Premier League Transfer News

အာဆင္နယ္အသင္းရဲ႕ အေျပာင္းအေရႊ႕၊ သက္တမ္းတုိး သတင္းမ်ား စုစည္းမွဳ

အာဆင္နယ္အသင္းအေနနဲ႔ ဒီရက္ပုိင္းအတြင္းမွာ အသင္းကေန ဇြန္လကုန္မွာ စာခ်ဳပ္သက္တမ္းကုန္မယ့္ ကစားသမားေတြကို စာခ်ဳပ္ သက္တမ္းတုိး ခ်ဳပ္ဆိုျခင္းေတြ ေဆာင္ရြက္ေနခဲ့ၿပီး ဒီသတင္းေတြနဲ႔ အေျပာင္းအေရႊ႕သတင္းအခ်ဳိ႕ကို စုစည္းေဖာ္ျပေပးလုိက္ပါတယ္။

– အသင္းနဲ႔ စာခ်ဳပ္ကုန္ေတာ့မယ့္ ကစားသမားတစ္ဦးျဖစ္တဲ့ ဝါရင့္ကစားသမား ေဒးဗစ္ လူးဝစ္ဇ္ဟာ အမွားအယြင္းေတြ ျပဳလုပ္ေနေပမယ့္ အာဆင္နယ္အသင္းအတြက္ လိုအပ္ဆဲ အေနအထားမွာရွိလုိ႔ သူ႕ကို တစ္ႏွစ္စာခ်ဳပ္ ထပ္မံသက္တမ္းတုိးသြားခဲ့ပါတယ္။

– အသင္းကို ေရာက္ရွိလာကတည္းက တစ္ပြဲမွ ကစားရျခင္းမရွိေသးတဲ့ ေပၚတူဂီညာေနာက္ခံလူ ဆီးဒရစ္ ဆြာရက္စ္ရဲ႕ ပေရာ္ဖက္ရွင္နယ္ ပီသမွဳနဲ႔ ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ႀကဳိးစားအားထုတ္မွဳကို သေဘာက်တဲ့အတြက္ နည္းျပ မီခယ္လ္ အာတီတာနဲ႔ အသင္း တာဝန္ရွိသူေတြက ဒီဇူလုိင္လ တစ္ရက္ေန႔ကစၿပီး ေလးႏွစ္စာခ်ဳပ္ကို ခ်ဳပ္ဆိုလိုက္ပါတယ္။

– ေျခက်င္းဝတ္ဒဏ္ရာကို ခြဲစိတ္ကုသရမွာျဖစ္ၿပီး ႏုိဝင္ဘာလေလာက္အထိ အနားယူရႏုိင္တဲ့ ေနာက္ခံလူ ပါဘလို မာရီကိုလည္း အသင္း အေနနဲ႔ သေဘာက်မွဳေၾကာင့္ ေပါင္ ၈ သန္းနဲ႔ ေခၚယူဖို႔ ဖလာမင္ဂိုအသင္းနဲ႔ သေဘာတူညီခဲ့ၿပီး အရစ္က်ေပးေခ်မွဳေတြနဲ႔အတူ စာခ်ဳပ္ ကိုေတာ့ ၄ ႏွစ္ပဲ ခ်ဳပ္ဆိုလုိက္ပါတယ္။

– ကစားသမားအဝင္အထြက္အတြက္ေတာ့ အီတလီေအးဂ်င့္ မီႏို ႐ိုင္ယိုလာက မစ္ခီတာရီယန္နဲ႔ ကလြဳိက္ဗတ္တုိ႔ကို လဲလွယ္ဖို႔ ႏွစ္ဖက္အသင္းေတြကို ထပ္မံေဆြးေႏြးညႇိႏွဳိင္းေနၿပီး စည္း႐ုံးမွဳေတြမွာ ကစားသမားေတြရဲ႕ သတ္မွတ္ေဈးကို ေလွ်ာ့ခ်ေပးဖို႔ အဓိကထား လုပ္ေဆာင္ေနပါတယ္။

– တန္းဆင္းဖို႔ နီးစပ္ေနတဲ့ အက္စတန္ဗီလာအသင္းရဲ႕ ေနာက္ခံလူ တိုင္႐ုန္း မင္းစ္ဟာ အသင္းက လိုအပ္ေနတဲ့ ကစားပုံနဲ႔ ကိုက္ညီတယ္လို႔ ကၽြမ္းက်င္သူေတြက အႀကံျပဳထားၿပီး အာဆင္နယ္အသင္းက ႀကဳိးစားဖြယ္ရွိေပမယ့္ ေပါင္သန္း ၂၀ အထက္ဆုိတဲ့ ေဈးႏွဳန္းနဲ႔ ရင္ဆုိင္ရဖြယ္ရွိပါတယ္။

