Match Report Premier League

အန္းဖီးလ္ဒ္မွာ လူစုံထုတ္ၿပီး အမွားမခံခဲ့ေပမယ့္ ဆြာရက္ဇ္ကို မႏွစ္သိမ့္ႏုိင္ခဲ့တဲ့ လီဗာပူးလ္

လီဗာပူးလ္အသင္းအေနနဲ႔ ဒီႏွစ္မွာ အသင္းအတြက္ ႏွစ္ ၃၀ ၾကာ ေစာင့္ခဲ့ရတဲ့ ပရီးမီးယားလိဂ္ဖလားကို ခရစၥတယ္လ္ ပဲေလ့စ္နဲ႔ပြဲကို အႏိုင္ယူရင္း ကိုင္ေျမႇာက္ၿပီး ၂၀၁၄ ခုႏွစ္က မ်က္ရည္က်ခဲ့ရတဲ့ ဥ႐ုေဂြးတုိက္စစ္မွဴး လူးဝစ္ ဆြာရက္ဇ္ကို ႏွစ္သိမ့္ႏိုင္ဖို႔ အခြင့္အေရးနဲ႔ေတာ့ လြဲေခ်ာ္ခဲ့ၿပီး အိမ္ကြင္းမွာ ေလးဂိုး-ဂိုးမရွိႏုိင္ပြဲက မန္ခ်က္စတာစီးတီးနဲ႔ သခ်ၤာနည္းအရ လိုက္မီဖို႔ မျဖစ္ႏုိင္ေတာ့မယ့္ အခ်ိန္ကို ေစာင့္ဆုိင္းဖို႔ပဲ တတ္ႏုိင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အဲဗာတန္နဲ႔ပြဲမွာ သူတုိ႔ရဲ႕ လူစာရင္းဟာ အရန္အင္အားနဲ႔ ပထမလူစာရင္း ကြာဟေနဆဲဆုိတာကို ေကာင္းေကာင္းသေဘာေပါက္ခဲ့တဲ့ လီဗာပူးလ္အေနနဲ႔ ဒီေန႔မွာ လူစုံတက္စုံ ပြဲထုတ္ခဲ့ၿပီး နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ MSF တုိက္စစ္ကို ျပန္လည္ခင္းက်င္းခဲ့သလို ကြင္းလယ္မွာလည္း ဘရာဇီးလ္သား ဖာဘင္ညဳိနဲ႔ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္တုိ႔ ေျခစြမ္းျပသႏုိင္ခဲ့ၾကပါတယ္။

အသင္းအတြက္ အဖြင့္ဂိုးကိုေတာ့ ပြဲခ်ိန္ ၂၃ မိနစ္မွာ ေနာက္ခံလူ အလက္ဇန္းဒါး-အာႏုိးလ္ဒ္က ပဲေလ့စ္ဂိုးဧရိယာထိပ္မွာ ရရွိတဲ့ ဖရီးကစ္ကို တုိက္႐ိုက္ကန္သြင္းယူခဲ့ၿပီး ဒီဂိုးကေတာ့ တစ္ဖက္ဂိုးသမား ဂြဳိက္တာအေနနဲ႔ ဖရီးကစ္အပုိင္းမွာ လက္သင္အဆင့္သာရွိေသးတဲ့ အဂၤလန္ေနာက္ခံလူကို ေလွ်ာ့တြက္မိခဲ့တာလည္းျဖစ္ပါတယ္။

ကြင္းလယ္က နယ္သာလန္လက္ေရြးစင္ ဗိန္နယ္လ္ဒြမ္ကေတာ့ ဒီေန႔ပြဲမွာ ဂိုးရႏိုင္တဲ့ ဂိုးစည္းထဲက အခြင့္အေရးေတာ္ေတာ္မ်ားမ်ားကို ရွင္းထုတ္ေနသလားလုိ႔ ထင္ရေအာင္ ေခ်ာ္ကန္ပစ္ခဲ့လို႔ လီဗာပူးလ္တုိ႔ ေလးဂိုးထက္ ပုိမရခဲ့တာျဖစ္သလို သူ႕ရဲ႕ ဂိုးေရွ႕က ယုံၾကည္ခ်က္ကလည္း သိသိသာသာ ေပ်ာက္ဆုံးေနခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ဖာဘင္ညဳိက ညာေတာင္ပံကေန ပဲေလ့စ္ဘယ္ေနာက္ခံလူ ဗန္အန္ေဟာ့လ္ကို ေက်ာ္ေျပးတဲ့ ဆာလားရဲ႕ ေျပးလမ္းေၾကာင္းထဲကို လွပတဲ့ Floating Pass နဲ႔ ထည့္ေပးခဲ့ရာမွာ ဆာလားက တည္တည္ၿငိမ္ၿငိမ္ပဲ ဧည့္သည္ေနာက္ခံလူေတြနဲ႔ ဂိုးသမားကို အႏုိင္ယူခဲ့ၿပီး ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပထမပုိင္း သိမ္းခဲ့တာပါ။

