Match Report Premier League

ဘန်လေနဲ့ အိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာပြီး အဆင့် ၆ ကို ပြန်ရောက်လာခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ အိမ်ကွင်းမှာ ပြန်ကစားရချိန်မှာ ခံစစ်ပိုင်းကို အပြောင်းအလဲလုပ်ခဲ့ပြီး လုခ်ရှောနဲ့ ဝန်ဘစ်ဆာကာတို့ကို ဘိုင်လီနဲ့အတူ မက်ဂွိုင်းယားနဲ့ တွဲပေးခဲ့သလို ကွင်းလယ်မှာ မာတစ်ချ်ကို မက်တော်မီနေးနဲ့ အထိုင်ချခဲ့ပြီး တိုက်စစ်ပိုင်းမှာတော့ ဆန်ချိုနဲ့ ဂရင်းဝုဒ်တို့ရဲ့ ရှေ့က ရော်နယ်လ်ဒိုနဲ့ ကာဗာနီတို့ကို ကစားစေပြီး ၄-၂-၂-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့ကြပါတယ်။

ပွဲမကစားရတာကြာတဲ့ ဘန်လေတို့ကတော့ သူတို့အတွက် ၁၆ ပွဲမြောက်ကို ကစားခဲ့တာဖြစ်ပြီး ၄-၄-၂ ကစားကွက်မှာ တာကော့ဗ်စကီး၊ ဘန်မီး၊ လိုးတန်၊ တေလာတို့ ခံစစ်မှာ ကစားခဲ့ကြသလို ကွင်းလယ်မှာတော့ ဂျက်ခ် ကော့ခ်၊ ဝက်စ်ဝုဒ်၊ မက်နီးလ်၊ ဂွဒ်မွန်ဆန်တို့ ပွဲထွက်ခဲ့ကြချိန်မှာ တိုက်စစ်မှာတော့ ခရစ္စ ဝုဒ်နဲ့ လင်နွန်တို့ ကစားလာခဲ့ကြတာပါ။

ဘန်လေတို့ကတော့ ကောင်တာတွေကနေ ပွဲစတာနဲ့ ထိုးဖောက်ဖို့ ကြိုးစားနေခဲ့သလို ပွဲချိန် ၄ မိနစ်မှာ မက်နီးလ် ကန်တာ ပြန်ထွက်ခဲ့တာကနေ ခရစ္စ ဝုဒ် ခေါင်းတိုက်ချက်က ဘားကျော်သွားခဲ့ပြီး ပွဲချိန် ၆ မိနစ်မှာတော့ ရော်နယ်လ်ဒိုက ယူနိုက်တက်အတွက် အဖွင့်ဂိုးဖြစ်နိုင်မယ့် လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေးကို ဘားပေါ် ကျော်ကန်ခဲ့ပါတယ်။

ပွဲချိန် ၈ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂရင်းဝုဒ်က သူကန်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို လိုက်လံရယူပြီး နောက်ကို ပြန်ချိုးပေးရာမှာ ရော်နယ်လ်ဒိုက ရယူနိုင်ခဲ့ပေမယ့် ဘောလုံးက အထိန်းအသိမ်းမကောင်းလို့ ခြေထဲက ရှေ့ပြန်ထွက်လာခဲ့တာကို ဘေးက လိုက်ပါလာတဲ့ မက်တော်မီနေးက လျှပ်တစ်ပြက် ဝင်ကန်သွင်းပြီး ဂိုးသမား ဟင်နက်ဆီကို အနိုင်ယူနိုင်ခဲ့တာပါ။

