Analysis Premier League

နယူးကာဆယ်လ်ကို အနိုင်မရခဲ့တဲ့ ယူနိုက်တက်နည်းပြ ရန်းနစ်ခ်ရဲ့ အမှားများ

နယူးကာဆယ်လ်နဲ့ ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ဖူးပြီး တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း နှစ်ဂိုး ရရှိခဲ့တာကြောင့် စိန့်ဂျိမ်းစ်ပါ့ခ်မှာ လူတွေ သိပ်အထင်မကြီးကြတဲ့ ငှက်ကျားတွေဆီက နောက်ထပ်သုံးမှတ်တော့ မန်ချက်စတာယူနိုက်တက်တို့ အလွယ်နဲ့ပဲ ရယူသွားနိုင်လိမ့်ဦးမယ်လို့ ထင်ခဲ့ကြပေမယ့် အားလုံး မှားယွင်းခဲ့ကြပါတယ်။

ဒီထဲမှာ ထပ်မှားခဲ့တာကတော့ ကစားသမားတွေရဲ့ အဆင့်ဆင့် အထက်အောက် တာဝန်ယူ တာဝန်ခံမှုမရှိတဲ့ စိတ်နေခံယူမှု အချိတ်အဆက်က ထင်ရှားခဲ့သလို နည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်ကလည်း မိုက်ကယ် ကာရစ်လက်ထက်ကလောက်တောင် ကစားပုံကောင်းနဲ့ စိတ်ဓာတ်ကောင်းကို မပြနိုင်ခဲ့ဘဲ ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ နော့ဝစ်ချ်ပွဲတွေကို ခွင့်လွှတ်ပေးနိုင်ခဲ့ချိန်မှာ ဒီနေ့ပွဲကတော့ ကိုင်တွယ်ချိန် ၂၈ ရက်ရှိခဲ့ပြီဖြစ်တဲ့ ဂျာမန်သားကြီးအတွက် နည်းနည်းတော့ လျှော့ပေါ့ပေးဖို့ ခက်နေခဲ့တာပါ။

၁။ အထက်အောက် အဆင့်ဆင့် တာဝန်ယူ၊ တာဝန်ခံမှု မရှိခြင်း
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဗိုင်းရပ်စ်လို့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုက ခေါ်ခဲ့ဖူးသလိုမျိုး ဟာရီ မက်ဂွိုင်းယားဟာလည်း အသင်းခေါင်းဆောင်တာဝန်ယူထားလျက်နဲ့ ခေါင်းဆောင်မပီသ,သလို အမှားများစွာ ကျူးလွန်နေချိန်မှာ အသင်းရဲ့ ဦးဆောင်မှုနဲ့ တာဝန်ယူ တာဝန်ခံမှုက ပြဿနာဖြစ်လာခဲ့ပါတယ်။ စီနီယာ၊ ဝါရင့်၊ လူငယ်လို့ သုံးမျိုးသုံးစား ခွဲခြားနိုင်ချိန်မှာ လူစာရင်းရဲ့ “ဝါစဉ်”ဟန်ချက် မညီတာက အသင်းကို ကွင်းထဲမှာ ဇဝေဇဝါတွေဖြစ်စေပြီး အတွဲအဖက်တွေ ပျက်ပြားစေခဲ့တာပါ။

မက်ဂွိုင်းယား မပါဝင်နိုင်ရင်ပဲဖြစ်ဖြစ် တာဝန်ပျက်ကွက်ရင်ပဲဖြစ်ဖြစ် အစားဝင်ရမယ့် ဘရူနို ဖာနန်ဒက်စ်ကတော့ နိုင်ငံအသင်းမှာ သူ့ရဲ့ ကပ္ပတိန်ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို ပါဝင်လာချိန်မှာ သက်တောင့်သက်သာမရှိဘဲဖြစ်စေပြီး ဝါရင့်တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီလို ကစားသမားမျိုးရဲ့ တည်ရှိမှုနဲ့ ပုံရိပ်ကိုလည်း ကျော်လွန်နိုင်ခြင်းမရှိတာကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ လားရာဦးတည်ချက်က မချောမွေ့စေဘဲ ကွင်းထဲမှာ တစ်ဦးနဲ့တစ်ဦးကြား အော်ဟစ်နေတဲ့ ကွန်ပလိန်းတွေကိုပဲ မကြာခဏ မြင်ခဲ့ရတာဖြစ်ပါတယ်။

