Premier League

အနိုင်ဂိုးရမယ့် ပင်နယ်တီမပေးတဲ့ဒိုင်လူကြီးကို ဒေါသတကြီး ဝေဖန်လိုက်တဲ့ တူဟယ်

ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်က စတမ်းဖို့ဒ်ဘရစ်ဂျ်မှာ ဘရိုက်တန်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် ဒေါသထွက်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်စီးတီးကို ယှဉ်နိုင်မယ်လို့ ထင်နေရင် ရူးနေတာဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဥရောပချန်ပီယံဟာ ဗုဒ္ဓဟူးနေ့ညမှာ လူကာကူရဲ့ ပထမပိုင်းမှာ ခေါင်းတိုက်သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကို ဒန်နီ ဝဲလ်ဘက်က နာကျင်အချိန်ပိုမှာ ချေပသွားခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ မန်စီးတီးရဲ့နောက် ဒုတိယနေရာမှာ ၈ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

ကိုဗစ်နဲ့ ဒဏ်ရာပြဿနာတွေရဲ့ ထိုးနှက်ခြင်းကို ခံခဲ့ရပြီးဖြစ်တဲ့ ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ရီးစ် ဂျိမ်းစ်နဲ့ ခရစ္စတင်ဆန်တို့ကိုလည်း တံကောက်ကြောဒဏ်ရာနဲ့ နောက်ကျောဒဏ်ရာတို့ကြောင့် ဆုံးရှုံးခဲ့ရပေမယ့် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က တူဟယ်အတွက် ဒေါသထွက်စရာအကောင်းဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။

နည်းပြ တူဟယ်က ဒုတိယပိုင်းမှာ ပူလီရှစ်ကို ဗဲ့တ်မန်း ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာဟာ ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခြင်း ခံခဲ့ရသင့်တယ်လို့ ခံစားခဲ့ရပြီး ချေပဂိုး သွင်းယူခြင်းမခံရမီ ဘရိုက်တန်အသင်းရဲ့ ဂိုးပေါက်ထဲကို မေဆန် မောင့် ကန်မသွင်းမီမှာ အပြစ်ပေးခဲ့တဲ့ မိုက်ဒင်းရဲ့ ဆုံးဖြတ်ချက်ကြောင့်လည်း စိတ်ပျက်ဒေါသထွက်ခဲ့ရတာဖြစ်ပါတယ်။

“ရိုးရိုးသားသားပြောရရင် ကျွန်တော် ပုံမှန်ဆိုရင် ဘယ်တော့မှ အဲဒါကို ပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ ပူလီရှစ်ရဲ့ ၁၀၀ ရာခိုင်နှုန်း ပင်နယ်တီ ရှိခဲ့ပြီး ချေပဂိုး မပေးရခင် ဘောလုံးက ဂိုးထဲ သွားနေချိန်မှာ မေဆန် မောင့်ဆီက ဖျက်ထုတ်မှုက ၅၀-၅၀ ပါပဲ”

“ဘာကြောင့် ဒိုင်လူကြီးက ဘောလုံးက စည်းပေါ်ကို မကျော်ခင်မှာ ဝီစီလေးတောင် မှုတ်ဖို့ မလိုအပ်ခဲ့တာလဲ။ ကျွန်တော်တို့မှာ ပြန်စစ်ဆေးဖို့ VAR ရှိတယ်။ ဘာကြောင့် ကျွန်တော်တို့ စောင့်ဆိုင်းပြီးတော့ အဲဒါကို ပြန်မစစ်နိုင်တာလဲ။ ပြန်စစ်ပြီးတော့မှ သူ အဲဒါကို ပြစ်ဒဏ်ကျူးလွန်တာလို့ ဆုံးဖြတ်တယ်ဆိုရင် အဲဒီကျမှ ဆုံးဖြတ်လို့ မရဘူးလား။ သူ အရမ်းကို သေချာနေတာလား။ ဒါမှမဟုတ် သူ တင်းမာမှုတွေ ဆက်ပြီး မြင့်တက်စေချင်တာလား။ ပင်နယ်တီကတော့ ဟာသတစ်ခုပါပဲ။ အဲဒါက ကြားမဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ VAR ရဲ့ ဟာသတစ်ခုပါပဲ”

