Match Report Premier League

အိမ်ကွင်းတစ်မှတ်နဲ့ ဘရိုက်တန်လိုပဲ သရေကျတာ မဆန်းသလိုဖြစ်လာခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့အိမ်ကွင်းပွဲစဉ်ကို အလွန်ဆို မပါတဲ့ ၃-၄-၂-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး ဘယ်တောင်ပံမှာ ဟဒ်ဆန်-အိုဒွိုင်းနဲ့ ပူလီရှစ်ချ်တို့ ကစားခဲ့ကြသလို ခံစစ်မှာလည်း ခရစ္စတင်ဆန် ပြန်ကစားခဲ့ပြီး ကွင်းလယ်မှာတော့ ကွန်တေကို အနားပေးခဲ့ချိန်မှာ ဂျော်ဂျင်ညိုနဲ့ ကိုဗာချစ်တို့ ပွဲထွက်လာခဲ့ကြပြီး ညာခြမ်းမှာ ရီးစ်ဂျိမ်းစ်နဲ့ မေဆန်မောင့်၊ အထောင်မှာ လူကာကူးတို့ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်ကတော့ ၄-၅-၁ ထက် ၅-၄-၁ ဆန်ဆန် ကစားကွက်ကို သုံးစွဲသွားခဲ့ပြီး ဘယ်တောင်ပံခံစစ်နှစ်ထပ်နဲ့ ကူကူရယ်လာ၊ ဆော်လီမာ့ချ်တို့ ကစားခဲ့ကြသလို ဘီဆူးမား၊ မိုဒါ၊ မက္ကလစ္စတာတို့ရဲ့ ကွင်းလယ်စုဖွဲ့မှုနဲ့ ချဲလ်ဆီးကို အကျပ်ကစားဖို့ နည်းပြ ဂရေဟမ် ပေါ့တာက လုပ်သွားခဲ့ပြီး ပြီးခဲ့တဲ့ ပွဲက ခြေစွမ်းပြတဲ့ ထရော့ဆတ်နဲ့ အမ်ဝီပူတို့တော့ မပါဝင်ခဲ့ဘဲ အထောင်တိုက်စစ်မှာတော့ မော်ပေက ဆက်လက်ပွဲထွက်လာခဲ့တာပါ။

ခံစစ်သမားစစ်စစ် မပါတဲ့ ချဲလ်ဆီးဘယ်ခြမ်းက ဘရိုက်တန်ဘက်က သူတို့ကို ပြန်လည်ရင်ဆိုင်လာတဲ့ ကစားသမားဟောင်း လမ့်ပ်တေကို မကြာခဏ လွတ်ထွက်နေခဲ့ပြီး ပွဲချိန် ၁၆ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ကျလာပြီး ရှုပ်ယှက်ခတ်နေတဲ့ကြားက အက်ဇ်ပီလီကွေတာရဲ့ ကန်ချက်က တိုင်ထိထွက်သွားခဲ့ပါတယ်။

ပူလီရှစ်ချ်က နေရာချထားတဲ့ ဘယ်ခြမ်းမှာ မနေဘဲ အရှင်လိုက်ကစားနေတာက ဘယ်ခြမ်း Wing Back ဟဒ်ဆန်-အိုဒွိုင်းကို ဝန်ပိစေပြီး တိုက်စစ်မှာ လိုက်ရင် ခံစစ်မှာ နေရာလွတ်တွေကို ဖြစ်ပေါ်စေခဲ့ချိန်မှာ ဘရိုက်တန်ဘက်က အသုံးမချတတ်ခဲ့လို့သာ ချဲလ်ဆီးတို့ သက်သာခဲ့တာဖြစ်သလို ပွဲချိန် ၂၅ မိနစ်မှာတော့ လူကာကူး ပေးတာကို မေဆန်မောင့် ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဆန်ချက်ဇ်က ထောင့်ပိတ်ကာကွယ်သွားခဲ့တာပါ။

