Bundesliga Premier League Serie A Transfer News

ဇန်နဝါရီမှာ အာဆင်နယ်အသင်းဆီ ရောက်လာဖို့ နီးစပ်နေတဲ့ ပစ်မှတ် သုံးဦး

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအတွက်တော့ အသင်းကနေ သူ့အတွက် အသုံးမဝင်တဲ့ ကစားသမားတွေကို ရှင်းထုတ်နေရာမှာ ပြီးခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီတုန်းက မီဆွတ် အိုဇေးလ်၊ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်နဲ့ ရှကိုဒရန် မူစတာဖီတို့တွေကို ရှင်းထုတ်နိုင်ခဲ့အပြီး မက်သယူး ရိုင်ယန်နဲ့ မာတင် အော်ဒီဂွါဒ်တို့ကို အငှားနဲ့ ပြန်ခေါ်နိုင်ခဲ့သလိုမျိုး ဒီရာသီမှာတော့ ငွေပိုသုံးတဲ့ အပြီးသတ်အပြောင်းအရွှေ့တွေကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီမှာ အက်ဖ်အေဖလားကို ရယူနိုင်ခဲ့တာကလွဲလို့ နောက်ထပ် ဆုဖလားကြီးကြီးမားမား ထပ်မယူနိုင်သေးတဲ့ အာတီတာအနေနဲ့ ဒီရာသီမှာ ဖလားလမ်းကြောင်းတွေပေါ်မှာ ရှိနေဆဲဖြစ်ပြီး ဇန်နဝါရီအပြီးမှာ ပိုမိုပြင်းထန်လာမယ့် ဥရောပဝင်ခွင့်ပြိုင်ပွဲနဲ့ အက်ဖ်အေဖလား၊ လိဂ်ဖလားတွေကို ရယူနိုင်ဖို့ကတော့ အသင်းရဲ့ အင်အားတောင့်တင်းမှုအပေါ်မှာလည်း မူတည်နေပါတယ်။

အမ်းမရိတ်ကောင်းကင်ပြင်မှာ လူငယ်ကြယ်ပွင့်တွေ လင်းလက်တောက်ပနေခဲ့ပေမယ့် ရေရှည်နဲ့ ခက်ခဲတဲ့ ပွဲတွေမှာ သူတို့ကိုချည်း အားကိုးလို့ ဖြစ်နိုင်မှာ မဟုတ်ဘဲ ပိုမိုယုံကြည်စိတ်ချနိုင်ပြီး ပွဲအဖြေကို ပြောင်းလဲပေးမယ့်သူက စကားပြောမှာဖြစ်လို့ အာတီတာအနေနဲ့ အသင်းသားအများစုရဲ့ ထောက်ခံချက်နဲ့အညီ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို ဖြုတ်ချအပြီးမှာတော့ အင်အားဖြည့်တင်းမှု သုံးခုကို လုပ်ဆောင်သွားဖို့ ရှိနေတာပါ။

၁။ ဒူရှန် ဗလာဟိုဗစ်ချ်
အာဆင်နယ်အသင်းမှာ ငယ်မွေးခြံပေါက်ကစားသမား ပါဝင်မှုက မြင့်တက်လာနေချိန်မှာ အဲဗာတန်ရဲ့ ဒေါမနစ် ကဲလ်ဗတ်-လူဝင်ဟာ သူ့ရဲ့ ဒဏ်ရာမှတ်တမ်းကိုပါ ထည့်တွက်ရင် ဦးစားပေး မဟုတ်တော့သလို အထောင်နေရာမှာ အလက်ဇန်းဒါး လာကာဇက်တစ်ဦးတည်းနဲ့ ရေရှည်သွားလို့ မရနိုင်ချိန်မှာ အာတီတာကတော့ ကြံ့ခိုင်မှု မြင့်မားတဲ့ တိုက်စစ်မှူးသစ်တစ်ဦးကို မရမနေ ရှာဖွေသွားမှာဖြစ်သလို ကောင်းကောင်း အစမ်းသပ်ခံပြီးသူတွေကိုပဲ အလိုရှိနေတာ ဖြစ်ပါတယ်။