ဂိုးပေးလိုက်ရအပြီးမှာ ဘန်လေတို့ ချေပဂိုးရဖို့ ညှစ်ကစားလာခဲ့ပေမယ့် ယူနိုက်တက်နောက်တန်းကို မကျော်နိုင်ခဲ့ဘဲ ရှိချိန်မှာ ပွဲချိန် မိနစ် ၂၀ မှာတော့ လုခ်ရှောက ဘယ်တောင်ပံခံစစ်ကနေ တစ်ကိုယ်တော်ဆွဲပြေးပြီး အလယ်ကို ဝင်ရောက်လာခဲ့ချိန်မှာ အဆုံးသတ်ကန်သွင်းဖို့ ကြိုးစားမှုကတော့ တိုင်ဘေးကနေပဲ ထွက်သွားခဲ့ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ ယူနိုက်တက်တို့ နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပြီး ဘန်လေကစားသမားနှစ်ဦးဆီကနေ ဖိုက်တာကျကျပဲ ဘောလုံးလုယူနိုင်ခဲ့တဲ့ လုခ်ရှောက ခင်းပေးလိုက်တာကို ဆန်ချိုက ဘယ်ခြမ်းကနေ ဧရိယာအတွင်းကို ချိုးဝင်ပြီး ကန်သွင်းခဲ့ရာမှာ အဝေးတိုင်ခြေကို သပ်သပ်ရပ်ရပ်ကလေး ဝင်သွားခဲ့တာပါ။

ယူနိုက်တက်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်စေခဲ့တဲ့ ဒီဂိုးမှာ ဘန်လေနောက်ခံလူ ဘန်မီး တားဆီးစဉ်မှာ သူ့ရဲ့ ခြေထောက်နဲ့ ဘုရားစူးလွတ်ရုံ ထိခဲ့တာဖြစ်ပေမယ့် Own Goal လို့ သတ်မှတ်ခံရတာကတော့ သူ့အတွက်ရော ဆန်ချိုအတွက်ပါ နစ်နာခဲ့ရသလို တခြားပွဲတွေက သွင်းဂိုးတွေမှာ ဒီထက် လမ်းကြောင်းပြောင်းတာကိုတောင် ကန်သွင်းသူရဲ့ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့လို့ နောက်ပိုင်းမှာ ပြန်ပြောင်းပေးမလားတော့ စောင့်ကြည့်ရမှာပါ။

ရော်နယ်လ်ဒိုကတော့ ဒီနေ့ပွဲမှာ တော်တော်လေး ခွင်မတည့်တာကို တွေ့ရပြီး သူ့ရဲ့ ကန်ချက်တွေက ဘားကျော်လိုက် လူထိလိုက်ဖြစ်နေချိန်မှာ ဂရင်းဝုဒ်ရဲ့ ကန်ချက်တွေကိုလည်း ဘန်လေရဲ့ အရန်ဂိုးသမား ဟင်နက်ဆီ ကာကွယ်သွားနိုင်ခဲ့ပြီး ဘန်လေဘက်က ခရစ္စ ဝုဒ်ရဲ့ တိုးအားကိုတော့ မက်ဂွိုင်းယားနဲ့ ဘိုင်လီတို့ နှစ်ယောက်ပေါင်းပြီး ကြံ့ကြံ့ခံသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ ခြေစွမ်းမကောင်းတောင် ကံကောင်းတတ်တဲ့ ပွဲမတိုင်ခင် အယူသီးတတ်သူကြီး ရော်နယ်လ်ဒိုက ဂိုးသွင်းယူနိုင်ခဲ့ပြီး ညာခြမ်းကနေ ဆန်ချို ပေးလိုက်တဲ့ ဘောလုံးကို ဧရိယာထိပ်ကနေ လှမ်းကန်တဲ့ မက်တော်မီနေးရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့ရာမှာ အလိုက်သင့် ပါလာတဲ့ ပေါ်တူဂီသားကြီးက ခြေထောက်နဲ့ လှမ်းတားပြီး ပိတ်သွင်းယူသွားခဲ့လို့ ယူနိုက်တက်တို့ တတိယဂိုး ရရှိခဲ့ပါတယ်။