ပွဲချိန် ၂၆ မိနစ်မှာတော့ ပေါင်နောက်ကြော ဒဏ်ရာရသွားပြီး ကွင်းထဲက ဖြည်းဖြည်းချင်း ထွက်ခဲ့ရတဲ့ ရီးစ် ဂျိမ်းစ်အစား အလွန်ဆို ဝင်လာခဲ့ပြီး ဟဒ်ဆန်-အိုဒွိုင်းနဲ့ ဘက်ပြောင်းကစားသွားခဲ့သလို နည်းပြ တူဟယ်လ်အတွက်တော့ ရာသီအစက သူဝင့်ကြွားခဲ့တဲ့ တောင်ပံတစ်စုံလုံး ပြုတ်ခဲ့ရပြီး ချေးလ်ဝဲလ်ကလည်း ဒဏ်ရာကို ခွဲစိတ်ရတော့မှာဖြစ်လို့ ရာသီကုန်အထိ နားရမယ့်အချိန်မှာ လူသစ်ရှာဖို့ ကြိုးစားရတော့မှာဖြစ်ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး မေဆန်မောင့်က သူ့ကြောင့် ရတဲ့ ညာခြမ်းက ထောင့်ကန်ဘောကို ကန်တင်ပေးရာမှာ တိုက်စစ်မှူး လူကာကူးက ဘရိုက်တန်နောက်ခံလူတွေကြားကနေ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းခဲ့ရာမှာ ဂိုးသမား ဆန်ချက်ဇ် ဟန်ချက်ပျက်ပြီး မကာကွယ်နိုင်ခဲ့လို့ အိမ်ရှင်တွေ ပျော်ရွှင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာ ဘီဆူးမားက အဝေးကနေ ပြန်လည်ခြိမ်းခြောက်ခဲ့ပေမယ့် ဂိုးသမား မန်ဒီ ဖမ်းယူနိုင်ခဲ့ပြီး ပွဲချိန် ၃၈ မိနစ်မှာလည်း ဘရိုက်တန်တိုက်စစ်ရဲ့ အချိတ်အဆက်ကနေ ချဲလ်ဆီးခံစစ်က ဖရိုဖရဲပုံစံနဲ့ ရှင်းထုတ်နိုင်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ လယ်လာနာရဲ့ ကန်ချက်ကို မန်ဒီပဲ ပုတ်ထုတ်သွားခဲ့ရတာပါ။

နာကျင်အချိန်ပို ၅ မိနစ်မှာလည်း မော်ပေရဲ့ ကန်ချက်ကို မန်ဒီပဲ ဖမ်းယူခဲ့ရပြီး ပထမပိုင်းကတော့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့ချိန်မှာ ချဲလ်ဆီးနောက်တန်းကတော့ ဖရိုဖရဲဖြစ်လွန်းနေတာကို ဆက်လက်တွေ့မြင်ခဲ့ရသလို သီယာဂို ဆေးလ်ဗား မပါနိုင်ချိန်မှာ ဝင်ကစားတဲ့ ခရစ္စတင်ဆန်ဟာ ခံစစ်မှာ အတွဲအဖက်မမိတာကြောင့်လည်း ပွဲချိန်တစ်ဝက်မှာ တူဟယ်လ်က သူ့ကို ချာလိုဘာနဲ့ လဲခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာ လယ်လာနာရဲ့ ဖြတ်တင်ဘောကနေ မိုဒါရဲ့ ကန်ချက်က ဘားကျော်သွားပြန်သလို ပွဲချိန် ၄၉ မိနစ်မှာ ပူလီရှစ်ချ်ရဲ့ ပင်နယ်တီတောင်းဆိုမှုကို ဒိုင်လူကြီး မိုင်ဒင်းန်က ပယ်ချသွားခဲ့ပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ မက္ကလစ္စတာရဲ့ ဖရီးကစ်ကို မန်ဒီ ပုတ်ထုတ်ခဲ့ရပြန်ပါတယ်။

