Premier League

လက်ပတ်မဝတ်ထားတဲ့ အာဆင်နယ်ရဲ့ခေါင်းဆောင်ဖြစ်လာမယ့်သူကို ချီးကျူးခဲ့တဲ့ လီ ဒစ်ဆင်

အာဆင်နယ်ဂန္တဝင် လီ ဒစ်ဆင်ဟာ ပြီးခဲ့တဲ့နွေရာသီ ကစားသမားခေါ်ယူမှုဖြစ်တဲ့ အာရွန် ရမ်းစ်ဒေးလ်ရဲ့ ယခုရာသီ အသင်းအတွက် စွမ်းဆောင်ရည်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရမ်းစ်ဒေးလ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရှက်ဖီးယူနိုက်တက်ကနေ ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေဆီကနေ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ များစွာ ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလိဂ်ဂိုးသမားဟာ အာဆင်နယ်အသင်းအတွက် ၎င်းရဲ့ စွမ်းဆောင်ရည်တွေနဲ့ ဝေဖန်သူတွေကို အသံတိတ်စေခဲ့တာဖြစ်ပြီး လီ ဒစ်ဆင်ဟာ အူဘာမီယန်းရဲ့ အငြင်းပွားဖွယ် အခြေအနေအရ လက်ရှိ အာဆင်နယ်ရဲ့အသင်းခေါင်းဆောင်ခန့်အပ်မယ့် အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်နောက်ခံကစားသမားဟောင်းက ချက်ချင်းပဲ ရမ်းစ်ဒေးလ်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေကို ထောက်ပြ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်က တိုက်စစ်မှူးတွေကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်တာကို သိပ်သဘောကျတဲ့သူမဟုတ်ပါဘူး။ အဲဒါက ကျွန်တော့်အတွက်တော့ အဆင်မပြေပါဘူး။ တီယာနီက အနာဂတ်အသင်းခေါင်းဆောင်လို့ ကျွန်တော် ထထင်ပေမယ့် အခုက အချိန်ကျပြီလားဆိုတာ မသေချာပါဘူး။ ဒါပေမယ့် ရမ်းစ်ဒေးလ်ကတော့ လက်ပတ်မဝတ်ဆင်ထားတဲ့ အသင်းခေါင်းဆောင်ပါ။ သူ့အနေနဲ့ အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ထားစရာမလိုပါဘူး။ သူက နောက်ကနေ ဦးဆောင်နေတာပါ”

“ဒေးဗစ် ဆီးမန်းက ကျွန်တော့်ရဲ့ အကောင်းဆုံးအသင်းဖော်ဖြစ်ပြီး ကျွန်တော်တို့ သူ့အကြောင်း အများကြီး ပြောကြပါတယ်။ သူက သူ့ရဲ့လက် ၂ ဖက်နဲ့ လုပ်ခဲ့တဲ့အရာတွေနဲ့ နောက်တန်းကနေ ကစားပုံကြောင့် အရမ်း အထင်ကြီးခံခဲ့ရတာပါ။ သူ ပရိသတ်တွေနဲ့ ချိတ်ဆက်ထားတဲ့ပုံစံ အဲဒီအချိန်တုန်းက အဝေးကွင်းပရိသတ်တွေနဲ့ပုံစံက အရမ်းကောင်းပါတယ်။ အဲဒီတော့ သူက နောက်တန်းမှာ အသင်းခေါင်းဆောင်တစ်ယောက်ရဲ့ အခန်းကဏ္ဍနဲ့ ကစားနေခဲ့တာပါ”