တူဟယ်က အသင်းရဲ့ဒဏ်ရာပြဿနာတွေကြောင့် အကောင်းဆုံးစွမ်းဆောင်ရည်အောက် ကျဆင်းနေခဲ့တယ်ဆိုတာကို နားလည်ပေးလို့ရနိုင်တယ်လို့ ခံစားနေခဲ့ရပါတယ်။ “ကျွန်တော်တို့ ဒီပွဲမတိုင်ခင်ကတည်းက အားကောင်းတဲ့အသင်းနဲ့ရင်ဆိုင်ရမယ့် ခက်ခဲတဲ့ပွဲဖြစ်လာမယ်ဆိုတာ သိခဲ့ပါတယ်။ သူတို့တွေ ကောင်းကောင်းကြိုတင်ပြင်ဆင်ပြီး လာခဲ့တာပါ။ အဲဒါက အမြဲတမ်း ဒီလိုပါပဲ။ ကျွန်တော် သူတို့နဲ့ ယှဉ်ပြိုင်ကစားပြီး ကောင်းမွန်တဲ့ပွဲတစ်ပွဲ ကစားနိုင်တဲ့ တစ်သင်းမှ မတွေ့ခဲ့ရပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ရုန်းကန်ရလိမ့်မယ်ဆိုတာ ရှင်းလင်းနေခဲ့ပါတယ်။ ကျွန်တော်တို့မှာ သူတို့ဆီကနေ ဘာတွေ တောင်းဆိုနိုင်လဲဆိုတာ ကျွန်တော်တို့ မသိတဲ့ ကစားသမားတွေအများကြီး ရှိနေတာ ရှင်းပါတယ်”

“သူတို့တွေက ကာလရှည် ဒဏ်ရာကြောင့် အနားယူရာကနေ ပြန်လာခဲ့တယ်။ ကိုဗစ် ကူးစက်ခံထားရရာကနေ ပြန်လာခဲ့တယ်။ သူတို့တွေ ဘာလုပ်နိုင်မလဲဆိုတာကို ကျွန်တော် တကယ်ကို မသိတာပါ။ ကျွန်တော်တို့ အရမ်းကောင်းကောင်း စတင်နိုင်ခဲ့ပြီး ရီးစ် ဂျိမ်းစ် ဒဏ်ရာမရခင်အထိပါပဲ။ ပြီးတော့ ကျွန်တော်တို့ ကွင်းထဲမှာ အရင်တုန်းကလိုမျိုး ထိပ်တန်းကစားသမားတွေထဲက တစ်ဦး ထပ်ဖြစ်နေတဲ့ ခရစ္စတင်ဆန်ကို ဆုံးရှုံးခဲ့ရတယ်။ ဒီလိုအချိန်မှာတော့ အဲဒါက အရမ်းများလွန်းတယ်။ အဲဒါကြောင့်ပဲ ဘာမှ ဆုံးရှုံးစရာမရှိဘဲ ယုံကြည်ချက်နဲ့ ကစားတတ်တဲ့ ဘရိုက်တန်အသင်းနဲ့ ခင်ဗျား ယှဉ်ပြိုင်ကစားတဲ့အခါမှာ ရုန်းကန်ရမယ်ဆိုတာကို ကျွန်တော် နားလည်နိုင်တာပါ”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်နဲ့ သရေကျနေချိန်မှာ မန်ချက်စတာစီးတီးက ဘရန့်ဖို့ဒ်ကို အနိုင်ရရှိသွားခဲ့တာကြောင့် ၈ မှတ်အထိ ကွာဟသွားခဲ့တာဖြစ်ပြီး တူဟယ်က လက်ရှိလူစာရင်းအခြေအနေအရ ကွာဟမှုကို လျှော့ချနိုင်ဖို့ လုပ်နိုင်စွမ်းနဲ့ပတ်သက်ပြီး ပရိသတ်တွေကို အာမခံချက် အနည်းငယ်သာ ပေးနိုင်ခဲ့ပါတယ်။

