Analysis Premier League

ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ အတွက် ပေါလ် မာဆန်ရဲ့ ခန့်မှန်းချက်များ

အာဆင်နယ်-မန်ချက်စတာစီးတီး
အာဆင်နယ်တို့က ကမ္ဘာပေါ်မှာ လောလောဆယ် ကစားပုံကောင်းနေတယ်ဆိုပေမယ့် မန်စီးတီးတို့ကတော့ ဂြိုဟ်သားတွေပါ။ ဧည့်သည်တွေရဲ့ အနိုင်ထက် တခြားရလဒ်မျိုး ထွက်ပေါ်ခဲ့တယ်ဆိုရင် ဒီပွဲက အံ့အားသင့်စရာဖြစ်နေပါလိမ့်မယ်။ အာဆင်နယ်တို့က ပရီးမီးယားလိဂ်အသင်းကြီးတွေနဲ့ဆိုရင် ရုန်းကန်ရတတ်တဲ့ အစဉ်အလာရှိသလို ဒီရာသီမှာလည်း လီဗာပူးလ်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ စီးတီးတို့ကို ပထမအကျော့မှာ ရှုံးထားခဲ့လို့ ဒီနေ့ပွဲမှာ တစ်မှတ်ရခဲ့တယ်ဆိုရင်ပဲ ကျေနပ်ရမှာဖြစ်ပါတယ်။ မန်စီးတီးတို့ရဲ့ တားဆီးမရနိုင်တဲ့ အရှိန်အဟုန်ကို ဒီပွဲမှာလည်း တားဆီးနိုင်ကြမယ်လို့ မထင်ပါဘူး။ အာဆင်နယ် 1-3 မန်စီးတီး

လက်စတာစီးတီး-နော့ဝစ်ချ်စီးတီး
လက်စတာတို့ လူမစုံပေမယ့်လည်း လီဗာပူးလ်ကို အနိုင်ယူပြနိုင်ခဲ့တာက ချီးကျူးစရာဖြစ်ပါတယ်။ မန်စီးတီးကို ဒုတိယပိုင်းပြန်အစမှာ သုံးဂိုး သွင်းခဲ့တဲ့ တိုက်စစ်ကလည်း ဂုဏ်ထူးမှတ် ပေးရမှာဖြစ်ပြီး ဒီလိုစိတ်ဓာတ် ဒီလိုစွမ်းဆောင်ရည်မျိုးနဲ့ ယာဂန် ကလော့ပ်ကို အနိုင်ယူထားခဲ့ချိန်မှာ ဘရန်ဒန် ရော့ဂျားစ်အတွက်တော့ ဒင်းန် စမစ်က အားနာစရာမလိုတဲ့သူမျိုးဖြစ်နေပါတယ်။ နော့ဝစ်ချ်ကတော့ နည်းပြသစ်နဲ့ Beginner Luck ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ကင်းပါဝါမှာ ရုပ်ပျက်ဆင်းပျက် အမူအရာထက်ပိုတာ ဘာလုပ်ပြနိုင်မလဲပဲ ကြည့်ရမှာဖြစ်သလို အဝေးကွင်းမှာတော့ လက်စတာက သူတို့ရဲ့အထက် မိုင်ပေါင်းများစွာမှာ ရှိနေမှာပါ။ အိမ်ရှင်တွေရဲ့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို မြင်ရပါလိမ့်မယ်။ လက်စတာ 4-0 နော့ဝစ်ချ်

ဝတ်ဖို့ဒ်-တော့တင်ဟမ်ဟော့စပါး
လန်ဒန်နားက အသင်းက လန်ဒန်က လာတဲ့ ဧည့်သည်တွေကို အီတလီသားချင်း ဧည့်ခံရမှာပါ။ ကွန်တီရဲ့ စပါးစ်တို့ ဆယ်ယောက်ကျန် ဆောက်သမ်တန်ကို အဝေးကွင်းမှာ အနိုင်မယူနိုင်ခဲ့တာက အထင်သေးချင်စရာဖြစ်ပြီး ဒီနေ့ပွဲမှာကတော့ ဒါကို သူတို့ တုံ့ပြန်နိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ရာနီရေးရီရဲ့ အသင်းက အစ္စမိုင်လာ ဆားရ် ဒဏ်ရာရသွားကတည်းက ပုံပြန်ပျက်သွားခဲ့တာဖြစ်ပြီး တိုက်စစ်မှူး အီမန်ညူယယ် ဒင်းနစ်က တစ်ပွဲကို တစ်ဂိုးနီးပါး ပုံမှန်သွင်းပေးနေခဲ့ပေမယ့် ခံစစ်ကလည်း အမြဲတမ်း အလှူတော် မင်္ဂလာပဲ လုပ်နေခဲ့ပါတယ်။ ဝက်စ်ဟမ်းတို့ ဒင်းနစ်ကို ဂိုးပေးပြီးမှ နောက်ကနေ လေးဂိုး လိုက်တီးခဲ့တဲ့ ပွဲလိုမျိုး တော့တင်ဟမ်တို့ ခြေရာနင်းပြနိုင်ဖို့ ရှိပေမယ့် အဝေးကွင်းမကောင်းတဲ့ သူတို့အသင်းရဲ့ မှတ်တမ်းကိုတော့ ထည့်တွက်ရင် သရေလည်းဖြစ်သွားနိုင်ပါတယ်။ ဝတ်ဖို့ဒ် 1-1 စပါးစ်

