Match Report Premier League

ဘိုဝင်ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ဥရောပအိပ်မက်ကို ပြန်လည်အသက်သွင်းတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဝတ်ဖို့ဒ်ရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရချိန်မှာ အင်အားနည်းတဲ့ ပြိုင်ဘက်ဆီကနေ သုံးမှတ်ယူဖို့ လူစုံထုတ်လာခဲ့ပြီး ပွဲပယ်ခံထားရတဲ့ ဒက်ကလန် ရိုက်စ်နေရာမှာ အသင်းခေါင်းဆောင် နိုဘယ်လ် ဝင်ကစားခဲ့တာကလွဲလို့ ဆိုးချက်ခ်၊ ဘိုဝင်၊ ဘင်ရာမာ၊ လန်ဇီနီ၊ အန်တိုနီယိုတို့နဲ့ လူစုံထုတ်ကစားခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဝတ်ဖို့ဒ်ကတော့ ခံစစ်မှာ လူပြန်စုံလာခဲ့ပြီး ကက်သ်ကတ်၊ ဆီရာယယ်လ်တာ၊ မာဆီနာ၊ ဖာမင်နီယာတို့ ပြန်လည်ပါဝင်လာသလို ကွင်းလယ်မှာလည်း ဆစ်ဆိုကိုနဲ့ ကွတ်ကာကို တူဖန်နဲ့ တွဲပေးခဲ့ပြီး တိုက်စစ်မှာတော့ ဂျိုရှူအာကင်းနဲ့ ဒင်းနစ်ကို ကူချို ဟာနန်ဒက်ဇ်နဲ့တွဲပြီး ရာနီရေးရီက ပွဲထုတ်လာခဲ့ပါတယ်။

ပွဲချိန် ၄ မိနစ်မှာကတည်းက အထနှေးတဲ့ ဝက်စ်ဟမ်းတို့ကို အိမ်ရှင် ဝတ်ဖို့ဒ်တို့ ဦးဆောင်ဂိုးနဲ့ ထိုးနှက်နိုင်ခဲ့ပြီး ဂျိုရှူအာကင်း ထိုးပေးလိုက်တဲ့ ဘောလုံးကို ဒင်းနစ်က နောက်ခံလူနှစ်ယောက်ကြားကနေ ရယူပြီး ကန်မယ်လုပ်ချိန်မှာ ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဒေါ်ဆန်ကို ခြေယောင်ပြကျော်ဖြတ်ပြီးမှ ဘယ်ခြေနဲ့ ညာဘက်အပေါ်ထောင့်ကို တိတိကျကျ ကန်သွင်းသွားခဲ့လို့ ဖာဘီယန်စကီး ဘာမှမတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာတော့ လန်ဇီနီ ပေးတဲ့ ဘောလုံးကို ဘင်ရာမာက ဘယ်ခြမ်းကနေ အတွင်းကို ဆွဲဝင်ပြီး ကန်သွင်းခဲ့ရာမှာ ဘားထိထွက်ခဲ့လို့ ဝက်စ်ဟမ်းတို့ နစ်နာခဲ့ရပြီး ဘိုဝင်၊ ဆိုးချက်ခ်၊ အန်တိုနီယိုတို့ရဲ့ ထိုးဖောက်မှုတွေကိုလည်း ဝတ်ဖို့ဒ်နောက်တန်းနဲ့ ဂိုးသမား ဘက်ခ်မန်းတို့ ကာကွယ်နိုင်ခဲ့လို့ ဧည့်သည်တွေ စိတ်ပျက်ခဲ့ရတာပါ။

ပွဲချိန် ၂၇ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး ညာတောင်ပံကနေ ဆိုဖာလ်ပေးတဲ့ ဘောလုံးကို ရလာခဲ့တဲ့ ဘိုဝင်က ဆစ်ဆိုကိုရှေ့ကနေ ဖြတ်ထိုးပေးခဲ့ရာမှာ Space ထဲကို အလိုက်သင့်ပြေးဝင်သွားခဲ့တဲ့ ဆိုးချက်ခ်က အပြင်းကန်သွင်းပြီး ဝတ်ဖို့ဒ်နောက်တန်းနဲ့ ဂိုးသမားကို အနိုင်ယူသွားနိုင်ခဲ့လို့ သရေစတင်ရရှိခဲ့ပါတယ်။

