Match Report Premier League

ႏိုင္ပြဲနဲ႔အတူ သရဲနီေတြေနာက္ကို ႏူႏိုဆန္တိုရဲ႕ ဝံပုေလြေတြ ထပ္ၾကပ္မကြာလိုက္ႏုိင္ဆဲ

ေပၚတူဂီသားနည္းျပ ႏူႏို အက္စ္ပရီစီတုိ ဆန္တုိရဲ႕ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းကေတာ့ ပရီးမီးယားလိဂ္ Restart မွာ ႏွစ္ပြဲကစား ႏွစ္ပြဲအႏုိင္ရရွိထားၿပီး စပါးစ္နဲ႔ပြဲမွာ သေရက်ခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းကို အမွတ္တူ ဂိုးကြာျခားခ်က္အနည္းနဲ႔ လုိက္လံဖိအားေပးႏိုင္ဆဲျဖစ္ၿပီး ဒီတစ္ပတ္မွာလည္း အိမ္ကြင္းမွာ ဘုန္းေမာက္ကို တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ယူခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ပြဲက ၃-၅-၂ ပုံစံကို သုံးခဲ့တဲ့ ဝုလ္ဗ္စ္နည္းျပ ႏူႏို ဆန္တုိအေနနဲ႔ ဒီေန႔ပြဲမွာ အဒါမာ ထရာအိုေရးကို ပြဲထြက္ခုိင္းခဲ့ၿပီး ၃-၄-၃ ပုံစံကို ျပန္သုံးခဲ့သလို တုိက္စစ္ကို ပုိကစားဖို႔ ျပင္ဆင္လာခဲ့ေပမယ့္ တန္းဆင္းဇုန္ ဖိအားရွိေနလို႔ ခံစစ္ကို ဂ႐ုစိုက္ခဲ့တဲ့ ဘုန္းေမာက္အသင္းဘက္ကို တစ္ဂိုးထက္ေတာ့ ပုိမသြင္းႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။

ကြင္းလယ္လူ ဖေရဆာနဲ႔ ျပႆနာျဖစ္ၿပီးေနာက္ပုိင္း အေဝးကြင္းမွာ တစ္မွတ္ပဲရရဆိုတဲ့ စိတ္ဓာတ္နဲ႔ ျပင္ဆင္လာခဲ့တဲ့ ဘုန္းေမာက္ဟာ ဖိလစ္ ဘီလင္းနဲ႔ ဂ်က္ဖာဆန္ လာမာတုိ႔ ကြင္းလယ္ခံစစ္ႏွစ္ေယာက္ကို အထိုင္ခ်ခဲ့ၿပီး တုိက္စစ္မွာ ကယ္လမ္ ဝီလ္ဆန္တစ္ေယာက္တည္း တင္ကစားခဲ့သလို ေကာင္တာကေန ထိုးေဖာက္ဖို႔ပဲ အဓိက ေခ်ာင္းကစားသြားခဲ့ၿပီး ပထမပုိင္းကို ဂိုးမရွိသေရ ခံကစားႏုိင္ခဲ့ပါတယ္။

ဂ်ဳိတာနဲ႔ ထရာအုိေရးတို႔ ထိုးေဖာက္မွဳေတြ အလုပ္မျဖစ္ခဲ့ခ်ိန္မွာ အသင္းအတြက္ ႏုိင္ပြဲရွာေဖြေပးေနသူကေတာ့ ဂိုးသြင္းၿပီေဟ့ဆုိရင္ လွည့္ၾကည့္စရာမလိုတဲ့ ရာအူးလ္ ဟီမီနက္ဇ္ပါပဲ။ ေနာက္ပုိင္းပြဲေတြမွာ ထရာအိုေရးရဲ႕ ညာေတာင္ပံက ျဖတ္တင္ေဘာကို ဟီမီနက္ဇ္ ေခါင္းတုိက္ခဲ့တာ ဒီပြဲနဲ႔ဆိုရင္ ႏွစ္ပြဲဆက္ခဲ့ၿပီျဖစ္ၿပီး ဝုလ္ဗ္စ္တုိ႔ရဲ႕ မ႐ိုးႏုိင္ေသာ ေဖာ္ျမဴလာျဖစ္သလို မကၠဆီကန္တုိက္စစ္မွဴးရဲ႕ ႐ုန္းအားနဲ႔ ေျပးဝင္ေခါင္းတုိက္ဖို႔ အဆင္သင့္ရွိေနခဲ့ပုံကိုေတာ့ အသိအမွတ္ျပဳ ခ်ီးက်ဴးရမွာလည္းျဖစ္ပါတယ္။

ပြဲၿပီးဖို႔ စကၠန္႔ပုိင္းအလိုမွာ လူစားဝင္တုိက္စစ္မွဴး ပက္ဒ႐ို နီတို ကြင္းလယ္ကေန ဘုန္းေမာက္ေနာက္တန္း ၆ ေယာက္ကို ေက်ာ္ေျပးၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းေတြ႕ခဲ့ေပမယ့္ အဆုံးသတ္မွဳမွာေတာ့ ညာနဲ႔ကန္ရမယ့္အစား ဘယ္နဲ႔ကန္ခဲ့ၿပီး ဂိုးတုိင္ေဘးက ထြက္သြားခဲ့လို႔ တစ္ဂိုး-ဂိုးမရွိနဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္သလို ဝုလ္ဗ္စ္တို႔အေနနဲ႔ သူ႕ရဲ႕အေပၚက မန္ခ်က္စတာယူႏိုက္တက္ကို ဥေရာပဝင္ခြင့္တစ္ေနရာအတြက္ ထပ္ၾကပ္မကြာ လုိက္ပါထားႏုိင္ဆဲျဖစ္ၿပီး ဘုန္းေမာက္ကေတာ့ တန္းဆင္းဇုန္က လြတ္ဖို႔ ခက္ခဲဦးမွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလုိက္ရပါတယ္။

