Match Report Premier League

တစ်လုံးတည်းသောဂိုးနဲ့ ချန်ပီယံဆုပေါ်က လက်ကို ပိုမြဲစေခဲ့တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဒီယက်စ်၊ လာပေါ့တ်၊ ကန်ဆယ်လိုတို့နဲ့အတူ ဘယ်နောက်ခံမှာ အာကေကို ပြန်သုံးခဲ့ပြီး ကွင်းလယ် မှာတော့ ရိုဒရီ မပါဝင်နိုင်ချိန်မှာ ဖာနန်ဒင်ညို၊ ဒီဘရိုင်းနားနဲ့ ဘာနာဒို ဆေးလ်ဗားတို့ တွဲထွက်လာခဲ့သလို တိုက်စစ်မှာတော့ ဂျေဆူးစ်၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ ကစားခဲ့ကြပြီး အဝေးကွင်းမှာ ဘရန့်ဖို့ဒ်ကို ရင်ဆိုင်လာခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ကတော့ ရာယာ မပါဝင်နိုင်သေးတာကြောင့် ဖာနန်ဒက်ဇ်ပဲ ဂိုးဖမ်းခဲ့ပြီး ဆိုရန်ဆန်၊ ယန်ဆွန်၊ ပင်းနော့ခ်တို့ပဲ ခံစစ်မှာ သုံးခဲ့သလို ရီကို ဟင်နရီ မပါနိုင်တာကြောင့် ဘယ်ခြမ်းမှာ အာဆင်နယ်ထွက် သွမ့်ပ်ဆန်ကို သုံးခဲ့ရပြီး အွန်ယီကာ၊ ဂျန်ဆန်၊ ဘက်ပ်တစ္စတေ၊ ဝစ်ဆာနဲ့ တိုနီတို့ ပွဲထွက်ခဲ့ကြပြီး တောင်ပံမှာတော့ မြင်နေကျ မဟုတ်တဲ့ ရိုအာဆလက်ဗ် ပါဝင်ခဲ့တာပါ။

ပွဲချိန် ၁၁ မိနစ်မှာ ဘရန့်ဖို့ဒ်ရဲ့ ဘယ်ခြမ်းတိုက်စစ်ကနေ အွန်ယီကာက ဘောလုံးပြန်လုယူလာခဲ့ပြီး တွဲလုံးနဲ့ ချိတ်ဆက်ထိုးဖောက်လာခဲ့ချိန်မှာ ဘက်ပ်တစ္စတေနဲ့ ဝမ်းတူးရိုက်ပြီး ကန်သွင်းချက်က ကောင်းမွန်ခဲ့ပေမယ့် အနည်းငယ် ပျော့သွားခဲ့လို့ မန်စီးတီးဂိုးသမား အီဒါဆန်က ဖမ်းယူသွားနိုင်ခဲ့တာပါ။

ဘရန့်ဖို့ဒ်တို့ ဆက်ပြီး ဖိကစားခဲ့ရင်း ပွဲချိန် ၁၅ မိနစ်မှာလည်း ဖြတ်တင်ဘောကို ရူဘင် ဒီယက်စ် ခေါင်းတိုက်ရှင်းထုတ်ရင်း ဂိုးထဲ ဝင်လာတာကိုလည်း ဘရာဇီးလ်သားပဲ ပုတ်ထုတ်ခဲ့ရသလို ဒီကရတဲ့ ထောင့်ကန်ဘောကို ပင်းနော့ခ် ခေါင်းတိုက်ချတာကနေ ဝစ်ဆာ ကန်သွင်းမှုကိုလည်း အီဒါဆန် ပိတ်ဆို့ခဲ့သလို ဒီကနေ လမ်းကြောင်းပြောင်းလာတဲ့ ဘောလုံးကိုတော့ ကန်ဆယ်လိုက ဂိုးစည်းရှေ့က ခေါင်းတိုက်ရှင်းထုတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာတော့ မန်ချက်စတာစီးတီးတို့ အဖွင့်ဂိုး ရှာဖွေနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်တို့ဆီက