Premier League

မန္ခ်က္စတာစီးတီးအသင္းရဲ႕ အရန္တုိက္စစ္မွဴးအျဖစ္ ဂြန္ဒိုးဝမ္ကို ျမင္ရႏိုင္

ၿပီးခဲ့တဲ့ ဘန္ေလနဲ႔ပြဲမွာ အသင္းရဲ႕ ကစားသမားေဟာင္း ေနာက္ခံလူ ဘန္မီးနဲ႔ ထိခိုက္မိၿပီး လူစားလဲခဲ့ရတဲ့ တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုရဲ႕ ဒူးဒဏ္ရာဟာ ခြဲစိတ္ကုသရမယ့္ အေျခအေနရွိေနတာေၾကာင့္ တိုက္စစ္မွဴးတစ္ဦးတည္းသာ က်န္ရွိေတာ့တဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္ကို အရန္တုိက္စစ္မွဴးအျဖစ္ သုံးစြဲဖို႔ ရွိေနပါတယ္။

နည္းျပ ပက္ပ္ ဂြါဒီယိုလာကေတာ့ ဒူးဒဏ္ရာေတြကို ကုသရာမွာ နာမည္ႀကီးတဲ့ စပိန္ဆရာဝန္ ရာမြန္ ကူးဂတ္နဲ႔ ဘာစီလိုနာမွာ ကုသမွဳ ခံယူဖို႔ အသက္ ၃၂ ႏွစ္အရြယ္ အာဂ်င္တီးနားတုိက္စစ္မွဴးကို ေစခုိင္းထားခဲ့ၿပီး ဗုဒၶဟူးေန႔ ေန႔လည္ခင္းမွာ ခြဲစိတ္မွဳ ေအာင္ျမင္ခဲ့တယ္လို႔ သိရသလို အေဂြ႐ိုက သူ႕ရဲ႕ တြစ္တာမွာ ဆရာဝန္နဲ႔ အဖြဲ႕ကို ေက်းဇူးတင္တဲ့ ပုိ႔စ္တင္ခဲ့ပါတယ္။

ဘယ္ဒူးအတြင္းက အ႐ုိးႏုကို ထိခုိက္သြားတဲ့ ဖ်က္ထုတ္မွဳေၾကာင့္ ခြဲစိတ္ကုသခဲ့ရတာလည္းျဖစ္ၿပီး အေဂြ႐ိုအေနနဲ႔ ဒဏ္ရာကေန ျပန္ေကာင္းဖို႔ ၇ ပတ္အထိ အခ်ိန္ယူရႏိုင္တယ္လုိ႔ ဆုိသလို ပရီးမီးယားလိဂ္လက္က်န္ပြဲစဥ္ေတြကို လြဲေခ်ာ္မွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ရဲ႕ ေနာက္ဆုံးအဆင့္ေတြကို မန္စီးတီးအေနနဲ႔ ေရာက္ရွိခဲ့ရင္ေတာ့ ျပန္လည္ပါဝင္လာႏုိင္ဖြယ္ရွိေနပါတယ္။

လက္ရွိမွာေတာ့ အသင္းရဲ႕ တုိက္စစ္ကို ဘရာဇီးလ္သား ဂါဘရီယယ္လ္ ေဂ်ဆူးစ္က ဦးေဆာင္ရဖို႔ ရွိေနၿပီး ကစားသမားေတြကို ဒဏ္ရာနဲ႔ ေမာပန္းမွဳေတြက ေရွာင္ရွားႏုိင္ဖို႔ လဲလွယ္သုံးစြဲခ်ိန္မွာေတာ့ ရာဟင္းမ္ စတာလင္၊ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ဘာနာဒို ေဆးလ္ဗားတုိ႔က False 9 အျဖစ္ ကစားႏုိင္ေပမယ့္ ဂြါဒီယိုလာကေတာ့ ဂြန္ဒိုးဝမ္ကို အလိုရွိေနတာပါ။