စီးရီးအေမှာ ဖီအိုရင်တီးနားနဲ့ ၁၉ ပွဲ ကစားအပြီးမှာ ၁၆ ဂိုး သွင်းယူထားခဲ့တဲ့ ဆားဘီးယားတိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ချ်ကတော့ အာတီတာရဲ့ ဦးစားပေးခေါ်မှုဖြစ်ပြီး အရပ်အမောင်း၊ အဆုံးသတ်၊ ရွေ့လျားမှုနဲ့ အထောင်တိုက်စစ်မှူးကောင်းတစ်ဦးရဲ့ ဂိုးသွင်းမှတ်တမ်းပါ ပြည့်စုံနေတဲ့ အချိန်မှာ အသက် ၂၁ နှစ်ဆိုတာကလည်း လက်ရှိလူငယ်တွေနဲ့ တစ်သားတည်း ရောစပ်ပေးဖို့ လွယ်ကူချိန်မှာ မာတင် အော်ဒီဂွါဒ်ကို ခေါ်ယူတဲ့ အတွေးအခေါ်မျိုးနဲ့ပဲ ပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ အထိ သုံးစွဲသွားဖို့ ရှိနေတာပါ။

၂။ ဒင်းနစ် ဇာကာရီးယား
သောမတ်စ် ပါတေးနဲ့ မိုဟာမက် အယ်လ်နန်နီတို့ အာဖရိကဖလားရှိရာ ကင်းမရွန်းကို လစ်ကြတော့မယ့်အချိန်မှာ ယုံစားလို့ သိပ်မကောင်းတဲ့ ဂရာနစ် ချာကာတစ်ဦးတည်းနဲ့ ကျန်ခဲ့မယ့် အာတီတာအတွက်တော့ ရင်မအေးစရာလည်းဖြစ်ပါတယ်။ အာဆင်နယ်ကွင်းလယ်မှာ မြင်းကောင်ရေများများ ထွက်နိုင်မယ့် အင်ဂျင်တွေ လိုအပ်နေပြီး အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို အငှား+အရောင်းနဲ့ ရိုးမားကို ပို့ဖို့ သဘောတူညီထားခဲ့ချိန်မှာ တူတူတန်တန် လူစား ရှာဖွေဖို့ကတော့ မဖြစ်မနေလုပ်ရမယ့် အရာလည်းဖြစ်ပါတယ်။

ဒီအချိန်မှာ အစိမ်းသက်သက် ကစားသမားတွေကို ရှာဖွေဖို့ထက် ချာကာနဲ့ ဆွစ်ဇာလန်မှာ တွဲကစားထားပြီးသားဖြစ်တဲ့ ဇာကာရီးယားကို မိုချန်ဂလာဘက်ချ်ကနေ ခေါ်ယူမယ်ဆိုရင် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားဖြစ်လာနိုင်ပြီး နွေရာသီအထိ စောင့်ခေါ်မယ့်အစား ၂၀၁၉ ဇန်နဝါရီတုန်းက ဆီးဒရစ်ကို ခေါ်ယူခဲ့သလိုမျိုး လက်ကျန်စာချုပ် ၆ လကို ညှိနှိုင်းဈေးနဲ့ ရယူနိုင်ခဲ့သလိုမျိုး လုပ်ဆောင်သွားဖို့ ဖြစ်နိုင်ပြီး ကောင်းမွန်တဲ့ အားဖြည့်မှုလည်း ဖြစ်လာနိုင်တာပါ။

၃။ ဒေယန် ကူလူရှက်ဗ်စကီး
အာဆင်နယ်အသင်းအတွက်တော့ တိုက်စစ်ပိုင်းမှာ အပြောင်းအလဲတွေ လုပ်နိုင်ဖို့ လက်ရှိကစားသမားတွေထက် နေရာများများ ကစားပြီး Versatile ဖြစ်တဲ့သူတွေ လိုအပ်နေပါတယ်။ ဥပမာ ဘယ်ခြမ်းမှာ သုံးလိုက်ရင် ခြေစွမ်းပျောက်လေ့ရှိတဲ့ နီကိုလာ ပေပေနဲ့ ဘူကာယို ဆာကာတို့လိုမျိုး မဟုတ်ဘဲ ဘယ်ညာအလယ်မရွေး နေရာစုံကစားနိုင်တဲ့ တိုက်စစ်ကစားသမားနဲ့ ကိုယ်လုံးကိုယ်ထည်ပါ သာလွန်သူတစ်ဦးကတော့ အသင်းမှာ ရှိသင့်နေပါတယ်။

