La Liga Premier League Transfer News

ခ်ဲလ္ဆီးဂိုးသမား ကီပါကို ႏွစ္ႏွစ္အငွားနဲ႔ အလိုရွိေနတဲ့ ဗလင္စီယာ

လာလီဂါကလပ္ ဗလင္စီယာအသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ဂိုးသမား ကီပါ အာရီဇာဘာလာဂါကို ႏွစ္ႏွစ္အငွားစာခ်ဳပ္နဲ႔ အလိုရွိေနၿပီး အသင္းကေန ထြက္ခြာေတာ့မယ့္ ဂ်က္စပါ ဆီလက္ဆန္ရဲ႕ေနရာမွာ အစားထိုးေခၚယူသြားဖို႔ အလိုရွိေနတယ္လို႔ သိရပါတယ္။

ဖရန္႔ လမ္းပတ္ရဲ႕အသင္းမွာ ပရီးမီးယားလိဂ္ ျပန္လည္စတင္ခ်ိန္မွာ ေနရာရလာခဲ့တဲ့ ကီပါဟာ လက္စြမ္းအေနနဲ႔ ထူးခၽြန္တဲ့ပုံစံမ်ဳိး မရရွိေသးေပမယ့္ အရင္က အမွားအယြင္းေတြကိုေတာ့ ေက်ာ္လြန္ႏုိင္ခဲ့ၿပီျဖစ္ၿပီး နည္းျပအေနနဲ႔ေတာ့ သူ႕ကို ဆက္လက္ထိန္းသိမ္းသြားဖို႔ စဥ္းစားေနတဲ့ အေနအထားမွာလည္းရွိေနပါတယ္။

ၿပီးခဲ့တဲ့ သတင္းေတြအရေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ကီပါကို ေရာင္းထုတ္ၿပီး သူ႕ေနရာအတြက္ အုိင္းယက္စ္ဂိုးသမား အန္ဒရီ အုိနာနာကို ေခၚယူသြားဖို႔ စိတ္ဝင္စားေနတယ္လို႔ ေဖာ္ျပထားခဲ့ၾကသလို လစ္လပ္သြားမယ့္ ဒတ္ခ်္လက္ရွိခ်န္ပီယံအသင္းရဲ႕ ဂိုးေပါက္အတြက္ ဗလင္စီယာရဲ႕ ဆီလက္ဆန္က ျဖည့္ဆည္းသြားလိမ့္မယ္လို႔ အျပန္အလွည္ လွည့္ပတ္ေျပာင္းေရႊ႕မွဳေတြကို ခန္႔မွန္းေနၾကတာလည္းျဖစ္ပါတယ္။

ဗလင္စီယာအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ႏွစ္ႏွစ္အငွား ကမ္းလွမ္းမွဳကို ခ်ဲလ္ဆီးအသင္းဘက္က သေဘာတူညီခဲ့မယ္ဆုိရင္ စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ အၿပီးသတ္ေခၚယူခြင့္ကို ထည့္သြင္းခ်ဳပ္ဆုိသြားဖို႔လည္း ဆႏၵရွိေနၿပီး အဲလ္ဗာ႐ို မိုရာတာကို အက္သလက္တီကို မက္ဒရစ္ကို ေရာင္းခ်စဥ္ကလိုမ်ဳိး လုပ္ေဆာင္သြားႏိုင္ဖို႔ ရည္ရြယ္ေနပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ကေတာ့ ကီပါကို ေရာင္းခ်မယ္ဆုိရင္ အသင့္အသုံးျပဳႏုိင္မယ့္ ဂိုးသမားတစ္ဦးကို အရင္ဆုံး ရွာေဖြရမွာျဖစ္တဲ့အတြက္ အုိနာနာအျပင္ ေအစီမီလန္နဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေတာ့တဲ့ ဂ်န္လြီဂီ ဒြန္နာရမ္မာတုိ႔ကိုလည္း ေစာင့္ၾကည့္ေနၿပီး ေခၚယူရရွိခ်ိန္မွာမွ ကီပါကို လက္လႊတ္ႏုိင္ဖြယ္ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လာလီဂါကလပ် ဗလင်စီယာအသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါကို နှစ်နှစ်အငှားစာချုပ်နဲ့ အလိုရှိနေပြီး အသင်းကနေ ထွက်ခွာတော့မယ့် ဂျက်စပါ ဆီလက်ဆန်ရဲ့နေရာမှာ အစားထိုးခေါ်ယူသွားဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။

ဖရန့် လမ်းပတ်ရဲ့အသင်းမှာ ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်မှာ နေရာရလာခဲ့တဲ့ ကီပါဟာ လက်စွမ်းအနေနဲ့ ထူးချွန်တဲ့ပုံစံမျိုး မရရှိသေးပေမယ့် အရင်က အမှားအယွင်းတွေကိုတော့ ကျော်လွန်နိုင်ခဲ့ပြီဖြစ်ပြီး နည်းပြအနေနဲ့တော့ သူ့ကို ဆက်လက်ထိန်းသိမ်းသွားဖို့ စဉ်းစားနေတဲ့ အနေအထားမှာလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ သတင်းတွေအရတော့ ချဲလ်ဆီးအသင်းအနေနဲ့ ကီပါကို ရောင်းထုတ်ပြီး သူ့နေရာအတွက် အိုင်းယက်စ်ဂိုးသမား အန်ဒရီ အိုနာနာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားခဲ့ကြသလို လစ်လပ်သွားမယ့် ဒတ်ချ်လက်ရှိချန်ပီယံအသင်းရဲ့ ဂိုးပေါက်အတွက် ဗလင်စီယာရဲ့ ဆီလက်ဆန်က ဖြည့်ဆည်းသွားလိမ့်မယ်လို့ အပြန်အလှည် လှည့်ပတ်ပြောင်းရွှေ့မှုတွေကို ခန့်မှန်းနေကြတာလည်းဖြစ်ပါတယ်။

ဗလင်စီယာအသင်းအနေနဲ့ သူတို့ရဲ့ နှစ်နှစ်အငှား ကမ်းလှမ်းမှုကို ချဲလ်ဆီးအသင်းဘက်က သဘောတူညီခဲ့မယ်ဆိုရင် စာချုပ်ကုန်ဆုံးချိန်မှာ အပြီးသတ်ခေါ်ယူခွင့်ကို ထည့်သွင်းချုပ်ဆိုသွားဖို့လည်း ဆန္ဒရှိနေပြီး အဲလ်ဗာရို မိုရာတာကို အက်သလက်တီကို မက်ဒရစ်ကို ရောင်းချစဉ်ကလိုမျိုး လုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်နေပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ကတော့ ကီပါကို ရောင်းချမယ်ဆိုရင် အသင့်အသုံးပြုနိုင်မယ့် ဂိုးသမားတစ်ဦးကို အရင်ဆုံး ရှာဖွေရမှာဖြစ်တဲ့အတွက် အိုနာနာအပြင် အေစီမီလန်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ဂျန်လွီဂီ ဒွန်နာရမ်မာတို့ကိုလည်း စောင့်ကြည့်နေပြီး ခေါ်ယူရရှိချိန်မှာမှ ကီပါကို လက်လွှတ်နိုင်ဖွယ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.