Analysis Premier League

ချဲလ်ဆီးနဲ့ပွဲအတွက် အချိန်မီပြင်ဆင်ရမယ့် ကလော့ပ်ရဲ့ကြီးမားတဲ့နည်းဗျူဟာ အလောင်းအစား

လီဗာပူးလ်အသင်းဟာ လက်စတာစီးတီးနဲ့ပွဲစဉ်မှာ နောက်ကနေ လိုက်ကစားခဲ့ရပြီး ပွဲပြီးဖို့ မိနစ် ၂၀ အလိုမှ ကလော့ပ်က ၎င်းရဲ့ တတိယမြောက်နဲ့ စတုတ္ထမြောက် လူစားလဲမှုကို ပြုလုပ်ခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့နေရာမှာ ဖာမီနို လူစားဝင်ကစားခဲ့ပြီး အပြောင်းအလဲနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ လီဗာပူးလ်အသင်းက ၎င်းတို့ရဲ့ စမ်းသပ်ကြည့်ပြီး ယုံကြည်ရတဲ့ ၄-၃-၃ ကစားကွက်ကို ၄-၂-၃-၁ ပုံစံ ပြောင်းလဲကစားခဲ့ရပါတယ်။ အဲဒီလို ပြောင်းကစားခဲ့တာက အကြောင်းအရင်း ၂ ခုအတွက်ကြောင့်ဆိုတာ သိသာထင်ရှားခဲ့ပြီး ပထမဆုံးအနေနဲ့ ကလော့ပ်ဟာ ၎င်းရဲ့ ပွဲထွက်လူစာရင်းထဲက ကွင်းလယ်ကစားသမားအားလုံးကို မယုံနိုင်လောက်အောင် ရှားပါးတဲ့ လူစားလဲလှယ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒုတိယအချက်ကတော့ ဖာမီနို၊ ဂျိုတာ၊ မာနေး၊ ဆာလားတို့ တိုက်စစ်မှူး၄ ဦး ကွင်းထဲမှာ အတူတူ ရှိနေကြတာဖြစ်ပြီး ဒီလို အခြေအနေမျိုး မကြာခဏ ဖြစ်ပျက်ခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်း အနိုင်မရခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ၎င်းတို့ရဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး ၄ ဦး ကွင်းထဲမှာ ရှိနေချိန်အတွင်း ပွဲကို လွှမ်းမိုးထားနိုင်ခဲ့တာတော့ ကျိန်းသေပြီး ဂိုးပေါက် ၈ ကြိမ်ကန်သွင်းမှု ပြုလုပ်နိုင်ခဲ့ရာမှာ တစ်ကြိမ်မှ ဂိုးပေါက်ကန်သွင်းမှု ပြန်လည်ခွင့်မပြုခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တစ်ကြိမ်သာ အပိုင်အခွင့်အရေးရရှိခဲ့တာဖြစ်ပြီး ဂျိုတာရဲ့ ခေါင်းတိုက်ချက်က ဘယ်ဖက်တိုင်ဘေး ဝိုက်ထွက်သွားပြီး စုစုပေါင်း ကန်သွင်းမှုတွေအရ ဂိုးအဖြစ်မျှော်မှန်းနိုင်တဲ့နှုန်း ၀.၄၅ ဂိုးသာ ရှိခဲ့တာဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ကလော့ပ်ဟာ ၎င်းရဲ့ တိုက်စစ်မှူး ၄ ဦးစလုံး ကွင်းထဲ ထည့်သွင်းခဲ့တာဟာ ယခုရာသီမှာ တတိယအကြိမ်မြောက် ပြုလုပ်ခဲ့တာဖြစ်ပြီး အရင်ပွဲတွေတုန်းကလည်း အနိုင် မရရှိခဲ့တာဖြစ်ပါတယ်။

ပထမဆုံးပွဲကတော့ ဘရန်ဖို့ဒ်နဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့ပြီး နည်းဗျူဟာအပြောင်းအလဲ လုပ်ချိန်မှာ လီဗာပူးလ်က ၃-၂ နဲ့ အနိုင်ရနေတာဖြစ်ပြီး ကလော့ပ်က ၄-၄-၂ ကစားကွက်ကနေ တိုက်စစ်မှူး ၄ ဦးအတွက် လိုက်လျောညီထွေဖြစ်မယ့် ကစားကွက်ပုံစံကို ပြောင်းလိုက်ချိန်မှာ ဂိုးသွင်းဖို့ မလိုအပ်တော့တဲ့အချိန်ဖြစ်ပါတယ်။ လီဗာပူးလ်အနေနဲ့ ၎င်းတို့ရဲ့ အားသာချက်ကို တိုးမြှင့်နိုင်ခဲ့သင့်ပေမယ့်လည်း ဆာလားက ရွွှေရောင်အခွင့်အရေးကို လွဲချော်ခဲ့ပြီး ဝီဆာက ချေပဂိုး ပြန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

