La Liga Premier League

၂၀၁၅ တုန်းက အောင်မြင်မှုရမယ်လို့ ရော်နယ်လ်ဒို ခန့်မှန်းထားတဲ့ ကစားသမား ၅ ဦး ဘာဖြစ်နေကြပြီလဲ

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အဓိကပြိုင်ဘက် လီယွန်နယ် မက်ဆီရဲ့ ဘလွန်ဒေါ ၇ ဆုကို လိုက်မီဖို့ မဖြစ်နိုင်တော့ပေမယ့်လည်း ဘောလုံးသမိုင်းမှာ ဘယ်သူမှ ယှဉ်ပြိုင်လို့ မရနိုင်တဲ့ အမွေအနှစ်တွေ ချန်ထားရစ်ခဲ့ပြီဆိုတာ သေချာပါတယ်။

ဒါပေမယ့်လည်း အမြဲတမ်း ပရိသတ်တွေကြားမှာ အားကစားလောကရဲ့ နောက်ထပ်ကြီးမားတဲ့ ကြယ်ပွင့်တွေက ဘယ်သူဖြစ်မလဲဆိုတာ ငြင်းခုံမှုတွေက ရှိနေတာဖြစ်ပြီး ၂၀၁၅ ခုနှစ်တုန်းက ရော်နယ်လ်ဒိုကိုယ်တိုင် ကြီးမားတဲ့အောင်မြင်မှုတွေ ရနိုင်တဲ့ အလားအလာများစွာရှိတဲ့ ကစားသမားတွေက ဘယ်သူတွေလဲလို့ မေးမြန်းခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက အာလင်း ဟာလန်းနဲ့ အမ်ဘာပေတို့ မပေါ်သေးတာကြောင့် ရော်နယ်လ်ဒိုက ၎င်းရဲ့ မျက်စိထဲမြင်တဲ့ ပါရမီရှင် ကစားသမား ၅ ဦးကိုပဲ ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား အလားအလာတွေရှိတဲ့ ကစားသမားအများကြီးကို မြင်မှာပါ။ ကျွန်တော်ကတော့ ဥပမာအနေနဲ့ မက်ဒရစ်က မာတင် အိုဒီဂွါဒ်လို့ ပြောရလိမ့်မယ်။ သူက အသက် ၁၆ နှစ်ပဲရှိသေးပြီး အရမ်းငယ်ရွယ်သေးပေမယ့် သူက အရမ်းကောင်းတဲ့ကစားသမားဆိုတာ ခင်ဗျား မြင်နိုင်ပါတယ်။ အီဒင် ဟာဇက်ကလည်း နောက်ထပ် ဥပမာတစ်ခုဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ မန်းဖစ် ဒီပိုင်းကလည်း ကစားသမားကောင်းပါပဲ။ ပြီးတော့ ပေါ့ဂ်ဘာနဲ့ နေမာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ အဲဒီစကားတွေကို ပြောခဲ့တာဟာ ၇ နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပြီး အဲဒီကစားသမားတွေ ဒီနေ့မှာ ဘာတွေဖြစ်နေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အီဒင် ဟာဇက်

၂၀၁၉ ခုနှစ် ဇွန်လမှာ ဘယ်လ်ဂျီယမ်တောင်ပံကြယ်ပွင့် အီဒင် ဟာဇက်ဟာ ချဲလ်ဆီးကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေ၊ ခြေစွမ်းတည်ငြိမ်မှု ရရှိဖို့ ရုန်းကန်နေရတာတွေကြောင့် ဟာဇက်ဟာ ဘာနေဗျူးမှာ ရှိနေခဲ့တဲ့ ၂ ရာသီခွဲအတွင်း လာလီဂါပွဲစဉ် ၄၂ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ပြီး လာလီဂါသွင်းဂိုး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဟာ အသက် ၃၀ အရွယ် တောင်ပံကစားသမားအနေနဲ့ အသင်းပြောင်းရွှေ့သွားမယ်ဆိုရင်တောင် စိတ်ပျက်ကြမှာ မဟုတ်တော့ပါဘူး။