ခရစ္စတယ်လ် ပဲလေ့စ်-ဝက်စ်ဟမ်းယူနိုက်တက်
လန်ဒန်ဒါဘီတစ်ပွဲဖြစ်တဲ့ အစွယ်ထက်တဲ့ နည်းပြနှစ်ဦးရဲ့ ထိပ်တိုက်ပွဲစဉ်က ဒီတစ်ပတ်ရဲ့ စောင့်ကြည့်ချင်စရာပွဲဖြစ်သလို နှစ်သင်းကြားက အရည်အသွေးနဲ့ ခြေစွမ်းကလည်း သိပ်ပြီး ကွာဟချက် ကြီးကြီးမားမား ရှိမနေတာပါ။ ဒါပေမယ့် ဇယားအလယ်က အသင်းလို့ အစဉ်အလာတွေအရ ပြောနိုင်တဲ့ ပဲလေ့စ်တို့နဲ့ နှစ်ရာသီဆက်တိုက် ဥရောပကို ခြိမ်းခြောက်လာနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းတို့နဲ့ကြားက ရည်မှန်းချက်နဲ့ ရုန်းအားကတော့ ကွာဟနေပြီး ပရီးမီးယားလိဂ်အကြောင်းကိုတော့ ကစားသမားဘဝနဲ့ နောကျေနေတဲ့ ဗီယာရာနဲ့ ဒေးဗစ် မွိုက်စ်ရဲ့ အိုင်ဒီယာချင်းတိုက်ပွဲကိုပဲ ကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်သင်းကြားမှာ ရလဒ် ကွဲကွဲပြားပြား ထွက်ပေါ်ဖို့တော့ မဖြစ်နိုင်လောက်တာပါ။ ပဲလေ့စ် 1-1 ဝက်စ်ဟမ်း

ဘရန့်ဖို့ဒ်-အက်စ်တန်ဗီလာ
ဂျရတ် ရောက်လာကတည်းက ဗီလာတို့ရဲ့ စွမ်းဆောင်ရည်က တော်တော်လေး တိုးတက်လာခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ကတော့ သူတို့ရဲ့ အကွက်တွေ လူသိကုန်ပြီးကတည်းက ကစားရတာရော ရပ်တည်မှုပါ လုံခြုံစိတ်ချရမှု မရှိတော့ဘဲ တန်းဆင်းဇုန်ထဲနဲ့ အနီးအနားက ပရီးမီးယားလိဂ်ဝါရင့်အသင်းတွေ ရုန်းထလာချိန်မှာ အန္တရာယ်ရှိလိမ့်မယ်လို့ ခန့်မှန်းခံထားခဲ့ရတာပါ။ သူတို့တွေအနေနဲ့ နောက်ဆုံးသုံးပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့တာကြောင့် ရုန်းထရမယ့် အချိန်မှာ အိမ်ကွင်းဖြစ်လို့ ကံကောင်းနိုင်ပေမယ့် ဗီလာဖြစ်နေတာကတော့ ကံဆိုးပြီး အကြောင်းကြောင်းတွေ ထောက်ချင့်ရင် သရေတစ်မှတ်စီကိုပဲ ခွဲယူသွားကြဖို့ များပါတယ်။ ဘရန့်ဖို့ဒ် 1-1 ဗီလာ

ဆောက်သမ်တန်-နယူးကာဆယ်လ်ယူနိုက်တက်
ဆောက်သမ်တန်တို့ကတော့ ခြေစွမ်းတည်ငြိမ်မှု မရှိသလို အသင်းကြီးတွေကို မျက်လုံးပြူးအောင် ကစားတတ်ပေမယ့် အသင်းငယ်တွေကိုလည်း အမှတ်ခွဲပေးတတ်ပါတယ်။ နယူးကာဆယ်လ် မဟုတ်ဘဲ စန်မက်ဇီမန် ယူနိုက်တက်လို့ နာမည်ပြောင်းရမလိုဖြစ်နေတဲ့ အဖြူအနက်ကျားအသင်းကတော့ သူမပါရင် ဘာမှ မဟုတ်တတ်တော့တာ ကြီးမားတဲ့ ပြဿနာပါ။ ကြွက်သားဒဏ်ရာကြောင့် ပြင်သစ်သားရဲ့ ကစားနိုင်ဖို့ ရာခိုင်နှုန်း နည်းပါးနေချိန်မှာ အိမ်ရှင် စိန့်တို့ကလည်း ဝေါ်လ်ကာ-ပီတာစ်၊ ဆာလီဆူး၊ လီဗရာမန်တိုတို့ မပါဝင်နိုင်ဘဲ ကစားရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဒီပွဲရဲ့ ရလဒ်ကို နှစ်မျိုး ခန့်မှန်းချင်ပါတယ်။ စန်မက်ဇီမန်ပါခဲ့ရင် ဆောက်သမ်တန် 1-1 နယူးကာဆယ်လ်၊ မပါဝင်ခဲ့ရင်… ဆောက်သမ်တန် 2-0 နယူးကာဆယ်လ်