သိပ်မကြာသေးခင်က စပါးနဲ့ပွဲမှာ ဖာမီနိုက တိုင်လာ မော်တင်နေရာမှာ ပွဲကစားချိန် မိနစ် ၆၀ လောက်မှာ လူစားဝင်ကစားခဲ့ပြီး ပြီးတဲ့နောက်မှာ ရောဘတ်ဆန်က ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အယ်လစ်ဆန် ဘက်ကာရဲ့ အမှားကြောင့် လီဗာပူးလ်အသင်း ဂိုးခွင့်ပြုခဲ့ရပြီး တိုက်စစ်မှူး ၄ ဦး ဆုံချိန်မှာ သရေကျနေခဲ့သလို ပွဲပြီးဆုံးချိန်မှာလည်း သရေရလဒ်ပဲ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူး ၄ ဦးဆုံပြီး ကစားတာက ယခုရာသီမှာ စုစုပေါင်း ၆၄ မိနစ်သာ ရှိသေးပြီး အဲဒီအချိန်အတွင်း တစ်ဂိုးသာ လီဗာပူးလ်အသင်းက ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ရာသီတုန်းကတော့ တိုက်စစ်မှူး ၄ ဦး အတူကစားချိန်မှာ ပိုပြီး အထင်ကြီးစရာ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပြီး ပထမဆုံးအကြိမ်ကတော့ ရှက်ဖီးယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တုန်းက ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက နောက်ကနေ လိုက်ကစားခဲ့ရပေမယ့်လည်း မာနေးက ဖာမီနိုနဲ့ ဂျိုတာတို့အတွက် ဂိုးဖန်တီးပေးခဲ့ပြီး မာဆေးဆိုဒ်အသင်းဟာ ပွဲအဖြေကို ၎င်းတို့ လိုချင်တဲ့ရလဒ်အတိုင်း ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်တုန်းက တရားဝင်ဖန်တီးမှုလို့ ပြောလို့မရတဲ့ မာနေးကြောင့် ရရှိလာတဲ့ ပင်နယ်တီကနေ ဆာလားက ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ရဲ့တိုက်စစ် ၄ ဦးကစားကွက်ရဲ့ အကျိုးသက်ရောက်မှုအရှိဆုံးပွဲစဉ်ကတော့ ဧပြီလက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး ၃ ဂိုးသွင်းယူဖို့အတွက် ၁၇ မိနစ်သာ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်း ၆၄ မိနစ်မှာ ဂျိုတာက အဖွင့်ဂိုးကို သွင်းယူခဲ့ပြီးနောက် မိုဟာမက် ဆာလားက ၆၈ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး တတိယမြောက်ဂိုးကို ဂျိုတာက ဖာမီနို လူစားလဲခံရပြီးနောက် ၈၂ မိနစ်မှာ မာနေးရဲ့ ဖန်တီးမှုကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ နယူးကာဆယ်လ်နဲ့ပွဲမှာ ၁-၀ နဲ့ ဦးဆောင်ထားပေမယ့်လည်း ဂျိုတာ လူစားလဲခံရပြီးနောက် နာကျင်အချိန်ပိုမှာ ဂျိုး ဝီလ်လော့ခ်က ချေပဂိုးသွင်းသွားတဲ့အချိန်မှာ အခွင့်အရေးတွေ ဖြုန်းတီးခဲ့တာတွေကို ပြန်ပေးဆပ်ခဲ့ရတဖြစ်ပါတယ်။ အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ဖာမီနို၊ ဂျိုတာ၊ ဆာလား၊ မာနေးတို့ ၄ ဦးအတူတူကစားတဲ့ ၈ ပွဲမှာ ၂ ပွဲနိုင် ၅ ပွဲသရေ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်နဲ့ မိနစ် ၉၀ အတွင်း ဂိုးကွာခြားချက်မှာလည်း ပရီးမီးယားလိဂ်မှာ ၀.၉၆ ဂိုးသာ ရှိခဲ့တာဖြစ်ပြီး တိုက်စစ်မှူး ၄ ဦး တွဲမကစားခဲ့တဲ့ ပြီးခဲ့တဲ့ရာသီအစတုန်းကတောင် ၁.၀၆ ဂိုးရှိခဲ့တာဖြစ်ပါတယ်။

