Bundesliga Ligue1 Premier League

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ရဲ့ GOAT ကိစ္စအငြင်းအခုံကို အဆုံးသတ်ပေးလိုက်တဲ့ လီဗန်ဒေါ့ဗ်စကီး

ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ တသက်တာအကောင်းဆုံးကစားသမားအဖြစ် ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ထဲက ရွေးချယ်ပေးဖို့ မေးမြန်းခံခဲ့ရပြီးနောက် လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ ၎င်းကသာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ကြောက်မက်ဖွယ် ဂိုးသွင်းခြေစွမ်းကို ပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်း ၆၉ ဂိုးထိ ကြောက်ခမန်းလိလိ သွင်းယူပေးထားတာဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ပွဲ ၄၀ မှာ ၄၈ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူပေးခဲ့တာဖြစ်ပြီး ပိုလန်တိုက်စစ်မှူးဟာ ဘွန်ဒက်စ်လီဂါ ၂၉ ပွဲမှာ ၄၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ် ဂန္တဝင် ဂတ် မူလာရဲ့ စံချိန်ဟောင်းကို ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လီဗန်ဒေါ့ဗ်စကီးက ၂၀၂၁ ခုနှစ် ဘလွန်ဒေါဆုအတွက် ယှဉ်ပြိုင်ရာမှာ အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဘာစီလိုနာဂန္တဝင်တိုက်စစ်မှူးက France Football ရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ တစ်ဦးချင်းဆုကို ၃၃ မှတ်အသာနဲ့ ၇ ကြိမ်မြောက် ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ ၂၀၂၀ ခုနှစ်အတွက် ဘလွန်ဒေါဆုကို ရရှိဖို့အတွက် ရေပန်းအစားဆုံးကစားသမားတွေထဲမှာ ထိပ်ဆုံးက ဦးဆောင်နေသူအဖြစ် ယူဆခြင်းခံခဲ့ရပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဆုပေးပွဲကို France Football က ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ထဲက ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ လီဝန်ဒေါစကီးက ကာလရှည် အငြင်းအခုံဖြစ်နေမှုတွေကို ငြင်းပယ်သွားပြီး ကိုယ့်ကိုကိုယ် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ပေးသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်ကတော့ လီဝန်ဒေါစကီးကို ရွေးချယ်မှာပါ”လို့ ဒူဘိုင်းက ကုန်စည်ပြပွဲကို တက်ရောက်စဉ်အတွင်း အင်တာဗျူးမှာ ပြောကြားခဲ့ပြီး လီယွန်နယ် မက်ဆီဟာ ဘလွန်ဒေါဆုကို ၇ ကြိမ်မြောက် စံချိန်တင် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် လီဝန်ဒေါစကီးအတွက် အဆင့်အတန်းရှိရှိနဲ့ ဂုဏ်ပြုစကား ပြောကြားပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပိုလန်တိုက်စစ်မှူးအတွက် ဂုဏ်ပြုစကား ပြောကြားနေစဉ်အတွင်း France Football ကို လီဗန်ဒေါ့ဗ်စကီးအတွက် ၂၀၂၀ ခုနှစ်အတွက် ဘလွန်ဒေါဆုကို ပြန်လည် ပေးအပ်ဖို့ကိုလည်း ထည့်သွင်း တောင်းဆိုသွားခဲ့တာဖြစ်ပြီး လီဗန်ဒေါ့ဗ်စကီးဟာ ယခုရာသီမှာ ၂၅ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၃၀ အထိ အထင်ကြီးဖွယ် သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပြီးဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပိုလန်တိုက်စစ်မှူးက