၂။ ဗာရွန်းကို ပြန်ခေါ်လာခြင်း
ရာဖေးလ် ဗာရွန်း ပြန်လည်ပါဝင်လာတာဟာ မက်ဂွိုင်းယားရဲ့ အမှားတွေအတွက် အထောက်အကူဖြစ်စေမယ်လို့ အားလုံးက တွက်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ သူကလည်း တချို့ဘောလုံးတွေကို ရှင်းထုတ်နိုင်တာကလွဲရင် လက်စတာနောက်ခံလူဟောင်းနဲ့ ထူးမခြားနားပဲဖြစ်ခဲ့ပါတယ်။ အောက်တိုဘာလနောက်ပိုင်း အသင်းအတွက် ပထမဆုံးအကြိမ် ပြန်ကစားပေးတဲ့ ပြင်သစ်သားဟာ နယူးကာဆယ်လ်တိုက်စစ်ကို ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရပြီး သူ့ရဲ့ ဘောလုံးပျက်တဲ့ အမှားတစ်ကြိမ်ကနေ အယ်လန် စန်မက်ဇီမန်ရဲ့ သွင်းဂိုးကို ခွင့်ပြုလိုက်ရသလို ဘောလုံးယှဉ်လုယူမှုမျိုးတွေမှာလည်း အားနည်းနေခဲ့တာဖြစ်ပါတယ်။

၃။ မရင်းနှီးတဲ့ ကစားကွက်နဲ့ ဂရင်းဝုဒ်ကို ပွဲထွက်စေခြင်း
မန်ချက်စတာယူနိုက်တက်ဆီ ရန်းနစ်ခ် ယူဆောင်လာခဲ့တဲ့ ၄-၂-၂-၂ ကစားကွက်က အလှည့်အပြောင်းများတဲ့ ကစားကွက်ပါ။ သိုင်းလောကရဲ့ စိန်ခေါ်သံထဲမှာ လင့်ဟူချုံး ဧကရာဇ်ကိုးကွက် ဓားသိုင်းသင်တော့ ပထမတစ်ကွက်ထဲမှာ ပြောင်းလဲကွက် ၃၆၀ ရှိတယ်ဆိုတာလိုမျိုးဖြစ်နေတဲ့ Genius ကစားကွက်နဲ့ Gegenpress ဟာ အသင်းရဲ့ လက်ရှိကစားသမားတွေနဲ့ အံမဝင်သေးဘဲဖြစ်နေသလို ဘယ်ညာနောက်ခံလူတွေအတွက်လည်း တောင်ပံတွေမှာ ပေးဆပ်ရမယ့် တောင်းဆိုမှုက ကြီးမားလွန်းနေခဲ့ပါတယ်။

ညာခြမ်းကနေ တောင်ပံလူနဲ့ ချိတ်ဆက်ဖို့ တာဝန်ရော၊ တိုက်စစ်မှူးနောက်က လိုက်ကစားဖို့ တာဝန်ပါ ယူခဲ့ရတဲ့ ဂရင်းဝုဒ်အတွက်ကတော့ ဒီတစ်ပွဲတည်း ကစားတာကိုသာ လူတွေက မြင်ဖူးကြမယ်ဆိုရင် ကောင်းကောင်းကြီး နာမည်ပျက်ရဖို့ဖြစ်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ဂျေဒန် ဆန်ချိုနဲ့ လူစားလဲခဲ့ရတာပါ။ စိန့်ဂျိမ်းစ်ပါ့ခ်က ပထမပိုင်းမှာ အင်္ဂလိပ်လူငယ်ရဲ့ ဘောလုံးပေးပို့မှုကတော့ အောင်မြင်မှု ၆၃ ရာခိုင်နှုန်းသာ ရှိခဲ့တာလည်းဖြစ်ပါတယ်။