နှစ်မိနစ်အကြာ ပွဲချိန် ၂၉ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ နောက်ကနေ ပြန်ပြီး ဦးဆောင်နိုင်ခဲ့သလို ဖာမင်နီယာဆီကနေ ဘောလုံးလုယူနိုင်ခဲ့တဲ့ လန်ဇီနီ ခင်းပေးလိုက်တာကို အန်တိုနီယိုက ဆွဲပြေးပြီးမှ ဧရိယာထဲအရောက်မှာ နောက်ကလိုက်လာတဲ့ ဘင်ရာမာဆီ ပြန်ချိုးပေးခဲ့ရာမှာ သူ့ရဲ့ အလျင်အမြန် ပိတ်သွင်းချက်က မာဆီနာနဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ နှစ်ဖက်အသင်းတွေအနေနဲ့ အခွင့်အရေးတွေကို ထပ်ပြီး အသုံးမချနိုင်ကြတော့တာကြောင့် ဗီကာရေ့ချ်လမ်းမှာ ဝက်စ်ဟမ်းတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အိမ်ရှင် ဝတ်ဖို့ဒ်တို့ကို ဦးဆောင်ကစားနိုင်ခဲ့ပြီး အိမ်ရှင်နည်းပြ ရာနီရေးရီကတော့ အသင်းဖော်တွေနဲ့ အတွဲမိဘဲ ဆက်ဆံရေးမကောင်းသလို ဖြစ်နေတဲ့ ကူချို ဟာနန်ဒက်ဇ်အစား ဂျာအို ပက်ဒရိုကို ဒုတိယပိုင်းအစမှာ လူစားထည့်သွင်းခဲ့တာပါ။

ပွဲချိန် ၄၈ မိနစ်မှာ ဆိုးချက်ခ် တင်ပေးတဲ့ ဘောလုံးကို အန်တိုနီယို မထိဘဲ လွတ်ထွက်လာရာမှာ ဘိုဝင်က လူမကျွံတဲ့ အနေအထားကနေ ဂိုးသွင်းနိုင်ခဲ့ပြီး အောင်ပွဲခံခဲ့ကြပေမယ့် ဒီဂိုးကို စတင်ဖို့ ဝတ်ဖို့ဒ်တိုက်စစ်မှူး ဒင်းနစ်ဆီက ဘောလုံးရယူခဲ့တဲ့ ဆိုးချက်ခ် ပြစ်ဒဏ်ဘောကျူးလွန်တာကြောင့် VAR က ပယ်ဖျက်သွားခဲ့ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဒင်းနစ် ချိုးပေးရင်း လူထိထွက်လာတာကို ဆစ်ဆိုကိုရဲ့ ကန်ချက်က ကောင်းခဲ့ပေမယ့် ဖာဘီယန်စကီး ကာကွယ်သွားနိုင်ခဲ့အပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ ကွတ်ကာ နောက်ပြန်ပေးတာကို ကြားဖြတ်ရယူဖို့ ကြိုးစားတဲ့ ဘိုဝင်ကို ဝတ်ဖို့ဒ်ဂိုးသမား ဘက်ခ်မန်းက ဘောလုံးမထိဘဲ ဝင်တိုက်မိခဲ့တာကြောင့် VAR ပြန်ကြည့်အပြီးမှာ ပင်နယ်တီပေးခဲ့ရတာပါ။