အဲဒါက ကြီးမားတဲ့ ခြေစွမ်းကျဆင်းခြင်းမဟုတ်ပေမယ့် ၎င်းတို့ရဲ့ အတူတကွပါဝင်မှုကလည်း အသင်းရဲ့ အားထုတ်မှုကို အကူအညီမဖြစ်စေတာဖြစ်တာကြောင့် ကလော့ပ်အနေနဲ့ ဒီလို လောင်းကစားဆန်တဲ့ နည်းဗျူဟာကို နောက်နောင် သုံးချင်တယ်ဆိုရင် အဆင်ပြေအောင် ဖြေရှင်းဖို့ လိုအပ်ပြီး ချဲလ်ဆီးနဲ့ပွဲစဉ်မှာတော့ ဒီလို အန္တရာယ်ကြီးတဲ့ ကစားကွက်မျိုးကို မသုံးဘဲ အသင်းအတွက် ရလဒ်ကောင်းတွေ အများဆုံးယူဆောင်ပေးနိုင်တဲ့ ၄-၃-၃ ကစားကွက်ကိုသာ အသုံးပြုသင့်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ လက္စတာစီးတီးနဲ႔ပြဲစဥ္မွာ ေနာက္ကေန လိုက္ကစားခဲ့ရၿပီး ပြဲၿပီးဖို႔ မိနစ္ ၂၀ အလိုမွ ကေလာ့ပ္က ၎ရဲ့ တတိယေျမာက္နဲ႔ စတုတၳေျမာက္ လူစားလဲမႈကို ျပဳလုပ္ခဲ့ပါတယ္။

အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ရဲ့ေနရာမွာ ဖာမီနို လူစားဝင္ကစားခဲ့ၿပီး အေျပာင္းအလဲနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေစဖို႔ လီဗာပူးလ္အသင္းက ၎တို႔ရဲ့ စမ္းသပ္ၾကည့္ၿပီး ယုံၾကည္ရတဲ့ ၄-၃-၃ ကစားကြက္ကို ၄-၂-၃-၁ ပုံစံ ေျပာင္းလဲကစားခဲ့ရပါတယ္။ အဲဒီလို ေျပာင္းကစားခဲ့တာက အေၾကာင္းအရင္း ၂ ခုအတြက္ေၾကာင့္ဆိုတာ သိသာထင္ရွားခဲ့ၿပီး ပထမဆုံးအေနနဲ႔ ကေလာ့ပ္ဟာ ၎ရဲ့ ပြဲထြက္လူစာရင္းထဲက ကြင္းလယ္ကစားသမားအားလုံးကို မယုံနိုင္ေလာက္ေအာင္ ရွားပါးတဲ့ လူစားလဲလွယ္မႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဒုတိယအခ်က္ကေတာ့ ဖာမီနို၊ ဂ်ိဳတာ၊ မာေနး၊ ဆာလားတို႔ တိုက္စစ္မႉး၄ ဦး ကြင္းထဲမွာ အတူတူ ရွိေနၾကတာျဖစ္ၿပီး ဒီလို အေျခအေနမ်ိဳး မၾကာခဏ ျဖစ္ပ်က္ခဲ့ေပမယ့္လည္း လီဗာပူးလ္အသင္း အနိုင္မရခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ၎တို႔ရဲ့ ကမၻာ့အဆင့္ တိုက္စစ္မႉး ၄ ဦး ကြင္းထဲမွာ ရွိေနခ်ိန္အတြင္း ပြဲကို လႊမ္းမိုးထားနိုင္ခဲ့တာေတာ့ က်ိန္းေသၿပီး ဂိုးေပါက္ ၈ ႀကိမ္ကန္သြင္းမႈ ျပဳလုပ္နိုင္ခဲ့ရာမွာ တစ္ႀကိမ္မွ ဂိုးေပါက္ကန္သြင္းမႈ ျပန္လည္ခြင့္မျပဳခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တစ္ႀကိမ္သာ အပိုင္အခြင့္အေရးရရွိခဲ့တာျဖစ္ၿပီး ဂ်ိဳတာရဲ့ ေခါင္းတိုက္ခ်က္က ဘယ္ဖက္တိုင္ေဘး ဝိုက္ထြက္သြားၿပီး စုစုေပါင္း ကန္သြင္းမႈေတြအရ ဂိုးအျဖစ္ေမၽွာ္မွန္းနိုင္တဲ့ႏႈန္း ၀.၄၅ ဂိုးသာ ရွိခဲ့တာျဖစ္ပါတယ္။ လက္စတာစီးတီးအသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ကေလာ့ပ္ဟာ ၎ရဲ့ တိုက္စစ္မႉး ၄ ဦးစလုံး ကြင္းထဲ ထည့္သြင္းခဲ့တာဟာ ယခုရာသီမွာ တတိယအႀကိမ္ေျမာက္ ျပဳလုပ္ခဲ့တာျဖစ္ၿပီး အရင္ပြဲေတြတုန္းကလည္း အနိုင္ မရရွိခဲ့တာျဖစ္ပါတယ္။

