Analysis Premier League

အဆင့် ၄ ဝင်ခွင့်အတွက် ကြောက်တတ်ရင် မကြည့်နဲ့ ဆိုရမယ့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ

ပြီးခဲ့တဲ့ ဘောက်ဆင်ဒေးအထိ ရလဒ်တွေအရ ပြောရမယ်ဆိုရင် ၁၉ ပွဲ ကစားပြီးချိန်မှာ အာဆင်နယ်အသင်းအနေနဲ့ ရမှတ် ၃၅ မှတ်နဲ့အတူ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၄ မှာ ရပ်တည်နေခဲ့ပြီး ဒါက သူတို့အတွက်တော့ အခိုက်အတန့် ဂုဏ်ယူစရာဖြစ်ပေမယ့် သင်္ချာနည်းနဲ့ တွက်ကြည့်လိုက်ရင် နေရာကို အမှားမလုပ်ဘဲနဲ့တောင် လက်ရှိအနေအထားမှာ ဆုပ်ကိုင်ဖို့ ယုံကြည်ချက် အပြည့်အဝ မရှိခဲ့တာဖြစ်ပါတယ်။

ပွဲစဉ် ၁၈ အပြီးမှာ အဆင့် ၄ ရောက် အာဆင်နယ်တို့က ၃၂ မှတ် ရရှိခဲ့ချိန်မှာ ၂ ပွဲကျန် မန်ချက်စတာယူနိုက်တက်က ၅ မှတ်အကွာ၊ သုံးပွဲကျန် စပါးစ်တို့က ၆ မှတ်အကွာမှာ ရှိနေခဲ့တာဖြစ်ပြီး ပွဲစဉ် ၁၉ ရဲ့ ဘောက်ဆင်ဒေးအပြီးမှာတော့ အာဆင်နယ်တို့ ၃၅ မှတ် ရရှိခဲ့ချိန်မှာ သုံးပွဲအကျန် မန်ယူနိုက်တက်က ၈ မှတ်အကွာနဲ့ စပါးစ်တို့ကတော့ ၃ ပွဲအကျန်မှာ ၆ မှတ် ဆက်လက်ကွာဟဆဲဖြစ်ပါတယ်။

တနင်္လာနေ့ညမှာ ယူနိုက်တက်တို့အနေနဲ့ နယူးကာဆယ်လ်ကို သရေကျခဲ့ရာမှာတော့ ၈ မှတ်ထဲက တစ်မှတ်သာ လျှော့ချနိုင်ခဲ့ပြီး နှစ်ပွဲအကွာက အာဆင်နယ်နဲ့ ၇ မှတ်သာ ကွာဟတော့လို့ သင်္ချာနည်းအရ လိုက်မီဖို့ မဖြစ်နိုင်တော့ဘဲ ဂန်းနားတွေအနေနဲ့ အမှားလုပ်မှကို သူတို့တွေ အမှတ်ချင်း ပြန်နီးမယ့် အခြေအနေကို ရောက်သွားခဲ့ပြီး ရန်းနစ်ခ်ရဲ့ အသင်းကို ကောင်းကောင်းမကိုင်တွယ်နိုင်သေးချိန်မှာ ပေးဆပ်မှု ကြီးမားသွားခဲ့တာပါ။

စပါးစ်ကတော့ အာဆင်နယ်တို့ ဝုလ်ဗ်စ်နဲ့ ကစားရမယ့် ပွဲစဉ် ၂၀ ကို ရွှေ့ဆိုင်းလိုက်ရချိန်မှာ အဝေးကွင်းမှာ ဆယ်ယောက်ကျန် ဆောက်သမ်တန်နဲ့ တစ်ဂိုးစီ သရေကျခဲ့တာကြောင့် ကွာဟချက် ၆ မှတ်ကို ၉ မှတ်နဲ့ ပြတ်ပြတ်သားသား ကျော်တက်ရမယ့်အစား ၇ မှတ်သာ ရနိုင်တော့ပြီး ရှေ့ဆက်ကစားရမယ့် ပွဲစဉ် ၂၂ နဲ့ ၂၃ မှာ အာဆင်နယ်၊ ချဲလ်ဆီးတို့နဲ့ တွေ့ဆုံနေခဲ့တာက သူတို့အတွက် မေ့လိုက်တော့လို့ ပြောရမလိုဖြစ်လာပါတယ်။