ရမ်းစ်ဒေးလ်ဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၉ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် တတိယမြောက်ပေးဂိုးမရှိပွဲစဉ်အများဆုံး ရရှိထားတဲ့ ဂိုးသမားအဖြစ် ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ ယခုရာသီမှာ ၎င်းရဲ့ အလွန်ထူးခြားကောင်းမွန်တဲ့ ကာကွယ်မှုတွေကို ပြုလုပ်ခဲ့သလို အသင်းရဲ့ တိုက်စစ်ကို ကူညီပေးနိုင်တဲ့ အရည်အချင်းတွေလည်း ရှိတယ်ဆိုတာကို ပြသနေခဲ့တာဖြစ်ပါတယ်။ လီ ဒစ်ဆင်ဟာ ယခုရာသီမှာ အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့်တွေနဲ့ ၎င်းတို့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးလည်း မေးမြန်းခြင်းခံခဲ့ရပြီး အာဆင်နယ်အသင်းရဲ့ လူစာရင်းဟာ ပရီးမီးယားလိဂ်မှာ ပျမ်းမျှအသက် ၂၃ နှစ်သာ ရှိသေးတဲ့ အငယ်ရွယ်ဆုံးလူစာရင်းဖြစ်နေတာဖြစ်ပါတယ်။

ဆာကာ၊ စမစ် ရိုး၊ မာတင် အော်ဒီဂွါဒ်နဲ့ မာတီနယ်လီတို့လို ကစားသမားတွေအားလုံးဟာ ယခုရာသီမှာ အလွန်အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းပြသနေခဲ့တာဖြစ်ပြီး ဒစ်ဆင်ဟာ ဥရောပတလွှားမှာ အာဆင်နယ်ရဲ့ လူငယ်စုဖွဲ့မှုက အကောင်းဆုံးလားဆိုတဲ့မေးခွန်းကို မေးမြန်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

“အကောင်းဆုံးစုဖွဲ့မှု ဖြစ်နေပါတယ်။ ဒီလို ကစားသမားတွေကို အခွင့်အရေးပေးခဲ့တဲ့အတွက် အာတီတာကို ကြီးကြီးမားမား ချီးကျူးမှုတွေ ပြလုပ်ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါက လောင်းကစားလုပ်တာပါပဲ။ တစ်ချိန်တည်းမှာ လူငယ်ကြယ်ပွင့်တွေ ထွက်ပေါ်လာနေတဲ့အချိန်မှာ အသက် ၂၃ နှစ်အောက် ကစားသမားတွေကို ခေါ်ယူဖို့ လမ်းကို ရွေးတဲ့အသင်း အများကြီး မရှိပါဘူး။ သူတို့ အရမ်းကို ငယ်ရွယ်တဲ့အသင်းဖြစ်ပြီး အဲဒါက ဒီရာသီ ဒီအသင်းမှာရော တခြားအသင်းတွေဆီမှာပါ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ ခြေစွမ်းမတည်ငြိမ်မှုဆိုတဲ့ အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ ခင်ဗျား အဲဒါကို အပြုံးမပျက် လက်ခံရမှာပါ။ ဘာလို့လဲဆိုတော့ အဲဒါက ခင်ဗျား ရနိုင်တဲ့အရာမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ရေး ပါလာကလည်း ဒီရာသီ အာတီတာရဲ့ အစီအစဉ်ကို ထောက်ခံချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး စပိန်လူမျိုးနည်းပြဟာ အန္တရာယ်ရှိတဲ့အပြောင်းအလဲဖြစ်နိုင်တဲ့ လူငယ်ကစားသမားတွေအပေါ်မှာ ယုံကြည်မှု အများကြီး ပြသခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“အာတီတာအတွက်တော့ အသင်းကို ရောက်လာပြီး ဒီလို လူငယ်ကစားသမားအစုအဖွဲ့တွေကို ကြည့်ပြီး ‘ဒါက ကြီးမားတဲ့ စွန့်စားမှုပဲ။ ကျွန်တော်တို့မှာ အတွေ့အကြုံ နည်းနည်းပဲ ရှိတယ်။ ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ ခက်ခဲတဲ့ လတွေ ဒါမှမဟုတ် ဆိုးရွားတဲ့ရလဒ်တွေကို ဖြတ်ကျော်မလဲ’လို့ ပြောဖို့ တော်တော်လေး လွယ်ကူပါလိမ့်မယ်။ ဒါပေမယ့် သူတို့တွေ အာတီတာရဲ့အစီအစဉ်အတိုင်း လိုက်ကစားခဲ့ပြီး ဒီလို မူဝါဒကို ခွင့်ပြုခဲ့တဲ့အသင်းကိုလည်း ကြီးမားတဲ့ ချီးကျူးမှုတွေ လုပ်ရမှာပါ။ ဘာလို့လဲဆိုတော့ အဲဒါက စပြီးတော့ အကျိုးခံစားနေရပြီမို့လို့ပါ”