“ကျွန်တော်တို့ ကိုဗစ်ကူးစက်ခံထားရတာ ၇ ယောက်ရှိတယ်။ ၆ ပတ် ဒါမှမဟုတ် အဲဒီထက်ပိုပြီး လွဲချော်မယ့် အဓိကကစားသမား ၄ ဦး၊ ၅ ဦးလောက်လည်း ရှိနေတယ်။ ကျွန်တော်တို့ ဆုဖလားပြိုင်ပွဲမှာ ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်နိုင်မှာလဲ။ အားလုံးမှာ လူစာရင်းအပြည့်ရှိနေပြီး အားလုံးက နေ့တိုင်း လေ့ကျင့်ရေးလုပ်နေတယ်။ ဒီလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့အတွက် အင်အားအပြည့်ရှိနေကြတယ်”

“ကျွန်တော်တို့ ကိုဗစ်နဲ့ ဒဏ်ရာပြဿနာတွေကြားကနေ ဒီတိုင်း ကစားပြီး ဆုဖလားစိန်ခေါ်နိုင်မယ်လို့ တွေးနေရင် ရူးနေတာပဲ ဖြစ်မှာဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝနေတဲ့ ကစားသမား ၂၃ ဦးမရှိဘဲနဲ့ အဲဒီလို တွေးတဲ့လူမှန်သမျှကလည်း ရူးနေတာပဲဖြစ်လိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးနည္းၿပ ေသာမတ္စ္ တူဟယ္က စတမ္းဖို႔ဒ္ဘရစ္ဂ်္မွာ ဘရိုက္တန္အသင္းနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္အၿပီးမွာ ဒိုင္လူႀကီးရဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ ေဒါသထြက္ခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ မန္စီးတီးကို ယွဥ္နိုင္မယ္လို႔ ထင္ေနရင္ ႐ူးေနတာျဖစ္လိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဥေရာပခ်န္ပီယံဟာ ဗုဒၶဟူးေန႔ညမွာ လူကာကူရဲ့ ပထမပိုင္းမွာ ေခါင္းတိုက္သြင္းယူခဲ့တဲ့ ဦးေဆာင္ဂိုးကို ဒန္နီ ဝဲလ္ဘက္က နာက်င္အခ်ိန္ပိုမွာ ေခ်ပသြားခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းဟာ မန္စီးတီးရဲ့ေနာက္ ဒုတိယေနရာမွာ ၈ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္ပါတယ္။

ကိုဗစ္နဲ႔ ဒဏ္ရာျပႆနာေတြရဲ့ ထိုးႏွက္ျခင္းကို ခံခဲ့ရၿပီးျဖစ္တဲ့ ခ်ဲလ္ဆီးအသင္းဟာ ဘရိုက္တန္အသင္းနဲ႔ပြဲစဥ္မွာ ရီးစ္ ဂ်ိမ္းစ္နဲ႔ ခရစၥတင္ဆန္တို႔ကိုလည္း တံေကာက္ေၾကာဒဏ္ရာနဲ႔ ေနာက္ေက်ာဒဏ္ရာတို႔ေၾကာင့္ ဆုံးရႈံးခဲ့ရေပမယ့္ ဒိုင္လူႀကီးရဲ့ ဆုံးျဖတ္ခ်က္က တူဟယ္အတြက္ ေဒါသထြက္စရာအေကာင္းဆုံးျဖစ္ခဲ့တာျဖစ္ပါတယ္။

နည္းၿပ တူဟယ္က ဒုတိယပိုင္းမွာ ပူလီရွစ္ကို ဗဲ့တ္မန္း ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တာဟာ ပင္နယ္တီ ျပစ္ဒဏ္ေဘာ သတ္မွတ္ေပးျခင္း ခံခဲ့ရသင့္တယ္လို႔ ခံစားခဲ့ရၿပီး ေခ်ပဂိုး သြင္းယူျခင္းမခံရမီ ဘရိုက္တန္အသင္းရဲ့ ဂိုးေပါက္ထဲကို ေမဆန္ ေမာင့္ ကန္မသြင္းမီမွာ အျပစ္ေပးခဲ့တဲ့ မိုက္ဒင္းရဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္လည္း စိတ္ပ်က္ေဒါသထြက္ခဲ့ရတာျဖစ္ပါတယ္။

