Match Report Premier League

အာတီတာရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္အေဝးကြင္းႏုိင္ပြဲနဲ႔ အရွဳံးေတြကို အာဆင္နယ္ရပ္တန္႔

ပရီးမီးယားလိဂ္ Restart စကတည္းက ပုံစံေကာင္းမရွိတဲ့ အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာေတာ့ ၿပီးခဲ့တဲ့ ပြဲေတြက လူစာရင္းထက္ သတိႀကီးႀကီးထားၿပီး ျပင္ဆင္လာခဲ့သလို ေဆာက္သမ္တန္အသင္းရဲ႕ အားနည္းခ်က္ေတြကိုလည္း ရွာေဖြေတြ႕ရွိထားခဲ့တဲ့ နည္းျပ အာတီတာအေနနဲ႔ သူ႕ရဲ႕ ပရီးမီးယားလိဂ္အေဝးကြင္းမွာ ပထမဆုံးအေနနဲ႔ အမွားအယြင္းမရွိ ႏိုင္ပြဲကို ရယူဖို႔ လုံေလာက္ခဲ့ပါတယ္။

အာတီတာအေနနဲ႔ အိုေဇးလ္ကို အသုံးျပဳျခင္းမရွိေသးဘဲ အရန္ခုံေပၚမွာပဲထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခ်ာကာ ျပန္လည္ပါဝင္လာခဲ့သလို တည္ၿငိမ္တဲ့ ပုံစံတစ္ခုကို ျပသႏုိင္ခဲ့ၿပီး ဆာကာနဲ႔ အူဘာမီယန္းတုိ႔ကေတာ့ ဘယ္ေတာင္ပံမွာ ဟန္ခ်က္ညီညီ ကစားသြားခဲ့သလို မူစတာဖီ၊ ဟိုးလ္ဒင္းတုိ႔နဲ႔အတူ ဘယ္ေနာက္ခံလူ တီယာနီဟာ ခံစစ္သုံးေယာက္ဆန္ဆန္လည္း ပူးေပါင္းကစားတာမ်ဳိး ရွိခဲ့ပါတယ္။

ေဆာက္သမ္တန္ေရာ အာဆင္နယ္ပါ အမွားမခံဘဲ သတိႀကီးႀကီးထားကစားခဲ့ၾကၿပီး ဒန္နီ အင္းစ္ကို အခြင့္အေရးေပးဖို႔ ဧည့္သည္ေတြဘက္က လုံးဝစိတ္မကူးသလို အိမ္ရွင္ေတြကလည္း အူဘာမီယန္းကို သတိထားကစားခဲ့ၿပီး ညာေနာက္ခံလူေတြျဖစ္ၾကတဲ့ ဗလာရီနဲ႔ ေဝၚလ္ကာ-ပီတာစ္တုိ႔ အားနည္းခဲ့လို႔သာ အခြင့္အေရးတခ်ဳိ႕ ေပးခဲ့မိတာျဖစ္ပါတယ္။

ဒီလိုနဲ႔ တုိက္စစ္ေတြက ခံစစ္ေတြကို ေသြးတုိးစမ္းေနရင္း ကံေကာင္းၿပီး အဖြင့္ဂိုးရခဲ့တာကေတာ့ အာဆင္နယ္ျဖစ္ၿပီး ပြဲခ်ိန္ ၁၉ မိနစ္မွာ ေနာက္ခံလူေတြ ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ေဆာက္သမ္တန္ဂိုးသမား မကၠာသီရဲ႕ ေပးပုိ႔မွဳအမွားကေန နကီးတီးယားက လုယူႏုိင္ခဲ့ၿပီး ဂိုးသမားေရွ႕က ဆြဲေျပးၿပီး အဆုံးသတ္ဦးေဆာင္ႏုိင္ခဲ့တာပါ။

ပထမပုိင္းၿပီးခါနီးမွာေတာ့ အာဆင္နယ္တုိ႔ တန္ျပန္တုိက္စစ္ကေန ေပေပက နကီးတီးယားကို ခ်ေပးတာမွာ ကန္ခြင့္မသာျဖစ္ေနခဲ့တဲ့ လူငယ္တုိက္စစ္မွဴးက ဘယ္ျခမ္းက တက္လာတဲ့ အူဘာမီယန္းရဲ႕ လမ္းေၾကာင္းထဲ ထည့္ေပးဖို႔ ႀကဳိးစားေပမယ့္ ခ်ိန္သားမကိုက္ခဲ့တာေၾကာင့္ အခြင့္အေရး ဆုံးရွဳံးခဲ့ရၿပီး တစ္ဂိုး-ဂိုးမရွိနဲ႔ ပထမပုိင္း ၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ေဆာက္သမ္တန္တုိ႔ တင္ကစားၿပီး ဖိအားေပးခဲ့ေပမယ့္ ဂိုးေတာ့ မရခဲ့ဘဲ ပြဲခ်ိန္ ၇၈ မိနစ္မွာ ရွိန္းေလာင္းရဲ႕ အပုိင္အခြင့္အေရးတစ္ႀကိမ္ကုိ မာတီနက္ဇ္ ကာကြယ္ခဲ့ရၿပီး ၈၄ မိနစ္မွာေတာ့ ေဆာက္သမ္တန္အသင္းေခါင္းေဆာင္ ဟြဳိင္ဘယာ့ဂ္ရဲ႕ လူေပးမွားတာကေန ေနာက္ခံလူ စတီဖင္စ္ လုိက္လံဖ်က္ထုတ္ရင္း အူဘာမီယန္းကို ခ်ိတ္လွဲမိခဲ့လို႔ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။

