Premier League

ယခုရာသီမှာ အနီကတ် ၃ ကတ်ပြသခံရမယ့်အရေးကနေ လွတ်မြောက်ခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္လာနေ့ညနေက နယူးကာဆယ်လ်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အနီကတ်ပြသခံရမယ့်အရေးကနေ လွတ်မြောက်ခဲ့ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်မှာ အနီကတ် ၃ ကြိမ်အထိ ရှောင်လွှဲနိုင်ခဲ့ပြီဖြစ်ပါတယ်။

နယူးကာဆယ်လ် ယူနိုက်တက်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်တလျှောက်လုံးမှာ အိမ်ရှင်အသင်းက ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့ပြီး အလန် စန်-မက်ဆီမန်ရဲ့ ပထမပိုင်း ၇ မိနစ်က အဖွင့်ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် လူစားဝင်ကစားခဲ့တဲ့ ကာဗာနီက ယူနိုက်တက်အတွက် သရေ ၁ မှတ်ရရှိအောင် ကယ်တင်ပေးခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိတ်ပျက်နေခဲ့တာ သိသာခဲ့ပြီး ပွဲပြီး ဝီစီမှုတ်ချိန်မှာ ဘယ်သူ့ကိုမှ နှုတ်ဆက်ခြင်းမရှိဘဲ ဥမင်လျှောက်လမ်းထဲကို တန်းဆင်းသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘလွန်ဒေါ ၅ ဆုရှင်အနေနဲ့ အများကြီး စောပြီး ကွင်းအတွင်းကနေ ထွက်ခွာသွားခဲ့ရနိုင်ခဲ့ပြီး ဒုတိယပိုင်းအလယ်မှာ ရိုင်ယန် ဖရေဆာကို အလျင်စလို ဖျက်ထုတ်မှုကြောင့် ပေါ်တူဂီကြယ်ပွင့်ဟာ အဝါကတ်ပြသခြင်းခံခဲ့ရပေမယ့်လည်း အဲဒီနေရာမှာ တခြားကစားသမားသာဆိုရင် အလွယ်တကူပဲ အနီကတ်ပြသခြင်း ခံရနိုင်တဲ့ ဖျက်ထုတ်မှု ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကြောင့် ဒေါသထွက်နေတာ သိသာတဲ့ ရော်နယ်လ်ဒိုဟာ ဖရေဆာ ရယူဖို့ ကြိုးပမ်းနေတဲ့ ဘောလုံးကို ကြမ်းကြမ်းတမ်းတမ်းနဲ့ ပြေးဝင် ကန်ထုတ်ခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်က အဝါကတ်ပြားသာ ပြသခဲ့တာဖြစ်ပါတယ်။

