Premier League Transfer News

ရာသီကုန်ထိ နားရမယ့် ချေးဝဲလ်ရဲ့နေရာအတွက် ချဲလ်ဆီးအသင်း ခေါ်ယူနိုင်ဖွယ်ရှိတဲ့ ကစားသမား ၅ ဦး

ချဲလ်ဆီးအသင်းဟာ ဘန် ချေးဝဲလ်အနေနဲ့ ယခုရာသီကုန်အထိ အနားယူရလိမ့်မယ်ဆိုတာကို သိရှိခဲ့ပြီးနောက် ချက်ချင်းပဲ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် အစီအစဉ်တွေ ချမှတ်လိုက်ပြီဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘယ်နောက်ခံကစားသမားဟာ နိုဝင်ဘာလက ဒူးအရှေ့ပိုင်းအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီးနောက် အကြီးစားဒူးခွဲစိတ်မှု ပြုလုပ်သွားရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ သောမတ်စ် တူဟယ်အနေနဲ့ အဓိကဘယ်နောက်ခံလူမပါဘဲ လက်ကျန်ရာသီကို ဖြတ်သန်းရတော့မှာဖြစ်တာကြောင့် အရန်အဖြစ် အသုံးပြုနိုင်အောင် အေစီမီလန်၊ နာပိုပီ၊ အင်တာမီလန်တို့ကို အငှားနဲ့ပြောင်းဖို့ သတင်းထွက်နေတဲ့ မာလန်း ဆားရဲ့အပြောင်းအရွှေ့ကိုလည်း ပိတ်ဆို့ထားပြီးဖြစ်တယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။

အသက်အရွယ်ရနေပြီဖြစ်တဲ့ ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆို ပြန်လည်ပါဝင်လာမှုဟာ ခံစစ်ပိုင်းမှာ ကြီးမားတဲ့ ကျဆင်းမှုတစ်ခုအဖြစ် အချက်ပြနေတာကြောင့် တူဟယ်အနေနဲ့ ဆုဖလားတွေ ပိုမိုရရှိချင်တယ်ဆိုရင် ဘယ်နောက်ခံကစားသမားသစ် မဖြစ်မနေ ခေါ်ယူဖို့လိုအပ်နေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူနိုင်ဖွယ်ရှိတဲ့ ဘယ်နောက်ခံကစားသမား ၅ ဦးအထိ ရှိနေပြီး အဲဒီကစားသမား ၅ ဦးက ဘယ်သူတွေဖြစ်မလဲ…

လူကာ ဒီညီ

ဒီညီရဲ့ အဲဗာတန်ကစားသမားဘဝဟာ နည်းပြ ရာဖေးလ် ဘင်နီတက်ဇ်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ပြီးဆုံးသွားခဲ့ပုံပေါ်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နေ့က ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်ပြီးကတည်းက လူစာရင်းမှာ ရွေးချယ်ခြင်း မခံရတော့သူဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ အသင်းကို စရောက်ကတည်းက အဲဗာတန်ပရိသတ်တွေရဲ့ အနှစ်သက်ဆုံးကစားသမားဖြစ်ခဲ့တဲ့ ဒီညီဟာ ဂွတ်ဒီဆင်ပါ့ခ်က အချိန်တွေ ကုန်ဆုံးသွားခဲ့ပုံ ပေါ်နေတာကြောင့် စျေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေပြီး ၎င်းရဲ့ ထူးခြားတဲ့ တိုက်စစ်စွမ်းရည်တွေကြောင့် နောက်ခံတောင်ပံကစားသမားအဖြစ် တူဟယ်ရဲ့ကစားကွက်ထဲမှာ ကောင်းကောင်း အံဝင်မှာဖြစ်ပါတယ်။

သီယို ဟာနန်ဒက်ဇ်

ပြင်းထန်တဲ့တိုက်စစ်စွမ်းရည်မျိုးရှိတဲ့ ဘယ်နောက်ခံကစားသမားအကြောင်း ပြောမယ်ဆိုရင် ဟာနန်ဒက်ဇ်ဟာ မဖြစ်မနေ ထည့်ပြောရမယ့် ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ အေစီမီလန်ကြယ်ပွင့်ဟာ ၎င်းရဲ့ လူငယ်ကစားသမားဘဝကို စပိန်မှာ မက်ဒရစ် ၂ သင်းစလုံးနဲ့ ကုန်ဆုံးခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အေစီမီလန်က ပေါင် ၁၃.၅ သန်းလောက်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သီယို ဟာနန်ဒက်ဇ်ရဲ့ စျေးကွက်တန်ဖိုးဟာ ပြီးခဲ့တဲ့ရာသီမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ပေးပြီး အေစီမီလန်ကို စီးရီးအေဖလား စိန်ခေါ်နိုင်စွမ်းရှိလာအောင် ကူညီပေးခဲ့ပြီးနောက် ၃ ဆလောက် မြင့်တက်နေပြီလို့ Transfermarkt ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ အသက် ၂၄ နှစ်အရွယ် ဘယ်နောက်ခံကစားသမားကို ခေါ်ယူတာထက်ပိုပြီး ကောင်းတာမလုပ်နိုင်တော့ဘူးလို့ ပြောရင် ငြင်းစရာမရှိပေမယ့် ပြောင်းရွှေ့ကြေးတော့ တော်တော်ပေးရမှာဖြစ်ပါတယ်။