ကွင်းထဲ ဝင်ရင် နောက်ဆုံးမှ ဝင်ပြီး မြက်ခင်းကို ညာခြေနဲ့နင်းပြီးမှ ခုန်ဝင်ခဲ့ရင် သူ့အတွက် အနည်းဆုံး ပင်နယ်တီတစ်ဂိုးတော့ ရတတ်တယ်လို့ ဝန်ခံထားတဲ့ ရော်နယ်လ်ဒိုရဲ့ အစဉ်သတိရှိမှုကိုတော့ ချီးကျူးရမှာဖြစ်ပြီး မက်တော်မီနေးကန်စဉ်မှာ သူ့လိုပဲ ဝါရင့်တိုက်စစ်မှူးဖြစ်တဲ့ ကာဗာနီက လူကျွံအနေအထားကို ရောက်ရှိနေခဲ့ပေမယ့် GOAT ကတော့ ခံစစ်နဲ့ တစ်တန်းတည်းရှိနေအောင် သူ့ကိုယ်သူ ထိန်းသိမ်းပြနိုင်ခဲ့တာပါ။

ပွဲချိန် ၃၈ မိနစ်မှာတော့ ယူနိုက်တက်တို့ ဘိုင်လီရဲ့ အမှားကနေ ဂိုးပြန်ပေးခဲ့ရပြီး အိုင်ဗရီကို့စ်သား ဘောလုံးအထိန်းအမှန်ဘဲ ပျက်ရာကနေ ပြေးဝင်လာတဲ့ လန်နွန်က ရယူဆွဲပြေးသွားခဲ့ပြီး မာတစ်နဲ့ မက်ဂွိုင်းယားကြားကနေ အနိမ့်ဘောချိုးပြီး ကန်သွင်းခဲ့ရာမှာ အဝေးတိုင် ဘယ်ဘက်ထောင့်ကို ဝင်သွားခဲ့ပြီး ဒဟေးယားရဲ့ အားနည်းတတ်တဲ့ ကြောင်ကွက်လည်းဖြစ်နေခဲ့လို့ အိမ်ရှင်တွေ ခံလိုက်ရတာလည်းဖြစ်ပါတယ်။