“အထင်ကြီးစရာကောင်းတဲ့အရာက ခင်ဗျား အခုအချိန် မြင်နေရတာတွေပဲ။ ခင်ဗျား အာဆင်နယ် ဘာလုပ်ဖို့ ကြိုးပမ်းနေလဲဆိုတာနဲ့ ကစားသမားတွေအားလုံးက အတွေးအခေါ်ပိုင်းကို စိတ်ဝင်စားနေကြတယ်ဆိုတာကို ခင်ဗျား သိနိုင်တယ်။ အနာဂတ်ကတော့ အခုအချိန်မှာတော့ တော်တော်လေး တောက်ပနေပုံပေါ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ဂႏၲဝင္ လီ ဒစ္ဆင္ဟာ ၿပီးခဲ့တဲ့ေႏြရာသီ ကစားသမားေခၚယူမႈျဖစ္တဲ့ အာရြန္ ရမ္းစ္ေဒးလ္ရဲ့ ယခုရာသီ အသင္းအတြက္ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ရမ္းစ္ေဒးလ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ရွက္ဖီးယူနိုက္တက္ကေန ေပါင္သန္း ၃၀ ဝန္းက်င္နဲ႔ ေျပာင္းေရႊ႕လာခဲ့တာျဖစ္ၿပီး ပရိသတ္ေတြနဲ႔ ေဘာလုံးေဝဖန္သုံးသပ္သူေတြဆီကေန ေျပာင္းေရႊ႕ေၾကးနဲ႔ပတ္သက္ၿပီး ေဝဖန္မႈေတြ မ်ားစြာ ခံခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဂၤလိဂ္ဂိုးသမားဟာ အာဆင္နယ္အသင္းအတြက္ ၎ရဲ့ စြမ္းေဆာင္ရည္ေတြနဲ႔ ေဝဖန္သူေတြကို အသံတိတ္ေစခဲ့တာျဖစ္ၿပီး လီ ဒစ္ဆင္ဟာ အူဘာမီယန္းရဲ့ အျငင္းပြားဖြယ္ အေျခအေနအရ လက္ရွိ အာဆင္နယ္ရဲ့အသင္းေခါင္းေဆာင္ခန႔္အပ္မယ့္ အေျခအေနနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ေနာက္ခံကစားသမားေဟာင္းက ခ်က္ခ်င္းပဲ ရမ္းစ္ေဒးလ္ရဲ့ ေခါင္းေဆာင္မႈ အရည္အခ်င္းေတြကို ေထာက္ၿပ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္က တိုက္စစ္မႉးေတြကို အသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္တာကို သိပ္သေဘာက်တဲ့သူမဟုတ္ပါဘူး။ အဲဒါက ကၽြန္ေတာ့္အတြက္ေတာ့ အဆင္မေျပပါဘူး။ တီယာနီက အနာဂတ္အသင္းေခါင္းေဆာင္လို႔ ကၽြန္ေတာ္ ထထင္ေပမယ့္ အခုက အခ်ိန္က်ၿပီလားဆိုတာ မေသခ်ာပါဘူး။ ဒါေပမယ့္ ရမ္းစ္ေဒးလ္ကေတာ့ လက္ပတ္မဝတ္ဆင္ထားတဲ့ အသင္းေခါင္းေဆာင္ပါ။ သူ႔အေနနဲ႔ အသင္းေခါင္းေဆာင္လက္ပတ္ ဝတ္ဆင္ထားစရာမလိုပါဘူး။ သူက ေနာက္ကေန ဦးေဆာင္ေနတာပါ”