လိဒ်စ်ယူနိုက်တက်-ဘန်လေ
ဒီနေ့ပွဲမှာ လိဒ်စ်ယူနိုက်တက်တို့သာ တိုက်စစ်ကစားသမားတွေ ကြံ့ခိုင်မှုပြည့်ဝအောင် စုစည်းပွဲထုတ်နိုင်ခဲ့ရင် အခွင့်အရေးကောင်းပဲလို့ ဆိုရမှာဖြစ်ပါတယ်။ ဘန်လေတို့ကတော့ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့အထဲမှာ ပွဲတွေ ရွှေ့ဆိုင်းခဲ့ရတာက သူတို့ရဲ့ ရစ်သမ်ကို ပျက်စီးသွားစေခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာလည်း မာကျောပါတယ်ဆိုတဲ့ ခံစစ်ကပါ ယိုင်နဲ့နေခဲ့တာပါ။ လိဒ်စ်ကတော့ အိမ်ကွင်းမှာဆိုရင် သာမန်ထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းတတ်တဲ့ အသင်းဖြစ်ပြီး လူစုံသလောက် ပိုကောင်းမယ့် ရလဒ်နဲ့ သုံးမှတ်ယူနိုင်ပါလိမ့်မယ်။ လိဒ်စ် 1-0 ဘန်လေ

အဲဗာတန်-ဘရိုက်တန်
ချဲလ်ဆီးနဲ့ပွဲမှာ မြင်ခဲ့ရတာကတော့ ဘရိုက်တန်တို့ကို ထူးချွန်တယ်လို့ပဲ အမှတ်ပေးရပါလိမ့်မယ်။ သူတို့က ချဲလ်ဆီးကို ဘယ်လို ဘောလုံး ကစားရမယ်ဆိုတာ သင်ပေးလိုက်တာပါ။ ဒီလိုမျိုး ထပ်ကစားနိုင်ဦးမယ်ဆိုရင် အဲဗာတန်ကို အနိုင်ရပါလိမ့်မယ်။ ဒါပေမယ့် သူတို့တွေ ဂိုးစမပေးရဖို့တော့ လိုအပ်ပြီး ဒီလိုမှ မဟုတ်ဘဲ နောက်ကလိုက်ကစားရရင်တော့ ဝမ်းဝမ်းနဲ့ပဲ ပွဲပြီးဦးမှာပါ။ ဘရိုက်တန်တို့ ပုံစံပြန်ကောင်းလာချိန်မှာ အဲဗာတန်တို့ကတော့ အားရစရာ မရှိဘဲဖြစ်နေခဲ့ပြီး ၁၇ ရက်နေ့နောက်ပိုင်း ပွဲမကစားထားတဲ့ ရစ်သမ်က ဒီနေ့ပွဲမှာတော့ အဆင်မပြေနိုင်လောက်သလို ဧည့်သည်တွေ နိုင်ပွဲကို မြင်တွေ့ရဖို့ များနေပါတယ်။ အဲဗာတန် 0-2 ဘရိုက်တန်

ချဲလ်ဆီး-လီဗာပူးလ်
ဘရိုက်တန်နဲ့ပွဲမှာ ကစားတဲ့ ချဲလ်ဆီးရဲ့ ပုံစံကို ကြည့်လိုက်ရင်တော့ ဒီနေ့ပွဲမှာ လီဗာပူးလ်တို့ နိုင်သွားလိမ့်မယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။ သူတို့ရဲ့ ပုံစံက နှေးနှေးကွေးကွေးနဲ့ အင်အားချိနဲ့နေပြီး အလွယ်တကူ အနိုင်ကျင့်ခံရမယ့်ပုံစံမျိုးလည်းဖြစ်နေပါတယ်။ လက်စတာကို ရှုံးခဲ့တဲ့ ပွဲမှာ ဆာလားရဲ့ ပင်နယ်တီ လွဲခဲ့တာက သူတို့ကို စိတ်ပျက်လက်ပျက်ဖြစ်စေပြီး လက်စတာရဲ့ စွမ်းစွမ်းတမံကစားနေတဲ့ ခံစစ်ကိုလည်း ကျော်ဖြတ်ဖို့ ခဲယဉ်းစေခဲ့သလို လီဗာပူးလ်တို့အတွက် စိတ်ဒဏ်ရာရစေခဲ့ပါတယ်။ ဒါကို သူတို့ ဘယ်လိုတုံ့ပြန်မလဲ စောင့်ကြည့်ရမှာဖြစ်ပြီး ခံစစ်သမားတွေ ဒဏ်ရာရနေတဲ့ ချဲလ်ဆီးကတော့ သူတို့တွေ ပေါက်ကွဲဖို့ ပစ်မှတ်ကောင်းတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။

