La Liga

ဇာဗီအလိုချင်ဆုံး တိုက်စစ်မှူးကို ခေါ်နိုင်ခဲ့ပြီးနောက် ရော်နယ်လ်ဒင်ညိုလို စီမံကိန်းထပ်လုပ်ချင်နေတဲ့ လာပေါ်တာ

ဘာစီလိုနာအသင်းဟာ မန်ချက်စတာစီးတီးတိုက်စစ်မှူး ဖာရန် တောရက်စ်ကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် တနင်္လာနေ့ နူးကမ့်မှာ ကစားသမားသစ် မိတ်ဆက်ပွဲ ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာအနေနဲ့ ဖာရန် တောရက်စ်အတွက် အရစ်ကျ ငွေပေးချေမှုအနေနဲ့ ကနဦး ပေါင် ၄၆.၇ သန်း ပေးချေသွားရမှာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းကတော့ ၎င်းတို့ရဲ့ တိုက်စစ်ရွေးချယ်စရာဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူး မပါဝင်ဘဲ ရှေ့ဆက်သွားတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာဟာ နည်းပြ ဇာဗီအတွက် မရှိမဖြစ်လိုအပ်နေတဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာကို ပထမဆုံးအကြိမ် ဥက္ကဌအဖြစ် တာဝန်ယူခဲ့တုန်းက ရော်နယ်လ်ဒင်ညို စီမံကိန်းအတိုင်း နောက်ထပ် ကစားသမားတစ်ဦးကို ဆက်လက်ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

လာပေါ်တာဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ အထိ ဘာစီလိုနာအသင်းဥက္ကဌအဖြစ် တာဝန်ယူခဲ့စဉ်တုန်းက ဘရာဇီးလ်ဂန္တဝင် ဖြစ်လာမယ့် ရော်နယ်လ်ဒင်ညိုကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်ဟောင်းဟာ ကတ်တလန်ထိပ်သီးအသင်းအတွက် လာလီဂါဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရရှိအောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။

အသက် ၅၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လာပေါ်တာဟာ အသင်းရဲ့ ဥက္ကဌအဖြစ် ဒုတိယအကြိမ် တာဝန်ယူရချိန်မှာလည်း အလားအတူ အပြောင်းအရွှေ့ကို လုပ်ဆောင်ချင်နေပြီး ၎င်းရဲ့ပစ်မှတ်အဖြစ် ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို သတ်မှတ်ထားခဲ့တယ်လို့ သိရပါတယ်။

စပိန်ဂျာနယ်လစ် ဂျရတ် ရိုမယ်ရိုရဲ့ ပြောကြားချက်အရ လာပေါ်တာဟာ ဟာဇက်ကို ခေါ်ယူဖို့ အကြံအစည်နဲ့ပတ်သက်ပြီး ရူးသွပ်နေတယ်လို့ သိရပြီး အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးဟာ ၎င်းရဲ့ ပထမဆုံး ရော်နယ်လ်ဒင်ညို စီမံကိန်းလို ဖြစ်လာစေချင်နေတာဖြစ်ပါတယ်။ လာပေါ်တာဟာ ဒေါ့မွန်ကြယ်ပွင့်ရဲ့ အေးဂျင့်ဖြစ်သူ မီနို ရိုင်ယိုလာနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသူဖြစ်တာကြောင့် ဟာလန်းကို ခေါ်ယူနိုင်ဖို့အတွက် အခြေအနေကောင်းမှာ ရှိနေတယ်လို့ ရိုမယ်ရိုက ဆက်လက် ပြောကြားခဲ့ပါတယ်။

ဟာလန်းအတွက်ကလည်း နောက်ထပ် ပြောင်းရွှေ့မယ့်အသင်းသစ်မှာ ခေါင်းဆောင်တစ်ဦး ဖြစ်ချင်နေပြီး အဲဒီစိတ်ကူးကိုလည်း ၎င်းအတွက် ယခုရာသီကုန်မှာ ဖြစ်နိုင်ခြေရှိနေတဲ့ အပြောင်းအရွှေ့ ပြုလုပ်ပေးမယ့် အေးဂျင့် ရိုင်ယိုလာ သိအောင် အသိပေးထားတာဖြစ်ပါတယ်။

ဒ့ါအပြင် ဟာလန်းဟာ ပရီးမီးယားလိဂ်ထက် လာလီဂါကို ပိုမို ပြောင်းရွှေ့ချင်နေပြီး စပိန်လိဂ်ကို အလွန်နှစ်သက်သူဖြစ်တယ်လို့ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဂျန်လူကာ ဒီ မာဇီယိုရဲ့ ပြောကြားချက်အရ သိရပါတယ်။ “သူက ပရီးမီးယားလိဂ်ကို အရမ်းမကြိုက်ပါဘူး။ အဲဒါက သူ့ရဲ့ အိပ်မက်လည်း မဟုတ်ဘူး။ ပရီးမီးယားလိဂ်က အခုအချိန်မှာ ပြီးပြည့်စုံတဲ့လိဂ်လည်း မဟုတ်ပါဘူး”