“ေဒးဗစ္ ဆီးမန္းက ကၽြန္ေတာ့္ရဲ့ အေကာင္းဆုံးအသင္းေဖာ္ျဖစ္ၿပီး ကၽြန္ေတာ္တို႔ သူ႔အေၾကာင္း အမ်ားႀကီး ေျပာၾကပါတယ္။ သူက သူ႔ရဲ့လက္ ၂ ဖက္နဲ႔ လုပ္ခဲ့တဲ့အရာေတြနဲ႔ ေနာက္တန္းကေန ကစားပုံေၾကာင့္ အရမ္း အထင္ႀကီးခံခဲ့ရတာပါ။ သူ ပရိသတ္ေတြနဲ႔ ခ်ိတ္ဆက္ထားတဲ့ပုံစံ အဲဒီအခ်ိန္တုန္းက အေဝးကြင္းပရိသတ္ေတြနဲ႔ပုံစံက အရမ္းေကာင္းပါတယ္။ အဲဒီေတာ့ သူက ေနာက္တန္းမွာ အသင္းေခါင္းေဆာင္တစ္ေယာက္ရဲ့ အခန္းက႑နဲ႔ ကစားေနခဲ့တာပါ”

ရမ္းစ္ေဒးလ္ဟာ အာဆင္နယ္အတြက္ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၆ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၉ ပြဲအထိ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ထားနိုင္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ တတိယေျမာက္ေပးဂိုးမရွိပြဲစဥ္အမ်ားဆုံး ရရွိထားတဲ့ ဂိုးသမားအျဖစ္ ပူးတြဲရပ္တည္ေနတာျဖစ္ပါတယ္။

အဂၤလန္လက္ေရြးစင္ဂိုးသမားဟာ ယခုရာသီမွာ ၎ရဲ့ အလြန္ထူးျခားေကာင္းမြန္တဲ့ ကာကြယ္မႈေတြကို ျပဳလုပ္ခဲ့သလို အသင္းရဲ့ တိုက္စစ္ကို ကူညီေပးနိုင္တဲ့ အရည္အခ်င္းေတြလည္း ရွိတယ္ဆိုတာကို ျပသေနခဲ့တာျဖစ္ပါတယ္။ လီ ဒစ္ဆင္ဟာ ယခုရာသီမွာ အာဆင္နယ္အသင္းရဲ့ လူငယ္ၾကယ္ပြင့္ေတြနဲ႔ ၎တို႔ရဲ့ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီးလည္း ေမးျမန္းျခင္းခံခဲ့ရၿပီး အာဆင္နယ္အသင္းရဲ့ လူစာရင္းဟာ ပရီးမီးယားလိဂ္မွာ ပ်မ္းမၽွအသက္ ၂၃ ႏွစ္သာ ရွိေသးတဲ့ အငယ္ရြယ္ဆုံးလူစာရင္းျဖစ္ေနတာျဖစ္ပါတယ္။

ဆာကာ၊ စမစ္ ရိုး၊ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ မာတီနယ္လီတို႔လို ကစားသမားေတြအားလုံးဟာ ယခုရာသီမွာ အလြန္အထင္ႀကီးစရာေကာင္းတဲ့ ေျခစြမ္းျပသေနခဲ့တာျဖစ္ၿပီး ဒစ္ဆင္ဟာ ဥေရာပတလႊားမွာ အာဆင္နယ္ရဲ့ လူငယ္စုဖြဲ႕မႈက အေကာင္းဆုံးလားဆိုတဲ့ေမးခြန္းကို ေမးျမန္းျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

