La Liga Premier League Transfer News

ချဲလ်ဆီးနဲ့ ရီးရဲလ်ကြား ဟာဇတ်ကို အလိုက်ပေးမယ့် သန်း ၅၀ တန် အပြောင်းအရွှေ့

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ သူတို့ရဲ့ အင်အားစုဖွဲ့မှုမှာ နှစ်ရှည်လများ လိုအပ်ချက်ဖြစ်နေခဲ့တဲ့ ညာနောက်ခံလူတစ်နေရာအတွက် အမြော်အမြင်ရှိတဲ့ အကြံကြီးကြီး ကြံနေခဲ့ပြီး လာလီဂါမှာ အခြေအနေကောင်းနေခဲ့တဲ နည်းပြ ကာလို အန်ချယ်လော့တီရဲ့ တောင်းဆိုမှုနဲ့ ချဲလ်ဆီးအသင်းနဲ့ကြားမှာ သဘောတူညီမှုတစ်ခု ပြုလုပ်နိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။

စပိန်တော်ဝင်အင်အားကြီးအသင်းအနေနဲ့ မီရှယ် ဆယ်လ်ဂါဒိုနောက်ပိုင်း ညာနောက်ခံလူတွေကို ခေါ်ယူခဲ့ပေမယ့် ဗဟိုနောက်ခံလူဖြစ်သွားခဲ့တဲ့ ဆာဂျီယို ရာမို့စ်ကလွဲလို့ ဘယ်သူမှ တောက်ပခြင်းမရှိခဲ့သလို ဒါနီ ကာဗာဟယ်လ်ကတော့ အလယ်အလတ်အဆင့်လောက်ကို ရောက်ခဲ့ပြီး ပြိုင်ဘက် ဘာစီလိုနာနဲ့ နှိုင်းယှဉ်ရင် ညာနောက်ခံမှာ အမြဲတမ်း အားနည်းသလိုလည်းဖြစ်နေခဲ့ပါတယ်။

ပီအက်စ်ဂျီကို ရောက်သွားခဲ့တဲ့ အက်ရှ်ရက်ဖ် ဟာကီမီကို လက်လွှတ်လိုက်ရတာကတော့ သူတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုဖြစ်ခဲ့ချိန်မှာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာနောက်ခံလူတစ်ဦးဖြစ်တဲ့ ရီးစ် ဂျိမ်းစ်ကို ချဲလ်ဆီးတို့ ရင်ခွင်ထဲက ဆွဲထုတ်နိုင်ဖို့ ကြိုးစားလာခဲ့ပြီး ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်အနေနဲ့ ပေါင်သန်း ၅၀ အထိ သုံးစွဲသွားဖို့ ရှိနေတာပါ။

ဒါ့အပြင် ချဲလ်ဆီးတို့ဘက်က လက်ခံချင်လာအောင် စတမ်းဖို့ဒ်ဘရစ်ချ် ပရိသတ်အချစ်တော် အီဒင် ဟာဇတ်ကိုလည်း အလိုက်ထည့်ပေးသွားဖို့ စီစဉ်နေပြီး ဘယ်လ်ဂျီယမ်သားရဲ့ လစာငွေကို လျှော့ချသွားဖို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်လာခဲ့သလို လက်ရှိအချိန်မှာ တိုက်စစ်သမားတွေရဲ့ မှတ်တမ်းထက်တောင် ကောင်းနေတဲ့ ရီးစ် ဂျိမ်းစ်ကိုတော့ မက်ဒရစ်ဘက်က အသည်းအသန် အလိုရှိနေခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ကတော့ သူ့ရဲ့ မတတ်သာလို့ လွှတ်လိုက်ရတဲ့ ကြယ်ပွင့်ကွင်းလယ်လူကို ဒီအသင်းမှာ နောက်တစ်ကြိမ် ကစားတာကို ပြန်လည်မြင်တွေ့ရဖို့ အမြဲတစေ ဆန္ဒရှိနေခဲ့တာဖြစ်ပြီး အခွင့်အရေးရတာနဲ့ ခေါ်ယူဖို့ မာရီနာ ဂရာနော့ဗ်စကားယာအပါအဝင် အပြောင်းအရွှေ့ဘက်က တာဝန်ရှိသူတွေကိုလည်း ညွှန်ကြားချက်ပေးထားပုံရတာပါ။