“သူက လာလီဂါကို ပိုနှစ်သက်တယ်။ သူက လာလီဂါကို အရမ်းနှစ်သက်ပါတယ်။ အဲဒီတော့ သူ့ရဲ့ အတွေးထဲမှာ အခု လာလီဂါက ကစားဖို့အတွက် ပြီးပြည့်စုံတဲ့ပြိုင်ပွဲဖြစ်နေမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါမှမဟုတ် လက်ရှိ သူကစားနေတဲ့ ဘွန်ဒက်စ်လီဂါကပေါ့။ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာကပဲ သူ့ကို ခေါ်ယူနိုင်မှာပါ။ ဘာလို့လဲဆိုတော့ သူ အက်သလက်တီကို မက်ဒရစ် ဒါမှမဟုတ် တခြားကလပ်တွေကို သူ မသွားနိုင်လို့ပါ။ ဘာလို့လဲဆိုတော့ သူ စကားတဲ့အချိန်တုန်းက သူ့ရဲ့အေးဂျင့်ကို ရီးရဲလ်ကို ပြောင်းရဖို့ ကြိုးပမ်းပေးဖို့ ပြောခဲ့လို့ပါ။ ရီးရဲလ်မဟုတ်ရင် ဘာစီလိုနာ၊ ဘာစီလိုနာမဟုတ်ရင် ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက် အစရှိသဖြင့် အသင်းတွေကို သူ ပြောခဲ့လို့ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာအသင္းဟာ မန္ခ်က္စတာစီးတီးတိုက္စစ္မႉး ဖာရန္ ေတာရက္စ္ကို ေပါင္ ၅၅ သန္းနဲ႔ ေခၚယူနိုင္ခဲ့ၿပီျဖစ္ၿပီး လာမယ့္ တနလၤာေန႔ ႏူးကမ့္မွာ ကစားသမားသစ္ မိတ္ဆက္ပြဲ ျပဳလုပ္သြားေတာ့မွာျဖစ္ပါတယ္။

ဘာစီလိုနာအေနနဲ႔ ဖာရန္ ေတာရက္စ္အတြက္ အရစ္က် ေငြေပးေခ်မႈအေနနဲ႔ ကနဦး ေပါင္ ၄၆.၇ သန္း ေပးေခ်သြားရမွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းကေတာ့ ၎တို႔ရဲ့ တိုက္စစ္ေရြးခ်ယ္စရာျဖစ္တဲ့ အသက္ ၂၁ ႏွစ္အရြယ္တိုက္စစ္မႉး မပါဝင္ဘဲ ေရွ႕ဆက္သြားေတာ့မွာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဥကၠဌ လာေပၚတာဟာ နည္းၿပ ဇာဗီအတြက္ မရွိမျဖစ္လိုအပ္ေနတဲ့ တိုက္စစ္မႉးတစ္ဦးကို ေခၚယူနိုင္ခဲ့ၿပီးေနာက္ ဘာစီလိုနာကို ပထမဆုံးအႀကိမ္ ဥကၠဌအျဖစ္ တာဝန္ယူခဲ့တုန္းက ေရာ္နယ္လ္ဒင္ညိဳ စီမံကိန္းအတိုင္း ေနာက္ထပ္ ကစားသမားတစ္ဦးကို ဆက္လက္ႀကိဳးပမ္းသြားမယ္လို႔ သိရပါတယ္။

လာေပၚတာဟာ ၂၀၀၃ ခုႏွစ္ကေန ၂၀၁၀ အထိ ဘာစီလိုနာအသင္းဥကၠဌအျဖစ္ တာဝန္ယူခဲ့စဥ္တုန္းက ဘရာဇီးလ္ဂႏၲဝင္ ျဖစ္လာမယ့္ ေရာ္နယ္လ္ဒင္ညိဳကို ေခၚယူနိုင္ခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္ေဟာင္းဟာ ကတ္တလန္ထိပ္သီးအသင္းအတြက္ လာလီဂါဖလား ၂ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္ ရရွိေအာင္ ကူညီေပးခဲ့သူျဖစ္ပါတယ္။

အသက္ ၅၉ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ လာေပၚတာဟာ အသင္းရဲ့ ဥကၠဌအျဖစ္ ဒုတိယအႀကိမ္ တာဝန္ယူရခ်ိန္မွာလည္း အလားအတူ အေျပာင္းအေရႊ႕ကို လုပ္ေဆာင္ခ်င္ေနၿပီး ၎ရဲ့ပစ္မွတ္အျဖစ္ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းကို သတ္မွတ္ထားခဲ့တယ္လို႔ သိရပါတယ္။

