Premier League

ျပင္သစ္လက္ေရြးစင္တုိက္စစ္မွဴးတစ္ေနရာကို မာစီယယ္လ္ရယူႏုိင္လိမ့္မယ္လို႔ လူးဘတ္ဖ္ခ်ီးက်ဴး

မန္ခ်က္စတာယူႏိုက္အသင္းရဲ႕ တုိက္စစ္မွဴး အန္တိုနီ မာစီယယ္လ္ရဲ႕ လက္ရွိေျခစြမ္းအရ ျပင္သစ္လက္ေရြးစင္အသင္းရဲ႕ အဓိကတုိက္စစ္မွဴး အြန္ထြာ ဂရစ္ဇ္မန္းရဲ႕ေနရာကို သိမ္းပုိက္ႏိုင္မွာျဖစ္ေၾကာင္း ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ဖရန္႔ခ္ လူးဘတ္ဖ္က ခ်ီးက်ဴးေျပာၾကားလုိက္ပါတယ္။

ၿပီးခဲ့တဲ့ ရွက္ဖီးလ္ဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ေျခစြမ္းျပၿပီး သူ႕ရဲ႕ကစားသမားဘဝ ပထမဆုံး ဟက္ထရစ္ကို ရယူႏုိင္ခဲ့တဲ့ အသက္ ၂၄ ႏွစ္အရြယ္ ျပင္သစ္တုိက္စစ္မွဴးဟာ ဒီရာသီမွာ သြင္းဂိုး ၁၄ ဂိုး ရရွိထားၿပီး မန္ခ်က္စတာအသင္းရဲ႕ ေတာင္ပံတစ္ေနရာကိုလည္း နည္းျပ အုိလီဂန္နာ ဆုိးလ္ရွား လက္ထက္မွာ သိမ္းပုိက္ထားႏုိင္ခဲ့ပါတယ္။

ၿပဳိင္ပြဲစုံမွာ သရဲနီေတြအတြက္ ၁၉ ဂိုးသြင္းယူထားၿပီးျဖစ္တဲ့ မာစီယယ္လ္ဟာ တုိက္စစ္မွဴးတစ္ေယာက္အျဖစ္ ကစားႏုိင္သူလို႔ နည္းျပ ဆုိးလ္ရွားက နည္းျပေဟာင္း ဂ်ဳိေဆး ေမာ္ရင္ညဳိကို ဆန္႔က်င္ေျပာၾကားထားခဲ့တာ မွန္ကန္ေၾကာင္းကိုလည္း ဒီေျခစြမ္းနဲ႔အတူ သက္ေသျပထားခဲ့ၿပီး လက္ေရြးစင္အဆင့္မွာ အစမ္းသပ္ခံဖို႔ပဲ က်န္ေတာ့တာလည္းျဖစ္ပါတယ္။

“မာစီယယ္လ္ဟာ ဒီေျခစြမ္းကို ဆက္ထိန္းထားႏုိင္မယ္ဆုိရင္ ျပင္သစ္လူစာရင္းရဲ႕ တစ္ေနရာကို သိမ္းပုိက္ႏုိင္မွာျဖစ္ၿပီး ေဒးရႊမ့္အေနနဲ႔ သူ႕ကို စဥ္းစားဖို႔ ေသခ်ာတယ္”လို႔ လူးဘတ္ဖ္က ေျပာလုိက္ၿပီး “လက္ရွိအေနအထားအရ ဘာစီလိုနာမွာ ႐ုန္းကန္ေနရတဲ့ ဂရစ္ဇ္မန္းနဲ႔ အုိမင္းလာတဲ့ ဂ်ီ႐ူးတို႔ရဲ႕ အေျခအေနေတြေၾကာင့္ မာစီယယ္လ္ဟာ ပထမ ၁၁ ေယာက္ထဲ ပါဝင္ႏုိင္လိမ့္မယ္”လို႔လည္း ဆုိပါတယ္။