ဒိုင်လူကြီး ဒါရင်း အင်္ဂလန် ပေးခဲ့တဲ့ ပင်နယ်တီကိုတော့ ဒက်ကလန် ရိုက်စ် ငါးဝါပြည့်သွားခဲ့လို့ ပွဲပယ်ခံခဲ့ရချိန်မှာ ပရီးမီးယားလိဂ်ပွဲ ရှားရှားပါးပါး ကစားခွင့်ရတဲ့ အသင်းခေါင်းဆောင် မာ့ခ် နိုဘယ်လ်က ဂိုးသမား ဒိုက်ပစ်တာနဲ့ ဆန့်ကျင်ဘက်ထောင့်ကို အေးအေးဆေးဆေး လှည့်စားကန်သွင်းနိုင်ခဲ့လို့ ဝက်စ်ဟမ်းတို့ တတိယဂိုးနဲ့ ပွဲချိန် ၅၈ မိနစ်မှာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ အရန်ခုံမှာ လောက်လောက်လားလား ဘယ်သူမှ မကျန်တော့တဲ့ ဝတ်ဖို့ဒ်တို့ ဘာမှ အပြောင်းအလဲ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘဲ အခွင့်အရေးတွေကိုလည်း ဂျိုရှူအာကင်းက အသုံးမချနိုင်ခဲ့တာကြောင့် ချေပဂိုးနဲ့ ဝေးခဲ့ရပြီး ဝက်စ်ဟမ်းတို့ကတော့ ဂျွန်ဆန်၊ ဘင်ရာမာနဲ့ လန်ဇီနီတို့အစား မာဆူအာကူး၊ ဗလာရှစ်ချ်နဲ့ ခရယ်လ်တို့ကို လူစားလဲခဲ့ပြီး အနားပေးသွားခဲ့တာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ လက်ပစ်ဘောကနေ ညာခြမ်းမှာ ဘောလုံးပြန်ရသွားခဲ့တဲ့ ဘိုဝင်က ဆီရာယယ်လ်တာကို တစ်ဦးချင်း ကျော်ဖြတ်ပြီး ပင်နယ်တီ အပါအဝင် သုံးကြိမ်မြောက် ဖန်တီးပေးခဲ့တာကို လူစားဝင်လာတဲ့ ဗလာရှစ်ချ်က သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးအဖြစ် ပိတ်သွင်းယူနိုင်ခဲ့ပြီး ဝက်စ်ဟမ်းတို့ ပွဲအပြီးမှာ လေးဂိုး-တစ်ဂိုးနဲ့ ကြီးမားတဲ့ Come Back နိုင်ပွဲနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီပွဲရလဒ်ကြောင့် ဟမ်းမားတွေအနေနဲ့ နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ပြီး အသင်းရဲ့ ဆိုးရွားတဲ့ ရလဒ်တွေကြားက ရုန်းထွက်နိုင်ခဲ့သလို အဆင့် ၅ နေရာကို စပါးစ်ဆီကနေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဝတ်ဖို့ဒ်တို့ကတော့ နောက်ဆုံး ၅ ပွဲဆက်တိုက် ရှုံးနိမ့်မှုနဲ့အတူ အဆင့် ၁၇ နေရာမှာ ရပ်တည်သွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔မွာ ဝတ္ဖို႔ဒ္ရဲ႕ အိမ္ကြင္းမွာ သြားေရာက္ကစားခဲ့ရခ်ိန္မွာ အင္အားနည္းတဲ့ ၿပိဳင္ဘက္ဆီကေန သုံးမွတ္ယူဖို႔ လူစုံထုတ္လာခဲ့ၿပီး ပြဲပယ္ခံထားရတဲ့ ဒက္ကလန္ ႐ိုက္စ္ေနရာမွာ အသင္းေခါင္းေဆာင္ ႏိုဘယ္လ္ ဝင္ကစားခဲ့တာကလြဲလို႔ ဆိုးခ်က္ခ္၊ ဘိုဝင္၊ ဘင္ရာမာ၊ လန္ဇီနီ၊ အန္တိုနီယိုတို႔နဲ႔ လူစုံထုတ္ကစားခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ဝတ္ဖို႔ဒ္ကေတာ့ ခံစစ္မွာ လူျပန္စုံလာခဲ့ၿပီး ကက္သ္ကတ္၊ ဆီရာယယ္လ္တာ၊ မာဆီနာ၊ ဖာမင္နီယာတို႔ ျပန္လည္ပါဝင္လာသလို ကြင္းလယ္မွာလည္း ဆစ္ဆိုကိုနဲ႔ ကြတ္ကာကို တူဖန္နဲ႔ တြဲေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂ်ိဳရႉအာကင္းနဲ႔ ဒင္းနစ္ကို ကူခ်ိဳ ဟာနန္ဒက္ဇ္နဲ႔တြဲၿပီး ရာနီေရးရီက ပြဲထုတ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၄ မိနစ္မွာကတည္းက အထေႏွးတဲ့ ဝက္စ္ဟမ္းတို႔ကို အိမ္ရွင္ ဝတ္ဖို႔ဒ္တို႔ ဦးေဆာင္ဂိုးနဲ႔ ထိုးႏွက္ႏိုင္ခဲ့ၿပီး ဂ်ိဳရႉအာကင္း ထိုးေပးလိုက္တဲ့ ေဘာလုံးကို ဒင္းနစ္က ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ရယူၿပီး ကန္မယ္လုပ္ခ်ိန္မွာ ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ ေဒၚဆန္ကို ေျခေယာင္ျပေက်ာ္ျဖတ္ၿပီးမွ ဘယ္ေျခနဲ႔ ညာဘက္အေပၚေထာင့္ကို တိတိက်က် ကန္သြင္းသြားခဲ့လို႔ ဖာဘီယန္စကီး ဘာမွမတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ လန္ဇီနီ ေပးတဲ့ ေဘာလုံးကို ဘင္ရာမာက ဘယ္ျခမ္းကေန အတြင္းကို ဆြဲဝင္ၿပီး ကန္သြင္းခဲ့ရာမွာ ဘားထိထြက္ခဲ့လို႔ ဝက္စ္ဟမ္းတို႔ နစ္နာခဲ့ရၿပီး ဘိုဝင္၊ ဆိုးခ်က္ခ္၊ အန္တိုနီယိုတို႔ရဲ႕ ထိုးေဖာက္မႈေတြကိုလည္း ဝတ္ဖို႔ဒ္ေနာက္တန္းနဲ႔ ဂိုးသမား ဘက္ခ္မန္းတို႔ ကာကြယ္ႏိုင္ခဲ့လို႔ ဧည့္သည္ေတြ စိတ္ပ်က္ခဲ့ရတာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၿပီး ညာေတာင္ပံကေန ဆိုဖာလ္ေပးတဲ့ ေဘာလုံးကို ရလာခဲ့တဲ့ ဘိုဝင္က ဆစ္ဆိုကိုေရွ႕ကေန ျဖတ္ထိုးေပးခဲ့ရာမွာ Space ထဲကို အလိုက္သင့္ေျပးဝင္သြားခဲ့တဲ့ ဆိုးခ်က္ခ္က အျပင္းကန္သြင္းၿပီး ဝတ္ဖို႔ဒ္ေနာက္တန္းနဲ႔ ဂိုးသမားကို အႏိုင္ယူသြားႏိုင္ခဲ့လို႔ သေရစတင္ရရွိခဲ့ပါတယ္။

