Match Report Premier League

ကာရစ်လောက်တောင် အဖြစ်မရှိဘဲ ငှက်ကျားကို သရေသာရတဲ့ ရန်းနစ်ခ်ယူနိုက်တက်

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ မန်ချက်စတာယူနိုက်တက်ကို အကောင်းဆုံး ဧည့်ခံနိုင်ဖို့ တိုက်စစ်ဦးစားပေး ၄-၅-၁ လူစာရင်းကို ထုတ်သုံးခဲ့ပြီး ခံစစ်မှာ အပြောင်းအလဲလုပ်ခဲ့သလို ကွင်းလယ်မှာ ရှယ်လ်ဗီ၊ လောင်းစတပ်ဖ်၊ ဂျိုလင်တန်၊ ဖရေဆာ၊ စန်မက်ဇီမန်တို့ကို အသုံးပြုခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဝီလ်ဆန်ကို အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ ၄-၂-၂-၂ ပုံစံကို ဆက်သုံးခဲ့ပြန်ပြီး ခံစစ်မှာ မက်ဂွိုင်းယားနဲ့အတူ ဗာရွန်း ပြန်ပါလာခဲ့သလို ဒါလော့၊ အဲလက်စ် တဲလက်စ်တို့ကို ပွဲထုတ်ခဲ့ပြီး ဖရက်ဒ်နဲ့ မက်တော်မီနေးရှေ့က ဖာနန်ဒက်စ်နဲ့ ဂရင်းဝုဒ်၊ တိုက်စစ်မှာတော့ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ရန်းနစ်ခ်က တွဲပေးခဲ့ပါတယ်။

အသင်းခေါင်းဆောင်ကြီး မက်ဂွိုင်းယားကတော့ ပွဲစစချင်းမှာပဲ အိုးနင်းခွက်နင်းဖြစ်ပြခဲ့သလို ဖရေဆာ ဖြတ်ယူချိန်မှာ ဘောလုံးထုတ်တာ များသွားခဲ့လို့ ဖြတ်တင်ချိန်မှာ ထိရောက်မှု သိပ်မရှိတော့တာကြောင့် သူမှားသမျှကို ဆယ်တင်မယ့်သူလို့ အားလုံးက ယူဆထားတဲ့ ဗာရွန်းကပဲ ရှင်းထုတ်သွားခဲ့ရတာပါ။

ပွဲချိန် ၇ မိနစ်မှာတော့ ယူနိုက်တက်တို့ ဂိုးစပေးခဲ့ရပြီး ဗာရွန်းဆီက ဘောလုံးကို လောင်းစတပ်ဖ်က ဖြတ်ယူသွားခဲ့ပြီး ဘယ်ခြမ်းကို ချပေးခဲ့ရာမှာ လွတ်နေတဲ့ စန်မက်ဇီမန်က ဒါလော့နဲ့ မက်ဂွိုင်းယားတို့ကို ကျော်ဖြတ်ပြီး သူ့ရှေ့ကနေ ဝင်ပိတ်ဆို့ဖို့ကြိုးစားတဲ့ မက်တော်မီနေးနဲ့ ဗာရွန်းတို့ထက် ဦးအောင် အမြန်ကန်သွင်းယူသွားခဲ့လို့ ဒဟေးယား ကြည့်နေရုံပဲ တတ်နိုင်ခဲ့ပြီး နယူးကာဆယ်လ်တို့ အိမ်ကွင်းမှာ စတင်ဦးဆောင်ခဲ့ပါတယ်။

ဘောလုံးကိုင်ထားပြီး ဖိကစားဖို့ လုပ်နေတဲ့ ယူနိုက်တက်တို့ထက် ဘောလုံးမကိုင်ဘဲ ခံစစ်ကစားပြီး ဘောလုံးပျက်တာနဲ့ အလျင်အမြန် ထိုးဖောက်ခဲ့တဲ့ နယူးကာဆယ်လ်တို့ကတောင် ဒီနေ့ပွဲမှာ အခွင့်အရေး ဆတူနဲ့ ဂိုးပေါက် နှစ်ဆပိုတည့်ခဲ့ပြီး ကာရစ်ရဲ့ အသင်းလိုမျိုး လူတွေ တူပေမယ့် ရိုးရှင်းမှု မရှိတာတွေက တွဲလုံးတွေကိုပါ ပျက်စီးစေခဲ့တာကို တွေ့ခဲ့ရတာပါ။