ရော်ဘင် ဂိုဆန်စ်

အတ္တလန္တာဘယ်နောက်ခံလူ ရော်ဘင် ဂိုဆန်စ်ဟာ လက်ရှိအချိန်အထိ ထူးဆန်းတဲ့ ခရီးနှင်ပြီးနောက် ကြီးမားတဲ့အချိန်တစ်ခုကို ရည်မှန်းထားသူဖြစ်ပြီး အများကြီးပိုမိုနည်းပါးတဲ့ပမာဏနဲ့ ခေါ်ယူနိုင်ဖွယ်ရှိသူဖြစ်ပါတယ်။ ဂျာမန်နဲ့ ဒတ်ချ် အောက်လိဂ်တွေကနေ တစ်ဆင့်ချင်းတက်လာခဲ့တဲ့ ဂိုဆန်စ်ဟာ ၂၀၁၇ ခုနှစ်မှာ အတ္တလန္တာအသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပြီး အဲဒီအချိန်ကတည်းက အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနေခဲ့သူဖြစ်ပါတယ်။ ဒီနွေရာသီ ယူရိုပြိုင်ပွဲမှာ ဂျာမနီလက်ရွေးစင်အသင်းအတွက် နောက်ခံတောင်ပံကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့ပြီး အတ္တလန္တာအသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ပုံမှန်ရရှိတဲ့အသင်းဖြစ်လာအောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။ ဂိုဆန်စ်ဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာကြောင့် အချိန်အများစုကို လွဲချော်ခဲ့တဲ့ ဂိုဆန်စ်ဟာ တူဟယ်လက်အောက်မှာ ပြဿနာရှိမှာမဟုတ်ဘဲ အလွန်ဆိုကို အဆင့်မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

နီကိုလတ်စ် တက်ဂ်လီယာဖီကို

နည်းပြဖရန့်ခ် လမ်းပတ်လက်ထက်ကတည်းက ပစ်မှတ်စာရင်းထဲမှာ ပါဝင်ခဲ့တဲ့ တက်ဂ်လီယာဖီကို ကို ချဲလ်ဆီးအသင်းအနေနဲ့ ပြန်လည်အာရုံစိုက်လာဖွယ်ရှိပြီး လက်စတာစီးတီးကနေ ချေးဝဲလ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အာဂျင်တီးနားဘယ်နောက်ခံကစားသမားအပေါ် စိတ်ဝင်စားမှုကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ တက်ဂ်လီယာဖီကိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဝက်စ်ဟမ်းယူနိုက်တက်ကို ပြောင်းရွှေ့လုနီးပါးဖြစ်ခဲ့ပေမယ့် အမ်စတာဒမ်မှာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ အိုင်းယက်စ်နဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်တော့တဲ့ အသက် ၂၉ နှစ်အရွယ် တက်ဂ်လီယာဖီကိုဟာ ချဲလ်ဆီးအသင်းအနေနဲ့ ရေတိုအစီအစဉ်အဖြစ် ခေါ်ယူနိုင်မယ့် နောက်ထပ်ကစားသမားတစ်ဦးဖြစ်ပါတယ်။