ဒါဟာ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးအတွက် ယခုရာသီမှာ အနီကတ် ပြသခံရနိုင်တဲ့အရေးကနေ ရှောင်လွှဲနိုင်ခဲ့တာ ပထမဆုံးအကြိမ် မဟုတ်တော့ဘဲ အိုးထရက်ဖို့ဒ်မှာ လီဗာပူးလ်ကို ၅-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တုန်းကလည်း မြေကြီးပေါ်မှာ လဲကျနေတဲ့ ကာတစ် ဂျုံးစ်ကို ဘောလုံးနဲ့အတူ ပိတ်ကန်ခဲ့ပြီး အံ့အားသင့်ဖွယ်ကောင်းစွာနဲ့ပဲ အဝါကတ်ပြားသာ ပြသခံခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဘရူနို ဖာနန်ဒက်စ်ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းဖို့ ပြင်ဆင်နေချိန်မှာ အိုင်ယာလန်ကစားသမား ဒါရာ အိုရှေးရဲ့ လက်မောင်းကို လက်သီးနဲ့ ထိုးခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးက ပင်နယ်တီကန်သွင်းဖို့ ပင်နယ်တီစက်ဝိုင်းပေါ်တည်ထားတဲ့ ဘောလုံးကို ဒါရာ အိုရှေးက စိတ်ဓာတ်စစ်ဆင်ရေးလုပ်တဲ့အနေနဲ့ ကန်ထုတ်ခဲ့တာကြောင့် ရော်နယ်လ်ဒိုလည်း ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ဘဲ အိုင်ယာလန် နောက်ခံကစားသမားကို လက်သီးနဲ့ ထိုးခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရော်နယ်လ်ဒိုဟာ အဝါကတ်ပြားလေးတောင် ပြသခြင်းမခံခဲ့ရဘဲ ၉၆ မိနစ်မှာ အနိုင်ဂိုးသွင်းယူပြီးနောက် အင်္ကျီချွတ်အောင်ပွဲခံခဲ့မှုအတွက်သာ အဝါကတ်ပြား ပြသခံခဲ့ရတာဖြစ်ပါတယ်။ နယူးကာဆယ်လ်နဲ့ပွဲစဉ်မှာ ရိုင်ယန် ဖရေဆာကို ရော်နယ်လ်ဒို ပြုလုပ်ခဲ့တဲ့ ဖျက်ထုတ်မှုဟာ လီဗာပူးလ်နောက်ခံလူ ရောဘတ်ဆန်က စပါးနောက်ခံကစားသမား အီမာဆင်ကို ပြုလုပ်ခဲ့တဲ့အတိုင်း တစ်ထပ်တည်းနီးပါး တူညီခဲ့ပေမယ့် ပေါ်တူဂီကြယ်ပွင့်အနေနဲ့ အနီကတ်ပြသမခံခဲ့ရတာဟာ ကွင်းလယ်ဒိုင်တွေရဲ့ တသမတ်တည်း ပြစ်ဒဏ်ပေးမှုမရှိတာကို မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ အနီကတ်ပြား မကြာခဏ ပြသခံရတဲ့ ကွင်းလယ်ကြယ်ပွင့် ချာကာက အတိတ်က အမှားတွေကနေ သင်ခန်းစာမယူနိုင်ဘူးလို့ ပရိသတ်တွေဆီကနေ ဝေဖန်မှုကို ခံခဲ့ရပေမယ့်လည်း ၎င်းနဲ့အလားတူ ဖျက်ထုတ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အပြစ်ပေးခံရမှုကနေ လွတ်မြောက်ခဲ့တဲ့ အခြားကစားသမားတွေကို မြင်တွေ့ခဲ့ရပြီးနောက် ဆွစ်ဇာလန်လက်ရွေးစင်ကြယ်ပွင့်က ခွဲခြား ဆက်ဆံခံခဲ့ရတယ်လို့ ယုံကြည်နေပါတယ်။

ချာကာဟာ ၎င်းရဲ့ အာဆင်နယ်ကစားသမားဘဝ ပထမဆုံးရာသီမှာပဲ ၂ ကြိမ်အထိ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး မန်ချက်စတာစီးတီးအသင်းကို ၅-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ သြဂုတ်လပွဲစဉ်မတိုင်မီ ၂၀၂၀-၂၀၂၁ ရာသီမှာ တစ်ကြိမ် ပြသခံခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ကွင်းလယ်ကစားသမားဟာ ဂျာအို ကန်ဆယ်လိုကို ခုန်ဝင်ပြီး ဖျက်ထုတ်ခဲ့တာဖြစ်ပြီး ချာကာအနေနဲ့ ဘောလုံးကို ထိခဲ့ပေမယ့်လည်း ဒီ ဖျက်ထုတ်မှုက အန္တရာယ်ရှိတယ်လို့ ယူဆခြင်းခံခဲ့ရတာကြောင့် အနီကတ် ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အခြားဖြစ်စဉ်တွေကို ကြည့်လိုက်မယ်ဆိုရင် အခြားအသင်းက ကစားသမားအချို့အတွက် ဒိုင်လူကြီးတွေက တူညီတဲ့ အပြစ်ပေးမှုမျိုး မပြုလုပ်ခဲ့ဘဲ အဲဒီနေရာမှာသာ ၎င်းသာဆိုရင် ချက်ချင်းထုတ်ပယ်ခံခဲ့ရလိမ့်မယ်လို့ ချာကာက ခံစားနေရတာဖြစ်ပါတယ်။

“ခင်ဗျား ဖျက်ထုတ်မှု အချို့ကို မြင်တဲ့အခါ ကျွန်တော်သာ အဲဒီနေရာမှာဆိုရင် မြင်ယောင်ကြည့်။ ကျွန်တော် ချက်ချင်းကို တန်းအထုတ်ခံရမှာပါ။ အဲဒါက ကျွန်တော့်ကို တစ်ခါတလေမှာ မတူညီတဲ့ပုံစံနဲ့ အရာအားလုံးကို လုပ်အောင် တွန်းအားပေးနေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ စွန့်စားမှုက တခြားကစားသမားတွေရဲ့ စွန့်စားမှုနဲ့ နှိုင်းယှဉ်ရင် မတူညီဘူးဆိုတာ ကျွန်တော် သိနေလို့ပါ။ ကျွန်တော်သာ အန္တရာယ်ရှိတဲ့ ဖျက်ထုတ်မှုတစ်ခုကို စွန့်စားပြီး လုပ်ခဲ့ရင် ပရီးမီးယားလိဂ်မှာရှိတဲ့ တခြားကစားသမားတွေအားလုံးထက် အနီကတ်ပြခံရဖို့ ပိုနီးစပ်ပါတယ်။ ကျွန်တော် မှားလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အဲဒီလိုပဲ ကျွန်တော် ခံစားနေရပါတယ်”