၄။ အဆုံးသတ်ပိုင်း အားနည်းခြင်း
တိုက်စစ်ဖွင့်ပြီး ဘောလုံးကို ၆၉ ရာခိုင်နှုန်း ကိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဒီနေ့မှာ ခံစစ်နဲ့ တန်ပြန်တိုက်စစ်ကစားခဲ့တဲ့ နယူးကာဆယ်လ်နဲ့ ဂိုးကန်သွင်းခွင့်ချင်းက ၁၃ ကြိမ်ချင်း တူခဲ့ပေမယ့် ဂိုးပေါက်တည့်မှုမှာတော့ ၄ ကြိမ်သာရှိခဲ့ပြီး အိမ်ရှင်ဘက်က ၈ ကြိမ်ကန်သွင်းမှုကို ဂိုးသမား ဒဟေးယား အလူးအလဲ ကာကွယ်ခဲ့ရတာပါ။ စန်မက်ဇီမန် ဦးဆောင်တဲ့ ငှက်ကျားအဖွဲ့ရဲ့ အဆုံးသတ်ပိုင်းက ရော်နယ်လ်ဒို၊ ကာဗာနီ၊ ဖာနန်ဒက်စ်၊ ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့ သရဲနီအဖွဲ့ရဲ့ အဆုံးသတ်ပိုင်းထက် နှစ်ဆသာလွန်နေခဲ့တာက ပြောစရာကြီးဖြစ်နေခဲ့ပြီး နည်းပြ ရန်းနစ်ခ်အတွက်တော့ မျက်နှာပျက်ဖို့ ဖြစ်ခဲ့ရသလို နားလည်မှုနဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်ပိုင်းတွေမှာပါ ချို့တဲ့ခဲ့တာလည်းဖြစ်ပါတယ်။

၅။ စန်မက်ဇီမန်ကို မထိန်းနိုင်ခဲ့ခြင်း
နည်းပြ ရန်းနစ်ခ်အနေနဲ့ နယူးကာဆယ်လ်ရဲ့ အကောင်းဆုံးကစားသမား အယ်လန် စန်မက်ဇီမန်ကို ဘယ်လို ထိန်းချုပ်မလဲဆိုတဲ့အပိုင်းမှာ လုံးဝကို စဉ်းစားမထားခဲ့ပုံပါပဲ။ ကြုံတဲ့သူက ကြုံသလို ထိန်းဖို့ ပြောထားရင်တော့ ခံစစ်အရည်အသွေး မကောင်းတဲ့ ညာနောက်ခံလူ ဒါလော့ဟာ ပြင်သစ်သားအတွက် ပြိုင်ဘက်မဟုတ်ခဲ့ချိန်မှာ မက်တော်မီနေးနဲ့ ညာအတွင်းလူ ဗာရွန်းတို့ကပါ ပုံပျက်နေပြီး အနည်းဆုံးတော့ အရန်ခုံမှာ ခေါက်ထားတဲ့ ဝန်ဘစ်ဆာကာဆိုရင် ဒီထက်တော့ ခုခံကာကွယ်နိုင်ခဲ့မှာ သေချာပါတယ်။ နယူးကာဆယ်လ်ဘယ်ခြမ်းရဲ့ ဒုက္ခပေးမှုကို တောက်လျှောက်ခံခဲ့ရချိန်မှာ ရန်းနစ်ခ်နဲ့ ယူနိုက်တက်တို့ဘက်က ကံကြမ္မာနဲ့ ဒဟေးယားတို့ ဖေးမနေခဲ့လို့သာ မရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္နဲ႔ ပထမအေက်ာ့ အိမ္ကြင္းပြဲစဥ္မွာ ေလးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့ဖူးၿပီး တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကလည္း ႏွစ္ဂိုး ရရွိခဲ့တာေၾကာင့္ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ လူေတြ သိပ္အထင္မႀကီးၾကတဲ့ ငွက္က်ားေတြဆီက ေနာက္ထပ္သုံးမွတ္ေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔ အလြယ္နဲ႔ပဲ ရယူသြားႏိုင္လိမ့္ဦးမယ္လို႔ ထင္ခဲ့ၾကေပမယ့္ အားလုံး မွားယြင္းခဲ့ၾကပါတယ္။