ပူလီရှစ်ချ်နဲ့ ဟဒ်ဆန်-အိုဒွိုင်းကို တောင်ပံခံစစ်မှာ သုံးခဲ့ရင် လီဗာပူးလ်တို့ စိတ်ကြိုက်ဖြစ်သွားနိုင်ပြီး သာမန်ထက် လေးလံနှေးကွေးတဲ့ သုံးယောက်တန်း ဗဟိုခံစစ်နဲ့ လုပ်အားနှုန်းနည်းတဲ့ ဂျော်ဂျင်ညိုတို့က ဧည့်သည်တွေ လုပ်စားဖို့ ဖြစ်သွားနိုင်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ဆိုင်နေတဲ့ ပြိုင်ဘက်တွေဖြစ်ပေမယ့် လူပိုစုံသလို အာဖရိကဖလားမသွားခင် နောက်ဆုံးပွဲအဖြစ် ပေါက်ကွဲလာမယ့် ဆာလားနဲ့ မာနေးတို့ရဲ့ စွမ်းရည်ကို ထည့်တွက်ရမှာဖြစ်သလို လက်ရှိခံစစ်နဲ့တော့ တူဟယ်လ်တစ်ယောက် ကလော့ပ်ကို အားမတန် မာန်လျှော့ရမယ့်ပွဲမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ချဲလ်ဆီး 0-2 လီဗာပူးလ်

မန်ချက်စတာယူနိုက်တက်-ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်
နော့ဝစ်ချ်ကို ကံကောင်းလို့ နိုင်တယ်၊ နယူးကာဆယ်လ်ကို ကံကောင်းလို့ မရှုံးတယ်လို့ ပြောခဲ့ရပေမယ့် ဘန်လေနဲ့ပွဲကတော့ ယူနိုက်တက်တို့အဖို့ အတိုင်းအတာတစ်ခုအထိ ပြန်လည်မြင့်တက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဝုလ်ဗ်စ်တို့ရဲ့ ပုံစံကောင်းရနေတဲ့ ကွင်းလယ်နဲ့ ခံစစ်ကတော့ အိပ်မက်ကဇာတ်ရုံမှာ သူတို့တွေ အလေးထားကျော်ဖြတ်ရမယ့် ကြီးမားတဲ့ အတားအဆီးလည်းဖြစ်နေပြီး ရန်းနစ်ခ်ရဲ့ လူတွေ ၄-၂-၂-၂ မှာ ပျော်မွေ့နိုင်ပါ့မလား သေချာ မသိပါဘူး။ ဒီပွဲက ဂျာမန်သားနည်းပြအတွက် မှတ်ကျောက်တင်ခံရမယ့် စာမေးပွဲလည်း ဖြစ်နိုင်ပြီး အောင်မြင်ခဲ့ရင် အသိအမှတ်ပြုခံရနိုင်သလို အနိုင်မရရင်တော့ သူ့အတွက် အရှုံးပဲဖြစ်မှာဖြစ်ပြီး အပြစ်တင်ခံရနိုင်ပါတယ်။ အာဆင်နယ်တို့ မန်စီးတီးနဲ့ တွေ့ဆုံနေမှုအတွက် အဆင့်လေးပြိုင်ပွဲမှာ အခွင့်အကောင်းယူရမယ့် အချိန်လည်းဖြစ်နေတာကြောင့် လက်ရှိ အဆင့်ခြောက်ကနေ မြင့်တက်နိုင်ဖို့အတွက် သူတို့တွေအနေနဲ့ အိမ်ကွင်းမှာ အနိုင်ရဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။ မန်ယူနိုက်တက် 1-0 ဝုလ်ဗ်စ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္-မန္ခ်က္စတာစီးတီး
အာဆင္နယ္တို႔က ကမာၻေပၚမွာ ေလာေလာဆယ္ ကစားပုံေကာင္းေနတယ္ဆိုေပမယ့္ မန္စီးတီးတို႔ကေတာ့ ၿဂိဳဟ္သားေတြပါ။ ဧည့္သည္ေတြရဲ႕ အႏိုင္ထက္ တျခားရလဒ္မ်ိဳး ထြက္ေပၚခဲ့တယ္ဆိုရင္ ဒီပြဲက အံ့အားသင့္စရာျဖစ္ေနပါလိမ့္မယ္။ အာဆင္နယ္တို႔က ပရီးမီးယားလိဂ္အသင္းႀကီးေတြနဲ႔ဆိုရင္ ႐ုန္းကန္ရတတ္တဲ့ အစဥ္အလာရွိသလို ဒီရာသီမွာလည္း လီဗာပူးလ္၊ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စီးတီးတို႔ကို ပထမအေက်ာ့မွာ ရႈံးထားခဲ့လို႔ ဒီေန႔ပြဲမွာ တစ္မွတ္ရခဲ့တယ္ဆိုရင္ပဲ ေက်နပ္ရမွာျဖစ္ပါတယ္။ မန္စီးတီးတို႔ရဲ႕ တားဆီးမရႏိုင္တဲ့ အရွိန္အဟုန္ကို ဒီပြဲမွာလည္း တားဆီးႏိုင္ၾကမယ္လို႔ မထင္ပါဘူး။ အာဆင္နယ္ 1-3 မန္စီးတီး

