Premier League Serie A Transfer News

အာဆင်နယ်ခေါ်မယ့် ကွင်းလယ်လူက ထိပ်တန်းကစားသမားဖြစ်မှာလို့ ထောက်ခံခဲ့တဲ့ ဗာမယ်လန်း

အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်ကွင်းလယ်ကြယ်ပွင့် အာသာ မယ်လိုကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူမယ့်ပြိုင်ပွဲထဲမှာ ဦးဆောင်နေတယ်လို့ CalcioMercato က ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အာဖရိကဖလားပြိုင်ပွဲကြောင့် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ မိုဟာမက် အယ်နန်နီနဲ့ သောမတ်စ် ပါတေးတို့အပြင် ရိုးမားအသင်းကို အငှား ၆ လ (အငှားကြေး ၆ သိန်း ၃ သောင်းဖြင့်) သွားရောက် ကစားဖို့သေချာနေတဲ့မိတ်လန်း-နိုင်းစ်ကိုပါဆုံးရှုံးရမှာဖြစ်တာကြောင့် ကွင်းလယ်ကို မဖြစ်မနေ လူအင်အားဖြည့်တင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။ အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အီဒူးက ကွင်းလယ်နေရာအတွက် ကာဗာလုပ်နိုင်မယ့် ကစားသမားကို ခေါ်ယူဖို့ ဈေးကွက်ထဲမှာ ရှာဖွေနေတာဖြစ်ပြီး ၎င်းနဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ အာသာ မယ်လိုကို ပစ်မှတ်စာရင်းထဲမှာ ထည့်ထားတာဖြစ်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ဟာ ဂျူဗင်တပ်အသင်းမှာ များပြားလှတဲ့ ကွင်းလယ်ရွေးချယ်စရာတွေကြောင့် လူပိုဖြစ်နေတာဖြစ်ပြီး တူရင်ကို စွန့်ခွာဖို့အတွက် ကမ်းလှမ်းမှုကို စောင့်မျှော်နေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဘရာဇီးလ်ကွင်းလယ်လူကို စိတ်ဝင်စားနေတယ်လို့ သိရပြီး အာဆင်နယ် နောက်ခံကစားသမားဟောင်း သောမတ်စ် ဗာမယ်လန်းက အာသာ မယ်လိုကို အပြည့်အဝထောက်ခံပေးခဲ့ပြီး ၎င်းရဲ့ အမာခံပရိသတ်ဖြစ်ကြောင်းကို ပြသခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်နောက်ခံကစားသမားဟာ ၂၀၁၄ ခုနှစ်မှာ အာဆင်နယ်ကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး နူးကမ့်မှာ အတူတူ တွဲကစားခဲ့ဖူးတဲ့ အာသာ မယ်လိုအကြောင်းကို ကောင်းကောင်း သိနေတာဖြစ်ပါတယ်။

“အာသာက ကစားသမားကောင်းဖြစ်ပြီး သူက အသင်းနဲ့ အသင်းရဲ့ ကစားဟန်နဲ့ အသားကျအောင် ပိုကစားချိန် ပိုပြီးလိုအပ်တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် သူ့ရဲ့ စတင်မှုကတော့ မယုံနိုင်စရာကောင်းခဲ့ပါတယ်။ သူ့မှာ တိုက်ပွဲဝင်နိုင်တဲ့ အရည်အချင်းတွေနဲ့ ထိပ်တန်းအဆင့်ကို ရောက်ရှိနိုင်မယ့် နည်းစနစ်ပိုင်းအရည်အချင်းတွေ အားလုံးရှိနေပါတယ်”လို့ Football Espana ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့်လ ကွင်းလယ်မှာ အရန်သင့်အသုံးပြုနိုင်မယ့် ကစားသမားအချို့ကို ကျိန်းသေပေါက်လိုအပ်မှာဖြစ်ပြီး ပါတေးမပါဝင်နိုင်မှုက ဂန်းနားတွေအတွက် ကြီးမားတဲ့ လစ်ဟာမှုကြီးဖြစ်လာမှာဖြစ်သလို မိတ်လန်း-နိုင်းစ်ကလည်း ရိုးမားကို ၆လ ( အငှားကြေး ပေါင် ၆သိန်း ၃သောင်း ခန့်နဲ့) အငှားသွားရောက်ကစားဖို့ ကျိန်းသေနတာကြောင့် ကွင်းလယ်က ဖိအားအားလုံးဟာ လူငယ်ကွင်းလယ်ကစားသမား လိုကွန်ဂါရဲ့ပုခုံးပေါ် ကျရောက်လာတော့မှာဖြစ်ပါတယ်။