ချဲလ်ဆီးခံစစ်ကတော့ မကြာခဏဆိုသလို ရောင်းနေခဲ့ပြီး အလွန်ဆို လူပေးမှားရာကနေ ဘီဆူးမားရဲ့ ကန်ချက်ပြင်းပြင်းကို မန်ဒီပဲ ကာကွယ်ခဲ့ရသလို ဘရိုက်တန်တို့ကတော့ ဆက်တိုက်ဖိအားပေး တိုက်စစ်ဆင်နေခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဟဒ်ဆန်-အိုဒွိုင်း ရလာခဲ့ပြီး မေဆန်မောင့်အနဲ့အတူ 2 Vs 1 အနေအထားနဲ့ ထိုးဖောက်ခွင့်ရခဲ့ပေမယ့် ကန်လည်းမသွင်းနိုင် လူလည်းမပေးနိုင်ဖြစ်သွားခဲ့လို့ နစ်နာခဲ့ရပါတယ်။

မော်ပေကတော့ အခွင့်အရေးတွေကို အသုံးမချနိုင်ဘဲ လွဲချော်နေခဲ့ပြီး မက္ကယ်လစ္စတာကတော့ ဗဲလ်မန်းရဲ့ လှလှပပပေးမှုကို အထိန်းအသိမ်း ညံ့ခဲ့လို့ ဂိုးရဖို့ ဝေးခဲ့ရသလို မန်ဒီရဲ့ ပိတ်ဆို့ခံခဲ့ရပြီး လမ့်ပ်တေကတော့ ထိထိရောက်ရောက် ထိုးဖောက်ရမယ့်အစား မသန်တဲ့ ဘယ်ခြေနဲ့ပဲ ဧရိယာထိပ်က မကြာခဏ လှမ်းကန်ပြီး ဖြုန်းတီးနေခဲ့တာပါ။

ဧည့်သည်တွေဘက်က လမ့်ပ်တေအစား အမ်ဝီပူနဲ့ အိမ်ရှင်တွေဘက်က ဟဒ်ဆန်-အိုဒွိုင်းအစား ကွန်တေတို့ကို လဲကစားခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာ ရူဒီဂါ အလွတ်ခေါင်းတိုက်ခွင့်နဲ့ လူကာကူးဆီ ချပေးခဲ့ပေမယ့် ဗဲလ်မန်းက ကြားထဲကနေ ဖျက်ထုတ်သွားနိုင်ခဲ့သလို တစ်မိနစ်အကြာမှာ မေဆန်မောင့်ရဲ့ အခွင့်အရေးကိုလည်း ကူကူရဲလားက မကန်နိုင်ခင်မှာ လျှောထိုးဖျက်ထုတ်သွားခဲ့လို့ ချဲလ်ဆီးတို့ ဂိုးထပ်မရဘဲဖြစ်ခဲ့ရပါတယ်။

ကွန်တေကြောင့် ချဲလ်ဆီးတို့ ကွင်းလယ် ပိုကောင်းလာခဲ့ပြီး တိုက်စစ်ပိုကစားနိုင်ခဲ့ပေမယ့် ဘရိုက်တန်ဘက်က ကူကူရဲလားက သူ့ရဲ့ ပုံမှန်နေရာ မဟုတ်တဲ့ ခံစစ်မှာ ခြေစွမ်းပြနေသလို လူကာကူး၊ ကိုဗာချစ်နဲ့ ကွန်တေတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ဘဲ လွဲချော်ခဲ့သလို မေဆန်မောင့်က ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် ပြစ်ဒဏ်ဘောသတ်မှတ်ခံခဲ့ရပြီး ဘရိုက်တန်ဘက်ကတော့ ဝဲလ်ဘက်နဲ့ အယ်လ်ဇာတေတို့ လူစားဝင်ကစားခဲ့ကြတာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ခြေစွမ်းသိပ်မကောင်းပေမယ့် သုံးမှတ်ရပြီလို့ ထင်နေတဲ့ အိမ်ရှင်တွေ ရင်ကွဲခဲ့ရပြီး ဘယ်ခြမ်းက ကူကူရဲလားရဲ့ ဖြတ်တင်ပေးပို့မှုကို လူစားဝင်တိုက်စစ်မှူး ဝဲလ်ဘက်က ချာလိုဘာနဲ့ ရူဒီဂါတို့ကြားကနေ ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဘရိုက်တန်တို့ ချေပဂိုးရခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့အတွက် အမှားတွေကနေ ရရှိနေကျ သရေတစ်ပွဲပဲ ၆ ပွဲမြောက်အဖြစ် ထပ်တိုးခဲ့ရပါတယ်။