မာတင် အိုဒီဂွါဒ်

ရော်နယ်လ်ဒို ရွေးချယ်ပေးခဲ့တဲ့ နောက်ထပ်ကစားသမားဖြစ်တဲ့ မာတင် အိုဒီဂွါဒ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကို ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်ကို ပြောင်းရွှေ့ပြီးကတည်းက တောက်ပနေခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာနေတယ်ဆိုတာ ငြင်းစရာမရှိဘဲ နော်ဝေကွင်းလယ်ကြယ်ပွင့်ဟာ မြောက်လန်ဒန်မှာ အဓိက ကစားသမားအဖြစ် တစ်နေရာ အခိုင်အမာ ရရှိထားပြီးလည်း ဖြစ်ပါတယ်။ ယခုရာသီ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲပါဝင်ကစားပေးထားတာက ရီးရဲလ်မက်ဒရစ်မှာ ရှိနေခဲ့တဲ့ ၅ ရာသီလုံးမှာ ကစားခဲ့ရတဲ့ပွဲအရေအတွက်နဲ့ယှဉ်ရင် ၂ ဆ ကျော်ပိုမိုများပြားနေတာဖြစ်ပါတယ်။

မန်းဖစ် ဒီပိုင်း

မန်းဖစ် ဒီပိုင်းနဲ့ပတ်သက်ပြီး ရော်နယ်လ်ဒို ဟောကိန်း ထုတ်ခဲ့တဲ့အချိန်တုန်းက အိုးထရက်ဖို့ဒ်မှာ ဒတ်ချ်တောင်ပံကစားသမားနဲ့ပတ်သက်ပြီး ကြီးမားတဲ့ မျှော်မှန်းချက်တွေရှိခဲ့မယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ထင်သလို ဖြစ်မလာခဲ့ဘဲ မန်းဖစ် ဒီပိုင်းဟာ မန်ချက်စတာယူနိုက်တက်အတွက် ၅၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၈ ဂိုးသွင်းယူပေးခဲ့ပြီးနောက် အသင်းနဲ့ လမ်းခွဲသွားခဲ့ပါတယ်။ ဒတ်ချ်ကွင်းလယ်ကစားသမားဟာ လိုင်ယွန်အသင်းကို ပြောင်းရွှေ့ပြီး ၎င်းရဲ့ ကစားသမားဘဝကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။ လိုင်ယွန်ကြယ်ပွင့်ဟောင်းဟာ လာလီဂါ ၁၅ ပွဲမှာ ၈ ဂိုးသွင်းယူထားတာက မဆိုးဘူးလို့ ပြောရမှာဖြစ်ပေမယ့်လည်း ရော်နယ်လ်ဒို ခန့်မှန်းထားတဲ့အတိုင်းတော့ ဖြစ်မလာခဲ့ဘူးလို့ ပြောရမှာဖြစ်ပါတယ်။

ပေါလ် ပေါ့ဂ်ဘာ

ရော်နယ်လ်ဒို အင်တာဗျူးဖြေတဲ့အချိန်တုန်းက ဂျူဗင်တပ်ကစားသမားဖြစ်နေပေမယ့်လည်း ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ဟာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၁၀၅ သန်းနဲ့ အိုးထရက်ဖို့ဒ်ကို ပြန်လည် ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီအချိန်ကနေ လက်ရှိအချိန်အထိ ၆ နှစ်နီးပါး အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့တဲ့ ကာလအတွင်း ၎င်းရဲ့ အလွန်ထက်မြက်တဲ့ စွမ်းရည်အချို့ကို ပြသခဲ့တယ်ဆိုပေမယ့်လည်း ယူနိုက်တက်အတွက် တသမတ်တည်း ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ရဲ့ စာချုပ်သက်တမ်းဟာ လာမယ့် နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ပေါ့ဂ်ဘာရဲ့အနာဂတ်ဟာ အိုးထရက်ဖို့ဒ်မှာ မရှိတော့တာက သေချာနေပါတယ်။