ဒီထဲမွာ ထပ္မွားခဲ့တာကေတာ့ ကစားသမားေတြရဲ႕ အဆင့္ဆင့္ အထက္ေအာက္ တာဝန္ယူ တာဝန္ခံမႈမရွိတဲ့ စိတ္ေနခံယူမႈ အခ်ိတ္အဆက္က ထင္ရွားခဲ့သလို နည္းျပ ရာ့လ္ဖ္ ရန္းနစ္ခ္ကလည္း မိုက္ကယ္ ကာရစ္လက္ထက္ကေလာက္ေတာင္ ကစားပုံေကာင္းနဲ႔ စိတ္ဓာတ္ေကာင္းကို မျပႏိုင္ခဲ့ဘဲ ၿပီးခဲ့တဲ့ ပဲေလ့စ္နဲ႔ ေနာ့ဝစ္ခ်္ပြဲေတြကို ခြင့္လႊတ္ေပးႏိုင္ခဲ့ခ်ိန္မွာ ဒီေန႔ပြဲကေတာ့ ကိုင္တြယ္ခ်ိန္ ၂၈ ရက္ရွိခဲ့ၿပီျဖစ္တဲ့ ဂ်ာမန္သားႀကီးအတြက္ နည္းနည္းေတာ့ ေလွ်ာ့ေပါ့ေပးဖို႔ ခက္ေနခဲ့တာပါ။

၁။ အထက္ေအာက္ အဆင့္ဆင့္ တာဝန္ယူ၊ တာဝန္ခံမႈ မရွိျခင္း
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဗိုင္းရပ္စ္လို႔ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို နည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳက ေခၚခဲ့ဖူးသလိုမ်ိဳး ဟာရီ မက္ဂြိဳင္းယားဟာလည္း အသင္းေခါင္းေဆာင္တာဝန္ယူထားလ်က္နဲ႔ ေခါင္းေဆာင္မပီသ,သလို အမွားမ်ားစြာ က်ဴးလြန္ေနခ်ိန္မွာ အသင္းရဲ႕ ဦးေဆာင္မႈနဲ႔ တာဝန္ယူ တာဝန္ခံမႈက ျပႆနာျဖစ္လာခဲ့ပါတယ္။ စီနီယာ၊ ဝါရင့္၊ လူငယ္လို႔ သုံးမ်ိဳးသုံးစား ခြဲျခားႏိုင္ခ်ိန္မွာ လူစာရင္းရဲ႕ “ဝါစဥ္”ဟန္ခ်က္ မညီတာက အသင္းကို ကြင္းထဲမွာ ဇေဝဇဝါေတြျဖစ္ေစၿပီး အတြဲအဖက္ေတြ ပ်က္ျပားေစခဲ့တာပါ။

မက္ဂြိဳင္းယား မပါဝင္ႏိုင္ရင္ပဲျဖစ္ျဖစ္ တာဝန္ပ်က္ကြက္ရင္ပဲျဖစ္ျဖစ္ အစားဝင္ရမယ့္ ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ ႏိုင္ငံအသင္းမွာ သူ႔ရဲ႕ ကပၸတိန္ျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ပါဝင္လာခ်ိန္မွာ သက္ေတာင့္သက္သာမရွိဘဲျဖစ္ေစၿပီး ဝါရင့္တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီလို ကစားသမားမ်ိဳးရဲ႕ တည္ရွိမႈနဲ႔ ပုံရိပ္ကိုလည္း ေက်ာ္လြန္ႏိုင္ျခင္းမရွိတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ လားရာဦးတည္ခ်က္က မေခ်ာေမြ႕ေစဘဲ ကြင္းထဲမွာ တစ္ဦးနဲ႔တစ္ဦးၾကား ေအာ္ဟစ္ေနတဲ့ ကြန္ပလိန္းေတြကိုပဲ မၾကာခဏ ျမင္ခဲ့ရတာျဖစ္ပါတယ္။