လက္စတာစီးတီး-ေနာ့ဝစ္ခ်္စီးတီး
လက္စတာတို႔ လူမစုံေပမယ့္လည္း လီဗာပူးလ္ကို အႏိုင္ယူျပႏိုင္ခဲ့တာက ခ်ီးက်ဴးစရာျဖစ္ပါတယ္။ မန္စီးတီးကို ဒုတိယပိုင္းျပန္အစမွာ သုံးဂိုး သြင္းခဲ့တဲ့ တိုက္စစ္ကလည္း ဂုဏ္ထူးမွတ္ ေပးရမွာျဖစ္ၿပီး ဒီလိုစိတ္ဓာတ္ ဒီလိုစြမ္းေဆာင္ရည္မ်ိဳးနဲ႔ ယာဂန္ ကေလာ့ပ္ကို အႏိုင္ယူထားခဲ့ခ်ိန္မွာ ဘရန္ဒန္ ေရာ့ဂ်ားစ္အတြက္ေတာ့ ဒင္းန္ စမစ္က အားနာစရာမလိုတဲ့သူမ်ိဳးျဖစ္ေနပါတယ္။ ေနာ့ဝစ္ခ်္ကေတာ့ နည္းျပသစ္နဲ႔ Beginner Luck ၿပီးဆုံးသြားခဲ့ၿပီျဖစ္ၿပီး ကင္းပါဝါမွာ ႐ုပ္ပ်က္ဆင္းပ်က္ အမူအရာထက္ပိုတာ ဘာလုပ္ျပႏိုင္မလဲပဲ ၾကည့္ရမွာျဖစ္သလို အေဝးကြင္းမွာေတာ့ လက္စတာက သူတို႔ရဲ႕အထက္ မိုင္ေပါင္းမ်ားစြာမွာ ရွိေနမွာပါ။ အိမ္ရွင္ေတြရဲ႕ ဂိုးျပတ္ႏိုင္ပြဲတစ္ပြဲကို ျမင္ရပါလိမ့္မယ္။ လက္စတာ 4-0 ေနာ့ဝစ္ခ်္

ဝတ္ဖို႔ဒ္-ေတာ့တင္ဟမ္ေဟာ့စပါး
လန္ဒန္နားက အသင္းက လန္ဒန္က လာတဲ့ ဧည့္သည္ေတြကို အီတလီသားခ်င္း ဧည့္ခံရမွာပါ။ ကြန္တီရဲ႕ စပါးစ္တို႔ ဆယ္ေယာက္က်န္ ေဆာက္သမ္တန္ကို အေဝးကြင္းမွာ အႏိုင္မယူႏိုင္ခဲ့တာက အထင္ေသးခ်င္စရာျဖစ္ၿပီး ဒီေန႔ပြဲမွာကေတာ့ ဒါကို သူတို႔ တုံ႔ျပန္ႏိုင္မလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ ရာနီေရးရီရဲ႕ အသင္းက အစၥမိုင္လာ ဆားရ္ ဒဏ္ရာရသြားကတည္းက ပုံျပန္ပ်က္သြားခဲ့တာျဖစ္ၿပီး တိုက္စစ္မႉး အီမန္ညဴယယ္ ဒင္းနစ္က တစ္ပြဲကို တစ္ဂိုးနီးပါး ပုံမွန္သြင္းေပးေနခဲ့ေပမယ့္ ခံစစ္ကလည္း အၿမဲတမ္း အလႉေတာ္ မဂၤလာပဲ လုပ္ေနခဲ့ပါတယ္။ ဝက္စ္ဟမ္းတို႔ ဒင္းနစ္ကို ဂိုးေပးၿပီးမွ ေနာက္ကေန ေလးဂိုး လိုက္တီးခဲ့တဲ့ ပြဲလိုမ်ိဳး ေတာ့တင္ဟမ္တို႔ ေျခရာနင္းျပႏိုင္ဖို႔ ရွိေပမယ့္ အေဝးကြင္းမေကာင္းတဲ့ သူတို႔အသင္းရဲ႕ မွတ္တမ္းကိုေတာ့ ထည့္တြက္ရင္ သေရလည္းျဖစ္သြားႏိုင္ပါတယ္။ ဝတ္ဖို႔ဒ္ 1-1 စပါးစ္