ဒီပွဲရလဒ်ကြောင့် အိမ်ရှင် ချဲလ်ဆီးတို့ ချန်ပီယံပြေးပွဲမှာ ထပ်မံနစ်နာခဲ့ရသလို ရမှတ် ၄၂ မှတ်နဲ့ ဦးဆောင်သူ မန်ချက်စတာစီးတီးတို့နဲ့ ၈ မှတ်အထိ ကွာဟသွားခဲ့ပြီး တတိယနေရာက လီဗာပူးလ်တို့ထက် တစ်ပွဲပိုကစားခဲ့ချိန်မှာ တစ်မှတ်သာ အသာစီးရယူနိုင်ခဲ့လို့ စိတ်ပျက်ခဲ့ရအပြီးမှာ ဘရိုက်တန်တို့ကတော့ ပရီးမီးယားလိဂ်ရဲ့ ဒီရာသီ သရေပွဲအများဆုံး ၉ ပွဲနဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔အိမ္ကြင္းပြဲစဥ္ကို အလြန္ဆို မပါတဲ့ ၃-၄-၂-၁ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၿပီး ဘယ္ေတာင္ပံမွာ ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ပူလီရွစ္ခ်္တို႔ ကစားခဲ့ၾကသလို ခံစစ္မွာလည္း ခရစၥတင္ဆန္ ျပန္ကစားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကြန္ေတကို အနားေပးခဲ့ခ်ိန္မွာ ေဂ်ာ္ဂ်င္ညိဳနဲ႔ ကိုဗာခ်စ္တို႔ ပြဲထြက္လာခဲ့ၾကၿပီး ညာျခမ္းမွာ ရီးစ္ဂ်ိမ္းစ္နဲ႔ ေမဆန္ေမာင့္၊ အေထာင္မွာ လူကာကူးတို႔ ပါဝင္လာခဲ့တာျဖစ္ပါတယ္။

ဘ႐ိုက္တန္ကေတာ့ ၄-၅-၁ ထက္ ၅-၄-၁ ဆန္ဆန္ ကစားကြက္ကို သုံးစြဲသြားခဲ့ၿပီး ဘယ္ေတာင္ပံခံစစ္ႏွစ္ထပ္နဲ႔ ကူကူရယ္လာ၊ ေဆာ္လီမာ့ခ်္တို႔ ကစားခဲ့ၾကသလို ဘီဆူးမား၊ မိုဒါ၊ မကၠလစၥတာတို႔ရဲ႕ ကြင္းလယ္စုဖြဲ႕မႈနဲ႔ ခ်ဲလ္ဆီးကို အက်ပ္ကစားဖို႔ နည္းျပ ဂေရဟမ္ ေပါ့တာက လုပ္သြားခဲ့ၿပီး ၿပီးခဲ့တဲ့ ပြဲက ေျခစြမ္းျပတဲ့ ထေရာ့ဆတ္နဲ႔ အမ္ဝီပူတို႔ေတာ့ မပါဝင္ခဲ့ဘဲ အေထာင္တိုက္စစ္မွာေတာ့ ေမာ္ေပက ဆက္လက္ပြဲထြက္လာခဲ့တာပါ။

