Premier League

မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ဆက္စပ္သတင္းမ်ား တစ္ေန႔တာ စုစည္းမွဳ

ၿပီးခဲ့တဲ့ တနလၤာေန႔အတြက္ ရရွိခဲ့တဲ့ တစ္ေန႔တာအတြင္း မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ စုစည္းတင္ဆက္ေပးလုိက္ပါတယ္။

– ဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ ေဘာက္ဆင္းေဒးပြဲစဥ္ကတည္းက နားခဲ့ရတဲ့ စေကာ့တလန္ကြင္းလယ္လူ စေကာ့ မက္တြမ္မီေနးဟာ မာဘယ္လာမွာ ေဘာလံုးနဲ႔ တြဲဖက္လုပ္ေဆာင္တဲ့ ေလ့က်င့္ခန္းေတြကို စတင္ေနၿပီျဖစ္လို႔ ခ်ဲလ္ဆီးနဲ႔ အေ၀းကြင္းပြဲစဥ္မွာ ပါလာႏိုင္ေျခရွိေနပါတယ္။ မက္တြမ္မီေနးနဲ႔ အတူ ေနာက္ခံလူ အဲလက္စ္ တြမ္ဇန္ဘီလည္း ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီလို႔ သိရပါတယ္။

– မန္ခ်က္စတာယူႏိုက္တက္ကေန အင္တာမီလန္ကို ေဆာင္းရာသီအေျပာင္းအေရႊ႕ကာလမွာ ထြက္ခြာသြားခဲ့ၿပီးေနာက္ မီလန္ၿမဳိ႕မွာ ကစားရတဲ့ဘ၀ကို ႏွစ္သက္ေနၿပီလို႔ အသင္းေခါင္းေဆာင္ေဟာင္း အက္ရွ္ေလယန္းက ဖြင့္ဟလိုက္ပါတယ္။

– အင္တာမီလန္ကို အငွားခ်ထားတဲ့ ေတာင္ပံကစားသမား အလက္ဆစ္ ဆန္းခ်က္ဇ္ကို ရာသီကုန္ရင္ ျပန္ေခၚမယ္လို႔ နည္းျပဆိုးလ္ရွားက ေျပာထားေပမယ့္ တစ္ျခားတစ္ဖက္မွာေတာ့ အသင္းရဲ႕ တာဝန္ရွိသူေတြဟာ ဒီခ်ီလီကစားသမားကို ၀ယ္မယ့္အသင္းကို ရွာေဖြေနတယ္လို႔လည္း သတင္းထြက္ေနပါတယ္။

– မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မွဴး အိုဒီယြန္ အီဂါလိုဟာ အသင္းေဖာ္ေတြနဲ႔အတူ မာဘယ္လာကို မလိုက္သြားဘဲ မန္ခ်က္စတာၿမိဳ႕မွာပဲ က်န္ခဲ့ေပမယ့္ ကလပ္ဘ႐ုဂ်္နဲ႔ ယူရိုပါလိဂ္အေ၀းကြင္းပြဲစဥ္မွာ အသင္းလူစာရင္းထဲ ပထမဆံုးအႀကိမ္ ပါ၀င္လာႏိုင္ဖြယ္ရွိေနပါတယ္။

– ေျခခ်င္း၀တ္ဒဏ္ရာကို ခြဲစိတ္ကုသမႈခံယူခဲ့ၿပီးေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ Protective Boot အကာအကြယ္မပါဘဲ ေလ့က်င့္ခန္း ျပန္ဆင္းႏိုင္တဲ့ပံုေတြကို အင္စတာဂရမ္မွာ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာက တင္ခဲ့ပါတယ္။ ေပါ့ဘာဟာ မာဘယ္လာေလ့က်င့္ေရးစခန္းကို မလုိက္သြားဘဲ ဒူဘိုင္းကိုသြားေရာက္ၿပီး တစ္ကိုယ္ေတာ္ေလ့က်င့္ေနတာျဖစ္ေၾကာင္း သိရပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ တနင်္လာနေ့အတွက် ရရှိခဲ့တဲ့ တစ်နေ့တာအတွင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

– ဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ် ဘောက်ဆင်းဒေးပွဲစဉ်ကတည်းက နားခဲ့ရတဲ့ စကော့တလန်ကွင်းလယ်လူ စကော့ မက်တွမ်မီနေးဟာ မာဘယ်လာမှာ ဘောလုံးနဲ့ တွဲဖက်လုပ်ဆောင်တဲ့ လေ့ကျင့်ခန်းတွေကို စတင်နေပြီဖြစ်လို့ ချဲလ်ဆီးနဲ့ အဝေးကွင်းပွဲစဉ်မှာ ပါလာနိုင်ခြေရှိနေပါတယ်။ မက်တွမ်မီနေးနဲ့ အတူ နောက်ခံလူ အဲလက်စ် တွမ်ဇန်ဘီလည်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီလို့ သိရပါတယ်။

– မန်ချက်စတာယူနိုက်တက်ကနေ အင်တာမီလန်ကို ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ထွက်ခွာသွားခဲ့ပြီးနောက် မီလန်မြို့မှာ ကစားရတဲ့ဘဝကို နှစ်သက်နေပြီလို့ အသင်းခေါင်းဆောင်ဟောင်း အက်ရှ်လေယန်းက ဖွင့်ဟလိုက်ပါတယ်။

– အင်တာမီလန်ကို အငှားချထားတဲ့ တောင်ပံကစားသမား အလက်ဆစ် ဆန်းချက်ဇ်ကို ရာသီကုန်ရင် ပြန်ခေါ်မယ်လို့ နည်းပြဆိုးလ်ရှားက ပြောထားပေမယ့် တစ်ခြားတစ်ဖက်မှာတော့ အသင်းရဲ့ တာဝန်ရှိသူတွေဟာ ဒီချီလီကစားသမားကို ဝယ်မယ့်အသင်းကို ရှာဖွေနေတယ်လို့လည်း သတင်းထွက်နေပါတယ်။

– မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အိုဒီယွန် အီဂါလိုဟာ အသင်းဖော်တွေနဲ့အတူ မာဘယ်လာကို မလိုက်သွားဘဲ မန်ချက်စတာမြို့မှာပဲ ကျန်ခဲ့ပေမယ့် ကလပ်ဘရုဂျ်နဲ့ ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်မှာ အသင်းလူစာရင်းထဲ ပထမဆုံးအကြိမ် ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။

– ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် Protective Boot အကာအကွယ်မပါဘဲ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တဲ့ပုံတွေကို အင်စတာဂရမ်မှာ ကွင်းလယ်လူ ပေါလ် ပေါ့ဘာက တင်ခဲ့ပါတယ်။ ပေါ့ဘာဟာ မာဘယ်လာလေ့ကျင့်ရေးစခန်းကို မလိုက်သွားဘဲ ဒူဘိုင်းကိုသွားရောက်ပြီး တစ်ကိုယ်တော်လေ့ကျင့်နေတာဖြစ်ကြောင်း သိရပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.