ပထမပိုင်း လက်ကျန်ပွဲချိန်တွေမှာတော့ ထောင့်ကန်ဘောကနေ တစ်ဆင့် ဖြတ်တင်တဲ့ ဘောလုံးကို ရော်နယ်လ်ဒို အမြင့်ဆုံး ခုန်နိုင်ခဲ့ပေမယ့် ဘားပေါ်ပဲ ကျော်တိုက်ခဲ့သလို ဂရင်းဝုဒ်ကလည်း အတွင်းကို ဆွဲဝင်ထိုးဖောက်မှုက အထင်ကြီးစရာဖြစ်ခဲ့ပေမယ့် ကန်ချက်က ဂိုးနဲ့ ဘာမှ မဆိုင်ခဲ့လို့ ပွဲတစ်ဝက်ကျိုးချိန်မှာ ယူနိုက်တက်တို့ သုံးဂိုး-တစ်ဂိုးနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာလည်း ရော်နယ်လ်ဒိုပဲ ခေါင်းတိုက်ချက် လွဲခဲ့ပြန်သလို ပွဲချိန် မိနစ် ၅၀ မှာ ဂရင်းဝုဒ်ရဲ့ ညာခြမ်းကနေ လှပတဲ့ ကန်ချက်ကိုတော့ ဂိုးသမား ကာကွယ်သွားခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ ခရစ္စ ဝုဒ်ရဲ့ ခေါင်းတိုက်ချက်က ဂိုးသမား ဒဟေးယားဆီကို ခပ်ပျော့ပျော့ပဲ ရောက်လာခဲ့တာကြောင့် အလွယ်တကူ ဖမ်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၆၃ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဆန်ချို ဘောလုံးထုတ်ဖို့ နှောင့်နှေးခဲ့တာကြောင့် ဘန်လေဘက်က ဖျက်ထုတ်ခြင်းခံခဲ့ရသလို ဒီကနေ ပျက်တဲ့ ဘောလုံးကို ရော်နယ်လ်ဒို ပြန်ချပေးရာမှာ ခြေစွမ်းပြနေတဲ့ မက်တော်မီနေးရဲ့ ကန်ချက်ကိုတော့ ဟင်နက်ဆီပဲ ဘားပေါ်ကနေ ကျော်ပုတ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ နောက်တစ်ဂိုးရခွင့်နဲ့ လွဲခဲ့ရပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ရော်နယ်လ်ဒိုရဲ့ အရင်လို ပြန်မရတော့တဲ့ ဖရီးကစ်က တာကော့ဗ်စကီးရဲ့ မျက်နှာကို မှန်ပြီးပဲ မူးနောက်စေခဲ့သလို ဒီနောက်ပိုင်းမှာတော့ အခွင့်အရေးတွေကို နှစ်ဖက်စလုံးက အသုံးမချတတ်ကြတော့တာကြောင့် ပထမပိုင်းက ရလဒ်အတိုင်းပဲ သုံးဂိုး-တစ်ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပြီး ယူနိုက်တက်တို့ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ဒီပွဲရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့ ၁၈ ပွဲမှာ ရမှတ် ၃၁ မှတ်နဲ့ ဝက်စ်ဟမ်းနဲ့ ရမှတ်တူ၊ တစ်ပွဲလျော့၊ ဂိုးကွာခြားချက်အနည်းနဲ့ အဆင့် ၆ ဆီ စပါးစ်ကို ကျော်တက်ပြီး ဥရောပဝင်ခွင့်နားကို ရောက်ရှိလာနိုင်ခဲ့သလို ဘန်လေကတော့ ၁၆ ပွဲကစား ၁၁ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရပ်တည်မြဲဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ အိမ္ကြင္းမွာ ျပန္ကစားရခ်ိန္မွာ ခံစစ္ပိုင္းကို အေျပာင္းအလဲလုပ္ခဲ့ၿပီး လုခ္ေရွာနဲ႔ ဝန္ဘစ္ဆာကာတို႔ကို ဘိုင္လီနဲ႔အတူ မက္ဂြိဳင္းယားနဲ႔ တြဲေပးခဲ့သလို ကြင္းလယ္မွာ မာတစ္ခ်္ကို မက္ေတာ္မီေနးနဲ႔ အထိုင္ခ်ခဲ့ၿပီး တိုက္စစ္ပိုင္းမွာေတာ့ ဆန္ခ်ိဳနဲ႔ ဂရင္းဝုဒ္တို႔ရဲ႕ ေရွ႕က ေရာ္နယ္လ္ဒိုနဲ႔ ကာဗာနီတို႔ကို ကစားေစၿပီး ၄-၂-၂-၂ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၾကပါတယ္။

ပြဲမကစားရတာၾကာတဲ့ ဘန္ေလတို႔ကေတာ့ သူတို႔အတြက္ ၁၆ ပြဲေျမာက္ကို ကစားခဲ့တာျဖစ္ၿပီး ၄-၄-၂ ကစားကြက္မွာ တာေကာ့ဗ္စကီး၊ ဘန္မီး၊ လိုးတန္၊ ေတလာတို႔ ခံစစ္မွာ ကစားခဲ့ၾကသလို ကြင္းလယ္မွာေတာ့ ဂ်က္ခ္ ေကာ့ခ္၊ ဝက္စ္ဝုဒ္၊ မက္နီးလ္၊ ဂြဒ္မြန္ဆန္တို႔ ပြဲထြက္ခဲ့ၾကခ်ိန္မွာ တိုက္စစ္မွာေတာ့ ခရစၥ ဝုဒ္နဲ႔ လင္ႏြန္တို႔ ကစားလာခဲ့ၾကတာပါ။

