Premier League

ဂန္ဓီထုံး နှလုံးမူပြီး ဝိုင်းပေါက်တဲ့အကြွေစေ့တွေ ကောက်ပြီး မုန့်စားဖို့ ကြံခဲ့တဲ့ ရမ်းစ်ဒေးလ်

အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ဟာ လိဒ်စ်ယူနိုက်တက်ပရိသတ်တွေက ၎င်းကို အကြွေစေ့နဲ့ ဝိုင်းပေါက်ခဲ့ပြီးနောက် လိဒ်စ်ကွင်းလယ်ကစားသမားကို ‘မင်းတို့ ပရိသတ်တွေ ပိုက်ဆံအများကြီးရှိမှ ရမယ်’လို့ ပြောကြားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ ယခုလအစောပိုင်းက လိဒ်စ်ယူနိုက်တက် အိမ်ကွင်းမှာ အာဆင်နယ်အသင်းက ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို အကိုးအကားအဖြစ် ပြုလုပ်ပြီး လိဒ်စ်ယူနိုက်တက်ပရိသတ်တွေဆီကနေ နှောင့်ယှက်မှုတွေ အများအပြား ရရှိခဲ့တယ်လို့ ဘန် ဖော်စတာရဲ့ YouTube channel ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ပြီးခဲ့တဲ့နွေရာသီ ကစားသမားခေါ်ယူမှုဖြစ်တဲ့ ရမ်းစ်ဒေးလ်က ၎င်းကို နှောင့်ယှက်ခဲ့သမျှ အားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းခဲ့ကြောင်း ရှင်းရှင်းလင်းလင်း သိအောင်ပြုလုပ်ခဲ့ပြီး အရမ်းလေးလေးနက်နက် မဟုတ်သယောင်ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်အောက်တန်းလိဂ်တွေမှာ ဂိုးဖမ်းလာခဲ့တဲ့ ရမ်းစ်ဒေးလ်အတွက်တော့ လိဒ်စ်ယူနိုက်တက်အသင်း ပရိသတ်တွေဆီက ရရှိခဲ့တဲ့ အနှောင့်အယှက်ပေးမှုတွေဟာ ၎င်း ငယ်ငယ်တုန်းက ကစားခဲ့တဲ့အချိန်တုန်းက ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်တော့တာဖြစ်ပါတယ်။ အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်အတွက်တော့ လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်ဟာ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ပုံပေါ်ပြီး ၎င်းကို ပစ်ခဲ့တဲ့အကြွေစေ့တွေ အားလုံးပေါင်း ၁၇ ပေါင်အထိ စုဆောင်းနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ပထမဂိုးသွင်းအပြီးမှာ ရေဗူးတွေရယ်၊ ပစ္စည်းအချို့ရယ်နဲ့ ပစ်ပေါက်တာတွေရှိခဲ့တယ်။ အဲဒါက အဆင်ပြေပါတယ်။ ကျွန်တော် အဲဒါတွေကို တစ်ဖက်ကို ပစ်လိုက်တယ်။ ပြီးတော့ မီးခြစ်အနည်းငယ်ရောက်တယ်။ အဲဒါတွေကိုလည်း ဘေးကို ပစ်လိုက်တယ်။ နောက်ထပ် ပစ်တဲ့ဟာက ခင်ဗျား သိလား။ ပိုက်ဆံတွေနဲ့ စပစ်လာပြီး ကျွန်တော်လည်း စပြီး လှည့်ပတ်ကြည့်လိုက်တော့ ၂ ပေါင်တန်အကြွေစေ့တွေ့တယ်။ ပြီးတော့ ကျွန်တော် အဲဒီ ၂ ပေါင်ကို ယူထားလိုက်တယ်။ ပြီးတော့ ပေါင်အကြွေစေ့တွေနဲ့ ပြား ၅၀ အကြွေစေ့တွေ တွေ့တယ်”