ဒီစံနှုန်းကိုက် ရွေးချယ်မယ်ဆိုရင် ဂျူဗင်တပ်စ်အသင်းကနေ အငှားချဖို့ သေချာသလောက်ရှိနေတဲ့ ကူလူရှက်ဗ်စကီးဟာ လက်ရှိလူငယ်တွေဖြစ်တဲ့ ဆာကာ၊ မာတီနယ်လီ၊ စမစ်ရိုးတို့ထက်ကို ဖန်တီးမှုပိုင်းရော ကြံ့ခိုင်မှုမှာပါ မြင့်မားသူဖြစ်လို့ အာတီတာအတွက် အပြီးသတ် မခေါ်ရင်တောင် စမ်းသုံးဖို့ တန်သူဖြစ်ပြီး လိုအပ်ရင် တိုက်စစ်မှူးနေရာပါ ကစားပေးနိုင်တဲ့ မက်ဆီဒိုးနီးယားနွယ်ဖွား ဆွီဒင်သားကို အားဖြည့်သွားဖို့ စကိုင်းစပို့စ်ရဲ့ သတင်းတွေကလည်း ထောက်ခံပေးထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအတြက္ေတာ့ အသင္းကေန သူ႔အတြက္ အသုံးမဝင္တဲ့ ကစားသမားေတြကို ရွင္းထုတ္ေနရာမွာ ၿပီးခဲ့တဲ့ ၂၀၂၁ ဇန္နဝါရီတုန္းက မီဆြတ္ အိုေဇးလ္၊ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္နဲ႔ ရွကိုဒရန္ မူစတာဖီတို႔ေတြကို ရွင္းထုတ္ႏိုင္ခဲ့အၿပီး မက္သယူး ႐ိုင္ယန္နဲ႔ မာတင္ ေအာ္ဒီဂြါဒ္တို႔ကို အငွားနဲ႔ ျပန္ေခၚႏိုင္ခဲ့သလိုမ်ိဳး ဒီရာသီမွာေတာ့ ေငြပိုသုံးတဲ့ အၿပီးသတ္အေျပာင္းအေ႐ႊ႕ေတြကို ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီမွာ အက္ဖ္ေအဖလားကို ရယူႏိုင္ခဲ့တာကလြဲလို႔ ေနာက္ထပ္ ဆုဖလားႀကီးႀကီးမားမား ထပ္မယူႏိုင္ေသးတဲ့ အာတီတာအေနနဲ႔ ဒီရာသီမွာ ဖလားလမ္းေၾကာင္းေတြေပၚမွာ ရွိေနဆဲျဖစ္ၿပီး ဇန္နဝါရီအၿပီးမွာ ပိုမိုျပင္းထန္လာမယ့္ ဥေရာပဝင္ခြင့္ၿပိဳင္ပြဲနဲ႔ အက္ဖ္ေအဖလား၊ လိဂ္ဖလားေတြကို ရယူႏိုင္ဖို႔ကေတာ့ အသင္းရဲ႕ အင္အားေတာင့္တင္းမႈအေပၚမွာလည္း မူတည္ေနပါတယ္။