ချဲလ်ဆီးဘက်ကတော့ သူတို့ရဲ့ သွင်းဂိုးရော ဖန်တီးမှုပါ ရှိမနေတဲ့ အချစ်တော်ကို ၂၂ ပွဲ ကစားပြီးချိန်မှာ ၅ ဂိုးသွင်း၊ ၆ ဂိုးဖန်ထားတဲ့ လူငယ် အကယ်ဒမီထွက် အင်္ဂလန်လက်ရွေးစင် ငယ်မွေးခြံပေါက်ကစားသမားနဲ့ လဲလှယ်ဖို့ စဉ်းစားရမှာဖြစ်ပြီး အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွေတာကလည်း စာချုပ်ကုန်တော့မယ့် အချိန်မှာတော့ စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။

အန်ချယ်လော့တီရဲ့ တိုက်စစ်မှာ ကာရင်မ် ဘင်ဇီးမား၊ ဗီနီးရှပ်စ် ဂျူနီယာတို့လို ဦးစားပေး မဟုတ်ဘဲ အဆန်စီယို၊ ရိုဒရီဂိုတို့လို ဒုတိယ ဦးစားပေး ကစားသမားတွေနဲ့ပါ ယှဉ်ပြိုင်နေရတဲ့ ဟာဇတ်ဟာ လက်ရှိမှာ ၆ ပွဲ ပွဲထွက်၊ ၆ ပွဲ လူစားဝင်ကစားပြီး ပွဲချိန်ပြည့်တစ်ပွဲသာ ကစားရသေးသလို ၁၂ ပွဲ စုစုပေါင်းမှာ ၅၂၆ မိနစ်ပဲ ရရှိထားပြီး ချန်ပီယံလိဂ်မှာတော့ တစ်ပွဲ ပွဲထွက်၊ တစ်ပွဲ လူစားဝင် ၇၅ မိနစ်သာ ကစားရသေးတာပါ။

အသက် ၃၀ အရွယ် ဘယ်လ်ဂျီယမ်သားရဲ့ ဈေးကွက်ပေါက်ဈေးကတော့ ယူရို ၂၅ သန်းလို့ သိရပြီး နည်းပြ တူဟယ်လ် အားကိုးတဲ့ အသက် ၂၂ နှစ်အရွယ် ရီးစ် ဂျိမ်းစ်ကတော့ ကြမ်းခင်းဈေး ယူရို ၅၅ သန်း ပေါက်နေချိန်မှာ သူတို့နှစ်သင်းကြား သဘောတူညီမှု ရရှိနိုင်မလားဆိုတာနဲ့ ရုရှားသူဌေးကြီး ဆန္ဒပြည့်ဝနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဘက်ကတော့ ရီးစ် ဂျိမ်းစ်ကို နည်းပြ သောမတ်စ် တူဟယ်လ်က လက်လွှတ်ဖို့ အကြောက်အကန် ငြင်းဆန်ခဲ့ပြီး အဆင်မပြေခဲ့ရင်အတွက်ကိုလည်း ကြိုတင်စဉ်းစားထားခဲ့ပြီး အိုင်းယက်စ်အသင်းရဲ့ မော်ရိုကိုလက်ရွေးစင် ညာနောက်ခံလူ နူဆဲရ် မာဇရာဝီကို အရန်အနေနဲ့ စောင့်ကြည့်နေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အင္အားစုဖြဲ႕မႈမွာ ႏွစ္ရွည္လမ်ား လိုအပ္ခ်က္ျဖစ္ေနခဲ့တဲ့ ညာေနာက္ခံလူတစ္ေနရာအတြက္ အေျမာ္အျမင္ရွိတဲ့ အႀကံႀကီးႀကီး ႀကံေနခဲ့ၿပီး လာလီဂါမွာ အေျခအေနေကာင္းေနခဲ့တဲ နည္းျပ ကာလို အန္ခ်ယ္ေလာ့တီရဲ႕ ေတာင္းဆိုမႈနဲ႔ ခ်ဲလ္ဆီးအသင္းနဲ႔ၾကားမွာ သေဘာတူညီမႈတစ္ခု ျပဳလုပ္ႏိုင္ဖို႔ ႀကိဳးစားေနခဲ့ပါတယ္။