“အဲဒီတော့ တစ်ခါတလေ ပွဲစဉ်ထဲမှာ ကျွန်တော့်ကိုယ် ကျွန်တော် အန္တရာယ်များတဲ့ စွန့်စားမှုမျိုး လုပ်တာကို ရပ်တန့်ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်သာ အနီကတ်ထိသွားရင် အစကနေ အားလုံး ဇာတ်လမ်းတွေက ပြန်စလာဦးမှာလေ။ ရူးကြောင်ကြောင်အရာတွေအတွက် တခြားလူတွေ ကျွန်တော့်အကြောင်းပြောပြီး ငြင်းခုံရတာမျိုး ကျွန်တော် မဖြစ်စေချင်ပါဘူး။ ကျွန်တော် အရမ်းကြီး မစွန့်စားဖို့ ကြိုးစားနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ တနလၤာေန႔ညေနက နယူးကာဆယ္လ္အသင္းနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ အနီကတ္ျပသခံရမယ့္အေရးကေန လြတ္ေျမာက္ခဲ့ၿပီးေနာက္ ယခုရာသီ ပရီးမီးယားလိဂ္မွာ အနီကတ္ ၃ ႀကိမ္အထိ ေရွာင္လႊဲနိုင္ခဲ့ၿပီျဖစ္ပါတယ္။

နယူးကာဆယ္လ္ ယူနိုက္တက္နဲ႔ မန္ခ်က္စတာယူနိုက္တက္တို႔ရဲ့ပြဲစဥ္တေလၽွာက္လုံးမွာ အိမ္ရွင္အသင္းက ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့ၿပီး အလန္ စန္-မက္ဆီမန္ရဲ့ ပထမပိုင္း ၇ မိနစ္က အဖြင့္ဂိုးနဲ႔ ဦးေဆာင္ထားနိုင္ခဲ့ေပမယ့္ လူစားဝင္ကစားခဲ့တဲ့ ကာဗာနီက ယူနိုက္တက္အတြက္ သေရ ၁ မွတ္ရရွိေအာင္ ကယ္တင္ေပးခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္တိုက္စစ္မႉး ေရာ္နယ္လ္ဒိုဟာ အသင္းရဲ့ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး စိတ္ပ်က္ေနခဲ့တာ သိသာခဲ့ၿပီး ပြဲၿပီး ဝီစီမႈတ္ခ်ိန္မွာ ဘယ္သူ႔ကိုမွ ႏႈတ္ဆက္ျခင္းမရွိဘဲ ဥမင္ေလၽွာက္လမ္းထဲကို တန္းဆင္းသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘလြန္ေဒါ ၅ ဆုရွင္အေနနဲ႔ အမ်ားႀကီး ေစာၿပီး ကြင္းအတြင္းကေန ထြက္ခြာသြားခဲ့ရနိုင္ခဲ့ၿပီး ဒုတိယပိုင္းအလယ္မွာ ရိုင္ယန္ ဖေရဆာကို အလ်င္စလို ဖ်က္ထုတ္မႈေၾကာင့္ ေပၚတူဂီၾကယ္ပြင့္ဟာ အဝါကတ္ျပသျခင္းခံခဲ့ရေပမယ့္လည္း အဲဒီေနရာမွာ တျခားကစားသမားသာဆိုရင္ အလြယ္တကူပဲ အနီကတ္ျပသျခင္း ခံရနိုင္တဲ့ ဖ်က္ထုတ္မႈ ျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ရဲ့ ဆိုးရြားတဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ေဒါသထြက္ေနတာ သိသာတဲ့ ေရာ္နယ္လ္ဒိုဟာ ဖေရဆာ ရယူဖို႔ ႀကိဳးပမ္းေနတဲ့ ေဘာလုံးကို ၾကမ္းၾကမ္းတမ္းတမ္းနဲ႔ ေျပးဝင္ ကန္ထုတ္ခဲ့တာျဖစ္ၿပီး ကြင္းလယ္ဒိုင္က အဝါကတ္ျပားသာ ျပသခဲ့တာျဖစ္ပါတယ္။