ဘန္ေလတို႔ကေတာ့ ေကာင္တာေတြကေန ပြဲစတာနဲ႔ ထိုးေဖာက္ဖို႔ ႀကိဳးစားေနခဲ့သလို ပြဲခ်ိန္ ၄ မိနစ္မွာ မက္နီးလ္ ကန္တာ ျပန္ထြက္ခဲ့တာကေန ခရစၥ ဝုဒ္ ေခါင္းတိုက္ခ်က္က ဘားေက်ာ္သြားခဲ့ၿပီး ပြဲခ်ိန္ ၆ မိနစ္မွာေတာ့ ေရာ္နယ္လ္ဒိုက ယူႏိုက္တက္အတြက္ အဖြင့္ဂိုးျဖစ္ႏိုင္မယ့္ လြတ္လြတ္ကြၽတ္ကြၽတ္ အခြင့္အေရးကို ဘားေပၚ ေက်ာ္ကန္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ဂရင္းဝုဒ္က သူကန္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို လိုက္လံရယူၿပီး ေနာက္ကို ျပန္ခ်ိဳးေပးရာမွာ ေရာ္နယ္လ္ဒိုက ရယူႏိုင္ခဲ့ေပမယ့္ ေဘာလုံးက အထိန္းအသိမ္းမေကာင္းလို႔ ေျခထဲက ေရွ႕ျပန္ထြက္လာခဲ့တာကို ေဘးက လိုက္ပါလာတဲ့ မက္ေတာ္မီေနးက လွ်ပ္တစ္ျပက္ ဝင္ကန္သြင္းၿပီး ဂိုးသမား ဟင္နက္ဆီကို အႏိုင္ယူႏိုင္ခဲ့တာပါ။

ဂိုးေပးလိုက္ရအၿပီးမွာ ဘန္ေလတို႔ ေခ်ပဂိုးရဖို႔ ညႇစ္ကစားလာခဲ့ေပမယ့္ ယူႏိုက္တက္ေနာက္တန္းကို မေက်ာ္ႏိုင္ခဲ့ဘဲ ရွိခ်ိန္မွာ ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ လုခ္ေရွာက ဘယ္ေတာင္ပံခံစစ္ကေန တစ္ကိုယ္ေတာ္ဆြဲေျပးၿပီး အလယ္ကို ဝင္ေရာက္လာခဲ့ခ်ိန္မွာ အဆုံးသတ္ကန္သြင္းဖို႔ ႀကိဳးစားမႈကေတာ့ တိုင္ေဘးကေနပဲ ထြက္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ေနာက္ထပ္ ဦးေဆာင္ဂိုးတစ္ဂိုး ရယူႏိုင္ခဲ့ၿပီး ဘန္ေလကစားသမားႏွစ္ဦးဆီကေန ဖိုက္တာက်က်ပဲ ေဘာလုံးလုယူႏိုင္ခဲ့တဲ့ လုခ္ေရွာက ခင္းေပးလိုက္တာကို ဆန္ခ်ိဳက ဘယ္ျခမ္းကေန ဧရိယာအတြင္းကို ခ်ိဳးဝင္ၿပီး ကန္သြင္းခဲ့ရာမွာ အေဝးတိုင္ေျခကို သပ္သပ္ရပ္ရပ္ကေလး ဝင္သြားခဲ့တာပါ။

ယူႏိုက္တက္တို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေစခဲ့တဲ့ ဒီဂိုးမွာ ဘန္ေလေနာက္ခံလူ ဘန္မီး တားဆီးစဥ္မွာ သူ႔ရဲ႕ ေျခေထာက္နဲ႔ ဘုရားစူးလြတ္႐ုံ ထိခဲ့တာျဖစ္ေပမယ့္ Own Goal လို႔ သတ္မွတ္ခံရတာကေတာ့ သူ႔အတြက္ေရာ ဆန္ခ်ိဳအတြက္ပါ နစ္နာခဲ့ရသလို တျခားပြဲေတြက သြင္းဂိုးေတြမွာ ဒီထက္ လမ္းေၾကာင္းေျပာင္းတာကိုေတာင္ ကန္သြင္းသူရဲ႕ ဂိုးအျဖစ္ သတ္မွတ္ေပးခဲ့လို႔ ေနာက္ပိုင္းမွာ ျပန္ေျပာင္းေပးမလားေတာ့ ေစာင့္ၾကည့္ရမွာပါ။

