Premier League Transfer News

မန္ခ်က္စတာစီးတီးကို ကူလီေဘလီေျပာင္းေရႊ႕ဖို႔ သေဘာတူညီၿပီလို႔ သတင္းေတြေဖာ္ျပ

နာပိုလီအသင္းရဲ႕ ဝါရင့္ေနာက္ခံလူ ခါလီဒူး ကူလီေဘလီအေနနဲ႔ လာမယ့္ရာသီကုန္မွာ မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီႏုိင္ခဲ့ၿပီျဖစ္ၿပီး နယူးကာဆယ္လ္ယူႏုိက္တက္အသင္းရဲ႕ ကမ္းလွမ္းမွဳကို ပယ္ခ်ခဲ့သလို နည္းျပ ပက္ပ္ ဂြါဒီယိုလာနဲ႔ ပူးေပါင္းဖို႔ ရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အသင္းနဲ႔အတူ ကိုပါအီတာလီယာဖလားကို ပူပူေႏြးေႏြးရရွိထားတဲ့ ကူလီေဘလီအတြက္ ေဈးမေလွ်ာ့ဘူးလို႔ ေျပာထားတဲ့ နာပုိလီအသင္းပုိင္ရွင္ ေအာ္ရယ္လီယို ဒီေလာ္ရန္တီးစ္ကေတာ့ ဒီကိစၥမွာ သေဘာထား အနည္းငယ္ ေပ်ာ့ေျပာင္းခဲ့ပုံေပၚၿပီး သူ႕ရဲ႕ေနာက္ခံလူကို ေျပာင္းေရႊ႕ေၾကး ယူ႐ိုသန္း ၈၀ (ေပါင္ ၇၂ သန္း)နဲ႔ ေရာင္းခ်ဖို႔ သေဘာတူခဲ့တယ္လုိ႔လည္း ဆုိပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ ဆီနီေဂါေနာက္ခံလူကို မန္စီးတီးတုိ႔နဲ႔အၿပဳိင္ ေဆာ္ဒီနဲ႔ အေမရိကန္သူေဌးတစ္ဦးဦး လက္ထဲ ေရာက္ဖို႔ရွိေနတဲ့ နယူးကာဆယ္က ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားကေတာ့ အစ္တီဟတ္မွာ နည္းျပ ဂြါဒီယိုလာနဲ႔ တြဲကစားခြင့္ကို ေရြးခ်ယ္ခဲ့ၿပီး စပိန္အသင္းေတြနဲ႔ ပီအက္စ္ဂ်ီကိုလည္း ပယ္ခ်ခဲ့တယ္လုိ႔ မြန္ဒို ဒီေပါ့တီဗိုက ထုတ္ျပန္ခဲ့ပါတယ္။