REF: WOLVES.CO.UK
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပေါ်တူဂီသားနည်းပြ နူနို အက်စ်ပရီစီတို ဆန်တိုရဲ့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းကတော့ ပရီးမီးယားလိဂ် Restart မှာ နှစ်ပွဲကစား နှစ်ပွဲအနိုင်ရရှိထားပြီး စပါးစ်နဲ့ပွဲမှာ သရေကျခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အမှတ်တူ ဂိုးကွာခြားချက်အနည်းနဲ့ လိုက်လံဖိအားပေးနိုင်ဆဲဖြစ်ပြီး ဒီတစ်ပတ်မှာလည်း အိမ်ကွင်းမှာ ဘုန်းမောက်ကို တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲက ၃-၅-၂ ပုံစံကို သုံးခဲ့တဲ့ ဝုလ်ဗ်စ်နည်းပြ နူနို ဆန်တိုအနေနဲ့ ဒီနေ့ပွဲမှာ အဒါမာ ထရာအိုရေးကို ပွဲထွက်ခိုင်းခဲ့ပြီး ၃-၄-၃ ပုံစံကို ပြန်သုံးခဲ့သလို တိုက်စစ်ကို ပိုကစားဖို့ ပြင်ဆင်လာခဲ့ပေမယ့် တန်းဆင်းဇုန် ဖိအားရှိနေလို့ ခံစစ်ကို ဂရုစိုက်ခဲ့တဲ့ ဘုန်းမောက်အသင်းဘက်ကို တစ်ဂိုးထက်တော့ ပိုမသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကွင်းလယ်လူ ဖရေဆာနဲ့ ပြဿနာဖြစ်ပြီးနောက်ပိုင်း အဝေးကွင်းမှာ တစ်မှတ်ပဲရရဆိုတဲ့ စိတ်ဓာတ်နဲ့ ပြင်ဆင်လာခဲ့တဲ့ ဘုန်းမောက်ဟာ ဖိလစ် ဘီလင်းနဲ့ ဂျက်ဖာဆန် လာမာတို့ ကွင်းလယ်ခံစစ်နှစ်ယောက်ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာ ကယ်လမ် ဝီလ်ဆန်တစ်ယောက်တည်း တင်ကစားခဲ့သလို ကောင်တာကနေ ထိုးဖောက်ဖို့ပဲ အဓိက ချောင်းကစားသွားခဲ့ပြီး ပထမပိုင်းကို ဂိုးမရှိသရေ ခံကစားနိုင်ခဲ့ပါတယ်။

ဂျိုတာနဲ့ ထရာအိုရေးတို့ ထိုးဖောက်မှုတွေ အလုပ်မဖြစ်ခဲ့ချိန်မှာ အသင်းအတွက် နိုင်ပွဲရှာဖွေပေးနေသူကတော့ ဂိုးသွင်းပြီဟေ့ဆိုရင် လှည့်ကြည့်စရာမလိုတဲ့ ရာအူးလ် ဟီမီနက်ဇ်ပါပဲ။ နောက်ပိုင်းပွဲတွေမှာ ထရာအိုရေးရဲ့ ညာတောင်ပံက ဖြတ်တင်ဘောကို ဟီမီနက်ဇ် ခေါင်းတိုက်ခဲ့တာ ဒီပွဲနဲ့ဆိုရင် နှစ်ပွဲဆက်ခဲ့ပြီဖြစ်ပြီး ဝုလ်ဗ်စ်တို့ရဲ့ မရိုးနိုင်သော ဖော်မြူလာဖြစ်သလို မက္ကဆီကန်တိုက်စစ်မှူးရဲ့ ရုန်းအားနဲ့ ပြေးဝင်ခေါင်းတိုက်ဖို့ အဆင်သင့်ရှိနေခဲ့ပုံကိုတော့ အသိအမှတ်ပြု ချီးကျူးရမှာလည်းဖြစ်ပါတယ်။

ပွဲပြီးဖို့ စက္ကန့်ပိုင်းအလိုမှာ လူစားဝင်တိုက်စစ်မှူး ပက်ဒရို နီတို ကွင်းလယ်ကနေ ဘုန်းမောက်နောက်တန်း ၆ ယောက်ကို ကျော်ပြေးပြီး ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ခဲ့ပေမယ့် အဆုံးသတ်မှုမှာတော့ ညာနဲ့ကန်ရမယ့်အစား ဘယ်နဲ့ကန်ခဲ့ပြီး ဂိုးတိုင်ဘေးက ထွက်သွားခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်သလို ဝုလ်ဗ်စ်တို့အနေနဲ့ သူ့ရဲ့အပေါ်က မန်ချက်စတာယူနိုက်တက်ကို ဥရောပဝင်ခွင့်တစ်နေရာအတွက် ထပ်ကြပ်မကွာ လိုက်ပါထားနိုင်ဆဲဖြစ်ပြီး ဘုန်းမောက်ကတော့ တန်းဆင်းဇုန်က လွတ်ဖို့ ခက်ခဲဦးမှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: WOLVES.CO.UK
PHOTOS CREDIT TO OWNERS
SPORTS A2Z.