“အေကာင္းဆုံးစုဖြဲ႕မႈ ျဖစ္ေနပါတယ္။ ဒီလို ကစားသမားေတြကို အခြင့္အေရးေပးခဲ့တဲ့အတြက္ အာတီတာကို ႀကီးႀကီးမားမား ခ်ီးက်ဴးမႈေတြ ျပလုပ္ရမယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ အဲဒါက ေလာင္းကစားလုပ္တာပါပဲ။ တစ္ခ်ိန္တည္းမွာ လူငယ္ၾကယ္ပြင့္ေတြ ထြက္ေပၚလာေနတဲ့အခ်ိန္မွာ အသက္ ၂၃ ႏွစ္ေအာက္ ကစားသမားေတြကို ေခၚယူဖို႔ လမ္းကို ေရြးတဲ့အသင္း အမ်ားႀကီး မရွိပါဘူး။ သူတို႔ အရမ္းကို ငယ္ရြယ္တဲ့အသင္းျဖစ္ၿပီး အဲဒါက ဒီရာသီ ဒီအသင္းမွာေရာ တျခားအသင္းေတြဆီမွာပါ ကၽြန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရတဲ့ ေျခစြမ္းမတည္ၿငိမ္မႈဆိုတဲ့ အႏၲရာယ္ျဖစ္လာနိုင္ပါတယ္။ ခင္ဗ်ား အဲဒါကို အျပဳံးမပ်က္ လက္ခံရမွာပါ။ ဘာလို႔လဲဆိုေတာ့ အဲဒါက ခင္ဗ်ား ရနိုင္တဲ့အရာမို႔လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ကြင္းလယ္ကစားသမားေဟာင္း ေရး ပါလာကလည္း ဒီရာသီ အာတီတာရဲ့ အစီအစဥ္ကို ေထာက္ခံခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ၿပီး စပိန္လူမ်ိဳးနည္းျပဟာ အႏၲရာယ္ရွိတဲ့အေျပာင္းအလဲျဖစ္နိုင္တဲ့ လူငယ္ကစားသမားေတြအေပၚမွာ ယုံၾကည္မႈ အမ်ားႀကီး ျပသခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“အာတီတာအတြက္ေတာ့ အသင္းကို ေရာက္လာၿပီး ဒီလို လူငယ္ကစားသမားအစုအဖြဲ႕ေတြကို ၾကည့္ၿပီး ‘ဒါက ႀကီးမားတဲ့ စြန႔္စားမႈပဲ။ ကၽြန္ေတာ္တို႔မွာ အေတြ႕အၾကဳံ နည္းနည္းပဲ ရွိတယ္။ ဘယ္လိုလုပ္ၿပီး ကၽြန္ေတာ္တို႔ ခက္ခဲတဲ့ လေတြ ဒါမွမဟုတ္ ဆိုးရြားတဲ့ရလဒ္ေတြကို ျဖတ္ေက်ာ္မလဲ’လို႔ ေျပာဖို႔ ေတာ္ေတာ္ေလး လြယ္ကူပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔ေတြ အာတီတာရဲ့အစီအစဥ္အတိုင္း လိုက္ကစားခဲ့ၿပီး ဒီလို မူဝါဒကို ခြင့္ျပဳခဲ့တဲ့အသင္းကိုလည္း ႀကီးမားတဲ့ ခ်ီးက်ဴးမႈေတြ လုပ္ရမွာပါ။ ဘာလို႔လဲဆိုေတာ့ အဲဒါက စၿပီးေတာ့ အက်ိဳးခံစားေနရၿပီမို႔လို႔ပါ”

“အထင္ႀကီးစရာေကာင္းတဲ့အရာက ခင္ဗ်ား အခုအခ်ိန္ ျမင္ေနရတာေတြပဲ။ ခင္ဗ်ား အာဆင္နယ္ ဘာလုပ္ဖို႔ ႀကိဳးပမ္းေနလဲဆိုတာနဲ႔ ကစားသမားေတြအားလုံးက အေတြးအေခၚပိုင္းကို စိတ္ဝင္စားေနၾကတယ္ဆိုတာကို ခင္ဗ်ား သိနိုင္တယ္။ အနာဂတ္ကေတာ့ အခုအခ်ိန္မွာေတာ့ ေတာ္ေတာ္ေလး ေတာက္ပေနပုံေပၚပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.