ေရာ္နယ္လ္ဒိုကေတာ့ ဒီေန႔ပြဲမွာ ေတာ္ေတာ္ေလး ခြင္မတည့္တာကို ေတြ႕ရၿပီး သူ႔ရဲ႕ ကန္ခ်က္ေတြက ဘားေက်ာ္လိုက္ လူထိလိုက္ျဖစ္ေနခ်ိန္မွာ ဂရင္းဝုဒ္ရဲ႕ ကန္ခ်က္ေတြကိုလည္း ဘန္ေလရဲ႕ အရန္ဂိုးသမား ဟင္နက္ဆီ ကာကြယ္သြားႏိုင္ခဲ့ၿပီး ဘန္ေလဘက္က ခရစၥ ဝုဒ္ရဲ႕ တိုးအားကိုေတာ့ မက္ဂြိဳင္းယားနဲ႔ ဘိုင္လီတို႔ ႏွစ္ေယာက္ေပါင္းၿပီး ႀကံ့ႀကံ့ခံသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ေျခစြမ္းမေကာင္းေတာင္ ကံေကာင္းတတ္တဲ့ ပြဲမတိုင္ခင္ အယူသီးတတ္သူႀကီး ေရာ္နယ္လ္ဒိုက ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ညာျခမ္းကေန ဆန္ခ်ိဳ ေပးလိုက္တဲ့ ေဘာလုံးကို ဧရိယာထိပ္ကေန လွမ္းကန္တဲ့ မက္ေတာ္မီေနးရဲ႕ ကန္ခ်က္က တိုင္ထိထြက္ခဲ့ရာမွာ အလိုက္သင့္ ပါလာတဲ့ ေပၚတူဂီသားႀကီးက ေျခေထာက္နဲ႔ လွမ္းတားၿပီး ပိတ္သြင္းယူသြားခဲ့လို႔ ယူႏိုက္တက္တို႔ တတိယဂိုး ရရွိခဲ့ပါတယ္။

ကြင္းထဲ ဝင္ရင္ ေနာက္ဆုံးမွ ဝင္ၿပီး ျမက္ခင္းကို ညာေျခနဲ႔နင္းၿပီးမွ ခုန္ဝင္ခဲ့ရင္ သူ႔အတြက္ အနည္းဆုံး ပင္နယ္တီတစ္ဂိုးေတာ့ ရတတ္တယ္လို႔ ဝန္ခံထားတဲ့ ေရာ္နယ္လ္ဒိုရဲ႕ အစဥ္သတိရွိမႈကိုေတာ့ ခ်ီးက်ဴးရမွာျဖစ္ၿပီး မက္ေတာ္မီေနးကန္စဥ္မွာ သူ႔လိုပဲ ဝါရင့္တိုက္စစ္မႉးျဖစ္တဲ့ ကာဗာနီက လူကြၽံအေနအထားကို ေရာက္ရွိေနခဲ့ေပမယ့္ GOAT ကေတာ့ ခံစစ္နဲ႔ တစ္တန္းတည္းရွိေနေအာင္ သူ႔ကိုယ္သူ ထိန္းသိမ္းျပႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ဘိုင္လီရဲ႕ အမွားကေန ဂိုးျပန္ေပးခဲ့ရၿပီး အိုင္ဗရီကို႔စ္သား ေဘာလုံးအထိန္းအမွန္ဘဲ ပ်က္ရာကေန ေျပးဝင္လာတဲ့ လန္ႏြန္က ရယူဆြဲေျပးသြားခဲ့ၿပီး မာတစ္နဲ႔ မက္ဂြိဳင္းယားၾကားကေန အနိမ့္ေဘာခ်ိဳးၿပီး ကန္သြင္းခဲ့ရာမွာ အေဝးတိုင္ ဘယ္ဘက္ေထာင့္ကို ဝင္သြားခဲ့ၿပီး ဒေဟးယားရဲ႕ အားနည္းတတ္တဲ့ ေၾကာင္ကြက္လည္းျဖစ္ေနခဲ့လို႔ အိမ္ရွင္ေတြ ခံလိုက္ရတာလည္းျဖစ္ပါတယ္။