ဘယ်နေရာမှာမှ အသုံးမကျတဲ့ ဂျင်းလို့ အားလုံးထင်ခဲ့ကြတဲ့ ဂျိုလင်တန်ကတော့ သူ့ရဲ့ ဘောလုံးကိုင်နိုင်စွမ်းနဲ့ ကြံ့ခိုင်မှုကို ပြသသွားခဲ့ပြီး ဖရက်ဒ်၊ မက်တော်မီနေးတို့နဲ့ ရင်ဆိုင်သွားနိုင်ခဲ့တာက အံ့ဩစရာဖြစ်ခဲ့သလို ဖာနန်ဒက်စ်နဲ့ ရော်နယ်လ်ဒိုတို့ အတွဲကလည်း သိပ်ပြီး တိုင်မင်မကိုက်ဘဲ ဖြစ်နေခဲ့တာကြောင့် ဘောလုံးပျက်တာနဲ့ ခြိမ်းခြောက်ခဲ့ကြတဲ့ ငှက်ကျားတွေရဲ့ ကွင်းလယ်လူ ရှယ်လ်ဗီကန်ချက်ကို ပွဲချိန် ၂၃ မိနစ်မှာ ဒဟေးယား ပုတ်ထုတ်ကာကွယ်ခဲ့ရပါတယ်။

အက်ဒီဟောင်းကတော့ သူ့ခံစစ်ကို ယူနိုက်တက်တိုက်စစ်မှူးတွေ ထိုးဖောက်နိုင်မယ့် Key Area တွေကို ပိတ်ထားနိုင်ခဲ့ပြီး ရက်ရှ်ဖို့ဒ်ကတော့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ လူပျောက်တိုင်ရမလိုဖြစ်နေခဲ့ချိန်မှာ ပွဲချိန် ၃၈ မိနစ်မှာတော့ စန်မက်ဇီမန်ရဲ့ တစ်ကိုယ်တော် မွှေနှောက်ပြီး ဖန်တီးပေးခဲ့တာကနေ ဝီလ်ဆန် ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေလို့သာ ဧည့်သည်တွေ အရှက်မကွဲခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာ ရော်နယ်လ်ဒိုက လူကျွံအနေအထားနဲ့ ဖရီးကစ်ကို ပြေးထွက်ရယူခဲ့ချိန်မှာ သူနဲ့ ဂရင်းဝုဒ်တို့ကြားကနေ ဂိုးသမား ဒူဘရက်ဗ်ကာက ပိတ်ဆို့ထားနိုင်ခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ လွတ်လွတ်ကျွတ်ကျွတ်ကန်ခွင့်ရတာကို ဂိုးသမား ဖမ်းမိသွားမှ ပင်နယ်တီတောင်းခဲ့တဲ့ ရယ်စရာ ဒိုင်ဗင်ကလည်း ရော်နယ်လ်ဒိုပဲ လူကျွံနေခဲ့လို့ ဒိုင်ဘက်လိုက်ချင်ရင်တောင် အလုပ်မဖြစ်ခဲ့တာပါ။

ပထမပိုင်းမှာတော့ စန်မက်ဇီမန်ရဲ့ မွှေနှောက်မှုတွေကို ယူနိုက်တက် ညာခြမ်းခံစစ်က လုံးဝ မထိန်းနိုင်ခဲ့သလို သူ့ဆီကနေ ဓာတ်ကူးသွားခဲ့တဲ့ ဂျိုလင်တန်ကတောင် ခြေကြားတွေထဲကနေ ဖောက်ထွက်ပြီး ပညာပြနေခဲ့တာကြောင့် ရန်းနစ်ခ်အတွက် မခံချင်စရာပဲဖြစ်ခဲ့ရပြီး အိမ်ရှင် ငှက်ကျားတွေကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့လို့ ဒုတိယပိုင်းအစမှာ ဖရက်ဒ်နဲ့ ဂရင်းဝုဒ်အစား ဆန်ချိုနဲ့ ကာဗာနီတို့ကို ထည့်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး မကြာခင် ၄၇ မိနစ်မှာ ညာခြမ်းကနေ ဖရေဆာ နောက်ပေါက်နဲ့ ချပေးတာကို ဧရိယာထဲ ဆွဲဝင်သွားတဲ့ နောက်ခံလူ ခရတ်ဖ်က အနိမ့်ဘော ချိုးပေးခဲ့ရာမှာ စန်မန်ဇီမန် အနီးကပ် ပိတ်ခွင့်ရခဲ့ပေမယ့် ထိချက်မမှန်ခဲ့လို့ ဂိုးသမားတည့်တည့် ရောက်လာတဲ့ ဘောလုံးကို ဒဟေးယား ပုတ်ထုတ်သွားနိုင်ခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ ရက်ရှ်ဖို့ဒ်ရဲ့ အဝေးကန်ချက်ကို ဒူဘရက်ဗ်ကာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားတွေကတော့ ကစားသာ ကစားနေရတယ်၊ ယုံကြည်မှု မရှိတဲ့ ပုံစံတွေဖြစ်နေပြီး ရော်နယ်လ်ဒို၊ ကာဗာနီတို့ရဲ့ အဆုံးသတ်မှုတွေက အလွဲတွေပဲ များနေခဲ့သလို ကွင်းဘေးကနေ နည်းပြ ရန်းနစ်ခ်နဲ့အတူ ရှိနေခဲ့တဲ့ နည်းစနစ်ဒါရိုက်တာ ဒါရင်း ဖလက်ချာရဲ့ မျက်နှာကလည်း စိတ်ပျက်လက်ပျက်ပုံစံကိုပဲ ပြသနေခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာ ဖရေဆာကို ဘောလုံးရောလူပါ ကြမ်းကြမ်းတမ်းတမ်း ဖြတ်ကန်ခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ လုပ်ရပ်က ရှုတ်ချစရာဖြစ်ခဲ့ပြီး ဒီအတွက် အဝါကတ်ပဲ ပြခဲ့တဲ့ ဒိုင်လူကြီးကတော့ ရွံရှာစရာဖြစ်ခဲ့သလို စပါးစ်နဲ့ပွဲမှာ ရောဘတ်ဆန် အထုတ်ခံခဲ့ရတဲ့ ကန်ချက်ကို အနီပြခဲ့ပေမယ့် နာမည်ကြီးလေ ဘက်လိုက်လေဆိုတဲ့ ကိစ္စမျိုးကတော့ ပရီးမီးယားလိဂ်ရဲ့ စိတ်ကုန်စရာတွေပဲဖြစ်ခဲ့ပြီး နယူးကာဆယ်လ်ဖန်တွေ ပေါက်ကွဲခဲ့ကြပါတယ်။

