Match Report Premier League

ဘာမထီ လက်စတာကို ရှုံးပြီး ချန်ပီယံပြေးပွဲမှာ ခြေချော်ခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ပွဲပယ်ခံထားရတဲ့ ရောဘတ်ဆန်နေရာမှာ ဆီမီကတ်စ် ပါဝင်လာတာကလွဲလို့ လူစုံထုတ်ခဲ့ပြီး ဆာလား၊ ဂျိုတာ၊ မာနေး၊ ဟန်ဒါဆန်၊ ဖာဘင်ညို၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့လို ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့သလို လက်စတာစီးတီးကို အဝေးကွင်းမှာ ရင်ဆိုင်ဖို့ ယာဂန် ကလော့ပ်က ခင်းကျင်းလာခဲ့ပါတယ်။

လက်စတာစီးတီးကတော့ ဒဏ်ရာပြဿနာတွေကြောင့် လူစုံမထုတ်နိုင်ခဲ့တာကြောင့် ဗဟိုခံစစ်မှာ အရန်ကစားသမား အမာတေနဲ့ ကွင်းလယ်လူ အန်ဒီဒီတို့ကို တွဲကစားခိုင်းခဲ့ပြီး ကွင်းလယ်မှာလည်း ပြီးခဲ့တဲ့ ပွဲက ပင်နယ်တီနှစ်လုံးပေးပြီး ဓာတ်ပျက်သွားခဲ့တဲ့ တီးလီးမန်းစ်နေရာမှာ ချောက်ဒရီကို သုံးခဲ့သလို တိုက်စစ်မှာတော့ မက်ဒီဆန်၊ အီဟင်နာချိုနဲ့ ဗာဒီတို့က ဘာမထီပုံစံနဲ့ ပွဲထွက်လာခဲ့ကြတာပါ။

ပွဲအစမှာကတည်းက နှစ်ဖက်စလုံး အပြန်အလှန် ခြိမ်းခြောက်ခဲ့ကြပြီး လက်စတာတို့အနေနဲ့ လီဗာပူးလ်ကိုလည်း နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရဲရဲရင့်ရင့် တိုက်စစ်ဆင်ကစားခဲ့သလို လူမစုံတဲ့ အချိန်မှာတောင် အသင်းကို စိတ်ဓာတ်မြှင့်ပေးထားနိုင်ခဲ့တဲ့ ဘရန်ဒန် ရော့ဂျားစ်ရဲ့ မောင်းနှင်အားကတော့ ချီးကျူးစရာလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၁၄ မိနစ်မှာတော့ ဧရိယာထဲမှာ ဘောလုံးရလာတဲ့ ဆာလားကို အန်ဒီဒီရဲ့ နှစ်ကြိမ်ဆက်တိုက်ဖျက်ထုတ်မှုမှာ လဲကျသွားခဲ့တာကြောင့် ပင်နယ်တီ သတ်မှတ်ပေးခဲ့ပြီး အီဂျစ်သားရဲ့ ကိုယ်တိုင်ကန်သွင်းချက်ကို ရှမိုက်ကယ်က ပုတ်ထုတ်သွားခဲ့သလို သူကပဲ နောက်တစ်ကြိမ် ခေါင်းတိုက် ပိတ်သွင်းမှုကလည်း ဂိုးဘားတန်းကို ထိပြီး ပြန်ထွက်လာခဲ့တာကြောင့် ၄ နှစ်အတွင်း ပထမဆုံး ပင်နယ်တီလွဲချော်မှုလည်းဖြစ်ခဲ့ရပါတယ်။

လက်စတာကွင်းလယ်က ဂျူးစ်ဘာရီ-ဟောလ်ကတော့ ယုံကြည်မှုပေးခဲ့တဲ့ ရောဂျားစ် စိတ်ကြိုက် လုပ်အားနှုန်းကောင်းကောင်းနဲ့ ကစားပြနိုင်ပြီး မက်ဒီဆန်ရဲ့ ဝန်ကို ပေါ့ပါးစေခဲ့သလို တိုက်စစ်အတွက် ဘောလုံးစတင်မှုတွေကိုလည်း ပြုလုပ်ပေးနိုင်ခဲ့ချိန်မှာ ဗာဒီတို့ ရှေ့တန်းတွေ အနည်းငယ် လေးနေခဲ့လို့သာ လီဗာပူးလ်တို့ အထိုးနှက်မခံခဲ့ရတာပါ။