နေမာ

အသက် ၂၉ နှစ်အရွယ် ဘရာဇီးလ်ကြယ်ပွင့်ဟာ လွန်ခဲ့တဲ့ ၇ နှစ်ကျော်လောက်ကတည်းက ထိပ်တန်းအဆင့်မှာ ၎င်းရဲ့ ကြီးမားတဲ့ အရည်အချင်းကို ပြသနေခဲ့သူဖြစ်ပါတယ်။ ပထမဆုံး ဘာစီလိုနာအတွက် ပြသခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းမှာလည်း ဆက်လက်ပြသနေခဲ့သူဖြစ်ပြီး နေမာအနေနဲ့ ဆုဖလားတွေ အများအပြားရရှိခဲ့တယ်ဆိုပေမယ့်လည်း ဘလွန်ဒေါအဆင့်သတ်မှတ်ချက်မှာ အကောင်းဆုံးရပ်တည်နိုင်ခဲ့တာကတော့ တတိယနေရာ(၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်)သာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးရဲ့ ခြေစွမ်းဟာ သံသယရှိစရာမဟုတ်ပေမယ့်လည်း ရော်နယ်လ်ဒို ဟောကိန်းထုတ်ခဲ့တဲ့ အလားအလာအတိုင်းတော့ ဖြစ်မြောက်လာခြင်းမရှိခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ ကစားသမားတစ်ဦးလို့ ဆိုရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ အဓိကၿပိဳင္ဘက္ လီယြန္နယ္ မက္ဆီရဲ့ ဘလြန္ေဒါ ၇ ဆုကို လိုက္မီဖို႔ မျဖစ္နိုင္ေတာ့ေပမယ့္လည္း ေဘာလုံးသမိုင္းမွာ ဘယ္သူမွ ယွဥ္ၿပိဳင္လို႔ မရနိုင္တဲ့ အေမြအႏွစ္ေတြ ခ်န္ထားရစ္ခဲ့ၿပီဆိုတာ ေသခ်ာပါတယ္။

ဒါေပမယ့္လည္း အျမဲတမ္း ပရိသတ္ေတြၾကားမွာ အားကစားေလာကရဲ့ ေနာက္ထပ္ႀကီးမားတဲ့ ၾကယ္ပြင့္ေတြက ဘယ္သူျဖစ္မလဲဆိုတာ ျငင္းခုံမႈေတြက ရွိေနတာျဖစ္ၿပီး ၂၀၁၅ ခုႏွစ္တုန္းက ေရာ္နယ္လ္ဒိုကိုယ္တိုင္ ႀကီးမားတဲ့ေအာင္ျမင္မႈေတြ ရနိုင္တဲ့ အလားအလာမ်ားစြာရွိတဲ့ ကစားသမားေတြက ဘယ္သူေတြလဲလို႔ ေမးျမန္းျခင္းခံခဲ့ရပါတယ္။ အဲဒီအခ်ိန္တုန္းက အာလင္း ဟာလန္းနဲ႔ အမ္ဘာေပတို႔ မေပၚေသးတာေၾကာင့္ ေရာ္နယ္လ္ဒိုက ၎ရဲ့ မ်က္စိထဲျမင္တဲ့ ပါရမီရွင္ ကစားသမား ၅ ဦးကိုပဲ ေရြးခ်ယ္ေပးခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား အလားအလာေတြရွိတဲ့ ကစားသမားအမ်ားႀကီးကို ျမင္မွာပါ။ ကၽြန္ေတာ္ကေတာ့ ဥပမာအေနနဲ႔ မက္ဒရစ္က မာတင္ အိုဒီဂြါဒ္လို႔ ေျပာရလိမ့္မယ္။ သူက အသက္ ၁၆ ႏွစ္ပဲရွိေသးၿပီး အရမ္းငယ္ရြယ္ေသးေပမယ့္ သူက အရမ္းေကာင္းတဲ့ကစားသမားဆိုတာ ခင္ဗ်ား ျမင္နိုင္ပါတယ္။ အီဒင္ ဟာဇက္ကလည္း ေနာက္ထပ္ ဥပမာတစ္ခုျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္ရဲ့ ေက်ာနံပါတ္ ၇ မန္းဖစ္ ဒီပိုင္းကလည္း ကစားသမားေကာင္းပါပဲ။ ၿပီးေတာ့ ေပါ့ဂ္ဘာနဲ႔ ေနမာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ အဲဒီစကားေတြကို ေျပာခဲ့တာဟာ ၇ ႏွစ္နီးပါး ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး အဲဒီကစားသမားေတြ ဒီေန႔မွာ ဘာေတြျဖစ္ေနလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