ဒါ့အျပင္ လူးဘတ္ဖ္က မာစီယယ္လ္ကို လက္ရွိေျခစြမ္းကို ဆက္လက္ထိန္းသိမ္းထားဖို႔ သတိေပးတုိက္တြန္းလုိက္ၿပီး ဒါမွ ျပင္သစ္အသင္း အတြက္ ထပ္မံကစားဖို႔ အခြင့္အေရးရမွာျဖစ္တယ္လို႔ လက္ေရြးစင္အသင္းနဲ႔အတူ ၁၈ ပြဲ ကစားခဲ့ၿပီးျဖစ္တဲ့ တုိက္စစ္မွဴးအတြက္ ေစတနာစကား ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်အသင်းရဲ့ တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ရဲ့ လက်ရှိခြေစွမ်းအရ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အဓိကတိုက်စစ်မှူး အွန်ထွာ ဂရစ်ဇ်မန်းရဲ့နေရာကို သိမ်းပိုက်နိုင်မှာဖြစ်ကြောင်း ချဲလ်ဆီးနောက်ခံလူဟောင်း ဖရန့်ခ် လူးဘတ်ဖ်က ချီးကျူးပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ပွဲမှာ ခြေစွမ်းပြပြီး သူ့ရဲ့ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ကို ရယူနိုင်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ ဒီရာသီမှာ သွင်းဂိုး ၁၄ ဂိုး ရရှိထားပြီး မန်ချက်စတာအသင်းရဲ့ တောင်ပံတစ်နေရာကိုလည်း နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား လက်ထက်မှာ သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲစုံမှာ သရဲနီတွေအတွက် ၁၉ ဂိုးသွင်းယူထားပြီးဖြစ်တဲ့ မာစီယယ်လ်ဟာ တိုက်စစ်မှူးတစ်ယောက်အဖြစ် ကစားနိုင်သူလို့ နည်းပြ ဆိုးလ်ရှားက နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုကို ဆန့်ကျင်ပြောကြားထားခဲ့တာ မှန်ကန်ကြောင်းကိုလည်း ဒီခြေစွမ်းနဲ့အတူ သက်သေပြထားခဲ့ပြီး လက်ရွေးစင်အဆင့်မှာ အစမ်းသပ်ခံဖို့ပဲ ကျန်တော့တာလည်းဖြစ်ပါတယ်။

“မာစီယယ်လ်ဟာ ဒီခြေစွမ်းကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် ပြင်သစ်လူစာရင်းရဲ့ တစ်နေရာကို သိမ်းပိုက်နိုင်မှာဖြစ်ပြီး ဒေးရွှမ့်အနေနဲ့ သူ့ကို စဉ်းစားဖို့ သေချာတယ်”လို့ လူးဘတ်ဖ်က ပြောလိုက်ပြီး “လက်ရှိအနေအထားအရ ဘာစီလိုနာမှာ ရုန်းကန်နေရတဲ့ ဂရစ်ဇ်မန်းနဲ့ အိုမင်းလာတဲ့ ဂျီရူးတို့ရဲ့ အခြေအနေတွေကြောင့် မာစီယယ်လ်ဟာ ပထမ ၁၁ ယောက်ထဲ ပါဝင်နိုင်လိမ့်မယ်”လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လူးဘတ်ဖ်က မာစီယယ်လ်ကို လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားဖို့ သတိပေးတိုက်တွန်းလိုက်ပြီး ဒါမှ ပြင်သစ်အသင်း အတွက် ထပ်မံကစားဖို့ အခွင့်အရေးရမှာဖြစ်တယ်လို့ လက်ရွေးစင်အသင်းနဲ့အတူ ၁၈ ပွဲ ကစားခဲ့ပြီးဖြစ်တဲ့ တိုက်စစ်မှူးအတွက် စေတနာစကား ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.