ပွဲချိန် ၂၃ မိနစ်မှာ ချိမ်ဘာလိန်ရဲ့ ဖြတ်တင်ဘောကို ဟန်ဒါဆန် ခေါင်းတိုက်ဖို့ ကြိုးစားရာကနေ မထိဘဲ ကျလာတာက ဂိုးထဲကို တိုက်ရိုက် ရောက်လာခဲ့တာကြောင့် ရှမိုက်ကယ် ပုတ်ထုတ်သွားခဲ့ရပြီး ပွဲချိန် ၃၂ မိနစ်မှာတော့ လက်စတာနောက်ခံလူတွေ ဘောလုံးရှင်းထုတ်ပုံ မပီပြင်တာကနေ ဆာလား ကန်ခွင့်ရခဲ့ပေမယ့် ဒိန်းမတ်သားကပဲ ခက်ခက်ခဲခဲ ကာကွယ်သွားခဲ့ပါတယ်။

လက်စတာတို့ဘက်က ဗာဒီ၊ မက်ဒီဆန်၊ အီဟင်နာချိုတို့ရဲ့ ထိုးဖောက်မှုတွေက တစ်ဖက်ခံစစ်ကို မကျော်လွှားနိုင်ခဲ့သလို လီဗာပူးလ်ဘက်က ဆာလား၊ ဂျိုတာနဲ့ ဟန်ဒါဆန်တို့ကလည်း ဖြုန်းတီးမှုတွေပဲ များနေခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့ဘဲ သရေရလဒ်သာ ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဗာဒီရဲ့ ကြံ့ခိုင်မှုနဲ့ ပြေးအားတွေ ကျဆင်းနေတာကို တွေ့ခဲ့ရသလို ဂျူးစ်ဘာရီ-ဟောလ်ရဲ့ ဖန်တီးမှုတွေကို လိုက်မမီခဲ့ချိန်မှာ လီဗာပူးလ်ဘက်ကလည်း မာနေးက ဘယ်ခြမ်းတိုက်စစ်မှာ ဆီမီကတ်စ်နဲ့ အံသိပ်မဝင်ဘဲ အိုးနင်းခွက်နင်းဖြစ်နေခဲ့လို့ ပွဲက လွဲလွဲလေးလည်းကောင်းပါတယ် ဖြစ်နေခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာတော့ လက်စတာဘက်က ချောက်ဒရီနဲ့ အီဟင်နာချိုအစား တီးလီးမန်းစ်နဲ့ လွတ်ခ်မန်းတို့ကို လူစားလဲခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ လက်စတာတို့ အဖွင့်ဂိုးရခဲ့ပြီး ဘယ်ခြမ်းတိုက်စစ်ကနေ ဂျူးစ်ဘာရီ-ဟောလ်က သူ့ကို ဘောလုံးပေးပြီး နောက်ကနေ ပြန်လိုက်လာတဲ့ လွတ်ခ်မန်းရဲ့ ပြေးလမ်းကြောင်းထဲ ခင်းပေးခဲ့ရာမှာ ကွင်းထဲရောက်တာ သုံးမိနစ်သာ ရှိသေးတဲ့ တောင်ပံသမားက မာတစ်ပ်ကို ကျော်ဖြတ်ပြီး ဗန်ဒိုက် မပိတ်နိုင်ခင်မှာ ထောင့်ကျဉ်းထဲကို အလျင်အမြန် ကန်သွင်းနိုင်ခဲ့လို့ အယ်လစ်ဆန် မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာပါ။

