Premier League

BREAKING NEWS: ခ်ဲလ္ဆီး-မန္စီးတီးပြဲကို ေစာင့္ၾကည့္ခဲ့ၾကတဲ့ လီဗာပူးလ္ပရိသတ္ေတြ ၿမဳိ႕ထဲအႏွံ႔ ေအာင္ပြဲခံ

ခ်ဲလ္ဆီးအသင္းကို အေဝးကြင္း စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အရွဳံးေပးလုိက္ရတဲ့ မန္ခ်က္စတာစီးတီးတုိ႔အေနနဲ႔ ပထမေနရာက လီဗာပူးလ္အသင္းနဲ႔ သူတုိ႔ရဲ႕ၾကားက အမွတ္ကြာျခားခ်က္ကုိ ဆက္လက္ထိန္းသိမ္းႏုိင္ျခင္းမရွိေတာ့ဘဲ လုိက္မီႏုိင္ဖို႔ သခ်ၤာနည္းအရပါ မျဖစ္ႏိုင္ေတာ့တာေၾကာင့္ ပရီးမီးယားလိဂ္မွာ ၂၀၁၉-၂၀ ရာသီအတြက္ ခ်န္ပီယံသစ္ ထြက္ေပၚလာခဲ့ပါတယ္။

လီဗာပူးလ္ပရိသတ္ေတြကေတာ့ ဒီေန႔ညေနမွာ ၿမဳိ႕တြင္း ေနရာအႏွံ႔အျပားမွာ စု႐ုံးခဲ့ၾကၿပီး အန္းဖီးလ္ဒ္ကြင္းရဲ႕ ျပင္ပမွာလည္း တခ်ဳိ႕ေတြက ေနရာယူခဲ့ၾကသလို ၁၉၉၀ ေနာက္ပုိင္း ႏွစ္ ၃၀ ေစာင့္ခဲ့ရတဲ့ ပရီးမီးယားလိဂ္ဖလားကို ဒီရာသီမကုန္ခင္ တစ္ေန႔ေန႔မွာ ရမယ္လို႔ သိသိႀကီးနဲ႔ကို စိတ္လွဳပ္ရွားေနၾကတာလည္းျဖစ္ပါတယ္။

အန္းဖီးလ္ကြင္းရဲ႕ အဓိက ပြဲၾကည့္စင္ရွိရာအျခမ္းရဲ႕ ကြင္းျပင္မွာ လီဗာပူးလ္ပရိသတ္ ၂၀၀ ေက်ာ္ စု႐ုံးေနခဲ့ၾကတယ္လုိ႔လည္း သတင္းေတြအရ သိရၿပီး အလံေတြ၊ ေခါင္းစည္းေတြ၊ ပဝါေတြနဲ႔ အားေပးခဲ့ၾကသလို မီးရွဴးမီးပန္းေတြကိုလည္း ရွဳိ႕ၾက ပစ္ေဖာက္ခဲ့ၾကတယ္လုိ႔ ဆိုပါတယ္။

တခ်ဳိ႕ပရိသတ္ေတြကေတာ့ ကိုယ့္အိမ္မွာကိုယ္ လီဗာပူးလ္အသင္းရဲ႕ အမွတ္တရပစၥည္းေတြကို ျဖစ္ႏုိင္ဖြယ္ အခမ္းအနားအတြက္ ျပင္ဆင္ထားခဲ့ၾကၿပီး လန္ဒန္ၿမဳိ႕က ပြဲစဥ္ရဲ႕ ရလဒ္ကို ေစာင့္ေမွ်ာ္ၾကည့္ရွဳေနခဲ့ၾကသလို ဖာနန္ဒင္ညဳိေၾကာင့္ ေပးရတဲ့ ပင္နယ္တီကို ဝီလီယန္က ကန္သြင္းအၿပီးမွာေတာ့ အားလုံး ႀကဳိတင္ေအာင္ပြဲခံခဲ့ၾကသလို ဓာတ္ပုံေတြကိုလည္း စု႐ုံး႐ိုက္ကူးခဲ့ၾကပါတယ္။