ပထမဆုံးပြဲကေတာ့ ဘရန္ဖို႔ဒ္နဲ႔ တစ္ဖက္ ၃ ဂိုးစီ သေရက်ခဲ့ၿပီး နည္းဗ်ဴဟာအေျပာင္းအလဲ လုပ္ခ်ိန္မွာ လီဗာပူးလ္က ၃-၂ နဲ႔ အနိုင္ရေနတာျဖစ္ၿပီး ကေလာ့ပ္က ၄-၄-၂ ကစားကြက္ကေန တိုက္စစ္မႉး ၄ ဦးအတြက္ လိုက္ေလ်ာညီေထြျဖစ္မယ့္ ကစားကြက္ပုံစံကို ေျပာင္းလိုက္ခ်ိန္မွာ ဂိုးသြင္းဖို႔ မလိုအပ္ေတာ့တဲ့အခ်ိန္ျဖစ္ပါတယ္။ လီဗာပူးလ္အေနနဲ႔ ၎တို႔ရဲ့ အားသာခ်က္ကို တိုးျမႇင့္နိုင္ခဲ့သင့္ေပမယ့္လည္း ဆာလားက ေရြႊေရာင္အခြင့္အေရးကို လြဲေခ်ာ္ခဲ့ၿပီး ဝီဆာက ေခ်ပဂိုး ျပန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