ဘလွန်ဒေါဆုနဲ့ ၂ ကြိမ်အထိ လွဲချော်ခဲ့ပေမယ့်လည်း ၎င်းရဲ့ မယုံနိုင်ဖွယ် အောင်မြင်မှုတွေနဲ့ အံ့မခန်းများပြားလှတဲ့ သွင်းဂိုးတွေ သွင်းယူထားနိုင်တာကို ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်မှာ ဘလွန်ဒေါဆုနဲ့ပတ်သက်ပြီး မေးခွန်းတွေ အများကြီး ရှိခဲ့တယ်။ မနှစ်က သူတို့တွေ ဆုပေးပွဲဖျက်တယ်။ ကျွန်တော် သွားလို့မရခဲ့ဘူး။ ကျွန်တော် အနိုင်ရနိုင်တဲ့ အရာအားလုံးကို ကျွန်တော် ရခဲ့တယ်။ ဒီနှစ် ကျွန်တော် တစ်ရာသီတည်းကို ၆၉ ဂိုး သွင်းထားတယ်။ အဲဒီတော့ ခင်ဗျား သိလား။ ကျွန်တော် လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီနဲ့ကစားတဲ့ပွဲစဉ်မှာ ကျွန်တော် ဒဏ်ရာရနေခဲ့ပြီး မကစားနိုင်ခဲ့လို့ပါ”

“ဒါပေမယ့် ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော့်ကိုယ် ကျွန်တော်နဲ့့ပတ်သက်ပြီး မှန်ရှေ့ရပ်လိုက်ရင် ကျွန်တော့်ကိုယ် ကျွန်တော် ‘မင်း လုပ်နိုင်သမျှ အရာအားလုံး လုပ်ခဲ့ပြီးပြီ။ မင်း ၆၉ ဂိုး သွင်းခဲ့တယ်။ မင်း ဂျာမန်လိဂ်ဖလားကို အနိုင်ရရှိခဲ့ပြီး မင်းကိုယ်မင်း ဂုဏ်ယူနိုင်တယ်’လို့ ပြောနိုင်ပါတယ်။ ကျွန်တော် တခြားကစားသမားတွေကို လေးစားမှုရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက အရမ်းကောင်းတဲ့ ကစားသမားတွေမို့လို့ပါ။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ ကျွန်တော်က ကျွန်တော် ဖြစ်နေဖို့နဲ့ အမြဲတမ်း အကောင်းဘက်ကနေ တွေးဖို့ အရေးကြီးတယ်ဆိုတာကို သိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးဟာ တသက္တာအေကာင္းဆုံးကစားသမားအျဖစ္ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ထဲက ေရြးခ်ယ္ေပးဖို႔ ေမးျမန္းခံခဲ့ရၿပီးေနာက္ လက္ရွိ ကမၻာ့ေဘာလုံးေလာကမွာ ၎ကသာ အေကာင္းဆုံးကစားသမားျဖစ္တယ္လို႔ တုံ႔ျပန္သြားခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ေၾကာက္မက္ဖြယ္ ဂိုးသြင္းေျခစြမ္းကို ပိုင္ဆိုင္ထားခဲ့တာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္အတြင္း ကလပ္အသင္းနဲ႔ နိုင္ငံအသင္းအတြက္ စုစုေပါင္း ၆၉ ဂိုးထိ ေၾကာက္ခမန္းလိလိ သြင္းယူေပးထားတာျဖစ္ပါတယ္။ လီဝန္ေဒါစကီးဟာ ဘိုင္ယန္ျမဴးနစ္အသင္း ဘြန္ဒက္စ္လီဂါခ်န္ပီယံျဖစ္ခဲ့တဲ့ ၿပီးခဲ့တဲ့ရာသီ ၿပိဳင္ပြဲစုံ ပြဲ ၄၀ မွာ ၄၈ ဂိုးအထိ အံ့အားသင့္ဖြယ္ သြင္းယူေပးခဲ့တာျဖစ္ၿပီး ပိုလန္တိုက္စစ္မႉးဟာ ဘြန္ဒက္စ္လီဂါ ၂၉ ပြဲမွာ ၄၁ ဂိုးအထိ သြင္းယူနိုင္ခဲ့ၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္ ဂႏၲဝင္ ဂတ္ မူလာရဲ့ စံခ်ိန္ေဟာင္းကို ရိုက္ခ်ိဳးနိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ လီဗန္ေဒါ့ဗ္စကီးက ၂၀၂၁ ခုႏွစ္ ဘလြန္ေဒါဆုအတြက္ ယွဥ္ၿပိဳင္ရာမွာ အာဂ်င္တီးနားၾကယ္ပြင့္ လီယြန္နယ္ မက္ဆီကို ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ဘာစီလိုနာဂႏၲဝင္တိုက္စစ္မႉးက France Football ရဲ့ ဂုဏ္သိကၡာႀကီးမားတဲ့ တစ္ဦးခ်င္းဆုကို ၃၃ မွတ္အသာနဲ႔ ၇ ႀကိမ္ေျမာက္ ဆြတ္ခူးသြားခဲ့တာျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ ၂၀၂၀ ခုႏွစ္အတြက္ ဘလြန္ေဒါဆုကို ရရွိဖို႔အတြက္ ေရပန္းအစားဆုံးကစားသမားေတြထဲမွာ ထိပ္ဆုံးက ဦးေဆာင္ေနသူအျဖစ္ ယူဆျခင္းခံခဲ့ရေပမယ့္လည္း ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ဆုေပးပြဲကို France Football က ဖ်က္သိမ္းခဲ့ရတာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ထဲက ဘယ္သူက ပိုေကာင္းတဲ့ ကစားသမားလဲလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ လီဝန္ေဒါစကီးက ကာလရွည္ အျငင္းအခုံျဖစ္ေနမႈေတြကို ျငင္းပယ္သြားၿပီး ကိုယ့္ကိုကိုယ္ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ေပးသြားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ကေတာ့ လီဝန္ေဒါစကီးကို ေရြးခ်ယ္မွာပါ”လို႔ ဒူဘိုင္းက ကုန္စည္ျပပြဲကို တက္ေရာက္စဥ္အတြင္း အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ၿပီး လီယြန္နယ္ မက္ဆီဟာ ဘလြန္ေဒါဆုကို ၇ ႀကိမ္ေျမာက္ စံခ်ိန္တင္ ဆြတ္ခူးနိုင္ခဲ့ၿပီးေနာက္ လီဝန္ေဒါစကီးအတြက္ အဆင့္အတန္းရွိရွိနဲ႔ ဂုဏ္ျပဳစကား ေျပာၾကားေပးခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ပိုလန္တိုက္စစ္မႉးအတြက္ ဂုဏ္ျပဳစကား ေျပာၾကားေနစဥ္အတြင္း France Football ကို လီဗန္ေဒါ့ဗ္စကီးအတြက္ ၂၀၂၀ ခုႏွစ္အတြက္ ဘလြန္ေဒါဆုကို ျပန္လည္ ေပးအပ္ဖို႔ကိုလည္း ထည့္သြင္း ေတာင္းဆိုသြားခဲ့တာျဖစ္ၿပီး လီဗန္ေဒါ့ဗ္စကီးဟာ ယခုရာသီမွာ ၂၅ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၃၀ အထိ အထင္ႀကီးဖြယ္ သြင္းယူထားနိုင္ခဲ့ၿပီးျဖစ္ၿပီးျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ပိုလန္တိုက္စစ္မႉးက ဘလြန္ေဒါဆုနဲ႔ ၂ ႀကိမ္အထိ လြဲေခ်ာ္ခဲ့ေပမယ့္လည္း ၎ရဲ့ မယုံနိုင္ဖြယ္ ေအာင္ျမင္မႈေတြနဲ႔ အံ့မခန္းမ်ားျပားလွတဲ့ သြင္းဂိုးေတြ သြင္းယူထားနိုင္တာကို ဂုဏ္ယူမိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ့္မွာ ဘလြန္ေဒါဆုနဲ႔ပတ္သက္ၿပီး ေမးခြန္းေတြ အမ်ားႀကီး ရွိခဲ့တယ္။ မႏွစ္က သူတို႔ေတြ ဆုေပးပြဲဖ်က္တယ္။ ကၽြန္ေတာ္ သြားလို႔မရခဲ့ဘူး။ ကၽြန္ေတာ္ အနိုင္ရနိုင္တဲ့ အရာအားလုံးကို ကၽြန္ေတာ္ ရခဲ့တယ္။ ဒီႏွစ္ ကၽြန္ေတာ္ တစ္ရာသီတည္းကို ၆၉ ဂိုး သြင္းထားတယ္။ အဲဒီေတာ့ ခင္ဗ်ား သိလား။ ကၽြန္ေတာ္ လုပ္နိုင္သမၽွ အရာအားလုံးကို လုပ္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ခ်န္ပီယံလိဂ္မွာ ပီအက္စ္ဂ်ီနဲ႔ကစားတဲ့ပြဲစဥ္မွာ ကၽြန္ေတာ္ ဒဏ္ရာရေနခဲ့ၿပီး မကစားနိုင္ခဲ့လို႔ပါ”

“ဒါေပမယ့္ ကၽြန္ေတာ့္ရဲ့ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္နဲ႔့ပတ္သက္ၿပီး မွန္ေရွ႕ရပ္လိုက္ရင္ ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္ ‘မင္း လုပ္နိုင္သမၽွ အရာအားလုံး လုပ္ခဲ့ၿပီးၿပီ။ မင္း ၆၉ ဂိုး သြင္းခဲ့တယ္။ မင္း ဂ်ာမန္လိဂ္ဖလားကို အနိုင္ရရွိခဲ့ၿပီး မင္းကိုယ္မင္း ဂုဏ္ယူနိုင္တယ္’လို႔ ေျပာနိုင္ပါတယ္။ ကၽြန္ေတာ္ တျခားကစားသမားေတြကို ေလးစားမႈရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက အရမ္းေကာင္းတဲ့ ကစားသမားေတြမို႔လို႔ပါ။ ဒါေပမယ့္ ကၽြန္ေတာ့္အတြက္ကေတာ့ ကၽြန္ေတာ္က ကၽြန္ေတာ္ ျဖစ္ေနဖို႔နဲ႔ အျမဲတမ္း အေကာင္းဘက္ကေန ေတြးဖို႔ အေရးႀကီးတယ္ဆိုတာကို သိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.