Premier League

ဆာလားကို ထိန်းသိမ်းထားနိုင်ဖို့ တောင်းသလောက်ပေးရင်မှားမယ်လို့ သတိပေးခဲ့တဲ့ ချဲလ်ဆီးဂန္တဝင်

မိုဟာမက် ဆာလားကို ထိန်းသိမ်းထားနိုင်ဖို့ ဘာပဲလုပ်ရလုပ်ရ လုပ်မယ်ဆိုရင် လီဗာပူးလ်အသင်းအနေနဲ့ အမှားကြီးကို ပြုလုပ်မိတာ ဖြစ်လိမ့်မယ်လို့ တိုနီ ကက်စ်ကာရီနိုက သတိပေးပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး ဆာလားရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ လာမယ့် ၂၀၂၃ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် မာဆေးဆိုဒ်အသင်းအနေနဲ့ မဖြစ်မနေ ရှိသမျှအကုန်ထုတ်ပြီး တင်းကြပ်ထားတဲ့ လစာပေးချေမှုပုံစံကို ချိုးဖျက်ရတော့မယ့် အလားလာရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ကက်စ်ကာရီနိုက လီဗာပူးလ်အနေနဲ့ သာမန်မဟုတ်တဲ့ လစာပမာဏကို မပေးသင့်ဘဲ ဆာလားအနေနဲ့လည်း ရှေ့က အီဒင် ဟာဇက်နဲ့ အိုဇေးလ်တို့လို ကစားသမားမျိုးတွေဆီကနေ သင်ခန်းစာယူသင့်တယ်လို့ the Times ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

“လူတော်တော်များများက လီဗာပူးလ်အနေနဲ့ ဆာလားကို ထိန်းသိမ်းနိုင်ဖို့အတွက် ဘာပဲပေးရပေးရ ပေးသင့်တယ်လို့ သိပ်မကြာသေးခင်က ပြောနေခဲ့ကြတယ်။ အဲဒါက အမှားကြီးဖြစ်ပါလိမ့်မယ်။ ခင်ဗျားရဲ့ ဝင်ငွေကို အများဆုံးဖြစ်အောင်လုပ်ဖို့ဆိုရင် အဓိကကျတဲ့အရာက ကြီးမားတဲ့ဆုဖလားတွေကို အနိုင်ယူနိုင်တဲ့ အသင်းကြီးဖြစ်ဖို့ပါပဲ။ အဲဒီတော့ ဆာလားအတွက် အခု သူ့ကိုယ်သူ မေးစရာမေးခွန်းတစ်ခုရှိနေတာက ငါ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိင်္ဂမှာ အောင်မြင်မှု ရပါ့မလား။ ပြီးတော့ ငါ့ကို ကွင်းထဲမှာ အောင်မြင်မှုရအောင် ကူညီပေးနိုင်တဲ့ အသင်းနဲ့ နည်းပြရှိနေလားဆိုတာပဲ”

“အလက်ဆစ် ဆန်းချက်ဇ်၊ အိုဇေးလ်၊ အီဒင် ဟာဇက်နဲ့ အူဘာမီယန်း ဒီ ၄ ယောက်ကို ကြည့်ပြီး သင်ခန်းစာယူစမ်းပါ။ အားလုံးက ကြီးမားတဲ့ စာချုပ်ကြီးတွေ ချုပ်ခဲ့ပေမယ့် အသင်းမှာ ဆုဖလားတွေကို ပုံမှန်အနိုင်ယူပေးနိုင်တဲ့ အဓိကကစားသမားတွေဖြစ်မလာခဲ့ကြဘူး။ ရလဒ်အနေနဲ့ သူတို့ရဲ့ တန်ကြေးက အဝီစိထိ ထိုးကျသွားတာပဲ။ ချက်ချင်းတော့ မသိနိုင်ဘူး။ ဒါပေမယ့် သူတို့တွေ ဆုဖလားတွေအတွက် စိန်ခေါ်နိုင်တဲ့အချိန်ကျရင်တော့ ရှင်းသွားမှာပါ။ လီဗာပူးလ်အနေနဲ့ ဆာလားကို ထိန်းသိမ်းဖို့အတွက်နဲ့တော့ သူတို့ရဲ့ လစာပေးချေမှုပုံစံကို မဖျက်ဆီးသင့်ပါဘူး။ အဲဒါက သူတို့တွေအနေနဲ့ အရေးကြီးတဲ့ကစားသမားတွေကို မထိန်းသိမ်းနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေလိမ့်မယ်”