အီဒင္ ဟာဇက္

၂၀၁၉ ခုႏွစ္ ဇြန္လမွာ ဘယ္လ္ဂ်ီယမ္ေတာင္ပံၾကယ္ပြင့္ အီဒင္ ဟာဇက္ဟာ ခ်ဲလ္ဆီးကေန ရီးရဲလ္မက္ဒရစ္အသင္းကို ကနဦးေျပာင္းေရႊ႕ေၾကး ယူရိုသန္း ၁၀၀ နဲ႔ ေျပာင္းေရႊ႕ခဲ့ပါတယ္။ ဒဏ္ရာျပႆနာေတြ၊ ေျခစြမ္းတည္ၿငိမ္မႈ ရရွိဖို႔ ႐ုန္းကန္ေနရတာေတြေၾကာင့္ ဟာဇက္ဟာ ဘာေနဗ်ဴးမွာ ရွိေနခဲ့တဲ့ ၂ ရာသီခြဲအတြင္း လာလီဂါပြဲစဥ္ ၄၂ ပြဲသာ ပါဝင္ကစားေပးနိုင္ခဲ့ၿပီး လာလီဂါသြင္းဂိုး ၄ ဂိုးသာ သြင္းယူနိုင္ခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ပရိသတ္ေတြဟာ အသက္ ၃၀ အရြယ္ ေတာင္ပံကစားသမားအေနနဲ႔ အသင္းေျပာင္းေရႊ႕သြားမယ္ဆိုရင္ေတာင္ စိတ္ပ်က္ၾကမွာ မဟုတ္ေတာ့ပါဘူး။

မာတင္ အိုဒီဂြါဒ္

ေရာ္နယ္လ္ဒို ေရြးခ်ယ္ေပးခဲ့တဲ့ ေနာက္ထပ္ကစားသမားျဖစ္တဲ့ မာတင္ အိုဒီဂြါဒ္ဟာ ရီးရဲလ္မက္ဒရစ္မွာ ခက္ခဲၾကမ္းတမ္းတဲ့ အခ်ိန္ေတြကို ရင္ဆိုင္ခဲ့ရၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ အာဆင္နယ္ကို ေျပာင္းေရႊ႕ၿပီးကတည္းက ေတာက္ပေနခဲ့တာျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ကစားသမားဟာ ကမၻာေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာေနတယ္ဆိုတာ ျငင္းစရာမရွိဘဲ ေနာ္ေဝကြင္းလယ္ၾကယ္ပြင့္ဟာ ေျမာက္လန္ဒန္မွာ အဓိက ကစားသမားအျဖစ္ တစ္ေနရာ အခိုင္အမာ ရရွိထားၿပီးလည္း ျဖစ္ပါတယ္။ ယခုရာသီ အာဆင္နယ္အတြက္ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၇ ပြဲပါဝင္ကစားေပးထားတာက ရီးရဲလ္မက္ဒရစ္မွာ ရွိေနခဲ့တဲ့ ၅ ရာသီလုံးမွာ ကစားခဲ့ရတဲ့ပြဲအေရအတြက္နဲ႔ယွဥ္ရင္ ၂ ဆ ေက်ာ္ပိုမိုမ်ားျပားေနတာျဖစ္ပါတယ္။