စပိန္ဂ်ာနယ္လစ္ ဂ်ရတ္ ရိုမယ္ရိုရဲ့ ေျပာၾကားခ်က္အရ လာေပၚတာဟာ ဟာဇက္ကို ေခၚယူဖို႔ အႀကံအစည္နဲ႔ပတ္သက္ၿပီး ႐ူးသြပ္ေနတယ္လို႔ သိရၿပီး အသက္ ၂၁ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ၎ရဲ့ ပထမဆုံး ေရာ္နယ္လ္ဒင္ညိဳ စီမံကိန္းလို ျဖစ္လာေစခ်င္ေနတာျဖစ္ပါတယ္။ လာေပၚတာဟာ ေဒါ့မြန္ၾကယ္ပြင့္ရဲ့ ေအးဂ်င့္ျဖစ္သူ မီနို ရိုင္ယိုလာနဲ႔ အလြန္ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိသူျဖစ္တာေၾကာင့္ ဟာလန္းကို ေခၚယူနိုင္ဖို႔အတြက္ အေျခအေနေကာင္းမွာ ရွိေနတယ္လို႔ ရိုမယ္ရိုက ဆက္လက္ ေျပာၾကားခဲ့ပါတယ္။

ဟာလန္းအတြက္ကလည္း ေနာက္ထပ္ ေျပာင္းေရႊ႕မယ့္အသင္းသစ္မွာ ေခါင္းေဆာင္တစ္ဦး ျဖစ္ခ်င္ေနၿပီး အဲဒီစိတ္ကူးကိုလည္း ၎အတြက္ ယခုရာသီကုန္မွာ ျဖစ္နိုင္ေျခရွိေနတဲ့ အေျပာင္းအေရႊ႕ ျပဳလုပ္ေပးမယ့္ ေအးဂ်င့္ ရိုင္ယိုလာ သိေအာင္ အသိေပးထားတာျဖစ္ပါတယ္။

ဒ့ါအျပင္ ဟာလန္းဟာ ပရီးမီးယားလိဂ္ထက္ လာလီဂါကို ပိုမို ေျပာင္းေရႊ႕ခ်င္ေနၿပီး စပိန္လိဂ္ကို အလြန္ႏွစ္သက္သူျဖစ္တယ္လို႔ အေျပာင္းအေရႊ႕အထူးကၽြမ္းက်င္သူ ဂ်န္လူကာ ဒီ မာဇီယိုရဲ့ ေျပာၾကားခ်က္အရ သိရပါတယ္။ “သူက ပရီးမီးယားလိဂ္ကို အရမ္းမႀကိဳက္ပါဘူး။ အဲဒါက သူ႔ရဲ့ အိပ္မက္လည္း မဟုတ္ဘူး။ ပရီးမီးယားလိဂ္က အခုအခ်ိန္မွာ ၿပီးျပည့္စုံတဲ့လိဂ္လည္း မဟုတ္ပါဘူး”

“သူက လာလီဂါကို ပိုႏွစ္သက္တယ္။ သူက လာလီဂါကို အရမ္းႏွစ္သက္ပါတယ္။ အဲဒီေတာ့ သူ႔ရဲ့ အေတြးထဲမွာ အခု လာလီဂါက ကစားဖို႔အတြက္ ၿပီးျပည့္စုံတဲ့ၿပိဳင္ပြဲျဖစ္ေနမယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ဒါမွမဟုတ္ လက္ရွိ သူကစားေနတဲ့ ဘြန္ဒက္စ္လီဂါကေပါ့။ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာကပဲ သူ႔ကို ေခၚယူနိုင္မွာပါ။ ဘာလို႔လဲဆိုေတာ့ သူ အက္သလက္တီကို မက္ဒရစ္ ဒါမွမဟုတ္ တျခားကလပ္ေတြကို သူ မသြားနိုင္လို႔ပါ။ ဘာလို႔လဲဆိုေတာ့ သူ စကားတဲ့အခ်ိန္တုန္းက သူ႔ရဲ့ေအးဂ်င့္ကို ရီးရဲလ္ကို ေျပာင္းရဖို႔ ႀကိဳးပမ္းေပးဖို႔ ေျပာခဲ့လို႔ပါ။ ရီးရဲလ္မဟုတ္ရင္ ဘာစီလိုနာ၊ ဘာစီလိုနာမဟုတ္ရင္ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူနိုက္တက္ အစရွိသျဖင့္ အသင္းေတြကို သူ ေျပာခဲ့လို႔ ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.