စပိန္ေတာ္ဝင္အင္အားႀကီးအသင္းအေနနဲ႔ မီရွယ္ ဆယ္လ္ဂါဒိုေနာက္ပိုင္း ညာေနာက္ခံလူေတြကို ေခၚယူခဲ့ေပမယ့္ ဗဟိုေနာက္ခံလူျဖစ္သြားခဲ့တဲ့ ဆာဂ်ီယို ရာမို႔စ္ကလြဲလို႔ ဘယ္သူမွ ေတာက္ပျခင္းမရွိခဲ့သလို ဒါနီ ကာဗာဟယ္လ္ကေတာ့ အလယ္အလတ္အဆင့္ေလာက္ကို ေရာက္ခဲ့ၿပီး ၿပိဳင္ဘက္ ဘာစီလိုနာနဲ႔ ႏႈိင္းယွဥ္ရင္ ညာေနာက္ခံမွာ အၿမဲတမ္း အားနည္းသလိုလည္းျဖစ္ေနခဲ့ပါတယ္။

ပီအက္စ္ဂ်ီကို ေရာက္သြားခဲ့တဲ့ အက္ရွ္ရက္ဖ္ ဟာကီမီကို လက္လႊတ္လိုက္ရတာကေတာ့ သူတို႔အတြက္ ႀကီးမားတဲ့ ဆုံးရႈံးနစ္နာမႈျဖစ္ခဲ့ခ်ိန္မွာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ညာေနာက္ခံလူတစ္ဦးျဖစ္တဲ့ ရီးစ္ ဂ်ိမ္းစ္ကို ခ်ဲလ္ဆီးတို႔ ရင္ခြင္ထဲက ဆြဲထုတ္ႏိုင္ဖို႔ ႀကိဳးစားလာခဲ့ၿပီး ဥကၠ႒ ဖေလာ္ရင္တီႏို ပီရက္ဇ္အေနနဲ႔ ေပါင္သန္း ၅၀ အထိ သုံးစြဲသြားဖို႔ ရွိေနတာပါ။

ဒါ့အျပင္ ခ်ဲလ္ဆီးတို႔ဘက္က လက္ခံခ်င္လာေအာင္ စတမ္းဖို႔ဒ္ဘရစ္ခ်္ ပရိသတ္အခ်စ္ေတာ္ အီဒင္ ဟာဇတ္ကိုလည္း အလိုက္ထည့္ေပးသြားဖို႔ စီစဥ္ေနၿပီး ဘယ္လ္ဂ်ီယမ္သားရဲ႕ လစာေငြကို ေလွ်ာ့ခ်သြားဖို႔ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ လုပ္လာခဲ့သလို လက္ရွိအခ်ိန္မွာ တိုက္စစ္သမားေတြရဲ႕ မွတ္တမ္းထက္ေတာင္ ေကာင္းေနတဲ့ ရီးစ္ ဂ်ိမ္းစ္ကိုေတာ့ မက္ဒရစ္ဘက္က အသည္းအသန္ အလိုရွိေနခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ ပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္ကေတာ့ သူ႔ရဲ႕ မတတ္သာလို႔ လႊတ္လိုက္ရတဲ့ ၾကယ္ပြင့္ကြင္းလယ္လူကို ဒီအသင္းမွာ ေနာက္တစ္ႀကိမ္ ကစားတာကို ျပန္လည္ျမင္ေတြ႕ရဖို႔ အၿမဲတေစ ဆႏၵရွိေနခဲ့တာျဖစ္ၿပီး အခြင့္အေရးရတာနဲ႔ ေခၚယူဖို႔ မာရီနာ ဂရာေနာ့ဗ္စကားယာအပါအဝင္ အေျပာင္းအေ႐ႊ႕ဘက္က တာဝန္ရွိသူေတြကိုလည္း ၫႊန္ၾကားခ်က္ေပးထားပုံရတာပါ။

