဟုတ္ဘူးဆိုတာ ကၽြန္ေတာ္တို႔ သိပါတယ္။ ကၽြန္ေတာ္တို႔ ၂ သင္းစလုံး ကြာဟခ်က္ကို ေလၽွာ့ခ်ခ်င္ေပမယ့္ အနည္းဆုံး ကၽြန္ေတာ္တို႔ထဲက တစ္သင္းကေတာ့ ပိုလို႔ေတာင္ ေနာက္ေရာက္သြားမယ္ဆိုတာလည္း ကၽြန္ေတာ္တို႔ သိပါတယ္”

“ကြၽန္ေတာ္တို႔အေနနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ အသင္းတိုင္းကို ကြင္းမေရးပဲအႏိုင္ယူတုန္းက ပုံစံအတိုင္း အေကာင္းဆုံးပုံစံမွာ ရွိေနဖို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ အဲဒီလိုသာ လုပ္ႏိုင္ရင္ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အႏိုင္ရရွိႏိုင္မယ္ဆိုတာကို သိပါတယ္။ ကြၽန္ေတာ္တို႔ ႏွစ္သစ္ကို ေကာင္းေကာင္း စတင္ခ်င္ၿပီး တစ္ခုတည္းေသာ နည္းလမ္းကေတာ့ စတမ္းဖို႔ဒ္ ဘရစ္ခ်္က ပြဲစဥ္ကို အႏိုင္ကစားသြားဖို႔ပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.