Bundesliga Ligue1 Other Leagues

ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဖီဖာရဲ့ကမ္ဘာ့ဖလားအစီအစဉ်ကို ငြင်းပယ်ခဲ့တဲ့ အမ်ဘာပေနဲ့ လီဗန်ဒေါ့ဗ်စကီး

ခီလီယန် အမ်ဘာပေနဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးတို့ ၂ ဦးစလုံးဟာ ကမ္ဘာ့ဖလားကို ၂ နှစ်တစ်ခါ ကျင်းပဖို့ လုပ်ဆောင်နေတဲ့ ဖီဖာရဲ့ လှုပ်ရှားမှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

ဖီဖာက ဘောလုံးလောကရဲ့ အကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ ကမ္ဘာ့ဖလားကို ၄ နှစ်တစ်ကြိမ်ထက် ၂ နှစ်တစ်ကြိမ် ကျင်းပသွားဖို့အစီအစဉ်ကို တွန်းအားပေးလုပ်ဆောင်နေတာဖြစ်ပေမယ့် အဲဒီအဆိုပြုချက်ဟာ ကျယ်ကျယ်ပြန့်ပြန့် ငြင်းဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဖီဖာအကြီးအကဲတွေက ကမ္ဘာ့ဖလားကို ၂ နှစ်တစ်ကြိမ် ကျင်းပတာက လူငယ်မျိုးဆက် ပရိသတ်တွေ မြင်တွေ့ချင်မယ့် အရာဖြစ်တယ်လို့ ငြင်းခုံခဲ့ပြီး အဲဒီပြိုင်ပွဲကို မိတ်ဆက်ပြီး လူငယ်ပရိသတ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ထိန်းသိမ်းထားချင်တဲ့ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယနေ့ ကြယ်ပွင့်ကစားသမားတွေဟာ အဲဒီစိတ်ကူးကို ယုံကြည်ခြင်းမရှိဘဲ ဘောလုံးပြိုင်ပွဲရဲ့ နောက်ထပ် ထိပ်တန်းကစားသမား ၂ ဦးက အငြင်းပွားဖွယ် အကြံအစည်နဲ့ပတ်သက်ပြီး ဆန့်ကျင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ “၂ နှစ်တစ်ခါ ကမ္ဘာ့ဖလားကစားတာက ဒီပြိုင်ပွဲကို သာမန်ဖြစ်အောင် လုပ်သလိုဖြစ်မှာဖြစ်ပြီး အဲဒီလို မဖြစ်သင့်ပါဘူး။ တစ်ရာသီလုံးမှာ ကျွန်တော်တို့ တစ်နှစ်ကို ပွဲ ၆၀ လောက် ကစားရပါလိမ့်မယ်။ ယူရို၊ ကမ္ဘာ့ဖလား၊ နေးရှင်းလိဂ်တွေ ကျွန်တော်တို့ ကစားချင်ပေမယ့် အရမ်းများလွန်းပါတယ်”

“လူတွေက အရည်အသွေးကို မြင်ချင်တယ်ဆိုရင် ကျွန်တော်တို့ နည်းနည်းအနားယူဖို့ လိုအပ်မယ်လို့ ထင်ပါတယ်”လို့ အမ်ဘာပေက ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ပြောကြားခဲ့ပါတယ်။ လီဗန်ဒေါ့ဗ်စကီးကလည်း ကမ္ဘာ့ဖလားကို ၂ နှစ်တစ်ကြိမ် ကျင်းပဖို့ အစီအစဉ်အကြောင်း မေးမြန်းခံရချိန်မှာ အလားတူ ရပ်တည်ချက်မျိုးရှိပြီး ပွဲအရေအတွက် တိုးမြင့်လာခြင်းက ပြိုင်ပွဲတွေအားလုံးရဲ့ အဆင့်အတန်းကို ကျဆင်းစေလိမ့်မယ်လို့ ငြင်းခုံခဲ့ပါတယ်။

“ကျွန်တော်တို့ တစ်နှစ်မှာ ပွဲတွေ အများကြီး ကစားဖို့ ရှိပြီး အရမ်း အလုပ်များတဲ့ရက်သတ္တပတ်တွေ ရှိပါတယ်။ ခင်ဗျား ပရိသတ်တွေကို မတူညီတဲ့တစ်စုံတရာကို ပေးချင်တယ်ဆိုရင် ခင်ဗျား အနားရဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ရှေ့ကို ကြည့်ရမှာပါ။ တကယ်လို့ ကမ္ဘာ့ဖလားကို ၂ နှစ်တစ်ကြိမ် ကစားချင်တယ်ဆိုရင် အဆင့်အတန်းက ကျဆင်းသွားပါလိမ့်မယ်။ ကိုယ်ခန္ဓာနဲ့ စိတ်ဟာ တူညီတဲ့အဆင့်အတန်းမှာ စွမ်းဆောင်နိုင်ဖို့အတွက် မဖြစ်နိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ ဒူဘိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ တစ်နှစ်တာအကောင်းဆုံးဂိုးသွင်းရှင် မာရာဒိုနာဆုနဲ့ တစ်တော့ပရိသတ်တွေရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကို ရရှိခဲ့ပြီး ခီလီယန် အမ်ဘာပေကတော့ တစ်နှစ်တာအကောင်းဆုံးအမျိုးသား ကစားသမားဆုကို ချီးမြှင့်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခီလီယန္ အမ္ဘာေပနဲ႔ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးတို႔ ၂ ဦးစလုံးဟာ ကမၻာ့ဖလားကို ၂ ႏွစ္တစ္ခါ က်င္းပဖို႔ လုပ္ေဆာင္ေနတဲ့ ဖီဖာရဲ့ လႈပ္ရွားမႈကို ဆန႔္က်င္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၾကပါတယ္။