ႏွစ္မိနစ္အၾကာ ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ ေနာက္ကေန ျပန္ၿပီး ဦးေဆာင္ႏိုင္ခဲ့သလို ဖာမင္နီယာဆီကေန ေဘာလုံးလုယူႏိုင္ခဲ့တဲ့ လန္ဇီနီ ခင္းေပးလိုက္တာကို အန္တိုနီယိုက ဆြဲေျပးၿပီးမွ ဧရိယာထဲအေရာက္မွာ ေနာက္ကလိုက္လာတဲ့ ဘင္ရာမာဆီ ျပန္ခ်ိဳးေပးခဲ့ရာမွာ သူ႔ရဲ႕ အလ်င္အျမန္ ပိတ္သြင္းခ်က္က မာဆီနာနဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ ႏွစ္ဖက္အသင္းေတြအေနနဲ႔ အခြင့္အေရးေတြကို ထပ္ၿပီး အသုံးမခ်ႏိုင္ၾကေတာ့တာေၾကာင့္ ဗီကာေရ႕ခ်္လမ္းမွာ ဝက္စ္ဟမ္းတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အိမ္ရွင္ ဝတ္ဖို႔ဒ္တို႔ကို ဦးေဆာင္ကစားႏိုင္ခဲ့ၿပီး အိမ္ရွင္နည္းျပ ရာနီေရးရီကေတာ့ အသင္းေဖာ္ေတြနဲ႔ အတြဲမိဘဲ ဆက္ဆံေရးမေကာင္းသလို ျဖစ္ေနတဲ့ ကူခ်ိဳ ဟာနန္ဒက္ဇ္အစား ဂ်ာအို ပက္ဒ႐ိုကို ဒုတိယပိုင္းအစမွာ လူစားထည့္သြင္းခဲ့တာပါ။

ပြဲခ်ိန္ ၄၈ မိနစ္မွာ ဆိုးခ်က္ခ္ တင္ေပးတဲ့ ေဘာလုံးကို အန္တိုနီယို မထိဘဲ လြတ္ထြက္လာရာမွာ ဘိုဝင္က လူမကြၽံတဲ့ အေနအထားကေန ဂိုးသြင္းႏိုင္ခဲ့ၿပီး ေအာင္ပြဲခံခဲ့ၾကေပမယ့္ ဒီဂိုးကို စတင္ဖို႔ ဝတ္ဖို႔ဒ္တိုက္စစ္မႉး ဒင္းနစ္ဆီက ေဘာလုံးရယူခဲ့တဲ့ ဆိုးခ်က္ခ္ ျပစ္ဒဏ္ေဘာက်ဴးလြန္တာေၾကာင့္ VAR က ပယ္ဖ်က္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၅၁ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဒင္းနစ္ ခ်ိဳးေပးရင္း လူထိထြက္လာတာကို ဆစ္ဆိုကိုရဲ႕ ကန္ခ်က္က ေကာင္းခဲ့ေပမယ့္ ဖာဘီယန္စကီး ကာကြယ္သြားႏိုင္ခဲ့အၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ကြတ္ကာ ေနာက္ျပန္ေပးတာကို ၾကားျဖတ္ရယူဖို႔ ႀကိဳးစားတဲ့ ဘိုဝင္ကို ဝတ္ဖို႔ဒ္ဂိုးသမား ဘက္ခ္မန္းက ေဘာလုံးမထိဘဲ ဝင္တိုက္မိခဲ့တာေၾကာင့္ VAR ျပန္ၾကည့္အၿပီးမွာ ပင္နယ္တီေပးခဲ့ရတာပါ။