ရှေ့မှာ ဂိုးရဖို့ ဖိကစားနေတဲ့ ယူနိုက်တက်တို့အနေနဲ့ တစ်လုံးဆိုတစ်လုံး ဘောလုံးပျက်တိုင်း နယူးကာဆယ်လ်ရဲ့ တန်ပြန်တိုက်စစ်မှာ စိုးရိမ်စရာတွေပဲ ဖြစ်နေခဲ့ပြီး ဖရေဆာရဲ့ ကန်ချက်ကို ဒဟေးယား ပိတ်ဆို့ခဲ့ရအပြီးမှာ နောက်ကနေ ဖာနန်ဒက်စ် ဖိချခဲ့တာကတောင် ပင်နယ်တီနဲ့ အတော်လေးတူခဲ့ပြီး ဒိုင်လူကြီးကတော့ ငြင်းပယ်သွားခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာ ဗာရွန်းကို ပညာပြပြီး ကန်တဲ့ စန်မက်ဇီမန်ရဲ့ အဝေးကန်ချက်ကို ဒဟေးယား ကာကွယ်ပြီး ပြန်ထွက်အလာမှာ ခေါင်းခုန်တိုက်တဲ့ ၅ ပေ ၅ လက်မအပုလေး ဖရေဆာက ၆ ပေ ၃ လက်မအရွယ် ဂိုးသမားကို ထမ်းမိလို့ လဲကျခဲ့ရာမှာ ဒိုင်လူကြီးကို အဝါကတ် မပြကောင်းလားဆိုပြီး သွားပွားတဲ့ ဖာနန်ဒက်စ် အဝါထိခဲ့ပြီး သူတို့တွေရဲ့ ပုံစံက စိတ်ပျက်စရာပဲဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၇၁ မိနစ်မှာတော့ ယူနိုက်တက်တို့အတွက် ကာဗာနီက ပြန်လည်ချေပနိုင်ခဲ့ပြီး ညာတောင်ပံကနေ ဆန်ချို ဖြတ်ပို့တာကို ဥရုဂွေးသားကြီးက ပိတ်ထားတဲ့ နယူးကာဆယ်လ် နောက်တန်းသုံးယောက်ဆီ ကန်မိခဲ့ရာကနေ ပြန်ထွက်လာတာကို နောက်တစ်ကြိမ် ထပ်ပိတ်ရာမှာ ဂိုးသမား ဟန်ချက်ပျက်ပြီး လဲနေခဲ့လို့ ဘာမှ မတတ်နိုင်တော့ဘဲ အိမ်ရှင်တွေ ချေပဂိုး ပြန်ပေးခဲ့ရတာဖြစ်ပါတယ်။