အမ္းမရိတ္ေကာင္းကင္ျပင္မွာ လူငယ္ၾကယ္ပြင့္ေတြ လင္းလက္ေတာက္ပေနခဲ့ေပမယ့္ ေရရွည္နဲ႔ ခက္ခဲတဲ့ ပြဲေတြမွာ သူတို႔ကိုခ်ည္း အားကိုးလို႔ ျဖစ္ႏိုင္မွာ မဟုတ္ဘဲ ပိုမိုယုံၾကည္စိတ္ခ်ႏိုင္ၿပီး ပြဲအေျဖကို ေျပာင္းလဲေပးမယ့္သူက စကားေျပာမွာျဖစ္လို႔ အာတီတာအေနနဲ႔ အသင္းသားအမ်ားစုရဲ႕ ေထာက္ခံခ်က္နဲ႔အညီ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို ျဖဳတ္ခ်အၿပီးမွာေတာ့ အင္အားျဖည့္တင္းမႈ သုံးခုကို လုပ္ေဆာင္သြားဖို႔ ရွိေနတာပါ။

၁။ ဒူရွန္ ဗလာဟိုဗစ္ခ်္
အာဆင္နယ္အသင္းမွာ ငယ္ေမြးၿခံေပါက္ကစားသမား ပါဝင္မႈက ျမင့္တက္လာေနခ်ိန္မွာ အဲဗာတန္ရဲ႕ ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ဟာ သူ႔ရဲ႕ ဒဏ္ရာမွတ္တမ္းကိုပါ ထည့္တြက္ရင္ ဦးစားေပး မဟုတ္ေတာ့သလို အေထာင္ေနရာမွာ အလက္ဇန္းဒါး လာကာဇက္တစ္ဦးတည္းနဲ႔ ေရရွည္သြားလို႔ မရႏိုင္ခ်ိန္မွာ အာတီတာကေတာ့ ႀကံ့ခိုင္မႈ ျမင့္မားတဲ့ တိုက္စစ္မႉးသစ္တစ္ဦးကို မရမေန ရွာေဖြသြားမွာျဖစ္သလို ေကာင္းေကာင္း အစမ္းသပ္ခံၿပီးသူေတြကိုပဲ အလိုရွိေနတာ ျဖစ္ပါတယ္။

စီးရီးေအမွာ ဖီအိုရင္တီးနားနဲ႔ ၁၉ ပြဲ ကစားအၿပီးမွာ ၁၆ ဂိုး သြင္းယူထားခဲ့တဲ့ ဆားဘီးယားတိုက္စစ္မႉး ဒူရွန္ ဗလာဟိုဗစ္ခ်္ကေတာ့ အာတီတာရဲ႕ ဦးစားေပးေခၚမႈျဖစ္ၿပီး အရပ္အေမာင္း၊ အဆုံးသတ္၊ ေ႐ြ႕လ်ားမႈနဲ႔ အေထာင္တိုက္စစ္မႉးေကာင္းတစ္ဦးရဲ႕ ဂိုးသြင္းမွတ္တမ္းပါ ျပည့္စုံေနတဲ့ အခ်ိန္မွာ အသက္ ၂၁ ႏွစ္ဆိုတာကလည္း လက္ရွိလူငယ္ေတြနဲ႔ တစ္သားတည္း ေရာစပ္ေပးဖို႔ လြယ္ကူခ်ိန္မွာ မာတင္ ေအာ္ဒီဂြါဒ္ကို ေခၚယူတဲ့ အေတြးအေခၚမ်ိဳးနဲ႔ပဲ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၈၀ အထိ သုံးစြဲသြားဖို႔ ရွိေနတာပါ။

၂။ ဒင္းနစ္ ဇာကာရီးယား
ေသာမတ္စ္ ပါေတးနဲ႔ မိုဟာမက္ အယ္လ္နန္နီတို႔ အာဖရိကဖလားရွိရာ ကင္းမ႐ြန္းကို လစ္ၾကေတာ့မယ့္အခ်ိန္မွာ ယုံစားလို႔ သိပ္မေကာင္းတဲ့ ဂရာနစ္ ခ်ာကာတစ္ဦးတည္းနဲ႔ က်န္ခဲ့မယ့္ အာတီတာအတြက္ေတာ့ ရင္မေအးစရာလည္းျဖစ္ပါတယ္။ အာဆင္နယ္ကြင္းလယ္မွာ ျမင္းေကာင္ေရမ်ားမ်ား ထြက္ႏိုင္မယ့္ အင္ဂ်င္ေတြ လိုအပ္ေနၿပီး အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ကို အငွား+အေရာင္းနဲ႔ ႐ိုးမားကို ပို႔ဖို႔ သေဘာတူညီထားခဲ့ခ်ိန္မွာ တူတူတန္တန္ လူစား ရွာေဖြဖို႔ကေတာ့ မျဖစ္မေနလုပ္ရမယ့္ အရာလည္းျဖစ္ပါတယ္။