လီဗာပူးလ်တို့ကတော့ လက်စတာရဲ့ တစ်ကြိမ်တည်းသော ဂိုးပေါက်တည့်မှုကနေ ဂိုးပေးလိုက်ရပေမယ့် လူစားဝင်ကစားသမားတွေဖြစ်ကြတဲ့ ကီတာ၊ မီလ်နာ၊ ဖာမီနိုတို့က ပွဲကို ပြောင်းလဲအောင် ကူညီနိုင်စွမ်း မရှိခဲ့သလို ဆာလားကို ဧရိယာထဲမှာ နည်းနည်းထိမိရင် ပင်နယ်တီတောင်းဖို့လောက်ပဲ လုပ်နိုင်ခဲ့ကြပြီး ဂိုးသမား ရှမိုက်ကယ်ကလည်း လက်စွမ်းပြနေခဲ့တာကြောင့် ဂိုးပြန်မရဘဲဖြစ်နေခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာအနေနဲ့ ၂၁ ကြိမ်မှာ ၄ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တဲ့ လီဗာပူးလ်တို့ တိုက်စစ်ဖိကစားနိုင်ဖို့ တတ်နိုင်သလောက် ကူညီပေးခဲ့ပေမယ့်လည်း မာနေးရဲ့ အလွဲတွေက စိတ်ပျက်စရာကောင်းလွန်းခဲ့တာကြောင့် မချေပနိုင်ဘဲ လက်စတာခံစစ်ရဲ့ ပိတ်ဆို့မှုမှာ ဒူးထောက်ခဲ့ရသလို ပွဲချိန်အပြည့်မှာတော့ အိမ်ရှင်တွေပဲ တစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် လက်စတာတို့ ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၉ နေရာကို တက်လှမ်းလာနိုင်ခဲ့ချိန်မှာ လီဗာပူးလ်တို့ကတော့ ဒီရာသီ ဒုတိယမြောက် အဝေးကွင်းရှုံးပွဲနဲ့ ကြီးကြီးမားမား နစ်နာခဲ့ရပြီး နောက်ဆုံးနှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်မှုနဲ့အတူ ဦးဆောင်သူ မန်ချက်စတာစီးတီးတို့နဲ့ ၆ မှတ်အထိ ကွာဟသွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ပြဲပယ္ခံထားရတဲ့ ေရာဘတ္ဆန္ေနရာမွာ ဆီမီကတ္စ္ ပါဝင္လာတာကလြဲလို႔ လူစုံထုတ္ခဲ့ၿပီး ဆာလား၊ ဂ်ိဳတာ၊ မာေနး၊ ဟန္ဒါဆန္၊ ဖာဘင္ညိဳ၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔လို ကစားသမားေတြနဲ႔ ပြဲထြက္လာခဲ့သလို လက္စတာစီးတီးကို အေဝးကြင္းမွာ ရင္ဆိုင္ဖို႔ ယာဂန္ ကေလာ့ပ္က ခင္းက်င္းလာခဲ့ပါတယ္။

လက္စတာစီးတီးကေတာ့ ဒဏ္ရာျပႆနာေတြေၾကာင့္ လူစုံမထုတ္ႏိုင္ခဲ့တာေၾကာင့္ ဗဟိုခံစစ္မွာ အရန္ကစားသမား အမာေတနဲ႔ ကြင္းလယ္လူ အန္ဒီဒီတို႔ကို တြဲကစားခိုင္းခဲ့ၿပီး ကြင္းလယ္မွာလည္း ၿပီးခဲ့တဲ့ ပြဲက ပင္နယ္တီႏွစ္လုံးေပးၿပီး ဓာတ္ပ်က္သြားခဲ့တဲ့ တီးလီးမန္းစ္ေနရာမွာ ေခ်ာက္ဒရီကို သုံးခဲ့သလို တိုက္စစ္မွာေတာ့ မက္ဒီဆန္၊ အီဟင္နာခ်ိဳနဲ႔ ဗာဒီတို႔က ဘာမထီပုံစံနဲ႔ ပြဲထြက္လာခဲ့ၾကတာပါ။