ဒီအတြက္ ဂိုးဧရိယာထိပ္မွာ ရရွိတဲ့ ဖရီးကစ္ကို လူစားဝင္လာတဲ့ တုိက္စစ္မွဴး လာကာဇက္ကန္တာမွာ လူမေက်ာ္လို႔ ျပန္ထြက္လာတာကို သူကပဲ ေနာက္တစ္ဆင့္ ထပ္မံကန္သြင္းခဲ့ၿပီး ဂိုးသမား မကၠာသီ ပုတ္ထုတ္ခဲ့ႏိုင္ခဲ့ေပမယ့္ အသင့္လုိက္ပါလာတဲ့ လူငယ္ကြင္းလယ္လူ ဝီလ္ေလာ့ခ္က ပိတ္သြင္းၿပီး အသင္းအတြက္ အႏုိင္ေသခ်ာေစမယ့္ဂိုးနဲ႔ သူ႕ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးကို ရယူသြားႏုိင္ခဲ့ပါတယ္။

ေဆာက္သမ္တန္ကို အႏုိင္ရရွိခဲ့တဲ့ အာဆင္နယ္အသင္းအေနနဲ႔ ရမွတ္ ၄၃ မွတ္နဲ႔ အဆင့္ ၉ ေနရာကို ျပန္လည္တက္လွမ္းႏုိင္ခဲ့ၿပီး အေပၚက အသင္းေတြသာ အမွားက်ဴးလြန္ခဲ့ရင္ ယူ႐ိုပါလိဂ္ကို ေမွ်ာ္လင့္ႏိုင္မယ့္ အေနအထားကို ရယူႏုိင္ခဲ့သလို ေဆာက္သမ္တန္ကေတာ့ တန္းဆင္းဇုန္နဲ႔ သိပ္စိတ္ပူစရာမလိုေသးတဲ့ အဆင့္ ၁၄ ေနရာမွာ ရမွတ္ ၃၇ မွတ္နဲ႔ ရပ္တည္သြားႏုိင္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ် Restart စကတည်းက ပုံစံကောင်းမရှိတဲ့ အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာတော့ ပြီးခဲ့တဲ့ ပွဲတွေက လူစာရင်းထက် သတိကြီးကြီးထားပြီး ပြင်ဆင်လာခဲ့သလို ဆောက်သမ်တန်အသင်းရဲ့ အားနည်းချက်တွေကိုလည်း ရှာဖွေတွေ့ရှိထားခဲ့တဲ့ နည်းပြ အာတီတာအနေနဲ့ သူ့ရဲ့ ပရီးမီးယားလိဂ်အဝေးကွင်းမှာ ပထမဆုံးအနေနဲ့ အမှားအယွင်းမရှိ နိုင်ပွဲကို ရယူဖို့ လုံလောက်ခဲ့ပါတယ်။

အာတီတာအနေနဲ့ အိုဇေးလ်ကို အသုံးပြုခြင်းမရှိသေးဘဲ အရန်ခုံပေါ်မှာပဲထားခဲ့ပြီး ကွင်းလယ်မှာတော့ ချာကာ ပြန်လည်ပါဝင်လာခဲ့သလို တည်ငြိမ်တဲ့ ပုံစံတစ်ခုကို ပြသနိုင်ခဲ့ပြီး ဆာကာနဲ့ အူဘာမီယန်းတို့ကတော့ ဘယ်တောင်ပံမှာ ဟန်ချက်ညီညီ ကစားသွားခဲ့သလို မူစတာဖီ၊ ဟိုးလ်ဒင်းတို့နဲ့အတူ ဘယ်နောက်ခံလူ တီယာနီဟာ ခံစစ်သုံးယောက်ဆန်ဆန်လည်း ပူးပေါင်းကစားတာမျိုး ရှိခဲ့ပါတယ်။