“အဲဒီတော့ ကျွန်တော်လည်း လိုက်ရှာပြီး အဲဒါတွေကို ကောက်တာပေါ့။ ပြီးတော့ အဲဒါတွေကို ကျွန်တော့် မျက်နှာသုတ်ပုဝါထဲကို ထည့်လိုက်တယ်။ ပြီးတော့ ပထမပိုင်းပြီးသွားတော့ ကျွန်တော် အဲဒါတွေကို သဘက်ထဲထည့်ပြီး ကွင်းထဲကနေ ထွက်လာလိုက်တယ်။ ဒုတိယပိုင်းမှာ ကျွန်တော် နည်းနည်း ပိုတောင်ရသေးတယ်”

“ကျွန်တော် ပွဲပြီးတော့ ကွင်းထဲ ပြန်ဝင်ပြီး ကယ်လ်ဗင် ဖိလစ်နဲ့ စကားပြောနေခဲ့တယ်။ ကျွန်တော့်ပုံစံက ‘မင်း ပရိသတ်တွေက ပိုက်ဆံအများကြီး ရှိမှ ဖြစ်မယ်’ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့။ ကျွန်တော် ကွင်းထဲက ကောက်လာတာ ၁၇ ပေါင်လောက် ရှိမယ်။ ပြီးတော့ ကျွန်တော် ပိုက်ဆံအချို့ ပျောက်သွားခဲ့တယ်။ ကျွန်တော့်အထင် ဂျာစီတွေကို ပြင်ဆင်လျှော်ဖွပ်ဖို့ တာဝန်ယူထားတဲ့သူက မသွားတာ ဖြစ်မယ်ထင်တာပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ဂိုးသမား အာရြန္ ရမ္းစ္ေဒးလ္ဟာ လိဒ္စ္ယူနိုက္တက္ပရိသတ္ေတြက ၎ကို အေႂကြေစ့နဲ႔ ဝိုင္းေပါက္ခဲ့ၿပီးေနာက္ လိဒ္စ္ကြင္းလယ္ကစားသမားကို ‘မင္းတို႔ ပရိသတ္ေတြ ပိုက္ဆံအမ်ားႀကီးရွိမွ ရမယ္’လို႔ ေျပာၾကားခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အဂၤလန္လက္ေရြးစင္ဂိုးသမားဟာ ယခုလအေစာပိုင္းက လိဒ္စ္ယူနိုက္တက္ အိမ္ကြင္းမွာ အာဆင္နယ္အသင္းက ၄-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္ကို အကိုးအကားအျဖစ္ ျပဳလုပ္ၿပီး လိဒ္စ္ယူနိုက္တက္ပရိသတ္ေတြဆီကေန ေႏွာင့္ယွက္မႈေတြ အမ်ားအျပား ရရွိခဲ့တယ္လို႔ ဘန္ ေဖာ္စတာရဲ့ YouTube channel ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ့ ၿပီးခဲ့တဲ့ေႏြရာသီ ကစားသမားေခၚယူမႈျဖစ္တဲ့ ရမ္းစ္ေဒးလ္က ၎ကို ေႏွာင့္ယွက္ခဲ့သမၽွ အားလုံးကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ေျဖရွင္းခဲ့ေၾကာင္း ရွင္းရွင္းလင္းလင္း သိေအာင္ျပဳလုပ္ခဲ့ၿပီး အရမ္းေလးေလးနက္နက္ မဟုတ္သေယာင္ေျပာဆိုခဲ့ပါတယ္။