မာ့ခ် ကူကူရယ်ယာ

ချဲလ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားဖူးတဲ့ ကစားသမားကို ရှာဖွေနေတာဆိုရင် ဘရိုက်တန်အသင်းနဲ့ ရာသီဝက်လောက် ပရီးမီးယားလိဂ်မှာ အချိန်ကုန်ဆုံးခဲ့ဖူးတဲ့ ကူကူရယ်ယာက ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေပါတယ်။ ဘာစီလိုနာအကယ်ဒမီထွက်ကစားသမားဟာ ပြီးခဲ့တဲ့သြဂုတ်လမှာ ပေါင် ၁၅ သန်းနဲ့ ဂီတာဖေးကနေ ဘရိုက်တန်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ကူကူရယ်ယာဟာ လာလီဂါမှာ ၎င်းရဲ့တိုက်စစ်အရည်အသွေးကို ပြသခဲ့ပြီးဖြစ်ပြီး လက်ရှိမှာတော့ ဘရိုက်တန်အတွက် တစ်ပွဲကို အဓိကကျတဲ့ပေးပို့မှု ပျမ်းမျှ ၁.၄ ကြိမ် ပြုလုပ်ပေးထားသူဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဘယ်နောက်ခံကစားသမားဟာ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ဖို့ လုပ်ဆောင်နေပေမယ့်လည်း တူဟယ်အနေနဲ့ အလားအလာရှိတဲ့ ဘာစီလိုနာအကယ်ဒမီထွက်ကစားသမားကို ခံစစ်ပိုင်းရော၊ တိုက်စစ်ပိုင်းမှာပါ ထူးချွန်တဲ့ ထိပ်တန်းဘယ်နောက်ခံကစားသမားဖြစ်လာဖို့ ပုံသွင်းချင်ကောင်း ပုံသွင်းချင်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ဘန္ ေခ်းဝဲလ္အေနနဲ႔ ယခုရာသီကုန္အထိ အနားယူရလိမ့္မယ္ဆိုတာကို သိရွိခဲ့ၿပီးေနာက္ ခ်က္ခ်င္းပဲ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလအတြက္ အစီအစဥ္ေတြ ခ်မွတ္လိုက္ၿပီျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ ဘယ္ေနာက္ခံကစားသမားဟာ နိုဝင္ဘာလက ဒူးအေရွ႕ပိုင္းအရြတ္စုတ္ျပဲဒဏ္ရာရရွိခဲ့ၿပီးေနာက္ အႀကီးစားဒူးခြဲစိတ္မႈ ျပဳလုပ္သြားရေတာ့မွာျဖစ္ပါတယ္။ ဒါေၾကာင့္ နည္းၿပ ေသာမတ္စ္ တူဟယ္အေနနဲ႔ အဓိကဘယ္ေနာက္ခံလူမပါဘဲ လက္က်န္ရာသီကို ျဖတ္သန္းရေတာ့မွာျဖစ္တာေၾကာင့္ အရန္အျဖစ္ အသုံးျပဳနိုင္ေအာင္ ေအစီမီလန္၊ နာပိုပီ၊ အင္တာမီလန္တို႔ကို အငွားနဲ႔ေျပာင္းဖို႔ သတင္းထြက္ေနတဲ့ မာလန္း ဆားရဲ့အေျပာင္းအေရႊ႕ကိုလည္း ပိတ္ဆို႔ထားၿပီးျဖစ္တယ္လို႔ Goal က ေဖာ္ျပခဲ့ပါတယ္။

အသက္အရြယ္ရေနၿပီျဖစ္တဲ့ ဘယ္ေနာက္ခံလူ မားကို႔စ္ အလြန္ဆို ျပန္လည္ပါဝင္လာမႈဟာ ခံစစ္ပိုင္းမွာ ႀကီးမားတဲ့ က်ဆင္းမႈတစ္ခုအျဖစ္ အခ်က္ျပေနတာေၾကာင့္ တူဟယ္အေနနဲ႔ ဆုဖလားေတြ ပိုမိုရရွိခ်င္တယ္ဆိုရင္ ဘယ္ေနာက္ခံကစားသမားသစ္ မျဖစ္မေန ေခၚယူဖို႔လိုအပ္ေနတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းက လာမယ့္ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလအတြင္း ေခၚယူနိုင္ဖြယ္ရွိတဲ့ ဘယ္ေနာက္ခံကစားသမား ၅ ဦးအထိ ရွိေနၿပီး အဲဒီကစားသမား ၅ ဦးက ဘယ္သူေတြျဖစ္မလဲ…