ဒါက အသင်းစာရင်းမှာ နောက်ထပ် အရည်အသွေးရှိတဲ့ ကွင်းလယ်ကစားသမားတစ်ဦးကို ပိုင်ဆိုင်ထားချင်တဲ့ အာတီတာအတွက် အဆင်ပြေနိုင်မှာမဟုတ်ဘဲ အာသာဟာ အသက် ၂၅ နှစ်အရွယ်သာ ရှိသေးတာကြောင့် ရွေးချယ်စရာတစ်ခု ကောင်းကောင်း ဖြစ်လာနိုင်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ နည်းပြ အယ်လီဂရီလက်အောက်မှာ ပွဲထွက်ခွင့်အတွက် နေရာမရဖြစ်နေခဲ့သူဖြစ်ပြီး တစ်ရာသီလုံးကို မိနစ် ၄၀၀ အောက်သာ ကစားခဲ့ရတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တူရင်ကို စွန့်ခွာမှာ ကျိန်းသေလုနီးပါးဖြစ်ပုံ ပေါ်ပါတယ်။

အာဆင်နယ်ကလည်း အာသာကို ခေါ်ယူမယ့် ပြိုင်ပွဲမှာ ထိပ်ဆုံးက ဦးဆောင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးကလည်း ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ တခြားကစားသမားတွေအားလုံးထက် ပိုမိုကောင်းမွန်မယ်ဆိုတာကို သိရှိနေမှာ ဖြစ်ပါတယ်။

တကယ်လို့ အီဒူးကသာ ဂျူဗင်တပ်ကွင်းလယ်ကစားသမားက အမ်းမရိတ်စ်မှာ ကောင်းကောင်း အံဝင်မယ့်ကစားသမားလို့ ယုံကြည်တယ်ဆိုရင် အာဆင်နယ်ပရိသတ်တွေအနေနဲ့လည်း အာသာ မယ်လိုကို ယုံကြည်မှု ပေးသင့်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ဂ်ဴဗင္တပ္ကြင္းလယ္ၾကယ္ပြင့္ အာသာ မယ္လိုကို ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ေခၚယူမယ့္ၿပိဳင္ပြဲထဲမွာ ဦးေဆာင္ေနတယ္လို႔ CalcioMercato က ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ အာဖရိကဖလားၿပိဳင္ပြဲေၾကာင့္ ကြင္းလယ္ကစားသမားေတြျဖစ္တဲ့ မိုဟာမက္ အယ္နန္နီနဲ႔ ေသာမတ္စ္ ပါေတးတို႔အျပင္ ရိုးမားအသင္းကို အငွား ၆ လ (အငွားေၾကး ၆ သိန္း ၃ ေသာင္းျဖင့္) သြားေရာက္ ကစားဖို႔ေသခ်ာေနတဲ့မိတ္လန္း-နိုင္းစ္ကိုပါဆုံးရႈံးရမွာျဖစ္တာေၾကာင့္ ကြင္းလယ္ကို မျဖစ္မေန လူအင္အားျဖည့္တင္းဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။ အာဆင္နယ္ နည္းစနစ္ဒါရိုက္တာ အီဒူးက ကြင္းလယ္ေနရာအတြက္ ကာဗာလုပ္နိုင္မယ့္ ကစားသမားကို ေခၚယူဖို႔ ေဈးကြက္ထဲမွာ ရွာေဖြေနတာျဖစ္ၿပီး ၎နဲ႔ တစ္နိုင္ငံတည္းသားျဖစ္တဲ့ အာသာ မယ္လိုကို ပစ္မွတ္စာရင္းထဲမွာ ထည့္ထားတာျဖစ္ပါတယ္။

ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ဟာ ဂ်ဴဗင္တပ္အသင္းမွာ မ်ားျပားလွတဲ့ ကြင္းလယ္ေရြးခ်ယ္စရာေတြေၾကာင့္ လူပိုျဖစ္ေနတာျဖစ္ၿပီး တူရင္ကို စြန႔္ခြာဖို႔အတြက္ ကမ္းလွမ္းမႈကို ေစာင့္ေမၽွာ္ေနတာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ဘရာဇီးလ္ကြင္းလယ္လူကို စိတ္ဝင္စားေနတယ္လို႔ သိရၿပီး အာဆင္နယ္ ေနာက္ခံကစားသမားေဟာင္း ေသာမတ္စ္ ဗာမယ္လန္းက အာသာ မယ္လိုကို အျပည့္အဝေထာက္ခံေပးခဲ့ၿပီး ၎ရဲ့ အမာခံပရိသတ္ျဖစ္ေၾကာင္းကို ျပသခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္ေနာက္ခံကစားသမားဟာ ၂၀၁၄ ခုႏွစ္မွာ အာဆင္နယ္ကေန ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ကစားခဲ့သူျဖစ္ၿပီး ႏူးကမ့္မွာ အတူတူ တြဲကစားခဲ့ဖူးတဲ့ အာသာ မယ္လိုအေၾကာင္းကို ေကာင္းေကာင္း သိေနတာျဖစ္ပါတယ္။