ဘောလုံးပြန်လုနိုင်ခဲ့ရာကနေ ကန်ဆယ်လိုနဲ့ အပေးအယူလုပ်ပြီး ဒီဘရိုင်းနားက ဖြတ်တင်ပေးခဲ့ရာမှာ အိမ်ရှင်ခံစစ်ရဲ့ လူကျွံထောင်ချောက်ကြားထဲက ပြေးထွက်သွားခဲ့တဲ့ ဖိုဒန်က အနီးကပ် ပိတ်သွင်းပြီး ဂိုးသမား ဖာနန်ဒက်ဇ်ကို အနိုင်ယူနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ စီးတီးတို့ပဲ ဘောလုံးပိုင်ဆိုင်မှု အများစုကို ရယူကစားသွားခဲ့သလို ဘရန့်ဖို့ဒ်ကတော့ ခံစစ်ပြန်ဖြစ်သွားခဲ့ပြီး ပိတ်ဆို့ကစားသွားခဲ့ရချိန်မှာ ပွဲအစပိုင်းကလို ထိုးဖောက်ကန်သွင်းမှုတွေလည်း မလုပ်နိုင်တော့တာကြောင့် သူတို့ရဲ့ တစ်ပွဲလုံးဂိုးပေါက်တည့်မှု ၂ ကြိမ်က ပွဲရဲ့ ၁၅ မိနစ်မှာကတည်းက ရပ်နားသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးတို့ ဖန်တီးမှုတွေ မကောင်းခဲ့သလို ဂျေဆူးစ် ပလာတာ များနေတာနဲ့ ဘရန့်ဖို့ဒ်ရဲ့ ပိတ်ကစားမှုကတော့ စီးတီးတို့ကို အခွင့်အရေးတွေ ရစေဖို့ ရည်မှန်းချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပြီး ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့သလို ဂရီးလစ်ရှ်ကတော့ ကွင်းဘေးစည်းတွေ ကောင်းရဲ့လားဆိုတာပဲ Line Inspector အဖြစ် အမြဲတမ်း စစ်ဆေးနေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ဖိုဒန်ရဲ့ ခေါင်းတိုက်ချက်က တိုင်ဘေးက ကပ်ထွက်သွားခဲ့တာပါ။

ပွဲချိန် ၄၈ မိနစ်မှာ ဒီဘရိုင်းနား ကန်ချက် ဂိုးပေါက်တည့်ပေမယ့် ပျော့ခဲ့တာကြောင့် ဂိုးသမားပဲ ဖမ်းယူသွားခဲ့သလို ပွဲချိန် မိနစ် ၅၀ မှာတော့ ဂျေဆူးစ် မ,တင်ပေးလိုက်တဲ့ ဘောလုံးကို ဖိုဒန်က ဘရန့်ဖို့ဒ်ခံစစ်ကြားကနေ ပြေးထွက်ပြီး ခေါင်းတိုက်သွင်းခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ လူကျွံနေခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာ ဒီဘရိုင်းနားရဲ့ အနိမ့်ဘော အဝေးကန်ချက် တိုင်ထိထွက်ခဲ့ပြန်သလို ဧရိယာထဲ အဝင်မခံတဲ့ ဘရန့်ဖို့ဒ်တို့ကြောင့် အဝေးကနေပဲ ကန်သွင်းမှုတွေ လုပ်ခဲ့ရတဲ့ မန်စီးတီးတို့အနေနဲ့ အဖြုန်းကသာ များနေခဲ့ပြီး ပွဲချိန် ၈၇ မိနစ်မှာ ဖရီးကစ်ကနေ ရရှိခဲ့တဲ့ လာပေါ့တ်ရဲ့ ခေါင်းတိုက်ဂိုးကလည်း