စပါးစ်တို့ရဲ့ ရွှေ့ဆိုင်းထားတဲ့ ပွဲစဉ်တွေဟာ ကစားရခက်တဲ့ ဘန်လေ၊ ဘရိုက်တန်၊ လက်စတာတို့နဲ့ အဝေးကွင်းပွဲစဉ်တွေချည်းဖြစ်နေတာက သူတို့အတွက် အမှတ်များများ ပြန်ရှာဖို့ မဖြစ်နိုင်ချိန်မှာ ပွဲစဉ် ၂၂ ဖြစ်တဲ့ အာဆင်နယ်နဲ့ ၆ မှတ်တန် ပွဲစဉ်ကတော့ အာတီတာတို့အဖွဲ့အနေနဲ့ အကျောမခံရဖို့ ကြိုးစားလာမှာဖြစ်တာကြောင့် သရေတစ်မှတ်ရရင်ပဲ ကျေနပ်ရမယ့် အနေအထားမှာ ရှိနေပါတယ်။

ဒီလိုပဲ ချဲလ်ဆီးတို့အနေနဲ့ ပွဲစဉ် ၂၃ မှာ စပါးစ်တို့ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချန်ပီယံတိုက်ပွဲအတွက် ချမ်းသာပေးမှာ မဟုတ်တာကြောင့် သူတို့ရဲ့ ပွဲစဉ် ၂၁ မှာ လီဗာပူးလ်နဲ့ ဘယ်လိုဖြစ်ခဲ့မလဲ၊ အာဆင်နယ်ဟာလည်း ပွဲစဉ် ၂၁ မှာ မန်စီးတီးနဲ့ အိမ်ကွင်းပွဲကို ဘယ်လိုဖြစ်ခဲ့မလဲဆိုတာတွေကိုသာ ကိုယ့်ဘက်ကိုယ်ယက်ပြီး အိပ်မက်မက်ရတော့မှာဖြစ်ပါတယ်။

ဒီအချိန်မှာ ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်း၊ ဘရိုက်တန်နဲ့ အိမ်ကွင်းမှာ ပွဲကျန်တွေ အသီးသီးရှိနေပြီး လာမယ့် ဝုလ်ဗ်စ်(အိမ်)၊ ဗီလာ(အဝေး)၊ ဝက်စ်ဟမ်း (အိမ်)၊ ဘန်လေ(အဝေး)၊ ဆောက်သမ်တန်(အိမ်)၊ လိဒ်စ်(အဝေး)၊ ဝတ်ဖို့ဒ်(အိမ်)ဆိုပြီး မန်စီးတီးနဲ့ မန်ချက်စတာဒါဘီ ကစားရမယ့် ပွဲစဉ် ၂၈ အထိ ပွဲကျပ်နည်းနေတဲ့ မန်ယူနိုက်တက်တို့အနေနဲ့ သူတို့ရဲ့ နာမည်ဂုဏ်သိက္ခာ အစဉ်အလာတိုင်းသာ ကစားနိုင်ခဲ့ရင် သူတို့ကတောင် အခွင့်အရေး ပြန်ကောင်းလာဖို့ မျှော်လင့်နိုင်မှာပါ။