မန္စီးတီးအေနနဲ႔ ခံစစ္ဗဟိုကစားသမားေကာင္းတစ္ဦးကို မျဖစ္မေနလိုအပ္ေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ေနာက္ခံလူေနရာ ဝင္ကစားတဲ့ ဖာနန္ဒင္ညဳိနဲ႔ အာဂ်င္တီးနားသား ေအာ့တာမန္ဒီတုိ႔ရဲ႕ ေျခစြမ္းေတြကလည္း အသင္းငယ္ေတြမွာသာ ကစားသင့္တဲ့ ေျခစြမ္းေတြ ျဖစ္ေနတာေၾကာင့္ ရွဳံးခ်က္နာခဲ့ၿပီး အသင္းကို ထိန္းေက်ာင္းႏုိင္မယ့္သူတစ္ဦးကို အလိုရွိေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၂၀ ရက္ေန႔က အသက္ ၂၉ ႏွစ္ျပည့္ေျမာက္ခဲ့တဲ့ နာပုိလီလက္ေထာက္အသင္းေခါင္းေဆာင္အေနနဲ႔ အဂၤလိပ္စကားကို ေကာင္းေကာင္းေျပာဆုိႏုိင္တာကလည္း အားသာခ်က္တစ္ခုျဖစ္သလို ျပင္သစ္ပတ္စ္ပုိ႔ ကိုင္ေဆာင္ထားတဲ့သူတစ္ဦးအေနနဲ႔ ပရီးမီးယားလိဂ္မွာ အလုပ္လုပ္ခြင့္ပါမစ္ကိုလည္း အလြယ္တကူ ရရွိႏုိင္မွာျဖစ္ၿပီး ဗင္းဆင့္ ကြန္ပနီရဲ႕ ကြက္လပ္ကို ျဖည့္ဆည္းႏုိင္ဖို႔လည္း အလားလာအေကာင္းေတြကို ပုိင္ဆုိင္ထားတယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: နာပိုလီအသင်းရဲ့ ဝါရင့်နောက်ခံလူ ခါလီဒူး ကူလီဘေလီအနေနဲ့ လာမယ့်ရာသီကုန်မှာ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီနိုင်ခဲ့ပြီဖြစ်ပြီး နယူးကာဆယ်လ်ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သလို နည်းပြ ပက်ပ် ဂွါဒီယိုလာနဲ့ ပူးပေါင်းဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသင်းနဲ့အတူ ကိုပါအီတာလီယာဖလားကို ပူပူနွေးနွေးရရှိထားတဲ့ ကူလီဘေလီအတွက် ဈေးမလျှော့ဘူးလို့ ပြောထားတဲ့ နာပိုလီအသင်းပိုင်ရှင် အော်ရယ်လီယို ဒီလော်ရန်တီးစ်ကတော့ ဒီကိစ္စမှာ သဘောထား အနည်းငယ် ပျော့ပြောင်းခဲ့ပုံပေါ်ပြီး သူ့ရဲ့နောက်ခံလူကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ (ပေါင် ၇၂ သန်း)နဲ့ ရောင်းချဖို့ သဘောတူခဲ့တယ်လို့လည်း ဆိုပါတယ်။

အသက် ၂၉ နှစ်အရွယ် ဆီနီဂေါနောက်ခံလူကို မန်စီးတီးတို့နဲ့အပြိုင် ဆော်ဒီနဲ့ အမေရိကန်သူဌေးတစ်ဦးဦး လက်ထဲ ရောက်ဖို့ရှိနေတဲ့ နယူးကာဆယ်က ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကတော့ အစ်တီဟတ်မှာ နည်းပြ ဂွါဒီယိုလာနဲ့ တွဲကစားခွင့်ကို ရွေးချယ်ခဲ့ပြီး စပိန်အသင်းတွေနဲ့ ပီအက်စ်ဂျီကိုလည်း ပယ်ချခဲ့တယ်လို့ မွန်ဒို ဒီပေါ့တီဗိုက ထုတ်ပြန်ခဲ့ပါတယ်။

မန်စီးတီးအနေနဲ့ ခံစစ်ဗဟိုကစားသမားကောင်းတစ်ဦးကို မဖြစ်မနေလိုအပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာ နောက်ခံလူနေရာ ဝင်ကစားတဲ့ ဖာနန်ဒင်ညိုနဲ့ အာဂျင်တီးနားသား အော့တာမန်ဒီတို့ရဲ့ ခြေစွမ်းတွေကလည်း အသင်းငယ်တွေမှာသာ ကစားသင့်တဲ့ ခြေစွမ်းတွေ ဖြစ်နေတာကြောင့် ရှုံးချက်နာခဲ့ပြီး အသင်းကို ထိန်းကျောင်းနိုင်မယ့်သူတစ်ဦးကို အလိုရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က အသက် ၂၉ နှစ်ပြည့်မြောက်ခဲ့တဲ့ နာပိုလီလက်ထောက်အသင်းခေါင်းဆောင်အနေနဲ့ အင်္ဂလိပ်စကားကို ကောင်းကောင်းပြောဆိုနိုင်တာကလည်း အားသာချက်တစ်ခုဖြစ်သလို ပြင်သစ်ပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့သူတစ်ဦးအနေနဲ့ ပရီးမီးယားလိဂ်မှာ အလုပ်လုပ်ခွင့်ပါမစ်ကိုလည်း အလွယ်တကူ ရရှိနိုင်မှာဖြစ်ပြီး ဗင်းဆင့် ကွန်ပနီရဲ့ ကွက်လပ်ကို ဖြည့်ဆည်းနိုင်ဖို့လည်း အလားလာအကောင်းတွေကို ပိုင်ဆိုင်ထားတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.