ပြဲအစမွာကတည္းက ႏွစ္ဖက္စလုံး အျပန္အလွန္ ၿခိမ္းေျခာက္ခဲ့ၾကၿပီး လက္စတာတို႔အေနနဲ႔ လီဗာပူးလ္ကိုလည္း ႏိုင္ရမယ္ဆိုတဲ့ ယုံၾကည္ခ်က္နဲ႔ ရဲရဲရင့္ရင့္ တိုက္စစ္ဆင္ကစားခဲ့သလို လူမစုံတဲ့ အခ်ိန္မွာေတာင္ အသင္းကို စိတ္ဓာတ္ျမႇင့္ေပးထားႏိုင္ခဲ့တဲ့ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ ေမာင္းႏွင္အားကေတာ့ ခ်ီးက်ဴးစရာလည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ ဧရိယာထဲမွာ ေဘာလုံးရလာတဲ့ ဆာလားကို အန္ဒီဒီရဲ႕ ႏွစ္ႀကိမ္ဆက္တိုက္ဖ်က္ထုတ္မႈမွာ လဲက်သြားခဲ့တာေၾကာင့္ ပင္နယ္တီ သတ္မွတ္ေပးခဲ့ၿပီး အီဂ်စ္သားရဲ႕ ကိုယ္တိုင္ကန္သြင္းခ်က္ကို ရွမိုက္ကယ္က ပုတ္ထုတ္သြားခဲ့သလို သူကပဲ ေနာက္တစ္ႀကိမ္ ေခါင္းတိုက္ ပိတ္သြင္းမႈကလည္း ဂိုးဘားတန္းကို ထိၿပီး ျပန္ထြက္လာခဲ့တာေၾကာင့္ ၄ ႏွစ္အတြင္း ပထမဆုံး ပင္နယ္တီလြဲေခ်ာ္မႈလည္းျဖစ္ခဲ့ရပါတယ္။

လက္စတာကြင္းလယ္က ဂ်ဴးစ္ဘာရီ-ေဟာလ္ကေတာ့ ယုံၾကည္မႈေပးခဲ့တဲ့ ေရာဂ်ားစ္ စိတ္ႀကိဳက္ လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ ကစားျပႏိုင္ၿပီး မက္ဒီဆန္ရဲ႕ ဝန္ကို ေပါ့ပါးေစခဲ့သလို တိုက္စစ္အတြက္ ေဘာလုံးစတင္မႈေတြကိုလည္း ျပဳလုပ္ေပးႏိုင္ခဲ့ခ်ိန္မွာ ဗာဒီတို႔ ေရွ႕တန္းေတြ အနည္းငယ္ ေလးေနခဲ့လို႔သာ လီဗာပူးလ္တို႔ အထိုးႏွက္မခံခဲ့ရတာပါ။

ပြဲခ်ိန္ ၂၃ မိနစ္မွာ ခ်ိမ္ဘာလိန္ရဲ႕ ျဖတ္တင္ေဘာကို ဟန္ဒါဆန္ ေခါင္းတိုက္ဖို႔ ႀကိဳးစားရာကေန မထိဘဲ က်လာတာက ဂိုးထဲကို တိုက္႐ိုက္ ေရာက္လာခဲ့တာေၾကာင့္ ရွမိုက္ကယ္ ပုတ္ထုတ္သြားခဲ့ရၿပီး ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ လက္စတာေနာက္ခံလူေတြ ေဘာလုံးရွင္းထုတ္ပုံ မပီျပင္တာကေန ဆာလား ကန္ခြင့္ရခဲ့ေပမယ့္ ဒိန္းမတ္သားကပဲ ခက္ခက္ခဲခဲ ကာကြယ္သြားခဲ့ပါတယ္။