အာဆင်နယ်တို့အနေနဲ့ ပွဲစဉ် ၂၃ က စပြီး ဘန်လေ(အိမ်)၊ ဝုလ်ဗ်စ်(အဝေး)တို့ ပြီးရင် ချဲလ်ဆီး၊ လီဗာပူးလ်တို့နဲ့ တွေ့ဆုံဦးမှာဖြစ်လို့ ဒီပွဲတွေကိုသာ အမှတ်သိပ်မလျော့ခဲ့ဘူးဆိုရင် စပါးစ်၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ မျှော်လင့်ချက်ချင်း အေးအေးဆေးဆေး ယှဉ်နိုင်တဲ့ အနေအထားကို ရောက်သွားခဲ့ပြီး အနည်းဆုံးတော့ ဘောက်ဆင်ဒေးက ပွဲပိုကစားပြီး အဆင့် ၄ ကို မပိုင်ဝက်မွေးနေရတဲ့ အနေအထားက လွတ်မြောက်ခွင့်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဒီရာသီမှာ ကိုဗစ်နဲ့ ပွဲပန်းမှုတွေကြောင့် ဘယ်အသင်းကမဆို ဘယ်အသင်းကို အနိုင်ယူသွားနိုင်တဲ့ အနေအထားမှာ ချန်ပီယံလိဂ်ဝင်ခွင့် နောက်ဆုံးတစ်နေရာအတွက် စိတ်ဝင်စားဖို့ ကောင်းလွန်းနေပြီး အာဆင်နယ်၊ မန်ယူနိုက်တက်၊ စပါးစ်တို့ရဲ့ ပြိုင်ပွဲကို ဝက်စ်ဟမ်းကပါ အားဖြည့်ပေးဦးမှာဖြစ်လို့ မှားတဲ့သူ ခံရမယ့် လက်ကျန်ရာသီဝက်ရဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှစ်လက ကြောက်တတ်သူတွေ မကြည့်ရဲစရာဖြစ်နေလိမ့်မယ်လို့ သုံးသပ်ခန့်မှန်းလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ေဘာက္ဆင္ေဒးအထိ ရလဒ္ေတြအရ ေျပာရမယ္ဆိုရင္ ၁၉ ပြဲ ကစားၿပီးခ်ိန္မွာ အာဆင္နယ္အသင္းအေနနဲ႔ ရမွတ္ ၃၅ မွတ္နဲ႔အတူ ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၄ မွာ ရပ္တည္ေနခဲ့ၿပီး ဒါက သူတို႔အတြက္ေတာ့ အခိုက္အတန႔္ ဂုဏ္ယူစရာျဖစ္ေပမယ့္ သခ်ၤာနည္းနဲ႔ တြက္ၾကည့္လိုက္ရင္ ေနရာကို အမွားမလုပ္ဘဲနဲ႔ေတာင္ လက္ရွိအေနအထားမွာ ဆုပ္ကိုင္ဖို႔ ယုံၾကည္ခ်က္ အျပည့္အဝ မရွိခဲ့တာျဖစ္ပါတယ္။

ပြဲစဥ္ ၁၈ အၿပီးမွာ အဆင့္ ၄ ေရာက္ အာဆင္နယ္တို႔က ၃၂ မွတ္ ရရွိခဲ့ခ်ိန္မွာ ၂ ပြဲက်န္ မန္ခ်က္စတာယူႏိုက္တက္က ၅ မွတ္အကြာ၊ သုံးပြဲက်န္ စပါးစ္တို႔က ၆ မွတ္အကြာမွာ ရွိေနခဲ့တာျဖစ္ၿပီး ပြဲစဥ္ ၁၉ ရဲ႕ ေဘာက္ဆင္ေဒးအၿပီးမွာေတာ့ အာဆင္နယ္တို႔ ၃၅ မွတ္ ရရွိခဲ့ခ်ိန္မွာ သုံးပြဲအက်န္ မန္ယူႏိုက္တက္က ၈ မွတ္အကြာနဲ႔ စပါးစ္တို႔ကေတာ့ ၃ ပြဲအက်န္မွာ ၆ မွတ္ ဆက္လက္ကြာဟဆဲျဖစ္ပါတယ္။