“တကယ်လို့ ဆာလား ဆက်နေပြီး လီဗာပူးလ်က အောင်မြင်တယ်ဆိုရင် သူ့အနေနဲ့ အသင်းထက်တောင် စီးပွားရေးအရ ပိုက်ဆံတွေ ပိုတောင် ရနိုင်ပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။ မိုဟာမက် ဆာလားဟာ ယခုရာသီမှာ ပြိုင်ပွဲစုံ ၂၅ ပွဲမှာ ၂၂ ဂိုးအထိ သွင်းယူပေးထားပြီး ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားမဟုတ်ဘူးဆိုရင်တောင် ပုံမှန်ခြေစွမ်းအပြသနိုင်ဆုံးကစားသမားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း မိုဟာမက် ဆာလားအတွက် ကံဆိုးမှုတစ်ခုအဖြစ် လက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို အံ့အားသင့်ဖွယ် လွဲချော်ခဲ့ပြီး ၎င်းရဲ့ ထိပ်တန်းဂိုးသွင်းစွမ်းရည်ဟာ စတင်လျော့ကျလာပြီလားလို့ မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။ လက်စတာစီးတီးအိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ၁၄ မိနစ်မှာ မိုဟာမက် ဆာလားကို ပင်နယ်တီဧရိယာထဲမှာ အန်ဒီဒီက ထပ်ခါထပ်ခါ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ဒိုင်လူကြီးက ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ပရိသတ်တွေဟာ ပင်နယ်တီရရှိခဲ့ပြီဖြစ်တာကြောင့် ကျိန်းသေပေါက် ဂိုးရရှိတော့မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပျော်ရွှင်နေခဲ့ကြပေမယ့် မိုဟာမက် ဆာလားရဲ့ ကန်သွင်းချက်ကို လက်စတာစီးတီးဂိုးသမား ရှမိုက်ကယ်က ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး ပြန်လျှံထွက်လာတဲ့ ဘောလုံးကို အီဂျစ်တိုက်စစ်မှူးက နောက်ထပ်တစ်ကြိမ် ခေါင်းတိုက်သွင်းယူခဲ့ပေမယ့်လည်း ဂိုးဘားတန်းထိပြီး ထပ်မံလွဲချော်သွားခဲ့ရတာဖြစ်ပါတယ်။