အဂၤလန္ေအာက္တန္းလိဂ္ေတြမွာ ဂိုးဖမ္းလာခဲ့တဲ့ ရမ္းစ္ေဒးလ္အတြက္ေတာ့ လိဒ္စ္ယူနိုက္တက္အသင္း ပရိသတ္ေတြဆီက ရရွိခဲ့တဲ့ အေႏွာင့္အယွက္ေပးမႈေတြဟာ ၎ ငယ္ငယ္တုန္းက ကစားခဲ့တဲ့အခ်ိန္တုန္းက ျဖစ္ရပ္ေတြနဲ႔ ႏွိုင္းယွဥ္ရင္ ဘာမွ မဟုတ္ေတာ့တာျဖစ္ပါတယ္။ အာဆင္နယ္ဂိုးသမား ရမ္းစ္ေဒးလ္အတြက္ေတာ့ လိဒ္စ္ယူနိုက္တက္နဲ႔ပြဲစဥ္ဟာ အျဖစ္အပ်က္ေတြ အမ်ားႀကီး ရွိခဲ့ပုံေပၚၿပီး ၎ကို ပစ္ခဲ့တဲ့အေႂကြေစ့ေတြ အားလုံးေပါင္း ၁၇ ေပါင္အထိ စုေဆာင္းနိုင္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ပထမဂိုးသြင္းအၿပီးမွာ ေရဗူးေတြရယ္၊ ပစၥည္းအခ်ိဳ႕ရယ္နဲ႔ ပစ္ေပါက္တာေတြရွိခဲ့တယ္။ အဲဒါက အဆင္ေျပပါတယ္။ ကၽြန္ေတာ္ အဲဒါေတြကို တစ္ဖက္ကို ပစ္လိုက္တယ္။ ၿပီးေတာ့ မီးျခစ္အနည္းငယ္ေရာက္တယ္။ အဲဒါေတြကိုလည္း ေဘးကို ပစ္လိုက္တယ္။ ေနာက္ထပ္ ပစ္တဲ့ဟာက ခင္ဗ်ား သိလား။ ပိုက္ဆံေတြနဲ႔ စပစ္လာၿပီး ကၽြန္ေတာ္လည္း စၿပီး လွည့္ပတ္ၾကည့္လိုက္ေတာ့ ၂ ေပါင္တန္အေႂကြေစ့ေတြ႕တယ္။ ၿပီးေတာ့ ကၽြန္ေတာ္ အဲဒီ ၂ ေပါင္ကို ယူထားလိုက္တယ္။ ၿပီးေတာ့ ေပါင္အေႂကြေစ့ေတြနဲ႔ ျပား ၅၀ အေႂကြေစ့ေတြ ေတြ႕တယ္”

“အဲဒီေတာ့ ကၽြန္ေတာ္လည္း လိုက္ရွာၿပီး အဲဒါေတြကို ေကာက္တာေပါ့။ ၿပီးေတာ့ အဲဒါေတြကို ကၽြန္ေတာ့္ မ်က္ႏွာသုတ္ပုဝါထဲကို ထည့္လိုက္တယ္။ ၿပီးေတာ့ ပထမပိုင္းၿပီးသြားေတာ့ ကၽြန္ေတာ္ အဲဒါေတြကို သဘက္ထဲထည့္ၿပီး ကြင္းထဲကေန ထြက္လာလိုက္တယ္။ ဒုတိယပိုင္းမွာ ကၽြန္ေတာ္ နည္းနည္း ပိုေတာင္ရေသးတယ္”

“ကၽြန္ေတာ္ ပြဲၿပီးေတာ့ ကြင္းထဲ ျပန္ဝင္ၿပီး ကယ္လ္ဗင္ ဖိလစ္နဲ႔ စကားေျပာေနခဲ့တယ္။ ကၽြန္ေတာ့္ပုံစံက ‘မင္း ပရိသတ္ေတြက ပိုက္ဆံအမ်ားႀကီး ရွိမွ ျဖစ္မယ္’ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ေပါ့။ ကၽြန္ေတာ္ ကြင္းထဲက ေကာက္လာတာ ၁၇ ေပါင္ေလာက္ ရွိမယ္။ ၿပီးေတာ့ ကၽြန္ေတာ္ ပိုက္ဆံအခ်ိဳ႕ ေပ်ာက္သြားခဲ့တယ္။ ကၽြန္ေတာ့္အထင္ ဂ်ာစီေတြကို ျပင္ဆင္ေလၽွာ္ဖြပ္ဖို႔ တာဝန္ယူထားတဲ့သူက မသြားတာ ျဖစ္မယ္ထင္တာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.