၂။ ဗာ႐ြန္းကို ျပန္ေခၚလာျခင္း
ရာေဖးလ္ ဗာ႐ြန္း ျပန္လည္ပါဝင္လာတာဟာ မက္ဂြိဳင္းယားရဲ႕ အမွားေတြအတြက္ အေထာက္အကူျဖစ္ေစမယ္လို႔ အားလုံးက တြက္ခဲ့ၾကေပမယ့္ တကယ္တမ္းမွာေတာ့ သူကလည္း တခ်ိဳ႕ေဘာလုံးေတြကို ရွင္းထုတ္ႏိုင္တာကလြဲရင္ လက္စတာေနာက္ခံလူေဟာင္းနဲ႔ ထူးမျခားနားပဲျဖစ္ခဲ့ပါတယ္။ ေအာက္တိုဘာလေနာက္ပိုင္း အသင္းအတြက္ ပထမဆုံးအႀကိမ္ ျပန္ကစားေပးတဲ့ ျပင္သစ္သားဟာ နယူးကာဆယ္လ္တိုက္စစ္ကို ထိန္းခ်ဳပ္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး သူ႔ရဲ႕ ေဘာလုံးပ်က္တဲ့ အမွားတစ္ႀကိမ္ကေန အယ္လန္ စန္မက္ဇီမန္ရဲ႕ သြင္းဂိုးကို ခြင့္ျပဳလိုက္ရသလို ေဘာလုံးယွဥ္လုယူမႈမ်ိဳးေတြမွာလည္း အားနည္းေနခဲ့တာျဖစ္ပါတယ္။

၃။ မရင္းႏွီးတဲ့ ကစားကြက္နဲ႔ ဂရင္းဝုဒ္ကို ပြဲထြက္ေစျခင္း
မန္ခ်က္စတာယူႏိုက္တက္ဆီ ရန္းနစ္ခ္ ယူေဆာင္လာခဲ့တဲ့ ၄-၂-၂-၂ ကစားကြက္က အလွည့္အေျပာင္းမ်ားတဲ့ ကစားကြက္ပါ။ သိုင္းေလာကရဲ႕ စိန္ေခၚသံထဲမွာ လင့္ဟူခ်ဳံး ဧကရာဇ္ကိုးကြက္ ဓားသိုင္းသင္ေတာ့ ပထမတစ္ကြက္ထဲမွာ ေျပာင္းလဲကြက္ ၃၆၀ ရွိတယ္ဆိုတာလိုမ်ိဳးျဖစ္ေနတဲ့ Genius ကစားကြက္နဲ႔ Gegenpress ဟာ အသင္းရဲ႕ လက္ရွိကစားသမားေတြနဲ႔ အံမဝင္ေသးဘဲျဖစ္ေနသလို ဘယ္ညာေနာက္ခံလူေတြအတြက္လည္း ေတာင္ပံေတြမွာ ေပးဆပ္ရမယ့္ ေတာင္းဆိုမႈက ႀကီးမားလြန္းေနခဲ့ပါတယ္။

ညာျခမ္းကေန ေတာင္ပံလူနဲ႔ ခ်ိတ္ဆက္ဖို႔ တာဝန္ေရာ၊ တိုက္စစ္မႉးေနာက္က လိုက္ကစားဖို႔ တာဝန္ပါ ယူခဲ့ရတဲ့ ဂရင္းဝုဒ္အတြက္ကေတာ့ ဒီတစ္ပြဲတည္း ကစားတာကိုသာ လူေတြက ျမင္ဖူးၾကမယ္ဆိုရင္ ေကာင္းေကာင္းႀကီး နာမည္ပ်က္ရဖို႔ျဖစ္ေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ လူစားလဲခဲ့ရတာပါ။ စိန႔္ဂ်ိမ္းစ္ပါ့ခ္က ပထမပိုင္းမွာ အဂၤလိပ္လူငယ္ရဲ႕ ေဘာလုံးေပးပို႔မႈကေတာ့ ေအာင္ျမင္မႈ ၆၃ ရာခိုင္ႏႈန္းသာ ရွိခဲ့တာလည္းျဖစ္ပါတယ္။