ခရစၥတယ္လ္ ပဲေလ့စ္-ဝက္စ္ဟမ္းယူႏိုက္တက္
လန္ဒန္ဒါဘီတစ္ပြဲျဖစ္တဲ့ အစြယ္ထက္တဲ့ နည္းျပႏွစ္ဦးရဲ႕ ထိပ္တိုက္ပြဲစဥ္က ဒီတစ္ပတ္ရဲ႕ ေစာင့္ၾကည့္ခ်င္စရာပြဲျဖစ္သလို ႏွစ္သင္းၾကားက အရည္အေသြးနဲ႔ ေျခစြမ္းကလည္း သိပ္ၿပီး ကြာဟခ်က္ ႀကီးႀကီးမားမား ရွိမေနတာပါ။ ဒါေပမယ့္ ဇယားအလယ္က အသင္းလို႔ အစဥ္အလာေတြအရ ေျပာႏိုင္တဲ့ ပဲေလ့စ္တို႔နဲ႔ ႏွစ္ရာသီဆက္တိုက္ ဥေရာပကို ၿခိမ္းေျခာက္လာႏိုင္ခဲ့တဲ့ ဝက္စ္ဟမ္းတို႔နဲ႔ၾကားက ရည္မွန္းခ်က္နဲ႔ ႐ုန္းအားကေတာ့ ကြာဟေနၿပီး ပရီးမီးယားလိဂ္အေၾကာင္းကိုေတာ့ ကစားသမားဘဝနဲ႔ ေနာေက်ေနတဲ့ ဗီယာရာနဲ႔ ေဒးဗစ္ မြိဳက္စ္ရဲ႕ အိုင္ဒီယာခ်င္းတိုက္ပြဲကိုပဲ ၾကည့္ရမွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီႏွစ္သင္းၾကားမွာ ရလဒ္ ကြဲကြဲျပားျပား ထြက္ေပၚဖို႔ေတာ့ မျဖစ္ႏိုင္ေလာက္တာပါ။ ပဲေလ့စ္ 1-1 ဝက္စ္ဟမ္း

ဘရန႔္ဖို႔ဒ္-အက္စ္တန္ဗီလာ
ဂ်ရတ္ ေရာက္လာကတည္းက ဗီလာတို႔ရဲ႕ စြမ္းေဆာင္ရည္က ေတာ္ေတာ္ေလး တိုးတက္လာခဲ့ပါတယ္။ ဘရန႔္ဖို႔ဒ္ကေတာ့ သူတို႔ရဲ႕ အကြက္ေတြ လူသိကုန္ၿပီးကတည္းက ကစားရတာေရာ ရပ္တည္မႈပါ လုံၿခဳံစိတ္ခ်ရမႈ မရွိေတာ့ဘဲ တန္းဆင္းဇုန္ထဲနဲ႔ အနီးအနားက ပရီးမီးယားလိဂ္ဝါရင့္အသင္းေတြ ႐ုန္းထလာခ်ိန္မွာ အႏၲရာယ္ရွိလိမ့္မယ္လို႔ ခန႔္မွန္းခံထားခဲ့ရတာပါ။ သူတို႔ေတြအေနနဲ႔ ေနာက္ဆုံးသုံးပြဲဆက္တိုက္ ရႈံးနိမ့္ထားခဲ့တာေၾကာင့္ ႐ုန္းထရမယ့္ အခ်ိန္မွာ အိမ္ကြင္းျဖစ္လို႔ ကံေကာင္းႏိုင္ေပမယ့္ ဗီလာျဖစ္ေနတာကေတာ့ ကံဆိုးၿပီး အေၾကာင္းေၾကာင္းေတြ ေထာက္ခ်င့္ရင္ သေရတစ္မွတ္စီကိုပဲ ခြဲယူသြားၾကဖို႔ မ်ားပါတယ္။ ဘရန႔္ဖို႔ဒ္ 1-1 ဗီလာ

ေဆာက္သမ္တန္-နယူးကာဆယ္လ္ယူႏိုက္တက္
ေဆာက္သမ္တန္တို႔ကေတာ့ ေျခစြမ္းတည္ၿငိမ္မႈ မရွိသလို အသင္းႀကီးေတြကို မ်က္လုံးျပဴးေအာင္ ကစားတတ္ေပမယ့္ အသင္းငယ္ေတြကိုလည္း အမွတ္ခြဲေပးတတ္ပါတယ္။ နယူးကာဆယ္လ္ မဟုတ္ဘဲ စန္မက္ဇီမန္ ယူႏိုက္တက္လို႔ နာမည္ေျပာင္းရမလိုျဖစ္ေနတဲ့ အျဖဴအနက္က်ားအသင္းကေတာ့ သူမပါရင္ ဘာမွ မဟုတ္တတ္ေတာ့တာ ႀကီးမားတဲ့ ျပႆနာပါ။ ႂကြက္သားဒဏ္ရာေၾကာင့္ ျပင္သစ္သားရဲ႕ ကစားႏိုင္ဖို႔ ရာခိုင္ႏႈန္း နည္းပါးေနခ်ိန္မွာ အိမ္ရွင္ စိန႔္တို႔ကလည္း ေဝၚလ္ကာ-ပီတာစ္၊ ဆာလီဆူး၊ လီဗရာမန္တိုတို႔ မပါဝင္ႏိုင္ဘဲ ကစားရမွာျဖစ္ပါတယ္။ ဒီေနရာမွာ ဒီပြဲရဲ႕ ရလဒ္ကို ႏွစ္မ်ိဳး ခန႔္မွန္းခ်င္ပါတယ္။ စန္မက္ဇီမန္ပါခဲ့ရင္ ေဆာက္သမ္တန္ 1-1 နယူးကာဆယ္လ္၊ မပါဝင္ခဲ့ရင္… ေဆာက္သမ္တန္ 2-0 နယူးကာဆယ္လ္

