Match Report Premier League

သက္ေတာင့္သက္သာကစားၿပီး မာစီယယ္လ္ရဲ႕ ဟက္ထရစ္နဲ႔ ပုံစံေကာင္းျပတဲ့ ယူႏုိက္တက္

ဒီေန႔ပြဲမွာေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ သူတုိ႔ရဲ႕ အေတာင့္တင္းဆုံးလူစာရင္းကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာ အားလုံး ျမင္ေတြ႕ခ်င္ေနၾကတဲ့ ေပါ့ဘာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ေနာက္က ဝါရင့္ကစားသမား မာတစ္ခ်္နဲ႔ တြဲေပးခဲ့သလို တုိက္စစ္မွာကေတာ့ မာစီယယ္လ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ လူငယ္တုိက္စစ္မွဴး ဂရင္းဝုဒ္တို႔ကို အသုံးျပဳခဲ့ပါတယ္။

ရွက္ဖီးလ္ဒ္ယူႏိုက္ကေတာ့ ဒီေန႔ပြဲမွာ တုိက္စစ္နဲ႔ ကြင္းလယ္ကို အေျပာင္းအလဲလုပ္ခဲ့ၿပီး သူတုိ႔ရဲ႕ ရလဒ္ေကာင္းေတြကို ရယူစဥ္က အသင္းကို ဦးေဆာင္ေပးခဲ့တဲ့ လန္းစထရမ္၊ မက္ဂိုးလ္ဒရစ္နဲ႔ မူးေဆးတုိ႔ကို အသုံးျပဳခဲ့ေပမယ့္ မကစားရတာၾကာၿပီျဖစ္တဲ့ ဒီအတြဲအဖက္ဟာ ယူႏုိက္တက္လို အသင္းႀကီးနဲ႔ အေဝးကြင္းပြဲစဥ္မွာေတာ့ ေျခစြမ္းက်ဆင္းေနခဲ့တာလည္းျဖစ္ပါတယ္။

ကြင္းလယ္မွာ ကမာၻ႕အဆင့္ကစားသမားသုံးေယာက္ရဲ႕ အားနဲ႔ နားလည္မွဳေကာင္းခဲ့တဲ့ ယူႏုိက္တက္ဟာ မာတစ္ခ်္ရဲ႕ အကြက္ျမင္မွဳ၊ ေပါ့ဘာရဲ႕ ကြင္းလယ္ကို ထိန္းေက်ာင္းႏုိင္မွဳမွာ ဖာနန္ဒက္စ္အေနနဲ႔ တုိက္စစ္ကို လြတ္လြတ္လပ္လပ္ လုိက္ပါဖန္တီးခြင့္ရခဲ့ၿပီး တုိက္စစ္မွဴးသုံးဦးအနားက သိပ္မခြာဘဲ ေျခစြမ္းျပႏုိင္ခဲ့လို႔ လူအိုေျခက် ဂ်ာဂ်ယ္လ္ကာကို သုံးထားတဲ့ ရွက္ဖီးလ္ဒ္တုိ႔ ေစာစာစီးစီး ၿပဳိလဲခဲ့တာပါ။