ဒါဟာ ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးအတြက္ ယခုရာသီမွာ အနီကတ္ ျပသခံရနိုင္တဲ့အေရးကေန ေရွာင္လႊဲနိုင္ခဲ့တာ ပထမဆုံးအႀကိမ္ မဟုတ္ေတာ့ဘဲ အိုးထရက္ဖို႔ဒ္မွာ လီဗာပူးလ္ကို ၅-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္တုန္းကလည္း ေျမႀကီးေပၚမွာ လဲက်ေနတဲ့ ကာတစ္ ဂ်ဳံးစ္ကို ေဘာလုံးနဲ႔အတူ ပိတ္ကန္ခဲ့ၿပီး အံ့အားသင့္ဖြယ္ေကာင္းစြာနဲ႔ပဲ အဝါကတ္ျပားသာ ျပသခံခဲ့ရတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဘ႐ူနို ဖာနန္ဒက္စ္ေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီကို ကန္သြင္းဖို႔ ျပင္ဆင္ေနခ်ိန္မွာ အိုင္ယာလန္ကစားသမား ဒါရာ အိုေရွးရဲ့ လက္ေမာင္းကို လက္သီးနဲ႔ ထိုးခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ေပၚတူဂီတိုက္စစ္မႉးက ပင္နယ္တီကန္သြင္းဖို႔ ပင္နယ္တီစက္ဝိုင္းေပၚတည္ထားတဲ့ ေဘာလုံးကို ဒါရာ အိုေရွးက စိတ္ဓာတ္စစ္ဆင္ေရးလုပ္တဲ့အေနနဲ႔ ကန္ထုတ္ခဲ့တာေၾကာင့္ ေရာ္နယ္လ္ဒိုလည္း ဘယ္လိုမွ စိတ္မထိန္းနိုင္ေတာ့ဘဲ အိုင္ယာလန္ ေနာက္ခံကစားသမားကို လက္သီးနဲ႔ ထိုးခဲ့တာျဖစ္ပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေရာ္နယ္လ္ဒိုဟာ အဝါကတ္ျပားေလးေတာင္ ျပသျခင္းမခံခဲ့ရဘဲ ၉၆ မိနစ္မွာ အနိုင္ဂိုးသြင္းယူၿပီးေနာက္ အကၤ်ီခၽြတ္ေအာင္ပြဲခံခဲ့မႈအတြက္သာ အဝါကတ္ျပား ျပသခံခဲ့ရတာျဖစ္ပါတယ္။ နယူးကာဆယ္လ္နဲ႔ပြဲစဥ္မွာ ရိုင္ယန္ ဖေရဆာကို ေရာ္နယ္လ္ဒို ျပဳလုပ္ခဲ့တဲ့ ဖ်က္ထုတ္မႈဟာ လီဗာပူးလ္ေနာက္ခံလူ ေရာဘတ္ဆန္က စပါးေနာက္ခံကစားသမား အီမာဆင္ကို ျပဳလုပ္ခဲ့တဲ့အတိုင္း တစ္ထပ္တည္းနီးပါး တူညီခဲ့ေပမယ့္ ေပၚတူဂီၾကယ္ပြင့္အေနနဲ႔ အနီကတ္ျပသမခံခဲ့ရတာဟာ ကြင္းလယ္ဒိုင္ေတြရဲ့ တသမတ္တည္း ျပစ္ဒဏ္ေပးမႈမရွိတာကို မီးေမာင္းထိုးျပခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းမွာ အနီကတ္ျပား မၾကာခဏ ျပသခံရတဲ့ ကြင္းလယ္ၾကယ္ပြင့္ ခ်ာကာက အတိတ္က အမွားေတြကေန သင္ခန္းစာမယူနိုင္ဘူးလို႔ ပရိသတ္ေတြဆီကေန ေဝဖန္မႈကို ခံခဲ့ရေပမယ့္လည္း ၎နဲ႔အလားတူ ဖ်က္ထုတ္မႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ အျပစ္ေပးခံရမႈကေန လြတ္ေျမာက္ခဲ့တဲ့ အျခားကစားသမားေတြကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ဆြစ္ဇာလန္လက္ေရြးစင္ၾကယ္ပြင့္က ခြဲျခား ဆက္ဆံခံခဲ့ရတယ္လို႔ ယုံၾကည္ေနပါတယ္။

