Premier League

ဖီအိုရင်တီးနားကြယ်ပွင့်ရဲ့ အငြင်းမခံရမီ ရွေးချယ်စရာ ၂ ခုရှိနေတဲ့ အာဆင်နယ်

ဖီအိုရင်တီးနားကြယ်ပွင့် ဒူဆန် ဗလာဟိုဗစ်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်နေပေမယ့်လည်း အာဆင်နယ်အသင်းကတော့ အဲဒီပြိုင်ပွဲထဲမှာ မပါဝင်နိုင်တော့ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဗလာဟိုဗစ်ဟာ ယခုရာသီ စီးရီးအေမှာ ၁၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပြက္ခဒိန်တစ်နှစ်အတွင်း သွင်းဂိုးအများဆုံး စံချိန်ကိုလည်း ၃၃ ဂိုးနဲ့ လိုက်မီခဲ့သူ ဖြစ်ပါတယ်။ အဲဒါကြောင့် ဖီအိုရင်တီးနားကြယ်ပွင့်ကို ခေါ်ယူချင်တဲ့ ဥရောပထိပ်သီးအသင်းကြီးတွေရှိနေတယ်ဆိုတာ အံ့အားသင့်စရာတော့ မဟုတ်တော့ဘဲ ဗလာဟိုဗစ်ဟာ အင်္ဂလိပ်ထိပ်တန်းပြိုင်ပွဲကို ပြောင်းရွှေ့ကစားချင်နေတာကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းတွေအတွက်တော့ အားတက်စရာဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗလာဟိုဗစ်ရဲ့ အေးဂျင့်က အာဆင်နယ်အသင်းဟာ ၎င်းရဲ့ကစားသမားအတွက် လုံလောက်တဲ့အသင်းမဟုတ်ဘဲ ကစားသမားဘဝ ပိုမိုတိုးတက်လာစေမယ့် နေရာမဟုတ်ဘူးလို့ ယူဆထားတာကြောင့် မြောက်လန်ဒန်ကလပ်အသင်းနဲ့ စကားပြောဆိုသွားမှာမဟုတ်ဘူးလို့ ငြင်းပယ်ထားတယ်လို့ အီတလီ နာမည်ကျော်ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒါကြောင့် လာမယ့်နွေရာသီမှာ အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ တိုက်စစ်မှူး ၃ ဦးအထိ ရှိနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အခြားတိုက်စစ်မှူးအသစ်ကို ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းဟာ နည်းပြ အာတီတာရဲ့ လူစာရင်းထဲကနေ ထုတ်ပယ်ခြင်းခံထားရချိန်မှာ နကီးတီးယားနဲ့ လာကာဇက်တို့ကလည်း အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၇ လအတွင်းကို ဝင်ရောက်နေပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ စာချုပ်သစ် ချုပ်ဆိုချင်တဲ့ပုံ မပေါ်သေးတာဖြစ်ပါတယ်။

Evening Standard ရဲ့ ဖော်ပြချက်အရ ဖီအိုရင်တီးနားတိုက်စစ်မှူးရဲ့ ငြင်းပယ်ခြင်းကို ခံရတော့မယ့် အာဆင်နယ်အသင်းဟာ လိုင်လီတိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်နဲ့ အဲဗာတန်ကြယ်ပွင့် ဒေါမနစ် ကဲလ်ဗတ်-လူဝင်တို့ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အာဆင်နယ်ကင်းထောက်တွေဟာ ယခုရာသီမှာ ဒေးဗစ်ကို အကြိမ်ပေါင်းများစွာ ကင်းထောက်ခဲ့ကြပြီး နည်းစနစ်ဒါရိုက်တာ အီဒူးက ၂၀၂၂ ခုနှစ်မှာ အာတီတာရဲ့အသင်းကို ပိုမိုအင်အားကောင်းအောင် ကူညီပေးနိုင်ဖို့ လိုင်လီတိုက်စစ်မှူးကို ခေါ်ယူချင်နေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်ပရိသတ်အများစုဟာ ကနေဒါလက်ရွေးစင်တိုက်စစ်မှူးဟာ မကြာသေးမီက ဓာတ်ပုံတွေမှာ သီယာရီ အွန်နရီ ရှပ်ကို ဝတ်ဆင်ခဲ့တာကြောင့် လူမှုကွန်ရက်ပေါ်က အာဆင်နယ်ပရိသတ်တွေဟာ စိတ်လှုပ်ရှားခဲ့ကြပြီး ဂျိုနသန် ဒေးဗစ်က ပြင်သစ်ဂန္တဝင်တိုက်စစ်မှူးအပေါ် လေးစားအားကျကြောင်းကို လျှို့ဝှက်ထားခြင်းမရှိဘဲ အာစင်ဝင်းဂါးလက်ထက်တုန်းက အာဆင်နယ်ပွဲတွေကို မကြာခဏ စောင့်ကြည့်လေ့ရှိတယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