လိဒ္စ္ယူႏိုက္တက္-ဘန္ေလ
ဒီေန႔ပြဲမွာ လိဒ္စ္ယူႏိုက္တက္တို႔သာ တိုက္စစ္ကစားသမားေတြ ႀကံ့ခိုင္မႈျပည့္ဝေအာင္ စုစည္းပြဲထုတ္ႏိုင္ခဲ့ရင္ အခြင့္အေရးေကာင္းပဲလို႔ ဆိုရမွာျဖစ္ပါတယ္။ ဘန္ေလတို႔ကေတာ့ တန္းဆင္းဇုန္မွာ ႐ုန္းကန္ေနရတဲ့အထဲမွာ ပြဲေတြ ေ႐ႊ႕ဆိုင္းခဲ့ရတာက သူတို႔ရဲ႕ ရစ္သမ္ကို ပ်က္စီးသြားေစခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပြဲမွာလည္း မာေက်ာပါတယ္ဆိုတဲ့ ခံစစ္ကပါ ယိုင္နဲ႔ေနခဲ့တာပါ။ လိဒ္စ္ကေတာ့ အိမ္ကြင္းမွာဆိုရင္ သာမန္ထက္ ပိုၿပီး စြမ္းေဆာင္ရည္ေကာင္းတတ္တဲ့ အသင္းျဖစ္ၿပီး လူစုံသေလာက္ ပိုေကာင္းမယ့္ ရလဒ္နဲ႔ သုံးမွတ္ယူႏိုင္ပါလိမ့္မယ္။ လိဒ္စ္ 1-0 ဘန္ေလ

အဲဗာတန္-ဘ႐ိုက္တန္
ခ်ဲလ္ဆီးနဲ႔ပြဲမွာ ျမင္ခဲ့ရတာကေတာ့ ဘ႐ိုက္တန္တို႔ကို ထူးခြၽန္တယ္လို႔ပဲ အမွတ္ေပးရပါလိမ့္မယ္။ သူတို႔က ခ်ဲလ္ဆီးကို ဘယ္လို ေဘာလုံး ကစားရမယ္ဆိုတာ သင္ေပးလိုက္တာပါ။ ဒီလိုမ်ိဳး ထပ္ကစားႏိုင္ဦးမယ္ဆိုရင္ အဲဗာတန္ကို အႏိုင္ရပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔ေတြ ဂိုးစမေပးရဖို႔ေတာ့ လိုအပ္ၿပီး ဒီလိုမွ မဟုတ္ဘဲ ေနာက္ကလိုက္ကစားရရင္ေတာ့ ဝမ္းဝမ္းနဲ႔ပဲ ပြဲၿပီးဦးမွာပါ။ ဘ႐ိုက္တန္တို႔ ပုံစံျပန္ေကာင္းလာခ်ိန္မွာ အဲဗာတန္တို႔ကေတာ့ အားရစရာ မရွိဘဲျဖစ္ေနခဲ့ၿပီး ၁၇ ရက္ေန႔ေနာက္ပိုင္း ပြဲမကစားထားတဲ့ ရစ္သမ္က ဒီေန႔ပြဲမွာေတာ့ အဆင္မေျပႏိုင္ေလာက္သလို ဧည့္သည္ေတြ ႏိုင္ပြဲကို ျမင္ေတြ႕ရဖို႔ မ်ားေနပါတယ္။ အဲဗာတန္ 0-2 ဘ႐ိုက္တန္

ခ်ဲလ္ဆီး-လီဗာပူးလ္
ဘ႐ိုက္တန္နဲ႔ပြဲမွာ ကစားတဲ့ ခ်ဲလ္ဆီးရဲ႕ ပုံစံကို ၾကည့္လိုက္ရင္ေတာ့ ဒီေန႔ပြဲမွာ လီဗာပူးလ္တို႔ ႏိုင္သြားလိမ့္မယ္လို႔ပဲ ေျပာလိုက္ခ်င္ပါတယ္။ သူတို႔ရဲ႕ ပုံစံက ေႏွးေႏွးေကြးေကြးနဲ႔ အင္အားခ်ိနဲ႔ေနၿပီး အလြယ္တကူ အႏိုင္က်င့္ခံရမယ့္ပုံစံမ်ိဳးလည္းျဖစ္ေနပါတယ္။ လက္စတာကို ရႈံးခဲ့တဲ့ ပြဲမွာ ဆာလားရဲ႕ ပင္နယ္တီ လြဲခဲ့တာက သူတို႔ကို စိတ္ပ်က္လက္ပ်က္ျဖစ္ေစၿပီး လက္စတာရဲ႕ စြမ္းစြမ္းတမံကစားေနတဲ့ ခံစစ္ကိုလည္း ေက်ာ္ျဖတ္ဖို႔ ခဲယဥ္းေစခဲ့သလို လီဗာပူးလ္တို႔အတြက္ စိတ္ဒဏ္ရာရေစခဲ့ပါတယ္။ ဒါကို သူတို႔ ဘယ္လိုတုံ႔ျပန္မလဲ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ခံစစ္သမားေတြ ဒဏ္ရာရေနတဲ့ ခ်ဲလ္ဆီးကေတာ့ သူတို႔ေတြ ေပါက္ကြဲဖို႔ ပစ္မွတ္ေကာင္းတစ္ခုလည္း ျဖစ္ေနႏိုင္ပါတယ္။