ခ်ာကာဟာ ၎ရဲ့ အာဆင္နယ္ကစားသမားဘဝ ပထမဆုံးရာသီမွာပဲ ၂ ႀကိမ္အထိ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး မန္ခ်က္စတာစီးတီးအသင္းကို ၅-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ၾသဂုတ္လပြဲစဥ္မတိုင္မီ ၂၀၂၀-၂၀၂၁ ရာသီမွာ တစ္ႀကိမ္ ျပသခံခဲ့ရတာျဖစ္ပါတယ္။ အာဆင္နယ္ကြင္းလယ္ကစားသမားဟာ ဂ်ာအို ကန္ဆယ္လိုကို ခုန္ဝင္ၿပီး ဖ်က္ထုတ္ခဲ့တာျဖစ္ၿပီး ခ်ာကာအေနနဲ႔ ေဘာလုံးကို ထိခဲ့ေပမယ့္လည္း ဒီ ဖ်က္ထုတ္မႈက အႏၲရာယ္ရွိတယ္လို႔ ယူဆျခင္းခံခဲ့ရတာေၾကာင့္ အနီကတ္ ျပသျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အျခားျဖစ္စဥ္ေတြကို ၾကည့္လိုက္မယ္ဆိုရင္ အျခားအသင္းက ကစားသမားအခ်ိဳ႕အတြက္ ဒိုင္လူႀကီးေတြက တူညီတဲ့ အျပစ္ေပးမႈမ်ိဳး မျပဳလုပ္ခဲ့ဘဲ အဲဒီေနရာမွာသာ ၎သာဆိုရင္ ခ်က္ခ်င္းထုတ္ပယ္ခံခဲ့ရလိမ့္မယ္လို႔ ခ်ာကာက ခံစားေနရတာျဖစ္ပါတယ္။

“ခင္ဗ်ား ဖ်က္ထုတ္မႈ အခ်ိဳ႕ကို ျမင္တဲ့အခါ ကၽြန္ေတာ္သာ အဲဒီေနရာမွာဆိုရင္ ျမင္ေယာင္ၾကည့္။ ကၽြန္ေတာ္ ခ်က္ခ်င္းကို တန္းအထုတ္ခံရမွာပါ။ အဲဒါက ကၽြန္ေတာ့္ကို တစ္ခါတေလမွာ မတူညီတဲ့ပုံစံနဲ႔ အရာအားလုံးကို လုပ္ေအာင္ တြန္းအားေပးေနတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ့္ရဲ့ စြန႔္စားမႈက တျခားကစားသမားေတြရဲ့ စြန႔္စားမႈနဲ႔ ႏွိုင္းယွဥ္ရင္ မတူညီဘူးဆိုတာ ကၽြန္ေတာ္ သိေနလို႔ပါ။ ကၽြန္ေတာ္သာ အႏၲရာယ္ရွိတဲ့ ဖ်က္ထုတ္မႈတစ္ခုကို စြန႔္စားၿပီး လုပ္ခဲ့ရင္ ပရီးမီးယားလိဂ္မွာရွိတဲ့ တျခားကစားသမားေတြအားလုံးထက္ အနီကတ္ျပခံရဖို႔ ပိုနီးစပ္ပါတယ္။ ကၽြန္ေတာ္ မွားလို႔လည္း ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ အဲဒီလိုပဲ ကၽြန္ေတာ္ ခံစားေနရပါတယ္”

“အဲဒီေတာ့ တစ္ခါတေလ ပြဲစဥ္ထဲမွာ ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္ အႏၲရာယ္မ်ားတဲ့ စြန႔္စားမႈမ်ိဳး လုပ္တာကို ရပ္တန႔္ရတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္သာ အနီကတ္ထိသြားရင္ အစကေန အားလုံး ဇာတ္လမ္းေတြက ျပန္စလာဦးမွာေလ။ ႐ူးေၾကာင္ေၾကာင္အရာေတြအတြက္ တျခားလူေတြ ကၽြန္ေတာ့္အေၾကာင္းေျပာၿပီး ျငင္းခုံရတာမ်ိဳး ကၽြန္ေတာ္ မျဖစ္ေစခ်င္ပါဘူး။ ကၽြန္ေတာ္ အရမ္းႀကီး မစြန႔္စားဖို႔ ႀကိဳးစားေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.