ပြဲသိမ္းခရာသံကို ၾကားရခ်ိန္မွာေတာ့ ပရိသတ္ေတြအေနနဲ႔ လီဗာပူးလ္… လီဗာပူးလ္… လီဗာပူးလ္လုိ႔ မရပ္မနား ေအာ္ဟစ္ေနခဲ့ၾကၿပီး ကစားသမားေတြကလည္း ကိုယ့္အစီအစဥ္နဲ႔ကိုယ္ လာေရာက္စု႐ုံး ေအာင္ပြဲခံခဲ့ၾကတယ္လို႔ သိရသလို ၿမဳိ႕ထဲမွာေတာ့ အနီေရာင္ေတြ လႊမ္းမိုးေနၿပီး ေအာင္ပြဲခံေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းကို အဝေးကွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ အရှုံးပေးလိုက်ရတဲ့ မန်ချက်စတာစီးတီးတို့အနေနဲ့ ပထမနေရာက လီဗာပူးလ်အသင်းနဲ့ သူတို့ရဲ့ကြားက အမှတ်ကွာခြားချက်ကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမရှိတော့ဘဲ လိုက်မီနိုင်ဖို့ သင်္ချာနည်းအရပါ မဖြစ်နိုင်တော့တာကြောင့် ပရီးမီးယားလိဂ်မှာ ၂၀၁၉-၂၀ ရာသီအတွက် ချန်ပီယံသစ် ထွက်ပေါ်လာခဲ့ပါတယ်။

လီဗာပူးလ်ပရိသတ်တွေကတော့ ဒီနေ့ညနေမှာ မြို့တွင်း နေရာအနှံ့အပြားမှာ စုရုံးခဲ့ကြပြီး အန်းဖီးလ်ဒ်ကွင်းရဲ့ ပြင်ပမှာလည်း တချို့တွေက နေရာယူခဲ့ကြသလို ၁၉၉၀ နောက်ပိုင်း နှစ် ၃၀ စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ဒီရာသီမကုန်ခင် တစ်နေ့နေ့မှာ ရမယ်လို့ သိသိကြီးနဲ့ကို စိတ်လှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။

အန်းဖီးလ်ကွင်းရဲ့ အဓိက ပွဲကြည့်စင်ရှိရာအခြမ်းရဲ့ ကွင်းပြင်မှာ လီဗာပူးလ်ပရိသတ် ၂၀၀ ကျော် စုရုံးနေခဲ့ကြတယ်လို့လည်း သတင်းတွေအရ သိရပြီး အလံတွေ၊ ခေါင်းစည်းတွေ၊ ပဝါတွေနဲ့ အားပေးခဲ့ကြသလို မီးရှူးမီးပန်းတွေကိုလည်း ရှို့ကြ ပစ်ဖောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တချို့ပရိသတ်တွေကတော့ ကိုယ့်အိမ်မှာကိုယ် လီဗာပူးလ်အသင်းရဲ့ အမှတ်တရပစ္စည်းတွေကို ဖြစ်နိုင်ဖွယ် အခမ်းအနားအတွက် ပြင်ဆင်ထားခဲ့ကြပြီး လန်ဒန်မြို့က ပွဲစဉ်ရဲ့ ရလဒ်ကို စောင့်မျှော်ကြည့်ရှုနေခဲ့ကြသလို ဖာနန်ဒင်ညိုကြောင့် ပေးရတဲ့ ပင်နယ်တီကို ဝီလီယန်က ကန်သွင်းအပြီးမှာတော့ အားလုံး ကြိုတင်အောင်ပွဲခံခဲ့ကြသလို ဓာတ်ပုံတွေကိုလည်း စုရုံးရိုက်ကူးခဲ့ကြပါတယ်။

ပွဲသိမ်းခရာသံကို ကြားရချိန်မှာတော့ ပရိသတ်တွေအနေနဲ့ လီဗာပူးလ်… လီဗာပူးလ်… လီဗာပူးလ်လို့ မရပ်မနား အော်ဟစ်နေခဲ့ကြပြီး ကစားသမားတွေကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် လာရောက်စုရုံး အောင်ပွဲခံခဲ့ကြတယ်လို့ သိရသလို မြို့ထဲမှာတော့ အနီရောင်တွေ လွှမ်းမိုးနေပြီး အောင်ပွဲခံနေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.