ဂိုးပေးပြီးပြီးချင်းမှာ စန်မက်ဇီမန်ရဲ့ ဦးဆောင်ဂိုးရှာဖွေဖို့ တုံ့ပြန်ချက်ကို ဒဟေးယား ကာကွယ်ခဲ့ရသလို ပွဲချိန် ၇၅ မိနစ်မှာတော့ နယူးကာဆယ်လ် ခံစစ်နဲ့ ဂိုးသမားကြား နားလည်မှုလွဲရာကနေ ကာဗာနီ ကန်ခွင့်ရခဲ့ပေမယ့် ဒူဘရက်ဗ်ကာကို ကျော်ချခဲ့တဲ့ အဆုံးသတ်မှုကို လာဆယ်လက်စ်က ဂိုးစည်းပေါ် မရောက်ခင်မှာ ရှင်းထုတ်သွားနိုင်ခဲ့ပါတယ်။

ဖိကစားပြီး ဂိုးပေါက်မတည့်တဲ့ ယူနိုက်တက်တို့ကို ကောင်တာနဲ့ ဒဟေးယားကို မကြာခဏ ခြိမ်းခြောက်နေတဲ့ ငှက်ကျားတွေက ပွဲချိန် ၈၈ မိနစ်မှာ ရင်ခုန်အောင်စွမ်းနိုင်ခဲ့ပြီး ဝီလ်ဆန်အစား ဝင်ကစားတဲ့ မာဖီရဲ့ ကန်ချက်က အဝေးတိုင်ကို ထိထွက်ခဲ့သလို ဒီကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို အယ်လ်မီရွန်က ဘယ်ဘက်အပေါ်ထောင့်ကို ကန်ခဲ့တာကိုလည်း စပိန်သားဂိုးသမားကပဲ လက်စွမ်းပြ ပုတ်ထုတ်သွားနိုင်ခဲ့လို့ သက်သာရာရခဲ့တာပါ။

တကယ်လို့သာ Gegenpress မှာ ရန်းနစ်ခ်ကသာ ကလော့ပ်နဲ့ တူဟယ်လ်တို့ရဲ့ ဆရာဆိုရင် စာအုပ်ကြီးအတိုင်း စာပဲသင်တတ်ပြီး တကယ်တမ်း လက်တွေ့မှာ အသုံးမချတတ်သူလို့ ဝေဖန်ရတော့မှာဖြစ်သလို လီဗာပူးလ်မပြောနဲ့၊ ချဲလ်ဆီးရဲ့ ကစားဟန်ကိုပါ ယူနိုက်တက်တို့ လိုက်မမီသေးချိန်မှာ ပရိသတ်တွေအနေနဲ့ စိုးရိမ်ကြောင်း စာထုတ်ဖို့ပဲ ရှိနေတော့တာဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာ ဗာရွန်းရဲ့ လက်ထိဘောက ဧရိယာအပြင်မှာ ဖြစ်နေလို့ ဒိုင်လူကြီးက ပယ်ချသွားခဲ့သလို ဒူဘရက်ဗ်ကာရဲ့ ဘောလုံး လွတ်ကျတဲ့ အမှားကနေ ကာဗာနီက ရော်နယ်လ်ဒိုကို ပေးရမယ့်အစား ကန်ခဲ့ပြီး ခံစစ်က ရှင်းထုတ်သွားနိုင်ခဲ့တာကလည်း သူတို့တွေ ကံဆိုးခဲ့သလို အိမ်ရှင်တို့ဘက်က တန်ပြန်တိုက်စစ်တွေကိုတော့ ပွဲပြီးမှပဲ တစ်ဂိုးစီသရေမှာ ဧည့်သည်တွေ သက်မချနိုင်ခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် အိမ်ရှင် ငှက်ကျားတွေ အဆင့် ၁၉ မှာ ဆက်လက်ရပ်တည်ခဲ့ပြီး သိပ်ထူးထူးခြားခြား မဖြစ်ခဲ့ပေမယ့် ယူနိုက်တက်တို့ရဲ့ အဆင့် ၄ နေရာက အာဆင်နယ်ကို ကျော်တက်ဖို့ကတော့ နှစ်မှတ်လျော့သွားခဲ့ချိန်မှာ လက်ကျန်နှစ်ပွဲနဲ့ မဖြစ်နိုင်တော့တာကြောင့် စပါးစ်တို့ဆီပဲ ဒီအခွင့်အရေးကို လွှဲပေးခဲ့ရပြီး ရန်းနစ်ခ်ကတော့ ကာရစ်လက်ထက်ကလောက် အလုပ်ဖြစ်အောင်ကို မနည်းကြိုးစားရဦးမှာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္အသင္းအေနနဲ႔ ဒီေန႔မွာ မန္ခ်က္စတာယူႏိုက္တက္ကို အေကာင္းဆုံး ဧည့္ခံႏိုင္ဖို႔ တိုက္စစ္ဦးစားေပး ၄-၅-၁ လူစာရင္းကို ထုတ္သုံးခဲ့ၿပီး ခံစစ္မွာ အေျပာင္းအလဲလုပ္ခဲ့သလို ကြင္းလယ္မွာ ရွယ္လ္ဗီ၊ ေလာင္းစတပ္ဖ္၊ ဂ်ိဳလင္တန္၊ ဖေရဆာ၊ စန္မက္ဇီမန္တို႔ကို အသုံးျပဳခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ဝီလ္ဆန္ကို အေထာင္ထားၿပီး ပြဲထြက္လာခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ၄-၂-၂-၂ ပုံစံကို ဆက္သုံးခဲ့ျပန္ၿပီး ခံစစ္မွာ မက္ဂြိဳင္းယားနဲ႔အတူ ဗာ႐ြန္း ျပန္ပါလာခဲ့သလို ဒါေလာ့၊ အဲလက္စ္ တဲလက္စ္တို႔ကို ပြဲထုတ္ခဲ့ၿပီး ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးေရွ႕က ဖာနန္ဒက္စ္နဲ႔ ဂရင္းဝုဒ္၊ တိုက္စစ္မွာေတာ့ ခရစၥတီယာႏိုေရာ္နယ္လ္ဒိုနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို ရန္းနစ္ခ္က တြဲေပးခဲ့ပါတယ္။