ဒီအခ်ိန္မွာ အစိမ္းသက္သက္ ကစားသမားေတြကို ရွာေဖြဖို႔ထက္ ခ်ာကာနဲ႔ ဆြစ္ဇာလန္မွာ တြဲကစားထားၿပီးသားျဖစ္တဲ့ ဇာကာရီးယားကို မိုခ်န္ဂလာဘက္ခ်္ကေန ေခၚယူမယ္ဆိုရင္ အတိုင္းထက္အလြန္ တံခြန္နဲ႔ ကုကၠားျဖစ္လာႏိုင္ၿပီး ေႏြရာသီအထိ ေစာင့္ေခၚမယ့္အစား ၂၀၁၉ ဇန္နဝါရီတုန္းက ဆီးဒရစ္ကို ေခၚယူခဲ့သလိုမ်ိဳး လက္က်န္စာခ်ဳပ္ ၆ လကို ညႇိႏႈိင္းေဈးနဲ႔ ရယူႏိုင္ခဲ့သလိုမ်ိဳး လုပ္ေဆာင္သြားဖို႔ ျဖစ္ႏိုင္ၿပီး ေကာင္းမြန္တဲ့ အားျဖည့္မႈလည္း ျဖစ္လာႏိုင္တာပါ။

၃။ ေဒယန္ ကူလူရွက္ဗ္စကီး
အာဆင္နယ္အသင္းအတြက္ေတာ့ တိုက္စစ္ပိုင္းမွာ အေျပာင္းအလဲေတြ လုပ္ႏိုင္ဖို႔ လက္ရွိကစားသမားေတြထက္ ေနရာမ်ားမ်ား ကစားၿပီး Versatile ျဖစ္တဲ့သူေတြ လိုအပ္ေနပါတယ္။ ဥပမာ ဘယ္ျခမ္းမွာ သုံးလိုက္ရင္ ေျခစြမ္းေပ်ာက္ေလ့ရွိတဲ့ နီကိုလာ ေပေပနဲ႔ ဘူကာယို ဆာကာတို႔လိုမ်ိဳး မဟုတ္ဘဲ ဘယ္ညာအလယ္မေ႐ြး ေနရာစုံကစားႏိုင္တဲ့ တိုက္စစ္ကစားသမားနဲ႔ ကိုယ္လုံးကိုယ္ထည္ပါ သာလြန္သူတစ္ဦးကေတာ့ အသင္းမွာ ရွိသင့္ေနပါတယ္။

ဒီစံႏႈန္းကိုက္ ေ႐ြးခ်ယ္မယ္ဆိုရင္ ဂ်ဴဗင္တပ္စ္အသင္းကေန အငွားခ်ဖို႔ ေသခ်ာသေလာက္ရွိေနတဲ့ ကူလူရွက္ဗ္စကီးဟာ လက္ရွိလူငယ္ေတြျဖစ္တဲ့ ဆာကာ၊ မာတီနယ္လီ၊ စမစ္႐ိုးတို႔ထက္ကို ဖန္တီးမႈပိုင္းေရာ ႀကံ့ခိုင္မႈမွာပါ ျမင့္မားသူျဖစ္လို႔ အာတီတာအတြက္ အၿပီးသတ္ မေခၚရင္ေတာင္ စမ္းသုံးဖို႔ တန္သူျဖစ္ၿပီး လိုအပ္ရင္ တိုက္စစ္မႉးေနရာပါ ကစားေပးႏိုင္တဲ့ မက္ဆီဒိုးနီးယားႏြယ္ဖြား ဆြီဒင္သားကို အားျဖည့္သြားဖို႔ စကိုင္းစပို႔စ္ရဲ႕ သတင္းေတြကလည္း ေထာက္ခံေပးထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.