လက္စတာတို႔ဘက္က ဗာဒီ၊ မက္ဒီဆန္၊ အီဟင္နာခ်ိဳတို႔ရဲ႕ ထိုးေဖာက္မႈေတြက တစ္ဖက္ခံစစ္ကို မေက်ာ္လႊားႏိုင္ခဲ့သလို လီဗာပူးလ္ဘက္က ဆာလား၊ ဂ်ိဳတာနဲ႔ ဟန္ဒါဆန္တို႔ကလည္း ျဖဳန္းတီးမႈေတြပဲ မ်ားေနခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဖက္နဲ႔တစ္ဖက္ ဂိုးမသြင္းႏိုင္ခဲ့ဘဲ သေရရလဒ္သာ ထြက္ေပၚေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ဗာဒီရဲ႕ ႀကံ့ခိုင္မႈနဲ႔ ေျပးအားေတြ က်ဆင္းေနတာကို ေတြ႕ခဲ့ရသလို ဂ်ဴးစ္ဘာရီ-ေဟာလ္ရဲ႕ ဖန္တီးမႈေတြကို လိုက္မမီခဲ့ခ်ိန္မွာ လီဗာပူးလ္ဘက္ကလည္း မာေနးက ဘယ္ျခမ္းတိုက္စစ္မွာ ဆီမီကတ္စ္နဲ႔ အံသိပ္မဝင္ဘဲ အိုးနင္းခြက္နင္းျဖစ္ေနခဲ့လို႔ ပြဲက လြဲလြဲေလးလည္းေကာင္းပါတယ္ ျဖစ္ေနခဲ့ၿပီး ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ လက္စတာဘက္က ေခ်ာက္ဒရီနဲ႔ အီဟင္နာခ်ိဳအစား တီးလီးမန္းစ္နဲ႔ လြတ္ခ္မန္းတို႔ကို လူစားလဲခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ လက္စတာတို႔ အဖြင့္ဂိုးရခဲ့ၿပီး ဘယ္ျခမ္းတိုက္စစ္ကေန ဂ်ဴးစ္ဘာရီ-ေဟာလ္က သူ႔ကို ေဘာလုံးေပးၿပီး ေနာက္ကေန ျပန္လိုက္လာတဲ့ လြတ္ခ္မန္းရဲ႕ ေျပးလမ္းေၾကာင္းထဲ ခင္းေပးခဲ့ရာမွာ ကြင္းထဲေရာက္တာ သုံးမိနစ္သာ ရွိေသးတဲ့ ေတာင္ပံသမားက မာတစ္ပ္ကို ေက်ာ္ျဖတ္ၿပီး ဗန္ဒိုက္ မပိတ္ႏိုင္ခင္မွာ ေထာင့္က်ဥ္းထဲကို အလ်င္အျမန္ ကန္သြင္းႏိုင္ခဲ့လို႔ အယ္လစ္ဆန္ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာပါ။

လီဗာပူးလ္တို႔ကေတာ့ လက္စတာရဲ႕ တစ္ႀကိမ္တည္းေသာ ဂိုးေပါက္တည့္မႈကေန ဂိုးေပးလိုက္ရေပမယ့္ လူစားဝင္ကစားသမားေတြျဖစ္ၾကတဲ့ ကီတာ၊ မီလ္နာ၊ ဖာမီႏိုတို႔က ပြဲကို ေျပာင္းလဲေအာင္ ကူညီႏိုင္စြမ္း မရွိခဲ့သလို ဆာလားကို ဧရိယာထဲမွာ နည္းနည္းထိမိရင္ ပင္နယ္တီေတာင္းဖို႔ေလာက္ပဲ လုပ္ႏိုင္ခဲ့ၾကၿပီး ဂိုးသမား ရွမိုက္ကယ္ကလည္း လက္စြမ္းျပေနခဲ့တာေၾကာင့္ ဂိုးျပန္မရဘဲျဖစ္ေနခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာ ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာအေနနဲ႔ ၂၁ ႀကိမ္မွာ ၄ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တဲ့ လီဗာပူးလ္တို႔ တိုက္စစ္ဖိကစားႏိုင္ဖို႔ တတ္ႏိုင္သေလာက္ ကူညီေပးခဲ့ေပမယ့္လည္း မာေနးရဲ႕ အလြဲေတြက စိတ္ပ်က္စရာေကာင္းလြန္းခဲ့တာေၾကာင့္ မေခ်ပႏိုင္ဘဲ လက္စတာခံစစ္ရဲ႕ ပိတ္ဆို႔မႈမွာ ဒူးေထာက္ခဲ့ရသလို ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ရွင္ေတြပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ လက္စတာတို႔ ရမွတ္ ၂၅ မွတ္နဲ႔ အဆင့္ ၉ ေနရာကို တက္လွမ္းလာႏိုင္ခဲ့ခ်ိန္မွာ လီဗာပူးလ္တို႔ကေတာ့ ဒီရာသီ ဒုတိယေျမာက္ အေဝးကြင္းရႈံးပြဲနဲ႔ ႀကီးႀကီးမားမား နစ္နာခဲ့ရၿပီး ေနာက္ဆုံးႏွစ္ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္မႈနဲ႔အတူ ဦးေဆာင္သူ မန္ခ်က္စတာစီးတီးတို႔နဲ႔ ၆ မွတ္အထိ ကြာဟသြားခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.