“ရိုးရိုးသားသားေျပာရရင္ ကၽြန္ေတာ္ ပုံမွန္ဆိုရင္ ဘယ္ေတာ့မွ အဲဒါကို ေျပာမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို႔မွာ ပူလီရွစ္ရဲ့ ၁၀၀ ရာခိုင္ႏႈန္း ပင္နယ္တီ ရွိခဲ့ၿပီး ေခ်ပဂိုး မေပးရခင္ ေဘာလုံးက ဂိုးထဲ သြားေနခ်ိန္မွာ ေမဆန္ ေမာင့္ဆီက ဖ်က္ထုတ္မႈက ၅၀-၅၀ ပါပဲ”

“ဘာေၾကာင့္ ဒိုင္လူႀကီးက ေဘာလုံးက စည္းေပၚကို မေက်ာ္ခင္မွာ ဝီစီေလးေတာင္ မႈတ္ဖို႔ မလိုအပ္ခဲ့တာလဲ။ ကၽြန္ေတာ္တို႔မွာ ျပန္စစ္ေဆးဖို႔ VAR ရွိတယ္။ ဘာေၾကာင့္ ကၽြန္ေတာ္တို႔ ေစာင့္ဆိုင္းၿပီးေတာ့ အဲဒါကို ျပန္မစစ္နိုင္တာလဲ။ ျပန္စစ္ၿပီးေတာ့မွ သူ အဲဒါကို ျပစ္ဒဏ္က်ဴးလြန္တာလို႔ ဆုံးျဖတ္တယ္ဆိုရင္ အဲဒီက်မွ ဆုံးျဖတ္လို႔ မရဘူးလား။ သူ အရမ္းကို ေသခ်ာေနတာလား။ ဒါမွမဟုတ္ သူ တင္းမာမႈေတြ ဆက္ၿပီး ျမင့္တက္ေစခ်င္တာလား။ ပင္နယ္တီကေတာ့ ဟာသတစ္ခုပါပဲ။ အဲဒါက ၾကားမဝင္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ VAR ရဲ့ ဟာသတစ္ခုပါပဲ”

တူဟယ္က အသင္းရဲ့ဒဏ္ရာျပႆနာေတြေၾကာင့္ အေကာင္းဆုံးစြမ္းေဆာင္ရည္ေအာက္ က်ဆင္းေနခဲ့တယ္ဆိုတာကို နားလည္ေပးလို႔ရနိုင္တယ္လို႔ ခံစားေနခဲ့ရပါတယ္။ “ကၽြန္ေတာ္တို႔ ဒီပြဲမတိုင္ခင္ကတည္းက အားေကာင္းတဲ့အသင္းနဲ႔ရင္ဆိုင္ရမယ့္ ခက္ခဲတဲ့ပြဲျဖစ္လာမယ္ဆိုတာ သိခဲ့ပါတယ္။ သူတို႔ေတြ ေကာင္းေကာင္းႀကိဳတင္ျပင္ဆင္ၿပီး လာခဲ့တာပါ။ အဲဒါက အျမဲတမ္း ဒီလိုပါပဲ။ ကၽြန္ေတာ္ သူတို႔နဲ႔ ယွဥ္ၿပိဳင္ကစားၿပီး ေကာင္းမြန္တဲ့ပြဲတစ္ပြဲ ကစားနိုင္တဲ့ တစ္သင္းမွ မေတြ႕ခဲ့ရပါဘူး။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ ႐ုန္းကန္ရလိမ့္မယ္ဆိုတာ ရွင္းလင္းေနခဲ့ပါတယ္။ ကၽြန္ေတာ္တို႔မွာ သူတို႔ဆီကေန ဘာေတြ ေတာင္းဆိုနိုင္လဲဆိုတာ ကၽြန္ေတာ္တို႔ မသိတဲ့ ကစားသမားေတြအမ်ားႀကီး ရွိေနတာ ရွင္းပါတယ္”