စတင်ပြေးထွက်စဉ်မှာ အနည်းငယ် လူကျွံနေခဲ့လို့ ပယ်ဖျက်ခံခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ မန်စီးတီးတို့ ပွဲထွက်လူစာရင်းကို တစ်ယောက်မှ မလဲဘဲ ပွဲချိန်ပြည့် သုံးစွဲသွားရင်း ဘောလုံးပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားချိန်မှာ ရလဒ်ပြောင်းလဲဖို့ နှစ်ဖက်စလုံးက မတတ်နိုင်ခဲ့ကြတော့တာကြောင့် လန်ဒန်က ကွန်မြူနတီ စတေဒီယမ်မှာ ဧည့်သည်တွေပဲ တစ်လုံးတည်းသော အဖိုးတန်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် မန်ချက်စတာစီးတီးတို့ အဝေးကွင်းမှာ ကစားရခက်တဲ့ ဘရန့်ဖို့ဒ်ဆီက နှိုက်ယူခဲ့တဲ့ အဖိုးတန်သုံးမှတ်နဲ့ ချန်ပီယံပြေးပွဲမှာ ရမှတ် ၅၀ နဲ့ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ချိန်မှာ ဒုတိယနေရာက ချဲလ်ဆီးကို ၈ မှတ်၊ တစ်ပွဲလျှော့ကစားထားတဲ့ တတိယနေရာက လီဗာပူးလ်ကို ၉ မှတ် ဖြတ်ထားနိုင်ခဲ့ပြီး ဒီနှစ်အနေအထားအရတော့ ဂွါဒီယိုလာတို့အဖွဲ့အနေနဲ့ နောက်တစ်ကြိမ် ချန်ပီယံဖြစ်ဖို့ ဆုဖလားပေါ်က လက်တစ်ဖက်ကို ပိုမြဲစေနိုင်ခဲ့ပြီလို့ပဲ ဆိုရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဒီယက္စ္၊ လာေပါ့တ္၊ ကန္ဆယ္လိုတို႔နဲ႔အတူ ဘယ္ေနာက္ခံမွာ အာေကကို ျပန္သုံးခဲ့ၿပီး ကြင္းလယ္ မွာေတာ့ ႐ိုဒရီ မပါဝင္ႏိုင္ခ်ိန္မွာ ဖာနန္ဒင္ညိဳ၊ ဒီဘ႐ိုင္းနားနဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ တြဲထြက္လာခဲ့သလို တိုက္စစ္မွာေတာ့ ေဂ်ဆူးစ္၊ ဖိုဒန္နဲ႔ ဂရီးလစ္ရွ္တို႔ ကစားခဲ့ၾကၿပီး အေဝးကြင္းမွာ ဘရန႔္ဖို႔ဒ္ကို ရင္ဆိုင္လာခဲ့ပါတယ္။

ဘရန႔္ဖို႔ဒ္ကေတာ့ ရာယာ မပါဝင္ႏိုင္ေသးတာေၾကာင့္ ဖာနန္ဒက္ဇ္ပဲ ဂိုးဖမ္းခဲ့ၿပီး ဆိုရန္ဆန္၊ ယန္ဆြန္၊ ပင္းေနာ့ခ္တို႔ပဲ ခံစစ္မွာ သုံးခဲ့သလို ရီကို ဟင္နရီ မပါႏိုင္တာေၾကာင့္ ဘယ္ျခမ္းမွာ အာဆင္နယ္ထြက္ သြမ့္ပ္ဆန္ကို သုံးခဲ့ရၿပီး အြန္ယီကာ၊ ဂ်န္ဆန္၊ ဘက္ပ္တစၥေတ၊ ဝစ္ဆာနဲ႔ တိုနီတို႔ ပြဲထြက္ခဲ့ၾကၿပီး ေတာင္ပံမွာေတာ့ ျမင္ေနက် မဟုတ္တဲ့ ႐ိုအာဆလက္ဗ္ ပါဝင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၁ မိနစ္မွာ ဘရန႔္ဖို႔ဒ္ရဲ႕ ဘယ္ျခမ္းတိုက္စစ္ကေန အြန္ယီကာက ေဘာလုံးျပန္လုယူလာခဲ့ၿပီး တြဲလုံးနဲ႔ ခ်ိတ္ဆက္ထိုးေဖာက္လာခဲ့ခ်ိန္မွာ ဘက္ပ္တစၥေတနဲ႔ ဝမ္းတူး႐ိုက္ၿပီး ကန္သြင္းခ်က္က ေကာင္းမြန္ခဲ့ေပမယ့္ အနည္းငယ္ ေပ်ာ့သြားခဲ့လို႔ မန္စီးတီးဂိုးသမား အီဒါဆန္က ဖမ္းယူသြားႏိုင္ခဲ့တာပါ။

ဘရန႔္ဖို႔ဒ္တို႔ ဆက္ၿပီး ဖိကစားခဲ့ရင္း ပြဲခ်ိန္ ၁၅ မိနစ္မွာလည္း ျဖတ္တင္ေဘာကို ႐ူဘင္ ဒီယက္စ္ ေခါင္းတိုက္ရွင္းထုတ္ရင္း ဂိုးထဲ ဝင္လာတာကိုလည္း ဘရာဇီးလ္သားပဲ ပုတ္ထုတ္ခဲ့ရသလို ဒီကရတဲ့ ေထာင့္ကန္ေဘာကို ပင္းေနာ့ခ္ ေခါင္းတိုက္ခ်တာကေန ဝစ္ဆာ ကန္သြင္းမႈကိုလည္း အီဒါဆန္ ပိတ္ဆို႔ခဲ့သလို ဒီကေန လမ္းေၾကာင္းေျပာင္းလာတဲ့ ေဘာလုံးကိုေတာ့ ကန္ဆယ္လိုက ဂိုးစည္းေရွ႕က ေခါင္းတိုက္ရွင္းထုတ္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔ အဖြင့္ဂိုး ရွာေဖြႏိုင္ခဲ့ၿပီး ဘရန႔္ဖို႔ဒ္တို႔ဆီက ေဘာလုံးျပန္လုႏိုင္ခဲ့ရာကေန ကန္ဆယ္လိုနဲ႔ အေပးအယူလုပ္ၿပီး ဒီဘ႐ိုင္းနားက ျဖတ္တင္ေပးခဲ့ရာမွာ အိမ္ရွင္ခံစစ္ရဲ႕ လူကြၽံေထာင္ေခ်ာက္ၾကားထဲက ေျပးထြက္သြားခဲ့တဲ့ ဖိုဒန္က အနီးကပ္ ပိတ္သြင္းၿပီး ဂိုးသမား ဖာနန္ဒက္ဇ္ကို အႏိုင္ယူႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ စီးတီးတို႔ပဲ ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကို ရယူကစားသြားခဲ့သလို ဘရန႔္ဖို႔ဒ္ကေတာ့ ခံစစ္ျပန္ျဖစ္သြားခဲ့ၿပီး ပိတ္ဆို႔ကစားသြားခဲ့ရခ်ိန္မွာ ပြဲအစပိုင္းကလို ထိုးေဖာက္ကန္သြင္းမႈေတြလည္း မလုပ္ႏိုင္ေတာ့တာေၾကာင့္ သူတို႔ရဲ႕ တစ္ပြဲလုံးဂိုးေပါက္တည့္မႈ ၂ ႀကိမ္က ပြဲရဲ႕ ၁၅ မိနစ္မွာကတည္းက ရပ္နားသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးတို႔ ဖန္တီးမႈေတြ မေကာင္းခဲ့သလို ေဂ်ဆူးစ္ ပလာတာ မ်ားေနတာနဲ႔ ဘရန႔္ဖို႔ဒ္ရဲ႕ ပိတ္ကစားမႈကေတာ့ စီးတီးတို႔ကို အခြင့္အေရးေတြ ရေစဖို႔ ရည္မွန္းခ်က္နဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနခဲ့ၿပီး ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့သလို ဂရီးလစ္ရွ္ကေတာ့ ကြင္းေဘးစည္းေတြ ေကာင္းရဲ႕လားဆိုတာပဲ Line Inspector အျဖစ္ အၿမဲတမ္း စစ္ေဆးေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ဖိုဒန္ရဲ႕ ေခါင္းတိုက္ခ်က္က တိုင္ေဘးက ကပ္ထြက္သြားခဲ့တာပါ။