“ဥရောပကလပ်တွေက ကျွန်တော့်ကို အိပ်မက် မက်စေခဲ့တယ်။ ကျွန်တော် ဘာဆာပွဲတွေ၊ အာစင်ဝင်းဂါးရဲ့ သီယာရီ အွန်နရီ၊ ပက်ထရစ် ဗီအဲရာတို့ပါတဲ့ အာဆင်နယ်ပွဲတွေ အများကြီး ကြည့်ခဲ့ပါတယ်။ ကျွန်တော့်ခေါင်းထဲမှာ ကျွန်တော်က အဆင်သင့်မဖြစ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါက တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ပြီး ကစားသမားဘဝအစကတည်းက ကျွန်တော့်ရဲ့ ပန်းတိုင်ပါ။ ကျွန်တော် စတေးမှုတွေ ပြုလုပ်ရမယ်ဆိုတာကို သိခဲ့ပါတယ်။ အဲဒါကြောင့် အဆက်အသွယ်တွေရှိတဲ့ ကျွန်တော့် အေးဂျင့် နစ်ခ် မက်ဗ်ရိုမားရက်စ်နဲ့ တွေ့ဆုံခဲ့တာပါ”လို့ L’Equipe ကို ယခုနှစ်အစောပိုင်းတုန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျိုနသန် ဒေးဗစ်ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒရှိနေတယ်လို့ အရိပ်အမြွက် ပြသထားပေမယ့်လည်း မြောက်လန်ဒန်ကလပ်အသင်းအနေနဲ့ ၂၀၁၉ ခုနှစ်တုန်းက လိုင်လီကနေ နီကိုလာ ပေပေကို ခေါ်ယူခဲ့မှုက ကောင်းမွန်တဲ့ခေါ်ယူမှုမဖြစ်ခဲ့ဘူးဆိုတာကို သတိပြုမိနေတာကြောင့် အဲဗာတန်ကြယ်ပွင့်တိုက်စစ်မှူးကို ခေါ်ယူဖို့က ပိုပြီး လက်တွေ့ကျလိမ့်မယ်လို့ ယူဆနေမှာဖြစ်ပါတယ်။

ဒေါမနစ် ကဲလ်ဗတ်-လူဝင်ဟာ ပရီးမီးယားလိဂ်မှာ ကစားတဲ့ အတွေ့အကြုံများစွာ ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ ကစားသမားဖြစ်ပြီး အဲဗာတန်အသင်းအတွက် ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သလို ယခုရာသီမှာ ဒဏ်ရာမရမီ ပါဝင်ကစားပေးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲစလုံးမှာ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

ဒါကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးသစ်တစ်ဦး အသည်းအသန်လိုအပ်နေတဲ့ အာဆင်နယ်အသင်းအတွက် အဓိကပစ်မှတ်က ဝေးဝေးလံလံ လိုက်ရှာနေစရာမလိုအပ်ဘဲ အနီးဆုံး ရန်သူတွေနဲ့ သဘောတူညီမှု ရယူနိုင်ဖို့သာ လိုအပ်မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဖီအိုရင်တီးနားကြယ်ပွင့် ဒူဆန် ဗလာဟိုဗစ်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်နေပေမယ့်လည်း အာဆင်နယ်အသင်းကတော့ အဲဒီပြိုင်ပွဲထဲမှာ မပါဝင်နိုင်တော့ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။






လက်ရွိမွာတော့ အာဆင္နယ္ပရိသတ်အမ်ားစုဟာ ကေနဒါလက်ရြေးစင္တိုက္စစ္မွူးဟာ မကြာသေးမီက ဓာတ္ပုံတြေမွာ သီယာရီ အြန္နရီ ရွပ္ကို ဝတ္ဆင္ခဲ့တာကြောင့် လူမှုကြန်ရက်ပေါ်က အာဆင္နယ္ပရိသတ်တြေဟာ စိတ္လှုပ်ရွားခဲ့ကြပြီး ဂိုနသန် ဒေးဗစ္ကျပင်သစ္ဂန္တဝင္တိုက္စစ္မွူးအေပါ် လေးစားအားက်ကြောင်းကို လွို့ဝွက္ထာျးခင်းမရွိဘဲ အာစင်ဝင်းဂါးလက္ထက္တုန်းက အာဆင္နယ္ပြဲတြေကို မကြာခဏ စောင့်ကြည့်လေ့ရွိတယ္လို့ ဝန္ခံျေပာကြားခဲ့တျာဖစ္ပါတယ်။