ယူႏိုက္တက္ရဲ႕ ပထမဂိုးကိုေတာ့ ပြဲခ်ိန္ ၇ မိနစ္မွာ အာရြန္ ဝန္ဘစ္ဆာကာရဲ႕ လက္ပစ္ေဘာကေန ေနာက္တန္းေတြနဲ႔ ယွဥ္လုရင္း ျပန္ထြက္လာေတာ့ ေဘာလုံးကို ရက္ရွ္ဖို႔ဒ္ ရယူသြားခဲ့ၿပီး အနိမ့္ေဘာခ်ဳိးေပးရာကေန အနီးတုိင္နားမွာ ရွိေနတဲ့ မာစီယယ္လ္က ဘယ္ေျခနဲ႔ ေျပးဝင္ပိတ္သြင္းၿပီး ဒီရာသီ သူ႕ရဲ႕ ၁၂ ဂိုးေျမာက္အျဖစ္ ရယူႏုိင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ဖာနန္ဒက္စ္ရဲ႕ ဖရီးကစ္ကို ရွက္ဖီးလ္ဒ္ဂိုးသမား ဆိုင္မြန္မိုးရ္ ကာကြယ္ခဲ့ရသလို တန္ျပန္တုိက္စစ္ကေန ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္တုိ႔ႏွစ္ေယာက္ အေပးအယူလုပ္ၿပီး ထိုးေဖာက္လာခဲ့တာကို မာစီယယ္လ္ ျပန္ခ်ေပးရာမွာ အခြင့္အေရးေကာင္းတဲ့ ဖာနန္ဒက္စ္ဆီကို ခ်မေပးဘဲ ရက္ရွ္ဖို႔ဒ္ဆီပဲ ေပးခဲ့လုိ႔ ယူႏုိက္တက္တုိ႔ ဒုတိယဂိုး နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ မာစီယယ္လ္ကပဲ ဒုတိယဂိုးကို သြင္းယူႏုိင္ခဲ့ၿပီး ေပါ့ဘာ ထိုးေပးလုိက္တဲ့ ေဘာလုံးကို ညာေတာင္ပံမွာ ရွိေနတဲ့ ဝန္ဘစ္ဆာကာက တစ္ဖက္ေနာက္ခံလူကို ေက်ာ္ျဖတ္ၿပီး ခ်ဳိးေပးခဲ့တာကို မာကင္ညံ့ေနတဲ့ ရွက္ဖီးလ္ဒ္ေနာက္တန္းက ဘာရွမ္နဲ႔ ေရာ္ဘင္ဆန္တုိ႔ကို ျပင္သစ္တုိက္စစ္မွဴးက အျပစ္ေပးခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ယူႏိုက္တက္တုိ႔ ပြဲကို ေကာင္းေကာင္းစိုးမုိးထားႏိုင္ခဲ့ၿပီး ကြင္းလယ္က ေဘာလုံးပုိင္ဆုိင္မွဳက သိသာတဲ့ ၆၈ ရာခိုင္ႏွဳန္းအထိ ရခဲ့သလို အခြင့္အေရးေတြကိုလည္း ရက္ရွ္ဖို႔ဒ္၊ မာစီယယ္လ္နဲ႔ ဂရင္းဝုဒ္တုိ႔ ျဖဳန္းတီးပစ္ခဲ့လို႔သာ ရွက္ဖီးလ္ဒ္တုိ႔ သက္သာခဲ့တာျဖစ္ၿပီး ေပါ့ဘာကလည္း ေျခစြမ္းမက်ဆင္းေသးေၾကာင္း တစ္ကိုယ္ေတာ္ အလိမ္အေခါက္ေတြနဲ႔ ျပသခဲ့တာပါ။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဖာနန္ဒက္စ္ ေနာက္ေပါက္နဲ႔ ခ်န္ေပးခဲ့တဲ့ ေဘာလုံးကို မာစီယယ္လ္က ရက္ရွ္ဖို႔ဒ္နဲ႔အတူ ဝမ္းတူး႐ိုက္ၿပီး ရွက္ဖီးလ္ဒ္ ေနာက္တန္းကို ေက်ာ္ျဖတ္လာခဲ့ရာက ဂိုးသမားနဲ႔ အေတြ႕မွာ အသာအယာ ေက်ာ္ကန္သြင္းခဲ့ၿပီး သူ႕ရဲ႕ ကစားသမားဘဝ ပထမဆုံး ဟက္ထရစ္ကို ပုိင္ဆုိင္ႏုိင္ခဲ့ၿပီး ယူႏိုက္တက္မွာ ၂၀၁၃ ခုႏွစ္ ဧၿပီလေနာက္ပုိင္း ေပ်ာက္ဆုံးေနတဲ့ ဟက္ထရစ္ရွင္အျဖစ္ ရပ္တည္သြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ တိုက္စစ္ကစားသမား ၅ ဦးကို တစ္ၿပဳိင္တည္း လဲထုတ္အနားေပးခဲ့ၿပီး အႏုိင္ရလဒ္ကို ထိန္းကစားသြားခဲ့လို႔ ပြဲအၿပီးမွာ သုံးဂိုး-ဂိုးမရွိနဲ႔ အႏုိင္ရယူႏုိင္ခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္တုိ႔အေနနဲ႔ အမွတ္ေပးဇယားမွာ ခ်ဲလ္ဆီးနဲ႔ လက္စတာတို႔ကုိ ဖိအားေပးႏုိင္ဆဲျဖစ္ၿပီး ရာသီကုန္မွာ ရပ္တည္မွဳ အဆင့္ ၃ နဲ႔ ၿပီးဆုံးႏုိင္တဲ့ အခြင့္အေရးကို ဆုပ္ကိုင္ထားႏိုင္ဆဲျဖစ္သလို ပရိသတ္ေတြအတြက္ေတာ့ လွပတဲ့ ညတစ္ည ျဖစ္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနေ့ပွဲမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အတောင့်တင်းဆုံးလူစာရင်းကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ အားလုံး မြင်တွေ့ချင်နေကြတဲ့ ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို နောက်က ဝါရင့်ကစားသမား မာတစ်ချ်နဲ့ တွဲပေးခဲ့သလို တိုက်စစ်မှာကတော့ မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်နဲ့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်တို့ကို အသုံးပြုခဲ့ပါတယ်။