ဒိုင္လူႀကီး ဒါရင္း အဂၤလန္ ေပးခဲ့တဲ့ ပင္နယ္တီကိုေတာ့ ဒက္ကလန္ ႐ိုက္စ္ ငါးဝါျပည့္သြားခဲ့လို႔ ပြဲပယ္ခံခဲ့ရခ်ိန္မွာ ပရီးမီးယားလိဂ္ပြဲ ရွားရွားပါးပါး ကစားခြင့္ရတဲ့ အသင္းေခါင္းေဆာင္ မာ့ခ္ ႏိုဘယ္လ္က ဂိုးသမား ဒိုက္ပစ္တာနဲ႔ ဆန႔္က်င္ဘက္ေထာင့္ကို ေအးေအးေဆးေဆး လွည့္စားကန္သြင္းႏိုင္ခဲ့လို႔ ဝက္စ္ဟမ္းတို႔ တတိယဂိုးနဲ႔ ပြဲခ်ိန္ ၅၈ မိနစ္မွာ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ အရန္ခုံမွာ ေလာက္ေလာက္လားလား ဘယ္သူမွ မက်န္ေတာ့တဲ့ ဝတ္ဖို႔ဒ္တို႔ ဘာမွ အေျပာင္းအလဲ ေကာင္းေကာင္းမလုပ္ႏိုင္ခဲ့ဘဲ အခြင့္အေရးေတြကိုလည္း ဂ်ိဳရႉအာကင္းက အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ေခ်ပဂိုးနဲ႔ ေဝးခဲ့ရၿပီး ဝက္စ္ဟမ္းတို႔ကေတာ့ ဂြၽန္ဆန္၊ ဘင္ရာမာနဲ႔ လန္ဇီနီတို႔အစား မာဆူအာကူး၊ ဗလာရွစ္ခ်္နဲ႔ ခရယ္လ္တို႔ကို လူစားလဲခဲ့ၿပီး အနားေပးသြားခဲ့တာပါ။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ လက္ပစ္ေဘာကေန ညာျခမ္းမွာ ေဘာလုံးျပန္ရသြားခဲ့တဲ့ ဘိုဝင္က ဆီရာယယ္လ္တာကို တစ္ဦးခ်င္း ေက်ာ္ျဖတ္ၿပီး ပင္နယ္တီ အပါအဝင္ သုံးႀကိမ္ေျမာက္ ဖန္တီးေပးခဲ့တာကို လူစားဝင္လာတဲ့ ဗလာရွစ္ခ်္က သူ႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးအျဖစ္ ပိတ္သြင္းယူႏိုင္ခဲ့ၿပီး ဝက္စ္ဟမ္းတို႔ ပြဲအၿပီးမွာ ေလးဂိုး-တစ္ဂိုးနဲ႔ ႀကီးမားတဲ့ Come Back ႏိုင္ပြဲနဲ႔အတူ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ဟမ္းမားေတြအေနနဲ႔ ေနာက္ဆုံးသုံးပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆုံးမႈကို ရပ္တန႔္ႏိုင္ခဲ့ၿပီး အသင္းရဲ႕ ဆိုး႐ြားတဲ့ ရလဒ္ေတြၾကားက ႐ုန္းထြက္ႏိုင္ခဲ့သလို အဆင့္ ၅ ေနရာကို စပါးစ္ဆီကေန ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ၿပီး ဝတ္ဖို႔ဒ္တို႔ကေတာ့ ေနာက္ဆုံး ၅ ပြဲဆက္တိုက္ ရႈံးနိမ့္မႈနဲ႔အတူ အဆင့္ ၁၇ ေနရာမွာ ရပ္တည္သြားခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.