မိုဟာမက် ဆာလားဟာ လက်စတာစီးတီးနဲ့ပွဲစဉ်က လွဲချော်မှုအပါအဝင် ပရီးမီးယားလိဂ်မှာ ပင်နယ်တီ ၂ ကြိမ်သာ လွဲချော်ခဲ့ဖူးသူဖြစ်ပြီး ပထမဆုံးအကြိမ် လွဲချော်မှုဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလတုန်းက ဟက်ဒါစ်ဖီးလ်အသင်းနဲ့ပွဲစဉ်မှာ လွဲချော်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ လက်စတာစီးတီးနဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးနဲ့ တစ်ပွဲလျော့ ရမှတ် ၉ မှတ်အကွာမှာ ရပ်တည်နေရပြီဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့ အမှတ်ပေးဇယားဒုတိယနေရာက ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ရင်တော့ အမှတ်ပေးဇယား ဒုတိယနေရာကနေ ၆ မှတ်အကွာနဲ့ မန်စီးတီးကို လိုက်လံ ဖိအားပေးနိုင်မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မိုဟာမက္ ဆာလားကို ထိန္းသိမ္းထားနိုင္ဖို႔ ဘာပဲလုပ္ရလုပ္ရ လုပ္မယ္ဆိုရင္ လီဗာပူးလ္အသင္းအေနနဲ႔ အမွားႀကီးကို ျပဳလုပ္မိတာ ျဖစ္လိမ့္မယ္လို႔ တိုနီ ကက္စ္ကာရီနိုက သတိေပးေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး ဆာလားရဲ့ လက္ရွိစာခ်ဳပ္သက္တမ္းဟာ လာမယ့္ ၂၀၂၃ ခုႏွစ္ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ မာေဆးဆိုဒ္အသင္းအေနနဲ႔ မျဖစ္မေန ရွိသမၽွအကုန္ထုတ္ၿပီး တင္းၾကပ္ထားတဲ့ လစာေပးေခ်မႈပုံစံကို ခ်ိဳးဖ်က္ရေတာ့မယ့္ အလားလာရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း ကက္စ္ကာရီနိုက လီဗာပူးလ္အေနနဲ႔ သာမန္မဟုတ္တဲ့ လစာပမာဏကို မေပးသင့္ဘဲ ဆာလားအေနနဲ႔လည္း ေရွ႕က အီဒင္ ဟာဇက္နဲ႔ အိုေဇးလ္တို႔လို ကစားသမားမ်ိဳးေတြဆီကေန သင္ခန္းစာယူသင့္တယ္လို႔ the Times ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“လူေတာ္ေတာ္မ်ားမ်ားက လီဗာပူးလ္အေနနဲ႔ ဆာလားကို ထိန္းသိမ္းနိုင္ဖို႔အတြက္ ဘာပဲေပးရေပးရ ေပးသင့္တယ္လို႔ သိပ္မၾကာေသးခင္က ေျပာေနခဲ့ၾကတယ္။ အဲဒါက အမွားႀကီးျဖစ္ပါလိမ့္မယ္။ ခင္ဗ်ားရဲ့ ဝင္ေငြကို အမ်ားဆုံးျဖစ္ေအာင္လုပ္ဖို႔ဆိုရင္ အဓိကက်တဲ့အရာက ႀကီးမားတဲ့ဆုဖလားေတြကို အနိုင္ယူနိုင္တဲ့ အသင္းႀကီးျဖစ္ဖို႔ပါပဲ။ အဲဒီေတာ့ ဆာလားအတြက္ အခု သူ႔ကိုယ္သူ ေမးစရာေမးခြန္းတစ္ခုရွိေနတာက ငါ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂၤမွာ ေအာင္ျမင္မႈ ရပါ့မလား။ ၿပီးေတာ့ ငါ့ကို ကြင္းထဲမွာ ေအာင္ျမင္မႈရေအာင္ ကူညီေပးနိုင္တဲ့ အသင္းနဲ႔ နည္းျပရွိေနလားဆိုတာပဲ”

“အလက္ဆစ္ ဆန္းခ်က္ဇ္၊ အိုေဇးလ္၊ အီဒင္ ဟာဇက္နဲ႔ အူဘာမီယန္း ဒီ ၄ ေယာက္ကို ၾကည့္ၿပီး သင္ခန္းစာယူစမ္းပါ။ အားလုံးက ႀကီးမားတဲ့ စာခ်ဳပ္ႀကီးေတြ ခ်ဳပ္ခဲ့ေပမယ့္ အသင္းမွာ ဆုဖလားေတြကို ပုံမွန္အနိုင္ယူေပးနိုင္တဲ့ အဓိကကစားသမားေတြျဖစ္မလာခဲ့ၾကဘူး။ ရလဒ္အေနနဲ႔ သူတို႔ရဲ့ တန္ေၾကးက အဝီစိထိ ထိုးက်သြားတာပဲ။ ခ်က္ခ်င္းေတာ့ မသိနိုင္ဘူး။ ဒါေပမယ့္ သူတို႔ေတြ ဆုဖလားေတြအတြက္ စိန္ေခၚနိုင္တဲ့အခ်ိန္က်ရင္ေတာ့ ရွင္းသြားမွာပါ။ လီဗာပူးလ္အေနနဲ႔ ဆာလားကို ထိန္းသိမ္းဖို႔အတြက္နဲ႔ေတာ့ သူတို႔ရဲ့ လစာေပးေခ်မႈပုံစံကို မဖ်က္ဆီးသင့္ပါဘူး။ အဲဒါက သူတို႔ေတြအေနနဲ႔ အေရးႀကီးတဲ့ကစားသမားေတြကို မထိန္းသိမ္းနိုင္ဘူးဆိုတဲ့ အဓိပၸာယ္ျဖစ္ေနလိမ့္မယ္”