အသင္းေခါင္းေဆာင္ႀကီး မက္ဂြိဳင္းယားကေတာ့ ပြဲစစခ်င္းမွာပဲ အိုးနင္းခြက္နင္းျဖစ္ျပခဲ့သလို ဖေရဆာ ျဖတ္ယူခ်ိန္မွာ ေဘာလုံးထုတ္တာ မ်ားသြားခဲ့လို႔ ျဖတ္တင္ခ်ိန္မွာ ထိေရာက္မႈ သိပ္မရွိေတာ့တာေၾကာင့္ သူမွားသမွ်ကို ဆယ္တင္မယ့္သူလို႔ အားလုံးက ယူဆထားတဲ့ ဗာ႐ြန္းကပဲ ရွင္းထုတ္သြားခဲ့ရတာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ဂိုးစေပးခဲ့ရၿပီး ဗာ႐ြန္းဆီက ေဘာလုံးကို ေလာင္းစတပ္ဖ္က ျဖတ္ယူသြားခဲ့ၿပီး ဘယ္ျခမ္းကို ခ်ေပးခဲ့ရာမွာ လြတ္ေနတဲ့ စန္မက္ဇီမန္က ဒါေလာ့နဲ႔ မက္ဂြိဳင္းယားတို႔ကို ေက်ာ္ျဖတ္ၿပီး သူ႔ေရွ႕ကေန ဝင္ပိတ္ဆို႔ဖို႔ႀကိဳးစားတဲ့ မက္ေတာ္မီေနးနဲ႔ ဗာ႐ြန္းတို႔ထက္ ဦးေအာင္ အျမန္ကန္သြင္းယူသြားခဲ့လို႔ ဒေဟးယား ၾကည့္ေန႐ုံပဲ တတ္ႏိုင္ခဲ့ၿပီး နယူးကာဆယ္လ္တို႔ အိမ္ကြင္းမွာ စတင္ဦးေဆာင္ခဲ့ပါတယ္။

ေဘာလုံးကိုင္ထားၿပီး ဖိကစားဖို႔ လုပ္ေနတဲ့ ယူႏိုက္တက္တို႔ထက္ ေဘာလုံးမကိုင္ဘဲ ခံစစ္ကစားၿပီး ေဘာလုံးပ်က္တာနဲ႔ အလ်င္အျမန္ ထိုးေဖာက္ခဲ့တဲ့ နယူးကာဆယ္လ္တို႔ကေတာင္ ဒီေန႔ပြဲမွာ အခြင့္အေရး ဆတူနဲ႔ ဂိုးေပါက္ ႏွစ္ဆပိုတည့္ခဲ့ၿပီး ကာရစ္ရဲ႕ အသင္းလိုမ်ိဳး လူေတြ တူေပမယ့္ ႐ိုးရွင္းမႈ မရွိတာေတြက တြဲလုံးေတြကိုပါ ပ်က္စီးေစခဲ့တာကို ေတြ႕ခဲ့ရတာပါ။