ရှက်ဖီးလ်ဒ်ယူနိုက်ကတော့ ဒီနေ့ပွဲမှာ တိုက်စစ်နဲ့ ကွင်းလယ်ကို အပြောင်းအလဲလုပ်ခဲ့ပြီး သူတို့ရဲ့ ရလဒ်ကောင်းတွေကို ရယူစဉ်က အသင်းကို ဦးဆောင်ပေးခဲ့တဲ့ လန်းစထရမ်၊ မက်ဂိုးလ်ဒရစ်နဲ့ မူးဆေးတို့ကို အသုံးပြုခဲ့ပေမယ့် မကစားရတာကြာပြီဖြစ်တဲ့ ဒီအတွဲအဖက်ဟာ ယူနိုက်တက်လို အသင်းကြီးနဲ့ အဝေးကွင်းပွဲစဉ်မှာတော့ ခြေစွမ်းကျဆင်းနေခဲ့တာလည်းဖြစ်ပါတယ်။

ကွင်းလယ်မှာ ကမ္ဘာ့အဆင့်ကစားသမားသုံးယောက်ရဲ့ အားနဲ့ နားလည်မှုကောင်းခဲ့တဲ့ ယူနိုက်တက်ဟာ မာတစ်ချ်ရဲ့ အကွက်မြင်မှု၊ ပေါ့ဘာရဲ့ ကွင်းလယ်ကို ထိန်းကျောင်းနိုင်မှုမှာ ဖာနန်ဒက်စ်အနေနဲ့ တိုက်စစ်ကို လွတ်လွတ်လပ်လပ် လိုက်ပါဖန်တီးခွင့်ရခဲ့ပြီး တိုက်စစ်မှူးသုံးဦးအနားက သိပ်မခွာဘဲ ခြေစွမ်းပြနိုင်ခဲ့လို့ လူအိုခြေကျ ဂျာဂျယ်လ်ကာကို သုံးထားတဲ့ ရှက်ဖီးလ်ဒ်တို့ စောစာစီးစီး ပြိုလဲခဲ့တာပါ။