ပထမပိုင္း လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ေထာင့္ကန္ေဘာကေန တစ္ဆင့္ ျဖတ္တင္တဲ့ ေဘာလုံးကို ေရာ္နယ္လ္ဒို အျမင့္ဆုံး ခုန္ႏိုင္ခဲ့ေပမယ့္ ဘားေပၚပဲ ေက်ာ္တိုက္ခဲ့သလို ဂရင္းဝုဒ္ကလည္း အတြင္းကို ဆြဲဝင္ထိုးေဖာက္မႈက အထင္ႀကီးစရာျဖစ္ခဲ့ေပမယ့္ ကန္ခ်က္က ဂိုးနဲ႔ ဘာမွ မဆိုင္ခဲ့လို႔ ပြဲတစ္ဝက္က်ိဳးခ်ိန္မွာ ယူႏိုက္တက္တို႔ သုံးဂိုး-တစ္ဂိုးနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာလည္း ေရာ္နယ္လ္ဒိုပဲ ေခါင္းတိုက္ခ်က္ လြဲခဲ့ျပန္သလို ပြဲခ်ိန္ မိနစ္ ၅၀ မွာ ဂရင္းဝုဒ္ရဲ႕ ညာျခမ္းကေန လွပတဲ့ ကန္ခ်က္ကိုေတာ့ ဂိုးသမား ကာကြယ္သြားခဲ့ၿပီး ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ခရစၥ ဝုဒ္ရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးသမား ဒေဟးယားဆီကို ခပ္ေပ်ာ့ေပ်ာ့ပဲ ေရာက္လာခဲ့တာေၾကာင့္ အလြယ္တကူ ဖမ္းယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဆန္ခ်ိဳ ေဘာလုံးထုတ္ဖို႔ ေႏွာင့္ေႏွးခဲ့တာေၾကာင့္ ဘန္ေလဘက္က ဖ်က္ထုတ္ျခင္းခံခဲ့ရသလို ဒီကေန ပ်က္တဲ့ ေဘာလုံးကို ေရာ္နယ္လ္ဒို ျပန္ခ်ေပးရာမွာ ေျခစြမ္းျပေနတဲ့ မက္ေတာ္မီေနးရဲ႕ ကန္ခ်က္ကိုေတာ့ ဟင္နက္ဆီပဲ ဘားေပၚကေန ေက်ာ္ပုတ္ႏိုင္ခဲ့လို႔ ယူႏိုက္တက္တို႔ ေနာက္တစ္ဂိုးရခြင့္နဲ႔ လြဲခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ေရာ္နယ္လ္ဒိုရဲ႕ အရင္လို ျပန္မရေတာ့တဲ့ ဖရီးကစ္က တာေကာ့ဗ္စကီးရဲ႕ မ်က္ႏွာကို မွန္ၿပီးပဲ မူးေနာက္ေစခဲ့သလို ဒီေနာက္ပိုင္းမွာေတာ့ အခြင့္အေရးေတြကို ႏွစ္ဖက္စလုံးက အသုံးမခ်တတ္ၾကေတာ့တာေၾကာင့္ ပထမပိုင္းက ရလဒ္အတိုင္းပဲ သုံးဂိုး-တစ္ဂိုးနဲ႔ ပြဲၿပီးဆုံးခဲ့ၿပီး ယူႏိုက္တက္တို႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

ဒီပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တို႔ ၁၈ ပြဲမွာ ရမွတ္ ၃၁ မွတ္နဲ႔ ဝက္စ္ဟမ္းနဲ႔ ရမွတ္တူ၊ တစ္ပြဲေလ်ာ့၊ ဂိုးကြာျခားခ်က္အနည္းနဲ႔ အဆင့္ ၆ ဆီ စပါးစ္ကို ေက်ာ္တက္ၿပီး ဥေရာပဝင္ခြင့္နားကို ေရာက္ရွိလာႏိုင္ခဲ့သလို ဘန္ေလကေတာ့ ၁၆ ပြဲကစား ၁၁ မွတ္နဲ႔ တန္းဆင္းဇုန္ အဆင့္ ၁၈ မွာ ရပ္တည္ၿမဲျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.