“သူတို႔ေတြက ကာလရွည္ ဒဏ္ရာေၾကာင့္ အနားယူရာကေန ျပန္လာခဲ့တယ္။ ကိုဗစ္ ကူးစက္ခံထားရရာကေန ျပန္လာခဲ့တယ္။ သူတို႔ေတြ ဘာလုပ္နိုင္မလဲဆိုတာကို ကၽြန္ေတာ္ တကယ္ကို မသိတာပါ။ ကၽြန္ေတာ္တို႔ အရမ္းေကာင္းေကာင္း စတင္နိုင္ခဲ့ၿပီး ရီးစ္ ဂ်ိမ္းစ္ ဒဏ္ရာမရခင္အထိပါပဲ။ ၿပီးေတာ့ ကၽြန္ေတာ္တို႔ ကြင္းထဲမွာ အရင္တုန္းကလိုမ်ိဳး ထိပ္တန္းကစားသမားေတြထဲက တစ္ဦး ထပ္ျဖစ္ေနတဲ့ ခရစၥတင္ဆန္ကို ဆုံးရႈံးခဲ့ရတယ္။ ဒီလိုအခ်ိန္မွာေတာ့ အဲဒါက အရမ္းမ်ားလြန္းတယ္။ အဲဒါေၾကာင့္ပဲ ဘာမွ ဆုံးရႈံးစရာမရွိဘဲ ယုံၾကည္ခ်က္နဲ႔ ကစားတတ္တဲ့ ဘရိုက္တန္အသင္းနဲ႔ ခင္ဗ်ား ယွဥ္ၿပိဳင္ကစားတဲ့အခါမွာ ႐ုန္းကန္ရမယ္ဆိုတာကို ကၽြန္ေတာ္ နားလည္နိုင္တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဘရိုက္တန္နဲ႔ သေရက်ေနခ်ိန္မွာ မန္ခ်က္စတာစီးတီးက ဘရန႔္ဖို႔ဒ္ကို အနိုင္ရရွိသြားခဲ့တာေၾကာင့္ ၈ မွတ္အထိ ကြာဟသြားခဲ့တာျဖစ္ၿပီး တူဟယ္က လက္ရွိလူစာရင္းအေျခအေနအရ ကြာဟမႈကို ေလၽွာ့ခ်နိုင္ဖို႔ လုပ္နိုင္စြမ္းနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကို အာမခံခ်က္ အနည္းငယ္သာ ေပးနိုင္ခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ ကိုဗစ္ကူးစက္ခံထားရတာ ၇ ေယာက္ရွိတယ္။ ၆ ပတ္ ဒါမွမဟုတ္ အဲဒီထက္ပိုၿပီး လြဲေခ်ာ္မယ့္ အဓိကကစားသမား ၄ ဦး၊ ၅ ဦးေလာက္လည္း ရွိေနတယ္။ ကၽြန္ေတာ္တို႔ ဆုဖလားၿပိဳင္ပြဲမွာ ဘယ္လိုလုပ္ၿပီး ယွဥ္ၿပိဳင္နိုင္မွာလဲ။ အားလုံးမွာ လူစာရင္းအျပည့္ရွိေနၿပီး အားလုံးက ေန႔တိုင္း ေလ့က်င့္ေရးလုပ္ေနတယ္။ ဒီလိဂ္မွာ ဗိုလ္စြဲနိုင္ဖို႔အတြက္ အင္အားအျပည့္ရွိေနၾကတယ္”

“ကၽြန္ေတာ္တို႔ ကိုဗစ္နဲ႔ ဒဏ္ရာျပႆနာေတြၾကားကေန ဒီတိုင္း ကစားၿပီး ဆုဖလားစိန္ေခၚနိုင္မယ္လို႔ ေတြးေနရင္ ႐ူးေနတာပဲ ျဖစ္မွာျဖစ္ၿပီး ႀကံ့ခိုင္မႈျပည့္ဝေနတဲ့ ကစားသမား ၂၃ ဦးမရွိဘဲနဲ႔ အဲဒီလို ေတြးတဲ့လူမွန္သမၽွကလည္း ႐ူးေနတာပဲျဖစ္လိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.