ဘယ္ေနရာမွာမွ အသုံးမက်တဲ့ ဂ်င္းလို႔ အားလုံးထင္ခဲ့ၾကတဲ့ ဂ်ိဳလင္တန္ကေတာ့ သူ႔ရဲ႕ ေဘာလုံးကိုင္ႏိုင္စြမ္းနဲ႔ ႀကံ့ခိုင္မႈကို ျပသသြားခဲ့ၿပီး ဖရက္ဒ္၊ မက္ေတာ္မီေနးတို႔နဲ႔ ရင္ဆိုင္သြားႏိုင္ခဲ့တာက အံ့ဩစရာျဖစ္ခဲ့သလို ဖာနန္ဒက္စ္နဲ႔ ေရာ္နယ္လ္ဒိုတို႔ အတြဲကလည္း သိပ္ၿပီး တိုင္မင္မကိုက္ဘဲ ျဖစ္ေနခဲ့တာေၾကာင့္ ေဘာလုံးပ်က္တာနဲ႔ ၿခိမ္းေျခာက္ခဲ့ၾကတဲ့ ငွက္က်ားေတြရဲ႕ ကြင္းလယ္လူ ရွယ္လ္ဗီကန္ခ်က္ကို ပြဲခ်ိန္ ၂၃ မိနစ္မွာ ဒေဟးယား ပုတ္ထုတ္ကာကြယ္ခဲ့ရပါတယ္။

အက္ဒီေဟာင္းကေတာ့ သူ႔ခံစစ္ကို ယူႏိုက္တက္တိုက္စစ္မႉးေတြ ထိုးေဖာက္ႏိုင္မယ့္ Key Area ေတြကို ပိတ္ထားႏိုင္ခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ကေတာ့ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ လူေပ်ာက္တိုင္ရမလိုျဖစ္ေနခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ စန္မက္ဇီမန္ရဲ႕ တစ္ကိုယ္ေတာ္ ေမႊေႏွာက္ၿပီး ဖန္တီးေပးခဲ့တာကေန ဝီလ္ဆန္ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနလို႔သာ ဧည့္သည္ေတြ အရွက္မကြဲခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာ ေရာ္နယ္လ္ဒိုက လူကြၽံအေနအထားနဲ႔ ဖရီးကစ္ကို ေျပးထြက္ရယူခဲ့ခ်ိန္မွာ သူနဲ႔ ဂရင္းဝုဒ္တို႔ၾကားကေန ဂိုးသမား ဒူဘရက္ဗ္ကာက ပိတ္ဆို႔ထားႏိုင္ခဲ့ၿပီး ဖာနန္ဒက္စ္ရဲ႕ လြတ္လြတ္ကြၽတ္ကြၽတ္ကန္ခြင့္ရတာကို ဂိုးသမား ဖမ္းမိသြားမွ ပင္နယ္တီေတာင္းခဲ့တဲ့ ရယ္စရာ ဒိုင္ဗင္ကလည္း ေရာ္နယ္လ္ဒိုပဲ လူကြၽံေနခဲ့လို႔ ဒိုင္ဘက္လိုက္ခ်င္ရင္ေတာင္ အလုပ္မျဖစ္ခဲ့တာပါ။

ပထမပိုင္းမွာေတာ့ စန္မက္ဇီမန္ရဲ႕ ေမႊေႏွာက္မႈေတြကို ယူႏိုက္တက္ ညာျခမ္းခံစစ္က လုံးဝ မထိန္းႏိုင္ခဲ့သလို သူ႔ဆီကေန ဓာတ္ကူးသြားခဲ့တဲ့ ဂ်ိဳလင္တန္ကေတာင္ ေျခၾကားေတြထဲကေန ေဖာက္ထြက္ၿပီး ပညာျပေနခဲ့တာေၾကာင့္ ရန္းနစ္ခ္အတြက္ မခံခ်င္စရာပဲျဖစ္ခဲ့ရၿပီး အိမ္ရွင္ ငွက္က်ားေတြကပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့လို႔ ဒုတိယပိုင္းအစမွာ ဖရက္ဒ္နဲ႔ ဂရင္းဝုဒ္အစား ဆန္ခ်ိဳနဲ႔ ကာဗာနီတို႔ကို ထည့္သြင္းခဲ့ပါတယ္။