ခံစစ္သမားစစ္စစ္ မပါတဲ့ ခ်ဲလ္ဆီးဘယ္ျခမ္းက ဘ႐ိုက္တန္ဘက္က သူတို႔ကို ျပန္လည္ရင္ဆိုင္လာတဲ့ ကစားသမားေဟာင္း လမ့္ပ္ေတကို မၾကာခဏ လြတ္ထြက္ေနခဲ့ၿပီး ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန က်လာၿပီး ရႈပ္ယွက္ခတ္ေနတဲ့ၾကားက အက္ဇ္ပီလီေကြတာရဲ႕ ကန္ခ်က္က တိုင္ထိထြက္သြားခဲ့ပါတယ္။

ပူလီရွစ္ခ်္က ေနရာခ်ထားတဲ့ ဘယ္ျခမ္းမွာ မေနဘဲ အရွင္လိုက္ကစားေနတာက ဘယ္ျခမ္း Wing Back ဟဒ္ဆန္-အိုဒြိဳင္းကို ဝန္ပိေစၿပီး တိုက္စစ္မွာ လိုက္ရင္ ခံစစ္မွာ ေနရာလြတ္ေတြကို ျဖစ္ေပၚေစခဲ့ခ်ိန္မွာ ဘ႐ိုက္တန္ဘက္က အသုံးမခ်တတ္ခဲ့လို႔သာ ခ်ဲလ္ဆီးတို႔ သက္သာခဲ့တာျဖစ္သလို ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ လူကာကူး ေပးတာကို ေမဆန္ေမာင့္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဆန္ခ်က္ဇ္က ေထာင့္ပိတ္ကာကြယ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ေပါင္ေနာက္ေၾကာ ဒဏ္ရာရသြားၿပီး ကြင္းထဲက ျဖည္းျဖည္းခ်င္း ထြက္ခဲ့ရတဲ့ ရီးစ္ ဂ်ိမ္းစ္အစား အလြန္ဆို ဝင္လာခဲ့ၿပီး ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ဘက္ေျပာင္းကစားသြားခဲ့သလို နည္းျပ တူဟယ္လ္အတြက္ေတာ့ ရာသီအစက သူဝင့္ႂကြားခဲ့တဲ့ ေတာင္ပံတစ္စုံလုံး ျပဳတ္ခဲ့ရၿပီး ေခ်းလ္ဝဲလ္ကလည္း ဒဏ္ရာကို ခြဲစိတ္ရေတာ့မွာျဖစ္လို႔ ရာသီကုန္အထိ နားရမယ့္အခ်ိန္မွာ လူသစ္ရွာဖို႔ ႀကိဳးစားရေတာ့မွာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး ေမဆန္ေမာင့္က သူ႔ေၾကာင့္ ရတဲ့ ညာျခမ္းက ေထာင့္ကန္ေဘာကို ကန္တင္ေပးရာမွာ တိုက္စစ္မႉး လူကာကူးက ဘ႐ိုက္တန္ေနာက္ခံလူေတြၾကားကေန လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္သြင္းခဲ့ရာမွာ ဂိုးသမား ဆန္ခ်က္ဇ္ ဟန္ခ်က္ပ်က္ၿပီး မကာကြယ္ႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ေပ်ာ္႐ႊင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာ ဘီဆူးမားက အေဝးကေန ျပန္လည္ၿခိမ္းေျခာက္ခဲ့ေပမယ့္ ဂိုးသမား မန္ဒီ ဖမ္းယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၃၈ မိနစ္မွာလည္း ဘ႐ိုက္တန္တိုက္စစ္ရဲ႕ အခ်ိတ္အဆက္ကေန ခ်ဲလ္ဆီးခံစစ္က ဖ႐ိုဖရဲပုံစံနဲ႔ ရွင္းထုတ္ႏိုင္ခဲ့ေပမယ့္ ေနာက္က လိုက္လာတဲ့ လယ္လာနာရဲ႕ ကန္ခ်က္ကို မန္ဒီပဲ ပုတ္ထုတ္သြားခဲ့ရတာပါ။