ယူနိုက်တက်ရဲ့ ပထမဂိုးကိုတော့ ပွဲချိန် ၇ မိနစ်မှာ အာရွန် ဝန်ဘစ်ဆာကာရဲ့ လက်ပစ်ဘောကနေ နောက်တန်းတွေနဲ့ ယှဉ်လုရင်း ပြန်ထွက်လာတော့ ဘောလုံးကို ရက်ရှ်ဖို့ဒ် ရယူသွားခဲ့ပြီး အနိမ့်ဘောချိုးပေးရာကနေ အနီးတိုင်နားမှာ ရှိနေတဲ့ မာစီယယ်လ်က ဘယ်ခြေနဲ့ ပြေးဝင်ပိတ်သွင်းပြီး ဒီရာသီ သူ့ရဲ့ ၁၂ ဂိုးမြောက်အဖြစ် ရယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဖာနန်ဒက်စ်ရဲ့ ဖရီးကစ်ကို ရှက်ဖီးလ်ဒ်ဂိုးသမား ဆိုင်မွန်မိုးရ် ကာကွယ်ခဲ့ရသလို တန်ပြန်တိုက်စစ်ကနေ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့နှစ်ယောက် အပေးအယူလုပ်ပြီး ထိုးဖောက်လာခဲ့တာကို မာစီယယ်လ် ပြန်ချပေးရာမှာ အခွင့်အရေးကောင်းတဲ့ ဖာနန်ဒက်စ်ဆီကို ချမပေးဘဲ ရက်ရှ်ဖို့ဒ်ဆီပဲ ပေးခဲ့လို့ ယူနိုက်တက်တို့ ဒုတိယဂိုး နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ မာစီယယ်လ်ကပဲ ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပေါ့ဘာ ထိုးပေးလိုက်တဲ့ ဘောလုံးကို ညာတောင်ပံမှာ ရှိနေတဲ့ ဝန်ဘစ်ဆာကာက တစ်ဖက်နောက်ခံလူကို ကျော်ဖြတ်ပြီး ချိုးပေးခဲ့တာကို မာကင်ညံ့နေတဲ့ ရှက်ဖီးလ်ဒ်နောက်တန်းက ဘာရှမ်နဲ့ ရော်ဘင်ဆန်တို့ကို ပြင်သစ်တိုက်စစ်မှူးက အပြစ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ယူနိုက်တက်တို့ ပွဲကို ကောင်းကောင်းစိုးမိုးထားနိုင်ခဲ့ပြီး ကွင်းလယ်က ဘောလုံးပိုင်ဆိုင်မှုက သိသာတဲ့ ၆၈ ရာခိုင်နှုန်းအထိ ရခဲ့သလို အခွင့်အရေးတွေကိုလည်း ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်နဲ့ ဂရင်းဝုဒ်တို့ ဖြုန်းတီးပစ်ခဲ့လို့သာ ရှက်ဖီးလ်ဒ်တို့ သက်သာခဲ့တာဖြစ်ပြီး ပေါ့ဘာကလည်း ခြေစွမ်းမကျဆင်းသေးကြောင်း တစ်ကိုယ်တော် အလိမ်အခေါက်တွေနဲ့ ပြသခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ ဖာနန်ဒက်စ် နောက်ပေါက်နဲ့ ချန်ပေးခဲ့တဲ့ ဘောလုံးကို မာစီယယ်လ်က ရက်ရှ်ဖို့ဒ်နဲ့အတူ ဝမ်းတူးရိုက်ပြီး ရှက်ဖီးလ်ဒ် နောက်တန်းကို ကျော်ဖြတ်လာခဲ့ရာက ဂိုးသမားနဲ့ အတွေ့မှာ အသာအယာ ကျော်ကန်သွင်းခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ယူနိုက်တက်မှာ ၂၀၁၃ ခုနှစ် ဧပြီလနောက်ပိုင်း ပျောက်ဆုံးနေတဲ့ ဟက်ထရစ်ရှင်အဖြစ် ရပ်တည်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ တိုက်စစ်ကစားသမား ၅ ဦးကို တစ်ပြိုင်တည်း လဲထုတ်အနားပေးခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့လို့ ပွဲအပြီးမှာ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ အမှတ်ပေးဇယားမှာ ချဲလ်ဆီးနဲ့ လက်စတာတို့ကို ဖိအားပေးနိုင်ဆဲဖြစ်ပြီး ရာသီကုန်မှာ ရပ်တည်မှု အဆင့် ၃ နဲ့ ပြီးဆုံးနိုင်တဲ့ အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်သလို ပရိသတ်တွေအတွက်တော့ လှပတဲ့ ညတစ်ည ဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.