ခ်ဲလ္ဆီးဘက္ကေတာ့ သူတို႔ရဲ႕ သြင္းဂိုးေရာ ဖန္တီးမႈပါ ရွိမေနတဲ့ အခ်စ္ေတာ္ကို ၂၂ ပြဲ ကစားၿပီးခ်ိန္မွာ ၅ ဂိုးသြင္း၊ ၆ ဂိုးဖန္ထားတဲ့ လူငယ္ အကယ္ဒမီထြက္ အဂၤလန္လက္ေ႐ြးစင္ ငယ္ေမြးၿခံေပါက္ကစားသမားနဲ႔ လဲလွယ္ဖို႔ စဥ္းစားရမွာျဖစ္ၿပီး အသင္းေခါင္းေဆာင္ ဆီဆာ အက္ဇ္ပီလီေကြတာကလည္း စာခ်ဳပ္ကုန္ေတာ့မယ့္ အခ်ိန္မွာေတာ့ စဥ္းစားစရာျဖစ္လာခဲ့ပါတယ္။

အန္ခ်ယ္ေလာ့တီရဲ႕ တိုက္စစ္မွာ ကာရင္မ္ ဘင္ဇီးမား၊ ဗီနီးရွပ္စ္ ဂ်ဴနီယာတို႔လို ဦးစားေပး မဟုတ္ဘဲ အဆန္စီယို၊ ႐ိုဒရီဂိုတို႔လို ဒုတိယ ဦးစားေပး ကစားသမားေတြနဲ႔ပါ ယွဥ္ၿပိဳင္ေနရတဲ့ ဟာဇတ္ဟာ လက္ရွိမွာ ၆ ပြဲ ပြဲထြက္၊ ၆ ပြဲ လူစားဝင္ကစားၿပီး ပြဲခ်ိန္ျပည့္တစ္ပြဲသာ ကစားရေသးသလို ၁၂ ပြဲ စုစုေပါင္းမွာ ၅၂၆ မိနစ္ပဲ ရရွိထားၿပီး ခ်န္ပီယံလိဂ္မွာေတာ့ တစ္ပြဲ ပြဲထြက္၊ တစ္ပြဲ လူစားဝင္ ၇၅ မိနစ္သာ ကစားရေသးတာပါ။

အသက္ ၃၀ အ႐ြယ္ ဘယ္လ္ဂ်ီယမ္သားရဲ႕ ေဈးကြက္ေပါက္ေဈးကေတာ့ ယူ႐ို ၂၅ သန္းလို႔ သိရၿပီး နည္းျပ တူဟယ္လ္ အားကိုးတဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ရီးစ္ ဂ်ိမ္းစ္ကေတာ့ ၾကမ္းခင္းေဈး ယူ႐ို ၅၅ သန္း ေပါက္ေနခ်ိန္မွာ သူတို႔ႏွစ္သင္းၾကား သေဘာတူညီမႈ ရရွိႏိုင္မလားဆိုတာနဲ႔ ႐ုရွားသူေဌးႀကီး ဆႏၵျပည့္ဝႏိုင္မလားဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဘက္ကေတာ့ ရီးစ္ ဂ်ိမ္းစ္ကို နည္းျပ ေသာမတ္စ္ တူဟယ္လ္က လက္လႊတ္ဖို႔ အေၾကာက္အကန္ ျငင္းဆန္ခဲ့ၿပီး အဆင္မေျပခဲ့ရင္အတြက္ကိုလည္း ႀကိဳတင္စဥ္းစားထားခဲ့ၿပီး အိုင္းယက္စ္အသင္းရဲ႕ ေမာ္႐ိုကိုလက္ေ႐ြးစင္ ညာေနာက္ခံလူ ႏူဆဲရ္ မာဇရာဝီကို အရန္အေနနဲ႔ ေစာင့္ၾကည့္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.