သိပ္မၾကာေသးခင္က စပါးနဲ႔ပြဲမွာ ဖာမီနိုက တိုင္လာ ေမာ္တင္ေနရာမွာ ပြဲကစားခ်ိန္ မိနစ္ ၆၀ ေလာက္မွာ လူစားဝင္ကစားခဲ့ၿပီး ၿပီးတဲ့ေနာက္မွာ ေရာဘတ္ဆန္က ဂိုးသြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အယ္လစ္ဆန္ ဘက္ကာရဲ့ အမွားေၾကာင့္ လီဗာပူးလ္အသင္း ဂိုးခြင့္ျပဳခဲ့ရၿပီး တိုက္စစ္မႉး ၄ ဦး ဆုံခ်ိန္မွာ သေရက်ေနခဲ့သလို ပြဲၿပီးဆုံးခ်ိန္မွာလည္း သေရရလဒ္ပဲ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္တိုက္စစ္မႉး ၄ ဦးဆုံၿပီး ကစားတာက ယခုရာသီမွာ စုစုေပါင္း ၆၄ မိနစ္သာ ရွိေသးၿပီး အဲဒီအခ်ိန္အတြင္း တစ္ဂိုးသာ လီဗာပူးလ္အသင္းက ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၂၀-၂၀၂၁ ရာသီတုန္းကေတာ့ တိုက္စစ္မႉး ၄ ဦး အတူကစားခ်ိန္မွာ ပိုၿပီး အထင္ႀကီးစရာ စြမ္းေဆာင္ရည္ေတြ ျပသနိုင္ခဲ့ၿပီး ပထမဆုံးအႀကိမ္ကေတာ့ ရွက္ဖီးယူနိုက္တက္ကို ၂-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ ပြဲစဥ္တုန္းက ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းက ေနာက္ကေန လိုက္ကစားခဲ့ရေပမယ့္လည္း မာေနးက ဖာမီနိုနဲ႔ ဂ်ိဳတာတို႔အတြက္ ဂိုးဖန္တီးေပးခဲ့ၿပီး မာေဆးဆိုဒ္အသင္းဟာ ပြဲအေျဖကို ၎တို႔ လိုခ်င္တဲ့ရလဒ္အတိုင္း ေျပာင္းလဲနိုင္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္တုန္းက တရားဝင္ဖန္တီးမႈလို႔ ေျပာလို႔မရတဲ့ မာေနးေၾကာင့္ ရရွိလာတဲ့ ပင္နယ္တီကေန ဆာလားက ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ရဲ့တိုက္စစ္ ၄ ဦးကစားကြက္ရဲ့ အက်ိဳးသက္ေရာက္မႈအရွိဆုံးပြဲစဥ္ကေတာ့ ဧၿပီလက အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္ျဖစ္ၿပီး ၃ ဂိုးသြင္းယူဖို႔အတြက္ ၁၇ မိနစ္သာ အခ်ိန္ယူခဲ့ရတာျဖစ္ပါတယ္။ ဒုတိယပိုင္း ၆၄ မိနစ္မွာ ဂ်ိဳတာက အဖြင့္ဂိုးကို သြင္းယူခဲ့ၿပီးေနာက္ မိုဟာမက္ ဆာလားက ၆၈ မိနစ္မွာ ဦးေဆာင္ဂိုး သြင္းယူခဲ့ၿပီး တတိယေျမာက္ဂိုးကို ဂ်ိဳတာက ဖာမီနို လူစားလဲခံရၿပီးေနာက္ ၈၂ မိနစ္မွာ မာေနးရဲ့ ဖန္တီးမႈကေန သြင္းယူခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီ နယူးကာဆယ္လ္နဲ႔ပြဲမွာ ၁-၀ နဲ႔ ဦးေဆာင္ထားေပမယ့္လည္း ဂ်ိဳတာ လူစားလဲခံရၿပီးေနာက္ နာက်င္အခ်ိန္ပိုမွာ ဂ်ိဳး ဝီလ္ေလာ့ခ္က ေခ်ပဂိုးသြင္းသြားတဲ့အခ်ိန္မွာ အခြင့္အေရးေတြ ျဖဳန္းတီးခဲ့တာေတြကို ျပန္ေပးဆပ္ခဲ့ရတျဖစ္ပါတယ္။ အဲဒါေၾကာင့္ လီဗာပူးလ္အသင္းဟာ ဖာမီနို၊ ဂ်ိဳတာ၊ ဆာလား၊ မာေနးတို႔ ၄ ဦးအတူတူကစားတဲ့ ၈ ပြဲမွာ ၂ ပြဲနိုင္ ၅ ပြဲသေရ ၁ ပြဲရႈံးဆိုတဲ့ ရလဒ္နဲ႔ မိနစ္ ၉၀ အတြင္း ဂိုးကြာျခားခ်က္မွာလည္း ပရီးမီးယားလိဂ္မွာ ၀.၉၆ ဂိုးသာ ရွိခဲ့တာျဖစ္ၿပီး တိုက္စစ္မႉး ၄ ဦး တြဲမကစားခဲ့တဲ့ ၿပီးခဲ့တဲ့ရာသီအစတုန္းကေတာင္ ၁.၀၆ ဂိုးရွိခဲ့တာျဖစ္ပါတယ္။

အဲဒါက ႀကီးမားတဲ့ ေျခစြမ္းက်ဆင္းျခင္းမဟုတ္ေပမယ့္ ၎တို႔ရဲ့ အတူတကြပါဝင္မႈကလည္း အသင္းရဲ့ အားထုတ္မႈကို အကူအညီမျဖစ္ေစတာျဖစ္တာေၾကာင့္ ကေလာ့ပ္အေနနဲ႔ ဒီလို ေလာင္းကစားဆန္တဲ့ နည္းဗ်ဴဟာကို ေနာက္ေနာင္ သုံးခ်င္တယ္ဆိုရင္ အဆင္ေျပေအာင္ ေျဖရွင္းဖို႔ လိုအပ္ၿပီး ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာေတာ့ ဒီလို အႏၲရာယ္ႀကီးတဲ့ ကစားကြက္မ်ိဳးကို မသုံးဘဲ အသင္းအတြက္ ရလဒ္ေကာင္းေတြ အမ်ားဆုံးယူေဆာင္ေပးနိုင္တဲ့ ၄-၃-၃ ကစားကြက္ကိုသာ အသုံးျပဳသင့္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.