မန္းဖစ္ ဒီပိုင္း

မန္းဖစ္ ဒီပိုင္းနဲ႔ပတ္သက္ၿပီး ေရာ္နယ္လ္ဒို ေဟာကိန္း ထုတ္ခဲ့တဲ့အခ်ိန္တုန္းက အိုးထရက္ဖို႔ဒ္မွာ ဒတ္ခ်္ေတာင္ပံကစားသမားနဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့ ေမၽွာ္မွန္းခ်က္ေတြရွိခဲ့မယ္ဆိုတာ ရွင္းပါတယ္။ ဒါေပမယ့္ ထင္သလို ျဖစ္မလာခဲ့ဘဲ မန္းဖစ္ ဒီပိုင္းဟာ မန္ခ်က္စတာယူနိုက္တက္အတြက္ ၅၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၈ ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ အသင္းနဲ႔ လမ္းခြဲသြားခဲ့ပါတယ္။ ဒတ္ခ်္ကြင္းလယ္ကစားသမားဟာ လိုင္ယြန္အသင္းကို ေျပာင္းေရႊ႕ၿပီး ၎ရဲ့ ကစားသမားဘဝကို ျပန္လည္အသက္သြင္းနိုင္ခဲ့ၿပီးေနာက္ ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕နိုင္ခဲ့ပါတယ္။ လိုင္ယြန္ၾကယ္ပြင့္ေဟာင္းဟာ လာလီဂါ ၁၅ ပြဲမွာ ၈ ဂိုးသြင္းယူထားတာက မဆိုးဘူးလို႔ ေျပာရမွာျဖစ္ေပမယ့္လည္း ေရာ္နယ္လ္ဒို ခန႔္မွန္းထားတဲ့အတိုင္းေတာ့ ျဖစ္မလာခဲ့ဘူးလို႔ ေျပာရမွာျဖစ္ပါတယ္။

ေပါလ္ ေပါ့ဂ္ဘာ

ေရာ္နယ္လ္ဒို အင္တာဗ်ဴးေျဖတဲ့အခ်ိန္တုန္းက ဂ်ဴဗင္တပ္ကစားသမားျဖစ္ေနေပမယ့္လည္း ျပင္သစ္ကြင္းလယ္ၾကယ္ပြင့္ဟာ ၂၀၁၆ ခုႏွစ္မွာ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူရို ၁၀၅ သန္းနဲ႔ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ ေျပာင္းေရႊ႕ခဲ့ပါတယ္။ အဲဒီအခ်ိန္ကေန လက္ရွိအခ်ိန္အထိ ၆ ႏွစ္နီးပါး အိုးထရက္ဖို႔ဒ္မွာ ရွိေနခဲ့တဲ့ ကာလအတြင္း ၎ရဲ့ အလြန္ထက္ျမက္တဲ့ စြမ္းရည္အခ်ိဳ႕ကို ျပသခဲ့တယ္ဆိုေပမယ့္လည္း ယူနိုက္တက္အတြက္ တသမတ္တည္း ေျခစြမ္းျပသနိုင္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ ကြင္းလယ္ၾကယ္ပြင့္ရဲ့ စာခ်ဳပ္သက္တမ္းဟာ လာမယ့္ ေႏြရာသီမွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ေပါ့ဂ္ဘာရဲ့အနာဂတ္ဟာ အိုးထရက္ဖို႔ဒ္မွာ မရွိေတာ့တာက ေသခ်ာေနပါတယ္။

ေနမာ

အသက္ ၂၉ ႏွစ္အရြယ္ ဘရာဇီးလ္ၾကယ္ပြင့္ဟာ လြန္ခဲ့တဲ့ ၇ ႏွစ္ေက်ာ္ေလာက္ကတည္းက ထိပ္တန္းအဆင့္မွာ ၎ရဲ့ ႀကီးမားတဲ့ အရည္အခ်င္းကို ျပသေနခဲ့သူျဖစ္ပါတယ္။ ပထမဆုံး ဘာစီလိုနာအတြက္ ျပသခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီအသင္းမွာလည္း ဆက္လက္ျပသေနခဲ့သူျဖစ္ၿပီး ေနမာအေနနဲ႔ ဆုဖလားေတြ အမ်ားအျပားရရွိခဲ့တယ္ဆိုေပမယ့္လည္း ဘလြန္ေဒါအဆင့္သတ္မွတ္ခ်က္မွာ အေကာင္းဆုံးရပ္တည္နိုင္ခဲ့တာကေတာ့ တတိယေနရာ(၂၀၁၅ ခုႏွစ္နဲ႔ ၂၀၁၇ ခုႏွစ္)သာ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉးရဲ့ ေျခစြမ္းဟာ သံသယရွိစရာမဟုတ္ေပမယ့္လည္း ေရာ္နယ္လ္ဒို ေဟာကိန္းထုတ္ခဲ့တဲ့ အလားအလာအတိုင္းေတာ့ ျဖစ္ေျမာက္လာျခင္းမရွိခဲ့တာ ျဖစ္ေကာင္းျဖစ္နိုင္တဲ့ ကစားသမားတစ္ဦးလို႔ ဆိုရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.