“တကယ္လို႔ ဆာလား ဆက္ေနၿပီး လီဗာပူးလ္က ေအာင္ျမင္တယ္ဆိုရင္ သူ႔အေနနဲ႔ အသင္းထက္ေတာင္ စီးပြားေရးအရ ပိုက္ဆံေတြ ပိုေတာင္ ရနိုင္ပါေသးတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ မိုဟာမက္ ဆာလားဟာ ယခုရာသီမွာ ၿပိဳင္ပြဲစုံ ၂၅ ပြဲမွာ ၂၂ ဂိုးအထိ သြင္းယူေပးထားၿပီး ကမၻာေပၚက အေကာင္းဆုံးကစားသမားမဟုတ္ဘူးဆိုရင္ေတာင္ ပုံမွန္ေျခစြမ္းအျပသနိုင္ဆုံးကစားသမားအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံထားရသူျဖစ္ပါတယ္။

ဒါေပမယ့္လည္း မိုဟာမက္ ဆာလားအတြက္ ကံဆိုးမႈတစ္ခုအျဖစ္ လက္စတာစီးတီးနဲ႔ ကစားခဲ့တဲ့ အဂၤါေန႔ညပြဲစဥ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကို အံ့အားသင့္ဖြယ္ လြဲေခ်ာ္ခဲ့ၿပီး ၎ရဲ့ ထိပ္တန္းဂိုးသြင္းစြမ္းရည္ဟာ စတင္ေလ်ာ့က်လာၿပီလားလို႔ ေမးခြန္းထုတ္စရာေတြ ျဖစ္ခဲ့ပါတယ္။ လက္စတာစီးတီးအိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ၁၄ မိနစ္မွာ မိုဟာမက္ ဆာလားကို ပင္နယ္တီဧရိယာထဲမွာ အန္ဒီဒီက ထပ္ခါထပ္ခါ ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တာေၾကာင့္ ဒိုင္လူႀကီးက ပင္နယ္တီျပစ္ဒဏ္ေဘာ သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ပရိသတ္ေတြဟာ ပင္နယ္တီရရွိခဲ့ၿပီျဖစ္တာေၾကာင့္ က်ိန္းေသေပါက္ ဂိုးရရွိေတာ့မယ္ဆိုတဲ့ ယုံၾကည္ခ်က္နဲ႔ ေပ်ာ္ရႊင္ေနခဲ့ၾကေပမယ့္ မိုဟာမက္ ဆာလားရဲ့ ကန္သြင္းခ်က္ကို လက္စတာစီးတီးဂိုးသမား ရွမိုက္ကယ္က ပုတ္ထုတ္ကာကြယ္နိုင္ခဲ့ၿပီး ျပန္လၽွံထြက္လာတဲ့ ေဘာလုံးကို အီဂ်စ္တိုက္စစ္မႉးက ေနာက္ထပ္တစ္ႀကိမ္ ေခါင္းတိုက္သြင္းယူခဲ့ေပမယ့္လည္း ဂိုးဘားတန္းထိၿပီး ထပ္မံလြဲေခ်ာ္သြားခဲ့ရတာျဖစ္ပါတယ္။

မိုဟာမက္ ဆာလားဟာ လက္စတာစီးတီးနဲ႔ပြဲစဥ္က လြဲေခ်ာ္မႈအပါအဝင္ ပရီးမီးယားလိဂ္မွာ ပင္နယ္တီ ၂ ႀကိမ္သာ လြဲေခ်ာ္ခဲ့ဖူးသူျဖစ္ၿပီး ပထမဆုံးအႀကိမ္ လြဲေခ်ာ္မႈဟာ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလတုန္းက ဟက္ဒါစ္ဖီးလ္အသင္းနဲ႔ပြဲစဥ္မွာ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ လက္စတာစီးတီးနဲ႔ပြဲစဥ္မွာ ရႈံးနိမ့္ခဲ့တာေၾကာင့္ လက္ရွိအခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ မန္ခ်က္စတာစီးတီးနဲ႔ တစ္ပြဲေလ်ာ့ ရမွတ္ ၉ မွတ္အကြာမွာ ရပ္တည္ေနရၿပီျဖစ္ၿပီး လာမယ့္တနဂၤေႏြေန႔ အမွတ္ေပးဇယားဒုတိယေနရာက ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာ ရလဒ္ေကာင္းေတြ ရယူနိုင္ခဲ့ရင္ေတာ့ အမွတ္ေပးဇယား ဒုတိယေနရာကေန ၆ မွတ္အကြာနဲ႔ မန္စီးတီးကို လိုက္လံ ဖိအားေပးနိုင္မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.