၄။ အဆုံးသတ္ပိုင္း အားနည္းျခင္း
တိုက္စစ္ဖြင့္ၿပီး ေဘာလုံးကို ၆၉ ရာခိုင္ႏႈန္း ကိုင္ကစားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ဒီေန႔မွာ ခံစစ္နဲ႔ တန္ျပန္တိုက္စစ္ကစားခဲ့တဲ့ နယူးကာဆယ္လ္နဲ႔ ဂိုးကန္သြင္းခြင့္ခ်င္းက ၁၃ ႀကိမ္ခ်င္း တူခဲ့ေပမယ့္ ဂိုးေပါက္တည့္မႈမွာေတာ့ ၄ ႀကိမ္သာရွိခဲ့ၿပီး အိမ္ရွင္ဘက္က ၈ ႀကိမ္ကန္သြင္းမႈကို ဂိုးသမား ဒေဟးယား အလူးအလဲ ကာကြယ္ခဲ့ရတာပါ။ စန္မက္ဇီမန္ ဦးေဆာင္တဲ့ ငွက္က်ားအဖြဲ႕ရဲ႕ အဆုံးသတ္ပိုင္းက ေရာ္နယ္လ္ဒို၊ ကာဗာနီ၊ ဖာနန္ဒက္စ္၊ ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္တို႔ သရဲနီအဖြဲ႕ရဲ႕ အဆုံးသတ္ပိုင္းထက္ ႏွစ္ဆသာလြန္ေနခဲ့တာက ေျပာစရာႀကီးျဖစ္ေနခဲ့ၿပီး နည္းျပ ရန္းနစ္ခ္အတြက္ေတာ့ မ်က္ႏွာပ်က္ဖို႔ ျဖစ္ခဲ့ရသလို နားလည္မႈနဲ႔ ရဲေဘာ္ရဲဘက္စိတ္ဓာတ္ပိုင္းေတြမွာပါ ခ်ိဳ႕တဲ့ခဲ့တာလည္းျဖစ္ပါတယ္။

၅။ စန္မက္ဇီမန္ကို မထိန္းႏိုင္ခဲ့ျခင္း
နည္းျပ ရန္းနစ္ခ္အေနနဲ႔ နယူးကာဆယ္လ္ရဲ႕ အေကာင္းဆုံးကစားသမား အယ္လန္ စန္မက္ဇီမန္ကို ဘယ္လို ထိန္းခ်ဳပ္မလဲဆိုတဲ့အပိုင္းမွာ လုံးဝကို စဥ္းစားမထားခဲ့ပုံပါပဲ။ ႀကဳံတဲ့သူက ႀကဳံသလို ထိန္းဖို႔ ေျပာထားရင္ေတာ့ ခံစစ္အရည္အေသြး မေကာင္းတဲ့ ညာေနာက္ခံလူ ဒါေလာ့ဟာ ျပင္သစ္သားအတြက္ ၿပိဳင္ဘက္မဟုတ္ခဲ့ခ်ိန္မွာ မက္ေတာ္မီေနးနဲ႔ ညာအတြင္းလူ ဗာ႐ြန္းတို႔ကပါ ပုံပ်က္ေနၿပီး အနည္းဆုံးေတာ့ အရန္ခုံမွာ ေခါက္ထားတဲ့ ဝန္ဘစ္ဆာကာဆိုရင္ ဒီထက္ေတာ့ ခုခံကာကြယ္ႏိုင္ခဲ့မွာ ေသခ်ာပါတယ္။ နယူးကာဆယ္လ္ဘယ္ျခမ္းရဲ႕ ဒုကၡေပးမႈကို ေတာက္ေလွ်ာက္ခံခဲ့ရခ်ိန္မွာ ရန္းနစ္ခ္နဲ႔ ယူႏိုက္တက္တို႔ဘက္က ကံၾကမၼာနဲ႔ ဒေဟးယားတို႔ ေဖးမေနခဲ့လို႔သာ မရႈံးခဲ့ရတာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.