နာက်င္အခ်ိန္ပို ၅ မိနစ္မွာလည္း ေမာ္ေပရဲ႕ ကန္ခ်က္ကို မန္ဒီပဲ ဖမ္းယူခဲ့ရၿပီး ပထမပိုင္းကေတာ့ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ၿပီးဆုံးခဲ့ခ်ိန္မွာ ခ်ဲလ္ဆီးေနာက္တန္းကေတာ့ ဖ႐ိုဖရဲျဖစ္လြန္းေနတာကို ဆက္လက္ေတြ႕ျမင္ခဲ့ရသလို သီယာဂို ေဆးလ္ဗား မပါႏိုင္ခ်ိန္မွာ ဝင္ကစားတဲ့ ခရစၥတင္ဆန္ဟာ ခံစစ္မွာ အတြဲအဖက္မမိတာေၾကာင့္လည္း ပြဲခ်ိန္တစ္ဝက္မွာ တူဟယ္လ္က သူ႔ကို ခ်ာလိုဘာနဲ႔ လဲခဲ့ရပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာ လယ္လာနာရဲ႕ ျဖတ္တင္ေဘာကေန မိုဒါရဲ႕ ကန္ခ်က္က ဘားေက်ာ္သြားျပန္သလို ပြဲခ်ိန္ ၄၉ မိနစ္မွာ ပူလီရွစ္ခ်္ရဲ႕ ပင္နယ္တီေတာင္းဆိုမႈကို ဒိုင္လူႀကီး မိုင္ဒင္းန္က ပယ္ခ်သြားခဲ့ၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ မကၠလစၥတာရဲ႕ ဖရီးကစ္ကို မန္ဒီ ပုတ္ထုတ္ခဲ့ရျပန္ပါတယ္။

ခ်ဲလ္ဆီးခံစစ္ကေတာ့ မၾကာခဏဆိုသလို ေရာင္းေနခဲ့ၿပီး အလြန္ဆို လူေပးမွားရာကေန ဘီဆူးမားရဲ႕ ကန္ခ်က္ျပင္းျပင္းကို မန္ဒီပဲ ကာကြယ္ခဲ့ရသလို ဘ႐ိုက္တန္တို႔ကေတာ့ ဆက္တိုက္ဖိအားေပး တိုက္စစ္ဆင္ေနခဲ့ၿပီး ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဟဒ္ဆန္-အိုဒြိဳင္း ရလာခဲ့ၿပီး ေမဆန္ေမာင့္အနဲ႔အတူ 2 Vs 1 အေနအထားနဲ႔ ထိုးေဖာက္ခြင့္ရခဲ့ေပမယ့္ ကန္လည္းမသြင္းႏိုင္ လူလည္းမေပးႏိုင္ျဖစ္သြားခဲ့လို႔ နစ္နာခဲ့ရပါတယ္။

ေမာ္ေပကေတာ့ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ဘဲ လြဲေခ်ာ္ေနခဲ့ၿပီး မကၠယ္လစၥတာကေတာ့ ဗဲလ္မန္းရဲ႕ လွလွပပေပးမႈကို အထိန္းအသိမ္း ညံ့ခဲ့လို႔ ဂိုးရဖို႔ ေဝးခဲ့ရသလို မန္ဒီရဲ႕ ပိတ္ဆို႔ခံခဲ့ရၿပီး လမ့္ပ္ေတကေတာ့ ထိထိေရာက္ေရာက္ ထိုးေဖာက္ရမယ့္အစား မသန္တဲ့ ဘယ္ေျခနဲ႔ပဲ ဧရိယာထိပ္က မၾကာခဏ လွမ္းကန္ၿပီး ျဖဳန္းတီးေနခဲ့တာပါ။