“ဒီေနရာအတြက္ ဂါဘရီယယ္လ္အေနနဲ႔ အေကာင္းဆုံးကစားႏုိင္မယ္ဆုိတာ သံသယရွိစရာ မလိုပါဘူး။ ဒါေပမယ့္ သုံးရက္တစ္ပြဲ ကန္ေနရတဲ့ အခ်ိန္မွာ ကစားသမားတစ္ေယာက္တည္းကိုပဲ သုံးလို႔ မျဖစ္ႏုိင္ဘူးေလ။ ရာဟင္းမ္အေနနဲ႔ ဒီေနရာမွာ ကစားႏုိင္တယ္။ ဘာနာဒိုနဲ႔ ဂြန္ဒိုးဝမ္တုိ႔ကိုလည္း ဒီေနရာမွာ အေကာင္းႀကီး မဟုတ္ေပမယ့္ အသုံးျပဳႏိုင္ပါတယ္”လို႔ ဂြါဒီယိုလာက သူ႕အုိင္ဒီယာကို ေျပာျပခဲ့တာျဖစ္ၿပီး ပရိသတ္ေတြအတြက္ေတာ့ အံ့ၾသစရာလည္းျဖစ္ခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ဘန်လေနဲ့ပွဲမှာ အသင်းရဲ့ ကစားသမားဟောင်း နောက်ခံလူ ဘန်မီးနဲ့ ထိခိုက်မိပြီး လူစားလဲခဲ့ရတဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုရဲ့ ဒူးဒဏ်ရာဟာ ခွဲစိတ်ကုသရမယ့် အခြေအနေရှိနေတာကြောင့် တိုက်စစ်မှူးတစ်ဦးတည်းသာ ကျန်ရှိတော့တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်ကို အရန်တိုက်စစ်မှူးအဖြစ် သုံးစွဲဖို့ ရှိနေပါတယ်။

နည်းပြ ပက်ပ် ဂွါဒီယိုလာကတော့ ဒူးဒဏ်ရာတွေကို ကုသရာမှာ နာမည်ကြီးတဲ့ စပိန်ဆရာဝန် ရာမွန် ကူးဂတ်နဲ့ ဘာစီလိုနာမှာ ကုသမှု ခံယူဖို့ အသက် ၃၂ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးကို စေခိုင်းထားခဲ့ပြီး ဗုဒ္ဓဟူးနေ့ နေ့လည်ခင်းမှာ ခွဲစိတ်မှု အောင်မြင်ခဲ့တယ်လို့ သိရသလို အဂွေရိုက သူ့ရဲ့ တွစ်တာမှာ ဆရာဝန်နဲ့ အဖွဲ့ကို ကျေးဇူးတင်တဲ့ ပို့စ်တင်ခဲ့ပါတယ်။

ဘယ်ဒူးအတွင်းက အရိုးနုကို ထိခိုက်သွားတဲ့ ဖျက်ထုတ်မှုကြောင့် ခွဲစိတ်ကုသခဲ့ရတာလည်းဖြစ်ပြီး အဂွေရိုအနေနဲ့ ဒဏ်ရာကနေ ပြန်ကောင်းဖို့ ၇ ပတ်အထိ အချိန်ယူရနိုင်တယ်လို့ ဆိုသလို ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပြီး ချန်ပီယံလိဂ်ရဲ့ နောက်ဆုံးအဆင့်တွေကို မန်စီးတီးအနေနဲ့ ရောက်ရှိခဲ့ရင်တော့ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။

လက်ရှိမှာတော့ အသင်းရဲ့ တိုက်စစ်ကို ဘရာဇီးလ်သား ဂါဘရီယယ်လ် ဂျေဆူးစ်က ဦးဆောင်ရဖို့ ရှိနေပြီး ကစားသမားတွေကို ဒဏ်ရာနဲ့ မောပန်းမှုတွေက ရှောင်ရှားနိုင်ဖို့ လဲလှယ်သုံးစွဲချိန်မှာတော့ ရာဟင်းမ် စတာလင်၊ ကီဗင် ဒီဘရိုင်းနားနဲ့ ဘာနာဒို ဆေးလ်ဗားတို့က False 9 အဖြစ် ကစားနိုင်ပေမယ့် ဂွါဒီယိုလာကတော့ ဂွန်ဒိုးဝမ်ကို အလိုရှိနေတာပါ။

“ဒီနေရာအတွက် ဂါဘရီယယ်လ်အနေနဲ့ အကောင်းဆုံးကစားနိုင်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါပေမယ့် သုံးရက်တစ်ပွဲ ကန်နေရတဲ့ အချိန်မှာ ကစားသမားတစ်ယောက်တည်းကိုပဲ သုံးလို့ မဖြစ်နိုင်ဘူးလေ။ ရာဟင်းမ်အနေနဲ့ ဒီနေရာမှာ ကစားနိုင်တယ်။ ဘာနာဒိုနဲ့ ဂွန်ဒိုးဝမ်တို့ကိုလည်း ဒီနေရာမှာ အကောင်းကြီး မဟုတ်ပေမယ့် အသုံးပြုနိုင်ပါတယ်”လို့ ဂွါဒီယိုလာက သူ့အိုင်ဒီယာကို ပြောပြခဲ့တာဖြစ်ပြီး ပရိသတ်တွေအတွက်တော့ အံ့သြစရာလည်းဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.