တနလၤာေန႔ညမွာ ယူႏိုက္တက္တို႔အေနနဲ႔ နယူးကာဆယ္လ္ကို သေရက်ခဲ့ရာမွာေတာ့ ၈ မွတ္ထဲက တစ္မွတ္သာ ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီး ႏွစ္ပြဲအကြာက အာဆင္နယ္နဲ႔ ၇ မွတ္သာ ကြာဟေတာ့လို႔ သခ်ၤာနည္းအရ လိုက္မီဖို႔ မျဖစ္ႏိုင္ေတာ့ဘဲ ဂန္းနားေတြအေနနဲ႔ အမွားလုပ္မွကို သူတို႔ေတြ အမွတ္ခ်င္း ျပန္နီးမယ့္ အေျခအေနကို ေရာက္သြားခဲ့ၿပီး ရန္းနစ္ခ္ရဲ႕ အသင္းကို ေကာင္းေကာင္းမကိုင္တြယ္ႏိုင္ေသးခ်ိန္မွာ ေပးဆပ္မႈ ႀကီးမားသြားခဲ့တာပါ။

စပါးစ္ကေတာ့ အာဆင္နယ္တို႔ ဝုလ္ဗ္စ္နဲ႔ ကစားရမယ့္ ပြဲစဥ္ ၂၀ ကို ေ႐ႊ႕ဆိုင္းလိုက္ရခ်ိန္မွာ အေဝးကြင္းမွာ ဆယ္ေယာက္က်န္ ေဆာက္သမ္တန္နဲ႔ တစ္ဂိုးစီ သေရက်ခဲ့တာေၾကာင့္ ကြာဟခ်က္ ၆ မွတ္ကို ၉ မွတ္နဲ႔ ျပတ္ျပတ္သားသား ေက်ာ္တက္ရမယ့္အစား ၇ မွတ္သာ ရႏိုင္ေတာ့ၿပီး ေရွ႕ဆက္ကစားရမယ့္ ပြဲစဥ္ ၂၂ နဲ႔ ၂၃ မွာ အာဆင္နယ္၊ ခ်ဲလ္ဆီးတို႔နဲ႔ ေတြ႕ဆုံေနခဲ့တာက သူတို႔အတြက္ ေမ့လိုက္ေတာ့လို႔ ေျပာရမလိုျဖစ္လာပါတယ္။

စပါးစ္တို႔ရဲ႕ ေ႐ႊ႕ဆိုင္းထားတဲ့ ပြဲစဥ္ေတြဟာ ကစားရခက္တဲ့ ဘန္ေလ၊ ဘ႐ိုက္တန္၊ လက္စတာတို႔နဲ႔ အေဝးကြင္းပြဲစဥ္ေတြခ်ည္းျဖစ္ေနတာက သူတို႔အတြက္ အမွတ္မ်ားမ်ား ျပန္ရွာဖို႔ မျဖစ္ႏိုင္ခ်ိန္မွာ ပြဲစဥ္ ၂၂ ျဖစ္တဲ့ အာဆင္နယ္နဲ႔ ၆ မွတ္တန္ ပြဲစဥ္ကေတာ့ အာတီတာတို႔အဖြဲ႕အေနနဲ႔ အေက်ာမခံရဖို႔ ႀကိဳးစားလာမွာျဖစ္တာေၾကာင့္ သေရတစ္မွတ္ရရင္ပဲ ေက်နပ္ရမယ့္ အေနအထားမွာ ရွိေနပါတယ္။

ဒီလိုပဲ ခ်ဲလ္ဆီးတို႔အေနနဲ႔ ပြဲစဥ္ ၂၃ မွာ စပါးစ္တို႔ကို စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်န္ပီယံတိုက္ပြဲအတြက္ ခ်မ္းသာေပးမွာ မဟုတ္တာေၾကာင့္ သူတို႔ရဲ႕ ပြဲစဥ္ ၂၁ မွာ လီဗာပူးလ္နဲ႔ ဘယ္လိုျဖစ္ခဲ့မလဲ၊ အာဆင္နယ္ဟာလည္း ပြဲစဥ္ ၂၁ မွာ မန္စီးတီးနဲ႔ အိမ္ကြင္းပြဲကို ဘယ္လိုျဖစ္ခဲ့မလဲဆိုတာေတြကိုသာ ကိုယ့္ဘက္ကိုယ္ယက္ၿပီး အိပ္မက္မက္ရေတာ့မွာျဖစ္ပါတယ္။