ဒုတိယပုိင္းမွာေတာ့ လီဗာပူးလ္တုိ႔ပဲ ေျခအသာနဲ႔ ဖိကစားေနခဲ့ၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာ ဖာဘင္ညဳိက ေရာဘတ္ဆန္ ကြင္းလယ္ထဲ ျပန္ထည့္ေပးလုိက္တဲ့ ေဘာလုံးကို ဧရိယာအျပင္ကေန အျပင္းကန္သြင္းၿပီး တတိယဂိုး ရယူသြားခဲ့ပါတယ္။ ဒီလိုဂိုးမ်ဳိးကို ဖာဘင္ညဳိဟာ မန္စီးတီးကို သုံးဂိုး-တစ္ဂိုးနဲ႔ အႏုိင္ရတဲ့ အိမ္ကြင္းပြဲစဥ္မွာလည္း သြင္းယူခဲ့ဖူးၿပီး သူ႕ကို ဘယ္သူမွ အာ႐ုံစိုက္မထားခ်ိန္မွာ လွ်ပ္တစ္ျပက္ ကန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ဗိန္နယ္လ္ဒြမ္နဲ႔ ဆာလားတုိ႔ရဲ႕ အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့အၿပီး ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ဖာမီႏို ဆြဲယူလာၿပီး ကြင္းလယ္က ဆာလားကို ထိုးေပးတာကေန သူက ဘယ္ေတာင္ပံက လူကၽြံေထာင္ေခ်ာက္ကို ေဖာက္ထြက္ခဲ့တဲ့ မာေနးရဲ႕ ေျပးလမ္းထဲ ထည့္ေပးခဲ့ရာမွာေတာ့ ဆီနီေဂါသားက သူ႕ရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ ၁၅ ဂိုးေျမာက္ကို အေဝးတုိင္ေထာင့္ဆီ အနိမ့္ေဘာကန္သြင္းယူခဲ့ပါတယ္။

ဒီပြဲကို အႏုိင္ရရွိခဲ့လို႔ လီဗာပူးလ္တုိ႔ ရမွတ္ ၈၆ မွတ္နဲ႔ ဒုတိယေနရာက မန္ခ်က္စတာစီးတီးနဲ႔ သခ်ၤာနည္းအရ အမွတ္ျပတ္သြားမယ့္အခ်ိန္ကို ေလွ်ာ့ခ်ႏုိင္ခဲ့ၿပီး လက္ရွိခ်န္ပီယံ မန္စီးတီးတုိ႔အေနနဲ႔ လက္က်န္ပြဲတုိင္းကို အႏုိင္ရခဲ့ရင္ေတာင္ ေနာက္ဆုံးအေနနဲ႔ ပြဲစဥ္ ၃၃၊ အက္စတန္ဗီလာနဲ႔ အိမ္ကြင္းပြဲစဥ္မွာ အႏုိင္ရရွိရင္ အန္းဖီးလ္ဒ္သားေတြ ေအာင္ပြဲႏိုင္ခံဖို႔ ေသခ်ာသြားႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအနေနဲ့ ဒီနှစ်မှာ အသင်းအတွက် နှစ် ၃၀ ကြာ စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ခရစ္စတယ်လ် ပဲလေ့စ်နဲ့ပွဲကို အနိုင်ယူရင်း ကိုင်မြှောက်ပြီး ၂၀၁၄ ခုနှစ်က မျက်ရည်ကျခဲ့ရတဲ့ ဥရုဂွေးတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ကို နှစ်သိမ့်နိုင်ဖို့ အခွင့်အရေးနဲ့တော့ လွဲချော်ခဲ့ပြီး အိမ်ကွင်းမှာ လေးဂိုး-ဂိုးမရှိနိုင်ပွဲက မန်ချက်စတာစီးတီးနဲ့ သင်္ချာနည်းအရ လိုက်မီဖို့ မဖြစ်နိုင်တော့မယ့် အချိန်ကို စောင့်ဆိုင်းဖို့ပဲ တတ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ သူတို့ရဲ့ လူစာရင်းဟာ အရန်အင်အားနဲ့ ပထမလူစာရင်း ကွာဟနေဆဲဆိုတာကို ကောင်းကောင်းသဘောပေါက်ခဲ့တဲ့ လီဗာပူးလ်အနေနဲ့ ဒီနေ့မှာ လူစုံတက်စုံ ပွဲထုတ်ခဲ့ပြီး နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ MSF တိုက်စစ်ကို ပြန်လည်ခင်းကျင်းခဲ့သလို ကွင်းလယ်မှာလည်း ဘရာဇီးလ်သား ဖာဘင်ညိုနဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်တို့ ခြေစွမ်းပြသနိုင်ခဲ့ကြပါတယ်။

အသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် ၂၃ မိနစ်မှာ နောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်က ပဲလေ့စ်ဂိုးဧရိယာထိပ်မှာ ရရှိတဲ့ ဖရီးကစ်ကို တိုက်ရိုက်ကန်သွင်းယူခဲ့ပြီး ဒီဂိုးကတော့ တစ်ဖက်ဂိုးသမား ဂွိုက်တာအနေနဲ့ ဖရီးကစ်အပိုင်းမှာ လက်သင်အဆင့်သာရှိသေးတဲ့ အင်္ဂလန်နောက်ခံလူကို လျှော့တွက်မိခဲ့တာလည်းဖြစ်ပါတယ်။

ကွင်းလယ်က နယ်သာလန်လက်ရွေးစင် ဗိန်နယ်လ်ဒွမ်ကတော့ ဒီနေ့ပွဲမှာ ဂိုးရနိုင်တဲ့ ဂိုးစည်းထဲက အခွင့်အရေးတော်တော်များများကို ရှင်းထုတ်နေသလားလို့ ထင်ရအောင် ချော်ကန်ပစ်ခဲ့လို့ လီဗာပူးလ်တို့ လေးဂိုးထက် ပိုမရခဲ့တာဖြစ်သလို သူ့ရဲ့ ဂိုးရှေ့က ယုံကြည်ချက်ကလည်း သိသိသာသာ ပျောက်ဆုံးနေခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ ဖာဘင်ညိုက ညာတောင်ပံကနေ ပဲလေ့စ်ဘယ်နောက်ခံလူ ဗန်အန်ဟော့လ်ကို ကျော်ပြေးတဲ့ ဆာလားရဲ့ ပြေးလမ်းကြောင်းထဲကို လှပတဲ့ Floating Pass နဲ့ ထည့်ပေးခဲ့ရာမှာ ဆာလားက တည်တည်ငြိမ်ငြိမ်ပဲ ဧည့်သည်နောက်ခံလူတွေနဲ့ ဂိုးသမားကို အနိုင်ယူခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ ပထမပိုင်း သိမ်းခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်တို့ပဲ ခြေအသာနဲ့ ဖိကစားနေခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာ ဖာဘင်ညိုက ရောဘတ်ဆန် ကွင်းလယ်ထဲ ပြန်ထည့်ပေးလိုက်တဲ့ ဘောလုံးကို ဧရိယာအပြင်ကနေ အပြင်းကန်သွင်းပြီး တတိယဂိုး ရယူသွားခဲ့ပါတယ်။ ဒီလိုဂိုးမျိုးကို ဖာဘင်ညိုဟာ မန်စီးတီးကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရတဲ့ အိမ်ကွင်းပွဲစဉ်မှာလည်း သွင်းယူခဲ့ဖူးပြီး သူ့ကို ဘယ်သူမှ အာရုံစိုက်မထားချိန်မှာ လျှပ်တစ်ပြက် ကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဗိန်နယ်လ်ဒွမ်နဲ့ ဆာလားတို့ရဲ့ အခွင့်အရေးတွေ လွဲချော်ခဲ့အပြီး ပွဲချိန် ၆၉ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဖာမီနို ဆွဲယူလာပြီး ကွင်းလယ်က ဆာလားကို ထိုးပေးတာကနေ သူက ဘယ်တောင်ပံက လူကျွံထောင်ချောက်ကို ဖောက်ထွက်ခဲ့တဲ့ မာနေးရဲ့ ပြေးလမ်းထဲ ထည့်ပေးခဲ့ရာမှာတော့ ဆီနီဂေါသားက သူ့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ၁၅ ဂိုးမြောက်ကို အဝေးတိုင်ထောင့်ဆီ အနိမ့်ဘောကန်သွင်းယူခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့လို့ လီဗာပူးလ်တို့ ရမှတ် ၈၆ မှတ်နဲ့ ဒုတိယနေရာက မန်ချက်စတာစီးတီးနဲ့ သင်္ချာနည်းအရ အမှတ်ပြတ်သွားမယ့်အချိန်ကို လျှော့ချနိုင်ခဲ့ပြီး လက်ရှိချန်ပီယံ မန်စီးတီးတို့အနေနဲ့ လက်ကျန်ပွဲတိုင်းကို အနိုင်ရခဲ့ရင်တောင် နောက်ဆုံးအနေနဲ့ ပွဲစဉ် ၃၃၊ အက်စတန်ဗီလာနဲ့ အိမ်ကွင်းပွဲစဉ်မှာ အနိုင်ရရှိရင် အန်းဖီးလ်ဒ်သားတွေ အောင်ပွဲနိုင်ခံဖို့ သေချာသွားနိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.