ဖီဖာက ေဘာလုံးေလာကရဲ့ အႀကီးမားဆုံးၿပိဳင္ပြဲျဖစ္တဲ့ ကမၻာ့ဖလားကို ၄ ႏွစ္တစ္ႀကိမ္ထက္ ၂ ႏွစ္တစ္ႀကိမ္ က်င္းပသြားဖို႔အစီအစဥ္ကို တြန္းအားေပးလုပ္ေဆာင္ေနတာျဖစ္ေပမယ့္ အဲဒီအဆိုျပဳခ်က္ဟာ က်ယ္က်ယ္ျပန႔္ျပန႔္ ျငင္းဆိုမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ဖီဖာအႀကီးအကဲေတြက ကမၻာ့ဖလားကို ၂ ႏွစ္တစ္ႀကိမ္ က်င္းပတာက လူငယ္မ်ိဳးဆက္ ပရိသတ္ေတြ ျမင္ေတြ႕ခ်င္မယ့္ အရာျဖစ္တယ္လို႔ ျငင္းခုံခဲ့ၿပီး အဲဒီၿပိဳင္ပြဲကို မိတ္ဆက္ၿပီး လူငယ္ပရိသတ္ေတြရဲ့ စိတ္ကူးစိတ္သန္းေတြကို ထိန္းသိမ္းထားခ်င္တဲ့ဆႏၵရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယေန႔ ၾကယ္ပြင့္ကစားသမားေတြဟာ အဲဒီစိတ္ကူးကို ယုံၾကည္ျခင္းမရွိဘဲ ေဘာလုံးၿပိဳင္ပြဲရဲ့ ေနာက္ထပ္ ထိပ္တန္းကစားသမား ၂ ဦးက အျငင္းပြားဖြယ္ အႀကံအစည္နဲ႔ပတ္သက္ၿပီး ဆန႔္က်င္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။ “၂ ႏွစ္တစ္ခါ ကမၻာ့ဖလားကစားတာက ဒီၿပိဳင္ပြဲကို သာမန္ျဖစ္ေအာင္ လုပ္သလိုျဖစ္မွာျဖစ္ၿပီး အဲဒီလို မျဖစ္သင့္ပါဘူး။ တစ္ရာသီလုံးမွာ ကၽြန္ေတာ္တို႔ တစ္ႏွစ္ကို ပြဲ ၆၀ ေလာက္ ကစားရပါလိမ့္မယ္။ ယူရို၊ ကမၻာ့ဖလား၊ ေနးရွင္းလိဂ္ေတြ ကၽြန္ေတာ္တို႔ ကစားခ်င္ေပမယ့္ အရမ္းမ်ားလြန္းပါတယ္”

“လူေတြက အရည္အေသြးကို ျမင္ခ်င္တယ္ဆိုရင္ ကၽြန္ေတာ္တို႔ နည္းနည္းအနားယူဖို႔ လိုအပ္မယ္လို႔ ထင္ပါတယ္”လို႔ အမ္ဘာေပက ဒူဘိုင္းမွာ က်င္းပခဲ့တဲ့ ေရႊကမၻာလုံးဆုေပးပြဲမွာ ေျပာၾကားခဲ့ပါတယ္။ လီဗန္ေဒါ့ဗ္စကီးကလည္း ကမၻာ့ဖလားကို ၂ ႏွစ္တစ္ႀကိမ္ က်င္းပဖို႔ အစီအစဥ္အေၾကာင္း ေမးျမန္းခံရခ်ိန္မွာ အလားတူ ရပ္တည္ခ်က္မ်ိဳးရွိၿပီး ပြဲအေရအတြက္ တိုးျမင့္လာျခင္းက ၿပိဳင္ပြဲေတြအားလုံးရဲ့ အဆင့္အတန္းကို က်ဆင္းေစလိမ့္မယ္လို႔ ျငင္းခုံခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ တစ္ႏွစ္မွာ ပြဲေတြ အမ်ားႀကီး ကစားဖို႔ ရွိၿပီး အရမ္း အလုပ္မ်ားတဲ့ရက္သတၱပတ္ေတြ ရွိပါတယ္။ ခင္ဗ်ား ပရိသတ္ေတြကို မတူညီတဲ့တစ္စုံတရာကို ေပးခ်င္တယ္ဆိုရင္ ခင္ဗ်ား အနားရဖို႔ လိုအပ္ပါတယ္။ ကၽြန္ေတာ္တို႔ ေရွ႕ကို ၾကည့္ရမွာပါ။ တကယ္လို႔ ကမၻာ့ဖလားကို ၂ ႏွစ္တစ္ႀကိမ္ ကစားခ်င္တယ္ဆိုရင္ အဆင့္အတန္းက က်ဆင္းသြားပါလိမ့္မယ္။ ကိုယ္ခႏၶာနဲ႔ စိတ္ဟာ တူညီတဲ့အဆင့္အတန္းမွာ စြမ္းေဆာင္နိုင္ဖို႔အတြက္ မျဖစ္နိုင္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ ဒူဘိုင္းမွာ က်င္းပျပဳလုပ္ခဲ့တဲ့ ဆုေပးပြဲအခမ္းအနားမွာ တစ္ႏွစ္တာအေကာင္းဆုံးဂိုးသြင္းရွင္ မာရာဒိုနာဆုနဲ႔ တစ္ေတာ့ပရိသတ္ေတြရဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုတို႔ကို ရရွိခဲ့ၿပီး ခီလီယန္ အမ္ဘာေပကေတာ့ တစ္ႏွစ္တာအေကာင္းဆုံးအမ်ိဳးသား ကစားသမားဆုကို ခ်ီးျမႇင့္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.