ဒုတိယပိုင္းစၿပီး မၾကာခင္ ၄၇ မိနစ္မွာ ညာျခမ္းကေန ဖေရဆာ ေနာက္ေပါက္နဲ႔ ခ်ေပးတာကို ဧရိယာထဲ ဆြဲဝင္သြားတဲ့ ေနာက္ခံလူ ခရတ္ဖ္က အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ စန္မန္ဇီမန္ အနီးကပ္ ပိတ္ခြင့္ရခဲ့ေပမယ့္ ထိခ်က္မမွန္ခဲ့လို႔ ဂိုးသမားတည့္တည့္ ေရာက္လာတဲ့ ေဘာလုံးကို ဒေဟးယား ပုတ္ထုတ္သြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္ရဲ႕ အေဝးကန္ခ်က္ကို ဒူဘရက္ဗ္ကာ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္ကစားသမားေတြကေတာ့ ကစားသာ ကစားေနရတယ္၊ ယုံၾကည္မႈ မရွိတဲ့ ပုံစံေတြျဖစ္ေနၿပီး ေရာ္နယ္လ္ဒို၊ ကာဗာနီတို႔ရဲ႕ အဆုံးသတ္မႈေတြက အလြဲေတြပဲ မ်ားေနခဲ့သလို ကြင္းေဘးကေန နည္းျပ ရန္းနစ္ခ္နဲ႔အတူ ရွိေနခဲ့တဲ့ နည္းစနစ္ဒါ႐ိုက္တာ ဒါရင္း ဖလက္ခ်ာရဲ႕ မ်က္ႏွာကလည္း စိတ္ပ်က္လက္ပ်က္ပုံစံကိုပဲ ျပသေနခဲ့တာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာ ဖေရဆာကို ေဘာလုံးေရာလူပါ ၾကမ္းၾကမ္းတမ္းတမ္း ျဖတ္ကန္ခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ လုပ္ရပ္က ရႈတ္ခ်စရာျဖစ္ခဲ့ၿပီး ဒီအတြက္ အဝါကတ္ပဲ ျပခဲ့တဲ့ ဒိုင္လူႀကီးကေတာ့ ႐ြံရွာစရာျဖစ္ခဲ့သလို စပါးစ္နဲ႔ပြဲမွာ ေရာဘတ္ဆန္ အထုတ္ခံခဲ့ရတဲ့ ကန္ခ်က္ကို အနီျပခဲ့ေပမယ့္ နာမည္ႀကီးေလ ဘက္လိုက္ေလဆိုတဲ့ ကိစၥမ်ိဳးကေတာ့ ပရီးမီးယားလိဂ္ရဲ႕ စိတ္ကုန္စရာေတြပဲျဖစ္ခဲ့ၿပီး နယူးကာဆယ္လ္ဖန္ေတြ ေပါက္ကြဲခဲ့ၾကပါတယ္။

ေရွ႕မွာ ဂိုးရဖို႔ ဖိကစားေနတဲ့ ယူႏိုက္တက္တို႔အေနနဲ႔ တစ္လုံးဆိုတစ္လုံး ေဘာလုံးပ်က္တိုင္း နယူးကာဆယ္လ္ရဲ႕ တန္ျပန္တိုက္စစ္မွာ စိုးရိမ္စရာေတြပဲ ျဖစ္ေနခဲ့ၿပီး ဖေရဆာရဲ႕ ကန္ခ်က္ကို ဒေဟးယား ပိတ္ဆို႔ခဲ့ရအၿပီးမွာ ေနာက္ကေန ဖာနန္ဒက္စ္ ဖိခ်ခဲ့တာကေတာင္ ပင္နယ္တီနဲ႔ အေတာ္ေလးတူခဲ့ၿပီး ဒိုင္လူႀကီးကေတာ့ ျငင္းပယ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာ ဗာ႐ြန္းကို ပညာျပၿပီး ကန္တဲ့ စန္မက္ဇီမန္ရဲ႕ အေဝးကန္ခ်က္ကို ဒေဟးယား ကာကြယ္ၿပီး ျပန္ထြက္အလာမွာ ေခါင္းခုန္တိုက္တဲ့ ၅ ေပ ၅ လက္မအပုေလး ဖေရဆာက ၆ ေပ ၃ လက္မအ႐ြယ္ ဂိုးသမားကို ထမ္းမိလို႔ လဲက်ခဲ့ရာမွာ ဒိုင္လူႀကီးကို အဝါကတ္ မျပေကာင္းလားဆိုၿပီး သြားပြားတဲ့ ဖာနန္ဒက္စ္ အဝါထိခဲ့ၿပီး သူတို႔ေတြရဲ႕ ပုံစံက စိတ္ပ်က္စရာပဲျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔အတြက္ ကာဗာနီက ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး ညာေတာင္ပံကေန ဆန္ခ်ိဳ ျဖတ္ပို႔တာကို ဥ႐ုေဂြးသားႀကီးက ပိတ္ထားတဲ့ နယူးကာဆယ္လ္ ေနာက္တန္းသုံးေယာက္ဆီ ကန္မိခဲ့ရာကေန ျပန္ထြက္လာတာကို ေနာက္တစ္ႀကိမ္ ထပ္ပိတ္ရာမွာ ဂိုးသမား ဟန္ခ်က္ပ်က္ၿပီး လဲေနခဲ့လို႔ ဘာမွ မတတ္ႏိုင္ေတာ့ဘဲ အိမ္ရွင္ေတြ ေခ်ပဂိုး ျပန္ေပးခဲ့ရတာျဖစ္ပါတယ္။