ဧည့္သည္ေတြဘက္က လမ့္ပ္ေတအစား အမ္ဝီပူနဲ႔ အိမ္ရွင္ေတြဘက္က ဟဒ္ဆန္-အိုဒြိဳင္းအစား ကြန္ေတတို႔ကို လဲကစားခဲ့ၿပီး ပြဲခ်ိန္ ၇၃ မိနစ္မွာ ႐ူဒီဂါ အလြတ္ေခါင္းတိုက္ခြင့္နဲ႔ လူကာကူးဆီ ခ်ေပးခဲ့ေပမယ့္ ဗဲလ္မန္းက ၾကားထဲကေန ဖ်က္ထုတ္သြားႏိုင္ခဲ့သလို တစ္မိနစ္အၾကာမွာ ေမဆန္ေမာင့္ရဲ႕ အခြင့္အေရးကိုလည္း ကူကူရဲလားက မကန္ႏိုင္ခင္မွာ ေလွ်ာထိုးဖ်က္ထုတ္သြားခဲ့လို႔ ခ်ဲလ္ဆီးတို႔ ဂိုးထပ္မရဘဲျဖစ္ခဲ့ရပါတယ္။

ကြန္ေတေၾကာင့္ ခ်ဲလ္ဆီးတို႔ ကြင္းလယ္ ပိုေကာင္းလာခဲ့ၿပီး တိုက္စစ္ပိုကစားႏိုင္ခဲ့ေပမယ့္ ဘ႐ိုက္တန္ဘက္က ကူကူရဲလားက သူ႔ရဲ႕ ပုံမွန္ေနရာ မဟုတ္တဲ့ ခံစစ္မွာ ေျခစြမ္းျပေနသလို လူကာကူး၊ ကိုဗာခ်စ္နဲ႔ ကြန္ေတတို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ဘဲ လြဲေခ်ာ္ခဲ့သလို ေမဆန္ေမာင့္က ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ျပစ္ဒဏ္ေဘာသတ္မွတ္ခံခဲ့ရၿပီး ဘ႐ိုက္တန္ဘက္ကေတာ့ ဝဲလ္ဘက္နဲ႔ အယ္လ္ဇာေတတို႔ လူစားဝင္ကစားခဲ့ၾကတာပါ။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ေျခစြမ္းသိပ္မေကာင္းေပမယ့္ သုံးမွတ္ရၿပီလို႔ ထင္ေနတဲ့ အိမ္ရွင္ေတြ ရင္ကြဲခဲ့ရၿပီး ဘယ္ျခမ္းက ကူကူရဲလားရဲ႕ ျဖတ္တင္ေပးပို႔မႈကို လူစားဝင္တိုက္စစ္မႉး ဝဲလ္ဘက္က ခ်ာလိုဘာနဲ႔ ႐ူဒီဂါတို႔ၾကားကေန ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ဘ႐ိုက္တန္တို႔ ေခ်ပဂိုးရခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔အတြက္ အမွားေတြကေန ရရွိေနက် သေရတစ္ပြဲပဲ ၆ ပြဲေျမာက္အျဖစ္ ထပ္တိုးခဲ့ရပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ အိမ္ရွင္ ခ်ဲလ္ဆီးတို႔ ခ်န္ပီယံေျပးပြဲမွာ ထပ္မံနစ္နာခဲ့ရသလို ရမွတ္ ၄၂ မွတ္နဲ႔ ဦးေဆာင္သူ မန္ခ်က္စတာစီးတီးတို႔နဲ႔ ၈ မွတ္အထိ ကြာဟသြားခဲ့ၿပီး တတိယေနရာက လီဗာပူးလ္တို႔ထက္ တစ္ပြဲပိုကစားခဲ့ခ်ိန္မွာ တစ္မွတ္သာ အသာစီးရယူႏိုင္ခဲ့လို႔ စိတ္ပ်က္ခဲ့ရအၿပီးမွာ ဘ႐ိုက္တန္တို႔ကေတာ့ ပရီးမီးယားလိဂ္ရဲ႕ ဒီရာသီ သေရပြဲအမ်ားဆုံး ၉ ပြဲနဲ႔ အဆင့္ ၁၀ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.