ဒီအခ်ိန္မွာ ဘရန႔္ဖို႔ဒ္နဲ႔ အေဝးကြင္း၊ ဘ႐ိုက္တန္နဲ႔ အိမ္ကြင္းမွာ ပြဲက်န္ေတြ အသီးသီးရွိေနၿပီး လာမယ့္ ဝုလ္ဗ္စ္(အိမ္)၊ ဗီလာ(အေဝး)၊ ဝက္စ္ဟမ္း (အိမ္)၊ ဘန္ေလ(အေဝး)၊ ေဆာက္သမ္တန္(အိမ္)၊ လိဒ္စ္(အေဝး)၊ ဝတ္ဖို႔ဒ္(အိမ္)ဆိုၿပီး မန္စီးတီးနဲ႔ မန္ခ်က္စတာဒါဘီ ကစားရမယ့္ ပြဲစဥ္ ၂၈ အထိ ပြဲက်ပ္နည္းေနတဲ့ မန္ယူႏိုက္တက္တို႔အေနနဲ႔ သူတို႔ရဲ႕ နာမည္ဂုဏ္သိကၡာ အစဥ္အလာတိုင္းသာ ကစားႏိုင္ခဲ့ရင္ သူတို႔ကေတာင္ အခြင့္အေရး ျပန္ေကာင္းလာဖို႔ ေမွ်ာ္လင့္ႏိုင္မွာပါ။

အာဆင္နယ္တို႔အေနနဲ႔ ပြဲစဥ္ ၂၃ က စၿပီး ဘန္ေလ(အိမ္)၊ ဝုလ္ဗ္စ္(အေဝး)တို႔ ၿပီးရင္ ခ်ဲလ္ဆီး၊ လီဗာပူးလ္တို႔နဲ႔ ေတြ႕ဆုံဦးမွာျဖစ္လို႔ ဒီပြဲေတြကိုသာ အမွတ္သိပ္မေလ်ာ့ခဲ့ဘူးဆိုရင္ စပါးစ္၊ မန္ခ်က္စတာယူႏိုက္တက္တို႔နဲ႔ ေမွ်ာ္လင့္ခ်က္ခ်င္း ေအးေအးေဆးေဆး ယွဥ္ႏိုင္တဲ့ အေနအထားကို ေရာက္သြားခဲ့ၿပီး အနည္းဆုံးေတာ့ ေဘာက္ဆင္ေဒးက ပြဲပိုကစားၿပီး အဆင့္ ၄ ကို မပိုင္ဝက္ေမြးေနရတဲ့ အေနအထားက လြတ္ေျမာက္ခြင့္ရွိသြားခဲ့ၿပီျဖစ္ပါတယ္။

ဒီရာသီမွာ ကိုဗစ္နဲ႔ ပြဲပန္းမႈေတြေၾကာင့္ ဘယ္အသင္းကမဆို ဘယ္အသင္းကို အႏိုင္ယူသြားႏိုင္တဲ့ အေနအထားမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေနာက္ဆုံးတစ္ေနရာအတြက္ စိတ္ဝင္စားဖို႔ ေကာင္းလြန္းေနၿပီး အာဆင္နယ္၊ မန္ယူႏိုက္တက္၊ စပါးစ္တို႔ရဲ႕ ၿပိဳင္ပြဲကို ဝက္စ္ဟမ္းကပါ အားျဖည့္ေပးဦးမွာျဖစ္လို႔ မွားတဲ့သူ ခံရမယ့္ လက္က်န္ရာသီဝက္ရဲ႕ ဇန္နဝါရီ၊ ေဖေဖာ္ဝါရီႏွစ္လက ေၾကာက္တတ္သူေတြ မၾကည့္ရဲစရာျဖစ္ေနလိမ့္မယ္လို႔ သုံးသပ္ခန႔္မွန္းလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.