ပူလီရွစ္ခ်္နဲ႔ ဟဒ္ဆန္-အိုဒြိဳင္းကို ေတာင္ပံခံစစ္မွာ သုံးခဲ့ရင္ လီဗာပူးလ္တို႔ စိတ္ႀကိဳက္ျဖစ္သြားႏိုင္ၿပီး သာမန္ထက္ ေလးလံေႏွးေကြးတဲ့ သုံးေယာက္တန္း ဗဟိုခံစစ္နဲ႔ လုပ္အားႏႈန္းနည္းတဲ့ ေဂ်ာ္ဂ်င္ညိဳတို႔က ဧည့္သည္ေတြ လုပ္စားဖို႔ ျဖစ္သြားႏိုင္ပါတယ္။ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ ၿပိဳင္ဆိုင္ေနတဲ့ ၿပိဳင္ဘက္ေတြျဖစ္ေပမယ့္ လူပိုစုံသလို အာဖရိကဖလားမသြားခင္ ေနာက္ဆုံးပြဲအျဖစ္ ေပါက္ကြဲလာမယ့္ ဆာလားနဲ႔ မာေနးတို႔ရဲ႕ စြမ္းရည္ကို ထည့္တြက္ရမွာျဖစ္သလို လက္ရွိခံစစ္နဲ႔ေတာ့ တူဟယ္လ္တစ္ေယာက္ ကေလာ့ပ္ကို အားမတန္ မာန္ေလွ်ာ့ရမယ့္ပြဲမ်ိဳးပဲ ျဖစ္ပါလိမ့္မယ္။ ခ်ဲလ္ဆီး 0-2 လီဗာပူးလ္

မန္ခ်က္စတာယူႏိုက္တက္-ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္
ေနာ့ဝစ္ခ်္ကို ကံေကာင္းလို႔ ႏိုင္တယ္၊ နယူးကာဆယ္လ္ကို ကံေကာင္းလို႔ မရႈံးတယ္လို႔ ေျပာခဲ့ရေပမယ့္ ဘန္ေလနဲ႔ပြဲကေတာ့ ယူႏိုက္တက္တို႔အဖို႔ အတိုင္းအတာတစ္ခုအထိ ျပန္လည္ျမင့္တက္လာႏိုင္ခဲ့တာျဖစ္ပါတယ္။ ဝုလ္ဗ္စ္တို႔ရဲ႕ ပုံစံေကာင္းရေနတဲ့ ကြင္းလယ္နဲ႔ ခံစစ္ကေတာ့ အိပ္မက္ကဇာတ္႐ုံမွာ သူတို႔ေတြ အေလးထားေက်ာ္ျဖတ္ရမယ့္ ႀကီးမားတဲ့ အတားအဆီးလည္းျဖစ္ေနၿပီး ရန္းနစ္ခ္ရဲ႕ လူေတြ ၄-၂-၂-၂ မွာ ေပ်ာ္ေမြ႕ႏိုင္ပါ့မလား ေသခ်ာ မသိပါဘူး။ ဒီပြဲက ဂ်ာမန္သားနည္းျပအတြက္ မွတ္ေက်ာက္တင္ခံရမယ့္ စာေမးပြဲလည္း ျဖစ္ႏိုင္ၿပီး ေအာင္ျမင္ခဲ့ရင္ အသိအမွတ္ျပဳခံရႏိုင္သလို အႏိုင္မရရင္ေတာ့ သူ႔အတြက္ အရႈံးပဲျဖစ္မွာျဖစ္ၿပီး အျပစ္တင္ခံရႏိုင္ပါတယ္။ အာဆင္နယ္တို႔ မန္စီးတီးနဲ႔ ေတြ႕ဆုံေနမႈအတြက္ အဆင့္ေလးၿပိဳင္ပြဲမွာ အခြင့္အေကာင္းယူရမယ့္ အခ်ိန္လည္းျဖစ္ေနတာေၾကာင့္ လက္ရွိ အဆင့္ေျခာက္ကေန ျမင့္တက္ႏိုင္ဖို႔အတြက္ သူတို႔ေတြအေနနဲ႔ အိမ္ကြင္းမွာ အႏိုင္ရဖို႔ ႀကိဳးစားလာမွာျဖစ္ပါတယ္။ မန္ယူႏိုက္တက္ 1-0 ဝုလ္ဗ္စ္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.