ဂိုးေပးၿပီးၿပီးခ်င္းမွာ စန္မက္ဇီမန္ရဲ႕ ဦးေဆာင္ဂိုးရွာေဖြဖို႔ တုံ႔ျပန္ခ်က္ကို ဒေဟးယား ကာကြယ္ခဲ့ရသလို ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ နယူးကာဆယ္လ္ ခံစစ္နဲ႔ ဂိုးသမားၾကား နားလည္မႈလြဲရာကေန ကာဗာနီ ကန္ခြင့္ရခဲ့ေပမယ့္ ဒူဘရက္ဗ္ကာကို ေက်ာ္ခ်ခဲ့တဲ့ အဆုံးသတ္မႈကို လာဆယ္လက္စ္က ဂိုးစည္းေပၚ မေရာက္ခင္မွာ ရွင္းထုတ္သြားႏိုင္ခဲ့ပါတယ္။

ဖိကစားၿပီး ဂိုးေပါက္မတည့္တဲ့ ယူႏိုက္တက္တို႔ကို ေကာင္တာနဲ႔ ဒေဟးယားကို မၾကာခဏ ၿခိမ္းေျခာက္ေနတဲ့ ငွက္က်ားေတြက ပြဲခ်ိန္ ၈၈ မိနစ္မွာ ရင္ခုန္ေအာင္စြမ္းႏိုင္ခဲ့ၿပီး ဝီလ္ဆန္အစား ဝင္ကစားတဲ့ မာဖီရဲ႕ ကန္ခ်က္က အေဝးတိုင္ကို ထိထြက္ခဲ့သလို ဒီကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို အယ္လ္မီ႐ြန္က ဘယ္ဘက္အေပၚေထာင့္ကို ကန္ခဲ့တာကိုလည္း စပိန္သားဂိုးသမားကပဲ လက္စြမ္းျပ ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ သက္သာရာရခဲ့တာပါ။

တကယ္လို႔သာ Gegenpress မွာ ရန္းနစ္ခ္ကသာ ကေလာ့ပ္နဲ႔ တူဟယ္လ္တို႔ရဲ႕ ဆရာဆိုရင္ စာအုပ္ႀကီးအတိုင္း စာပဲသင္တတ္ၿပီး တကယ္တမ္း လက္ေတြ႕မွာ အသုံးမခ်တတ္သူလို႔ ေဝဖန္ရေတာ့မွာျဖစ္သလို လီဗာပူးလ္မေျပာနဲ႔၊ ခ်ဲလ္ဆီးရဲ႕ ကစားဟန္ကိုပါ ယူႏိုက္တက္တို႔ လိုက္မမီေသးခ်ိန္မွာ ပရိသတ္ေတြအေနနဲ႔ စိုးရိမ္ေၾကာင္း စာထုတ္ဖို႔ပဲ ရွိေနေတာ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုမွာ ဗာ႐ြန္းရဲ႕ လက္ထိေဘာက ဧရိယာအျပင္မွာ ျဖစ္ေနလို႔ ဒိုင္လူႀကီးက ပယ္ခ်သြားခဲ့သလို ဒူဘရက္ဗ္ကာရဲ႕ ေဘာလုံး လြတ္က်တဲ့ အမွားကေန ကာဗာနီက ေရာ္နယ္လ္ဒိုကို ေပးရမယ့္အစား ကန္ခဲ့ၿပီး ခံစစ္က ရွင္းထုတ္သြားႏိုင္ခဲ့တာကလည္း သူတို႔ေတြ ကံဆိုးခဲ့သလို အိမ္ရွင္တို႔ဘက္က တန္ျပန္တိုက္စစ္ေတြကိုေတာ့ ပြဲၿပီးမွပဲ တစ္ဂိုးစီသေရမွာ ဧည့္သည္ေတြ သက္မခ်ႏိုင္ခဲ့တာပါ။

ဒီပြဲရလဒ္ေၾကာင့္ အိမ္ရွင္ ငွက္က်ားေတြ အဆင့္ ၁၉ မွာ ဆက္လက္ရပ္တည္ခဲ့ၿပီး သိပ္ထူးထူးျခားျခား မျဖစ္ခဲ့ေပမယ့္ ယူႏိုက္တက္တို႔ရဲ႕ အဆင့္ ၄ ေနရာက အာဆင္နယ္ကို ေက်ာ္တက္ဖို႔ကေတာ့ ႏွစ္မွတ္ေလ်ာ့သြားခဲ့ခ်ိန္မွာ လက္က်န္ႏွစ္ပြဲနဲ႔ မျဖစ္ႏိုင္ေတာ့တာေၾကာင့္ စပါးစ္တို႔ဆီပဲ ဒီအခြင့္အေရးကို လႊဲေပးခဲ့ရၿပီး ရန္းနစ္ခ္ကေတာ့ ကာရစ္လက္ထက္ကေလာက္ အလုပ္ျဖစ္ေအာင္ကို မနည္းႀကိဳးစားရဦးမွာျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.