ပြဲခ်ိန္ ၄၈ မိနစ္မွာ ဒီဘ႐ိုင္းနား ကန္ခ်က္ ဂိုးေပါက္တည့္ေပမယ့္ ေပ်ာ့ခဲ့တာေၾကာင့္ ဂိုးသမားပဲ ဖမ္းယူသြားခဲ့သလို ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ေဂ်ဆူးစ္ မ,တင္ေပးလိုက္တဲ့ ေဘာလုံးကို ဖိုဒန္က ဘရန႔္ဖို႔ဒ္ခံစစ္ၾကားကေန ေျပးထြက္ၿပီး ေခါင္းတိုက္သြင္းခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ လူကြၽံေနခဲ့တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာ ဒီဘ႐ိုင္းနားရဲ႕ အနိမ့္ေဘာ အေဝးကန္ခ်က္ တိုင္ထိထြက္ခဲ့ျပန္သလို ဧရိယာထဲ အဝင္မခံတဲ့ ဘရန႔္ဖို႔ဒ္တို႔ေၾကာင့္ အေဝးကေနပဲ ကန္သြင္းမႈေတြ လုပ္ခဲ့ရတဲ့ မန္စီးတီးတို႔အေနနဲ႔ အျဖဳန္းကသာ မ်ားေနခဲ့ၿပီး ပြဲခ်ိန္ ၈၇ မိနစ္မွာ ဖရီးကစ္ကေန ရရွိခဲ့တဲ့ လာေပါ့တ္ရဲ႕ ေခါင္းတိုက္ဂိုးကလည္း စတင္ေျပးထြက္စဥ္မွာ အနည္းငယ္ လူကြၽံေနခဲ့လို႔ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ မန္စီးတီးတို႔ ပြဲထြက္လူစာရင္းကို တစ္ေယာက္မွ မလဲဘဲ ပြဲခ်ိန္ျပည့္ သုံးစြဲသြားရင္း ေဘာလုံးပိုင္ဆိုင္မႈ ၇၇ ရာခိုင္ႏႈန္းအထိ ထိန္းခ်ဳပ္ထားခ်ိန္မွာ ရလဒ္ေျပာင္းလဲဖို႔ ႏွစ္ဖက္စလုံးက မတတ္ႏိုင္ခဲ့ၾကေတာ့တာေၾကာင့္ လန္ဒန္က ကြန္ျမဴနတီ စေတဒီယမ္မွာ ဧည့္သည္ေတြပဲ တစ္လုံးတည္းေသာ အဖိုးတန္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာစီးတီးတို႔ အေဝးကြင္းမွာ ကစားရခက္တဲ့ ဘရန႔္ဖို႔ဒ္ဆီက ႏႈိက္ယူခဲ့တဲ့ အဖိုးတန္သုံးမွတ္နဲ႔ ခ်န္ပီယံေျပးပြဲမွာ ရမွတ္ ၅၀ နဲ႔ ထိပ္ဆုံးက ဦးေဆာင္ႏိုင္ခဲ့ခ်ိန္မွာ ဒုတိယေနရာက ခ်ဲလ္ဆီးကို ၈ မွတ္၊ တစ္ပြဲေလွ်ာ့ကစားထားတဲ့ တတိယေနရာက လီဗာပူးလ္ကို ၉ မွတ္ ျဖတ္ထားႏိုင္ခဲ့ၿပီး ဒီႏွစ္အေနအထားအရေတာ့ ဂြါဒီယိုလာတို႔အဖြဲ႕အေနနဲ႔ ေနာက္တစ္ႀကိမ္ ခ်န္ပီယံျဖစ္ဖို႔ ဆုဖလားေပၚက လက္တစ္ဖက္ကို ပိုၿမဲေစႏိုင္ခဲ့ၿပီလို႔ပဲ ဆိုရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.