ဆောက်သမ်တန်ရော အာဆင်နယ်ပါ အမှားမခံဘဲ သတိကြီးကြီးထားကစားခဲ့ကြပြီး ဒန်နီ အင်းစ်ကို အခွင့်အရေးပေးဖို့ ဧည့်သည်တွေဘက်က လုံးဝစိတ်မကူးသလို အိမ်ရှင်တွေကလည်း အူဘာမီယန်းကို သတိထားကစားခဲ့ပြီး ညာနောက်ခံလူတွေဖြစ်ကြတဲ့ ဗလာရီနဲ့ ဝေါ်လ်ကာ-ပီတာစ်တို့ အားနည်းခဲ့လို့သာ အခွင့်အရေးတချို့ ပေးခဲ့မိတာဖြစ်ပါတယ်။

ဒီလိုနဲ့ တိုက်စစ်တွေက ခံစစ်တွေကို သွေးတိုးစမ်းနေရင်း ကံကောင်းပြီး အဖွင့်ဂိုးရခဲ့တာကတော့ အာဆင်နယ်ဖြစ်ပြီး ပွဲချိန် ၁၉ မိနစ်မှာ နောက်ခံလူတွေ နောက်ပြန်ပေးတဲ့ ဘောလုံးကို ဆောက်သမ်တန်ဂိုးသမား မက္ကာသီရဲ့ ပေးပို့မှုအမှားကနေ နကီးတီးယားက လုယူနိုင်ခဲ့ပြီး ဂိုးသမားရှေ့က ဆွဲပြေးပြီး အဆုံးသတ်ဦးဆောင်နိုင်ခဲ့တာပါ။

ပထမပိုင်းပြီးခါနီးမှာတော့ အာဆင်နယ်တို့ တန်ပြန်တိုက်စစ်ကနေ ပေပေက နကီးတီးယားကို ချပေးတာမှာ ကန်ခွင့်မသာဖြစ်နေခဲ့တဲ့ လူငယ်တိုက်စစ်မှူးက ဘယ်ခြမ်းက တက်လာတဲ့ အူဘာမီယန်းရဲ့ လမ်းကြောင်းထဲ ထည့်ပေးဖို့ ကြိုးစားပေမယ့် ချိန်သားမကိုက်ခဲ့တာကြောင့် အခွင့်အရေး ဆုံးရှုံးခဲ့ရပြီး တစ်ဂိုး-ဂိုးမရှိနဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဆောက်သမ်တန်တို့ တင်ကစားပြီး ဖိအားပေးခဲ့ပေမယ့် ဂိုးတော့ မရခဲ့ဘဲ ပွဲချိန် ၇၈ မိနစ်မှာ ရှိန်းလောင်းရဲ့ အပိုင်အခွင့်အရေးတစ်ကြိမ်ကို မာတီနက်ဇ် ကာကွယ်ခဲ့ရပြီး ၈၄ မိနစ်မှာတော့ ဆောက်သမ်တန်အသင်းခေါင်းဆောင် ဟွိုင်ဘယာ့ဂ်ရဲ့ လူပေးမှားတာကနေ နောက်ခံလူ စတီဖင်စ် လိုက်လံဖျက်ထုတ်ရင်း အူဘာမီယန်းကို ချိတ်လှဲမိခဲ့လို့ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒီအတွက် ဂိုးဧရိယာထိပ်မှာ ရရှိတဲ့ ဖရီးကစ်ကို လူစားဝင်လာတဲ့ တိုက်စစ်မှူး လာကာဇက်ကန်တာမှာ လူမကျော်လို့ ပြန်ထွက်လာတာကို သူကပဲ နောက်တစ်ဆင့် ထပ်မံကန်သွင်းခဲ့ပြီး ဂိုးသမား မက္ကာသီ ပုတ်ထုတ်ခဲ့နိုင်ခဲ့ပေမယ့် အသင့်လိုက်ပါလာတဲ့ လူငယ်ကွင်းလယ်လူ ဝီလ်လော့ခ်က ပိတ်သွင်းပြီး အသင်းအတွက် အနိုင်သေချာစေမယ့်ဂိုးနဲ့ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို ရယူသွားနိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ ရမှတ် ၄၃ မှတ်နဲ့ အဆင့် ၉ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး အပေါ်က အသင်းတွေသာ အမှားကျူးလွန်ခဲ့ရင် ယူရိုပါလိဂ်ကို မျှော်လင့်နိုင်မယ့် အနေအထားကို ရယူနိုင်ခဲ့သလို ဆောက်သမ်တန်ကတော့ တန်းဆင်းဇုန်နဲ့ သိပ်စိတ်ပူစရာမလိုသေးတဲ့ အဆင့် ၁၄ နေရာမှာ ရမှတ် ၃၇ မှတ်နဲ့ ရပ်တည်သွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.