“အာသာက ကစားသမားေကာင္းျဖစ္ၿပီး သူက အသင္းနဲ႔ အသင္းရဲ့ ကစားဟန္နဲ႔ အသားက်ေအာင္ ပိုကစားခ်ိန္ ပိုၿပီးလိုအပ္တယ္ဆိုတာ အမွန္ပါပဲ။ ဒါေပမယ့္ သူ႔ရဲ့ စတင္မႈကေတာ့ မယုံနိုင္စရာေကာင္းခဲ့ပါတယ္။ သူ႔မွာ တိုက္ပြဲဝင္နိုင္တဲ့ အရည္အခ်င္းေတြနဲ႔ ထိပ္တန္းအဆင့္ကို ေရာက္ရွိနိုင္မယ့္ နည္းစနစ္ပိုင္းအရည္အခ်င္းေတြ အားလုံးရွိေနပါတယ္”လို႔ Football Espana ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္လ ကြင္းလယ္မွာ အရန္သင့္အသုံးျပဳနိုင္မယ့္ ကစားသမားအခ်ိဳ႕ကို က်ိန္းေသေပါက္လိုအပ္မွာျဖစ္ၿပီး ပါေတးမပါဝင္နိုင္မႈက ဂန္းနားေတြအတြက္ ႀကီးမားတဲ့ လစ္ဟာမႈႀကီးျဖစ္လာမွာျဖစ္သလို မိတ္လန္း-နိုင္းစ္ကလည္း ရိုးမားကို ၆လ ( အငွားေၾကး ေပါင္ ၆သိန္း ၃ေသာင္း ခန္႔နဲ႔) အငွားသြားေရာက္ကစားဖို႔ က်ိန္းေသနတာေၾကာင့္ ကြင္းလယ္က ဖိအားအားလုံးဟာ လူငယ္ကြင္းလယ္ကစားသမား လိုကြန္ဂါရဲ့ပုခုံးေပၚ က်ေရာက္လာေတာ့မွာျဖစ္ပါတယ္။

ဒါက အသင္းစာရင္းမွာ ေနာက္ထပ္ အရည္အေသြးရွိတဲ့ ကြင္းလယ္ကစားသမားတစ္ဦးကို ပိုင္ဆိုင္ထားခ်င္တဲ့ အာတီတာအတြက္ အဆင္ေျပနိုင္မွာမဟုတ္ဘဲ အာသာဟာ အသက္ ၂၅ ႏွစ္အရြယ္သာ ရွိေသးတာေၾကာင့္ ေရြးခ်ယ္စရာတစ္ခု ေကာင္းေကာင္း ျဖစ္လာနိုင္ပါတယ္။

ဘရာဇီးလ္ကြင္းလယ္ကစားသမားဟာ နည္းၿပ အယ္လီဂရီလက္ေအာက္မွာ ပြဲထြက္ခြင့္အတြက္ ေနရာမရျဖစ္ေနခဲ့သူျဖစ္ၿပီး တစ္ရာသီလုံးကို မိနစ္ ၄၀၀ ေအာက္သာ ကစားခဲ့ရတာေၾကာင့္ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ တူရင္ကို စြန႔္ခြာမွာ က်ိန္းေသလုနီးပါးျဖစ္ပုံ ေပၚပါတယ္။

အာဆင္နယ္ကလည္း အာသာကို ေခၚယူမယ့္ ၿပိဳင္ပြဲမွာ ထိပ္ဆုံးက ဦးေဆာင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အာဆင္နယ္နည္းစနစ္ဒါရိုက္တာ အီဒူးကလည္း ဘရာဇီးလ္ကြင္းလယ္ကစားသမားဟာ တျခားကစားသမားေတြအားလုံးထက္ ပိုမိုေကာင္းမြန္မယ္ဆိုတာကို သိရွိေနမွာ ျဖစ္ပါတယ္။

တကယ္လို႔ အီဒူးကသာ ဂ်ဴဗင္တပ္ကြင္းလယ္ကစားသမားက အမ္းမရိတ္စ္မွာ ေကာင္းေကာင္း အံဝင္မယ့္ကစားသမားလို႔ ယုံၾကည္တယ္ဆိုရင္ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔လည္း အာသာ မယ္လိုကို ယုံၾကည္မႈ ေပးသင့္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.