“ဥရောပကလပ်တြေက ကျန်ြတော့္ကို အိပ္မက် မက်စေခဲ့တယ်။ ကျန်ြတော် ဘာဆာပြဲတြေ၊ အာစင်ဝင်းဂါးရဲ့ သီယာရီ အြန္နရီ၊ ပက္ထရစ် ဗီအဲရာတို့ပါတဲ့ အာဆင္နယ္ပြဲတြေ အမ်ားကြီး ကြည့်ခဲ့ပါတယ်။ ကျန်ြတော့်ခေါင်းထဲမွာ ကျန်ြတ္ကော အဆင်သင့်မျဖစ္ခဲ့တျာဖစ်နိုင္ပါတယ်။ ဒါပေမယ့် အဲဒါက တစ္ခုတည်းသော ရြေးခ်ယ္စရျာဖစ်ပြီး ကစားသမားဘဝအစကတည်းက ကျန်ြတော့်ရဲ့ ပန်းတိုင္ပါ။ ကျန်ြတော် စေတးမှုတျြေပုလုပ်ရမယ္ဆိုတာကို သိခဲ့ပါတယ်။ အဲဒါကြောင့် အဆက်အသြယ်တြေရွိတဲ့ ကျန်ြတော့် အေးဂ်င့် နစ္ခ် မက္ဗ်ရိုမားရက္စ္နဲ့ တြေ့ဆုံခဲ့တာပါ”လို့ L’Equipe ကို ယခုနွစ်ေအစာပိုင်းတုန်းကျေပာကြားခဲ့တျာဖစ္ပါတယ်။

ဂိုနသန် ဒေးဗစ်ဟာ အာဆင္နယ်အသင်းကိုျေပာင်းရွှေ့ခ်င္တဲ့ဆန္ဒရွိနေတယ္လို့ အရိပ်အျမြက်ျပသထားပေမယ့်လည်းျေမာက္လန္ဒန္ကလပ်အသင်းအေနနဲ့ ၂၀၁၉ ခုနွစ္တုန်းက လိုင္လီကေန နီကိုလာ ပေပကို ခေါ်ယူခဲ့မှုက ကောင်းမြန္တဲ့ခေါ်ယူမှုမျဖစ္ခဲ့ဘူးဆိုတာကို သတျိပုမိနေတာကြောင့် အဲဗာတန်ကြယ္ပြင့္တိုက္စစ္မွူးကို ခေါ်ယူဖို့က ပိုပြီး လက်တြေ့က်လိမ့်မယ္လို့ ယူဆေနမျွာဖစ္ပါတယ်။

ဒေါမနစ် ကဲလ္ဗတ်-လူဝင်ဟာ ပရီးမီးယားလိဂ္မွာ ကစားတဲ့ အေတြ့အကြုံမ်ားစြာ ပိုင္ဆိုင္ထားပြီျးဖစ္တဲ့ ကစားသမာျးဖစ်ပြီး အဲဗာတန်အသင်းအတြက် ပြီးခဲ့တဲ့ရာသီ ပြိုင္ပြဲစုံ ၃၉ ပြဲမွာ ၂၁ ဂိုးအထိ သြင်းယူပေးနိုင္ခဲ့သလို ယခုရာသီမွာ ဒဏ်ရာမရမီ ပါဝင္ကစားပေးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဉ် ၃ ပြဲစလုံးမွာ ဂိုးသြင်းယူပေးနိုင္ခဲ့တဲ့ကစားသမာျးဖစ္ပါတယ်။

ဒါကြောင့် ဇန္နဝါရီအျေပာင်းအေရွှ့ကာလမွာ တိုက္စစ္မွူးသစ္တစ်ဦး အသည်းအသန္လိုအပ်နေတဲ့ အာဆင္နယ်အသင်းအတြက် အဓိကပစ္မွတ္က ဝေးဝေးလံလံ လိုက်ရွာနေစရာမလိုအပ္ဘဲ အနီးဆုံး ရန်သူတြေနဲ့ သေဘာတူညီမှု ရယူနိုင္ဖို့သာ လိုအပ္မျွာဖစ္ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.