လူကာ ဒီညီ

ဒီညီရဲ့ အဲဗာတန္ကစားသမားဘဝဟာ နည္းၿပ ရာေဖးလ္ ဘင္နီတက္ဇ္နဲ႔ အဆင္မေျပျဖစ္ခဲ့ၿပီးေနာက္ ၿပီးဆုံးသြားခဲ့ပုံေပၚခဲ့ၿပီး ဒီဇင္ဘာ ၁ ရက္ေန႔က ကစားခဲ့တဲ့ မာေဆးဆိုဒ္ဒါဘီပြဲစဥ္ၿပီးကတည္းက လူစာရင္းမွာ ေရြးခ်ယ္ျခင္း မခံရေတာ့သူျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္မွာ အသင္းကို စေရာက္ကတည္းက အဲဗာတန္ပရိသတ္ေတြရဲ့ အႏွစ္သက္ဆုံးကစားသမားျဖစ္ခဲ့တဲ့ ဒီညီဟာ ဂြတ္ဒီဆင္ပါ့ခ္က အခ်ိန္ေတြ ကုန္ဆုံးသြားခဲ့ပုံ ေပၚေနတာေၾကာင့္ ေစ်းသက္သက္သာသာနဲ႔ ေခၚယူနိုင္ဖြယ္ရွိေနၿပီး ၎ရဲ့ ထူးျခားတဲ့ တိုက္စစ္စြမ္းရည္ေတြေၾကာင့္ ေနာက္ခံေတာင္ပံကစားသမားအျဖစ္ တူဟယ္ရဲ့ကစားကြက္ထဲမွာ ေကာင္းေကာင္း အံဝင္မွာျဖစ္ပါတယ္။

သီယို ဟာနန္ဒက္ဇ္

ျပင္းထန္တဲ့တိုက္စစ္စြမ္းရည္မ်ိဳးရွိတဲ့ ဘယ္ေနာက္ခံကစားသမားအေၾကာင္း ေျပာမယ္ဆိုရင္ ဟာနန္ဒက္ဇ္ဟာ မျဖစ္မေန ထည့္ေျပာရမယ့္ ကမၻာ့အေကာင္းဆုံးဘယ္ေနာက္ခံကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။ ေအစီမီလန္ၾကယ္ပြင့္ဟာ ၎ရဲ့ လူငယ္ကစားသမားဘဝကို စပိန္မွာ မက္ဒရစ္ ၂ သင္းစလုံးနဲ႔ ကုန္ဆုံးခဲ့ၿပီး ၂၀၁၉ ခုႏွစ္မွာ ေအစီမီလန္က ေပါင္ ၁၃.၅ သန္းေလာက္နဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သီယို ဟာနန္ဒက္ဇ္ရဲ့ ေစ်းကြက္တန္ဖိုးဟာ ၿပီးခဲ့တဲ့ရာသီမွာ သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္ ျပဳလုပ္ေပးၿပီး ေအစီမီလန္ကို စီးရီးေအဖလား စိန္ေခၚနိုင္စြမ္းရွိလာေအာင္ ကူညီေပးခဲ့ၿပီးေနာက္ ၃ ဆေလာက္ ျမင့္တက္ေနၿပီလို႔ Transfermarkt ရဲ့ေဖာ္ျပခ်က္အရ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အသက္ ၂၄ ႏွစ္အရြယ္ ဘယ္ေနာက္ခံကစားသမားကို ေခၚယူတာထက္ပိုၿပီး ေကာင္းတာမလုပ္နိုင္ေတာ့ဘူးလို႔ ေျပာရင္ ျငင္းစရာမရွိေပမယ့္ ေျပာင္းေရႊ႕ေၾကးေတာ့ ေတာ္ေတာ္ေပးရမွာျဖစ္ပါတယ္။

ေရာ္ဘင္ ဂိုဆန္စ္

အတၱလႏၲာဘယ္ေနာက္ခံလူ ေရာ္ဘင္ ဂိုဆန္စ္ဟာ လက္ရွိအခ်ိန္အထိ ထူးဆန္းတဲ့ ခရီးႏွင္ၿပီးေနာက္ ႀကီးမားတဲ့အခ်ိန္တစ္ခုကို ရည္မွန္းထားသူျဖစ္ၿပီး အမ်ားႀကီးပိုမိုနည္းပါးတဲ့ပမာဏနဲ႔ ေခၚယူနိုင္ဖြယ္ရွိသူျဖစ္ပါတယ္။ ဂ်ာမန္နဲ႔ ဒတ္ခ်္ ေအာက္လိဂ္ေတြကေန တစ္ဆင့္ခ်င္းတက္လာခဲ့တဲ့ ဂိုဆန္စ္ဟာ ၂၀၁၇ ခုႏွစ္မွာ အတၱလႏၲာအသင္းရဲ့ ေခၚယူျခင္းကို ခံခဲ့ရၿပီး အဲဒီအခ်ိန္ကတည္းက အသင္းအတြက္ အေကာင္းဆုံးေျခစြမ္းျပသေနခဲ့သူျဖစ္ပါတယ္။ ဒီေႏြရာသီ ယူရိုၿပိဳင္ပြဲမွာ ဂ်ာမနီလက္ေရြးစင္အသင္းအတြက္ ေနာက္ခံေတာင္ပံကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့ၿပီး အတၱလႏၲာအသင္းကိုလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ပုံမွန္ရရွိတဲ့အသင္းျဖစ္လာေအာင္ ကူညီေပးခဲ့သူျဖစ္ပါတယ္။ ဂိုဆန္စ္ဟာ ၿပီးခဲ့တဲ့ရာသီ စီးရီးေအမွာ ၁၁ ဂိုးအထိ သြင္းယူနိုင္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ဒဏ္ရာေၾကာင့္ အခ်ိန္အမ်ားစုကို လြဲေခ်ာ္ခဲ့တဲ့ ဂိုဆန္စ္ဟာ တူဟယ္လက္ေအာက္မွာ ျပႆနာရွိမွာမဟုတ္ဘဲ အလြန္ဆိုကို အဆင့္ျမႇင့္တင္ေပးနိုင္မွာျဖစ္ပါတယ္။

