Premier League
တစ်နေ့တာ ကရိုဏ်း။
UNICODE: ၂၇.၆.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၈ ရက်၊ စနေနေ့၊ သမားညို၊ ရက်ပုပ်။
တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၆:၀၃ အထိ တိထီ ၆ လုံး။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၃:၅၂ အထိ ၇ လုံး။ ကျော်လျှင် ၈ လုံး။ ၇ လုံးတွင် အဆိပ်ယုဂ်၊ စေတနာမှ ဝေဒနာဖြစ်တတ်၊ အထင်လွဲခံရတတ်၊ အဖျက်သဘောဆောင်သောအလုပ်များ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၁၁:၁၀ အထိ ပြုဗ္ဗဖလဂုဏီနက္ခတ်။ ကျော်လျှင် ဥတ္တရဖလဂုဏီနက္ခတ်။ တစ်နေ့လုံးနှင့် သန်းခေါင်ကျော် ၅ မိနစ်အထိ ဗျာတိပါတယုဂ်၊ ရုတ်တရက် ထိခိုက်မိခြင်း၊ ကံဆိုးတတ်ခြင်း၊ ထိန်ချန်သိုဝှက် အရူးလုပ်ခံရခြင်း၊ သတိကြီးကြီးထား၍ ဂရုတစိုက် သွားလာနေထိုင်ပါ။ ကျော်လျှင် ဝီရိယယုဂ်၊ ကြိုးစားမှု အရာထင်ခြင်း၊ အလိုကြီးခြင်း၊ ကောင်းရာကောင်းကြောင်းလုပ်ကိုင်က ဆန္ဒအတိုင်း ပြည့်စုံလိမ့်မည်။
တစ်နေ့တာ ကရိုဏ်း။
နံနက် ၆:၀၃ အထိ တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ညနေ ၁၆:၅၉ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ နောက်တစ်နေ့နံနက် ၃:၅၂ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ ကျော်လျှင် ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။
တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နံနက် ၆:၀၃ အထိ အနောက်နှင့် တောင်၊ အနီရောင်။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၃:၅၂ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။
ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။
ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)