နီကိုလတ္စ္ တက္ဂ္လီယာဖီကို

နည္းျပဖရန႔္ခ္ လမ္းပတ္လက္ထက္ကတည္းက ပစ္မွတ္စာရင္းထဲမွာ ပါဝင္ခဲ့တဲ့ တက္ဂ္လီယာဖီကို ကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ျပန္လည္အာ႐ုံစိုက္လာဖြယ္ရွိၿပီး လက္စတာစီးတီးကေန ေခ်းဝဲလ္ကို ေခၚယူနိုင္ခဲ့ၿပီးေနာက္ အာဂ်င္တီးနားဘယ္ေနာက္ခံကစားသမားအေပၚ စိတ္ဝင္စားမႈကို အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။ တက္ဂ္လီယာဖီကိုဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဝက္စ္ဟမ္းယူနိုက္တက္ကို ေျပာင္းေရႊ႕လုနီးပါးျဖစ္ခဲ့ေပမယ့္ အမ္စတာဒမ္မွာပဲ ဆက္ရွိေနခဲ့တာျဖစ္ပါတယ္။ အိုင္းယက္စ္နဲ႔ စာခ်ဳပ္သက္တမ္း ၁၈ လသာ က်န္ေတာ့တဲ့ အသက္ ၂၉ ႏွစ္အရြယ္ တက္ဂ္လီယာဖီကိုဟာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေရတိုအစီအစဥ္အျဖစ္ ေခၚယူနိုင္မယ့္ ေနာက္ထပ္ကစားသမားတစ္ဦးျဖစ္ပါတယ္။

မာ့ခ္ ကူကူရယ္ယာ

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ ကစားဖူးတဲ့ ကစားသမားကို ရွာေဖြေနတာဆိုရင္ ဘရိုက္တန္အသင္းနဲ႔ ရာသီဝက္ေလာက္ ပရီးမီးယားလိဂ္မွာ အခ်ိန္ကုန္ဆုံးခဲ့ဖူးတဲ့ ကူကူရယ္ယာက ေရြးခ်ယ္စရာတစ္ခုအျဖစ္ ရွိေနပါတယ္။ ဘာစီလိုနာအကယ္ဒမီထြက္ကစားသမားဟာ ၿပီးခဲ့တဲ့ၾသဂုတ္လမွာ ေပါင္ ၁၅ သန္းနဲ႔ ဂီတာေဖးကေန ဘရိုက္တန္အသင္းကို ေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။ ကူကူရယ္ယာဟာ လာလီဂါမွာ ၎ရဲ့တိုက္စစ္အရည္အေသြးကို ျပသခဲ့ၿပီးျဖစ္ၿပီး လက္ရွိမွာေတာ့ ဘရိုက္တန္အတြက္ တစ္ပြဲကို အဓိကက်တဲ့ေပးပို႔မႈ ပ်မ္းမၽွ ၁.၄ ႀကိမ္ ျပဳလုပ္ေပးထားသူျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ဘယ္ေနာက္ခံကစားသမားဟာ သြင္းဂိုးေတြနဲ႔ ဂိုးဖန္တီးမႈေတြ ျပဳလုပ္နိုင္ဖို႔ လုပ္ေဆာင္ေနေပမယ့္လည္း တူဟယ္အေနနဲ႔ အလားအလာရွိတဲ့ ဘာစီလိုနာအကယ္ဒမီထြက္ကစားသမားကို ခံစစ္ပိုင္းေရာ၊ တိုက္စစ္ပိုင္းမွာပါ ထူးခၽြန္တဲ့ ထိပ္တန္းဘယ္ေနာက္ခံကစားသမားျဖစ္လာဖို႔ ပုံသြင္းခ်င္ေကာင္း ပုံသြင္းခ်င္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.