– ဘယ္လ္ဂ်ီယမ္ကလပ္ KAA ဂ်န္႔အသင္းရဲ႕ ကေနဒါတုိက္စစ္မွဴး ဂ်ဳိနသန္ ေဒးဗစ္ကို အာဆင္နယ္တုိ႔ ေခၚယူဖို႔ အခြင့္အေရးနည္းဖြယ္ ရွိေနၿပီး ကစားသမားအေနနဲ႔ အသင္းက ထြက္ခြာရင္ ပရီးမီးယားလိဂ္ထက္ ဘြန္ဒက္စ္လီဂါကိုပဲ ေျပာင္းေရႊ႕ဖို႔ စိတ္အားထက္သန္ေနပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ဒီရက်ပိုင်းအတွင်းမှာ အသင်းကနေ ဇွန်လကုန်မှာ စာချုပ်သက်တမ်းကုန်မယ့် ကစားသမားတွေကို စာချုပ် သက်တမ်းတိုး ချုပ်ဆိုခြင်းတွေ ဆောင်ရွက်နေခဲ့ပြီး ဒီသတင်းတွေနဲ့ အပြောင်းအရွှေ့သတင်းအချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

– အသင်းနဲ့ စာချုပ်ကုန်တော့မယ့် ကစားသမားတစ်ဦးဖြစ်တဲ့ ဝါရင့်ကစားသမား ဒေးဗစ် လူးဝစ်ဇ်ဟာ အမှားအယွင်းတွေ ပြုလုပ်နေပေမယ့် အာဆင်နယ်အသင်းအတွက် လိုအပ်ဆဲ အနေအထားမှာရှိလို့ သူ့ကို တစ်နှစ်စာချုပ် ထပ်မံသက်တမ်းတိုးသွားခဲ့ပါတယ်။

– အသင်းကို ရောက်ရှိလာကတည်းက တစ်ပွဲမှ ကစားရခြင်းမရှိသေးတဲ့ ပေါ်တူဂီညာနောက်ခံလူ ဆီးဒရစ် ဆွာရက်စ်ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ကြိုးစားအားထုတ်မှုကို သဘောကျတဲ့အတွက် နည်းပြ မီခယ်လ် အာတီတာနဲ့ အသင်း တာဝန်ရှိသူတွေက ဒီဇူလိုင်လ တစ်ရက်နေ့ကစပြီး လေးနှစ်စာချုပ်ကို ချုပ်ဆိုလိုက်ပါတယ်။

– ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသရမှာဖြစ်ပြီး နိုဝင်ဘာလလောက်အထိ အနားယူရနိုင်တဲ့ နောက်ခံလူ ပါဘလို မာရီကိုလည်း အသင်း အနေနဲ့ သဘောကျမှုကြောင့် ပေါင် ၈ သန်းနဲ့ ခေါ်ယူဖို့ ဖလာမင်ဂိုအသင်းနဲ့ သဘောတူညီခဲ့ပြီး အရစ်ကျပေးချေမှုတွေနဲ့အတူ စာချုပ် ကိုတော့ ၄ နှစ်ပဲ ချုပ်ဆိုလိုက်ပါတယ်။

– ကစားသမားအဝင်အထွက်အတွက်တော့ အီတလီအေးဂျင့် မီနို ရိုင်ယိုလာက မစ်ခီတာရီယန်နဲ့ ကလွိုက်ဗတ်တို့ကို လဲလှယ်ဖို့ နှစ်ဖက်အသင်းတွေကို ထပ်မံဆွေးနွေးညှိနှိုင်းနေပြီး စည်းရုံးမှုတွေမှာ ကစားသမားတွေရဲ့ သတ်မှတ်ဈေးကို လျှော့ချပေးဖို့ အဓိကထား လုပ်ဆောင်နေပါတယ်။

– တန်းဆင်းဖို့ နီးစပ်နေတဲ့ အက်စတန်ဗီလာအသင်းရဲ့ နောက်ခံလူ တိုင်ရုန်း မင်းစ်ဟာ အသင်းက လိုအပ်နေတဲ့ ကစားပုံနဲ့ ကိုက်ညီတယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပြီး အာဆင်နယ်အသင်းက ကြိုးစားဖွယ်ရှိပေမယ့် ပေါင်သန်း ၂၀ အထက်ဆိုတဲ့ ဈေးနှုန်းနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။

– ဘယ်လ်ဂျီယမ်ကလပ် KAA ဂျန့်အသင်းရဲ့ ကနေဒါတိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ကို အာဆင်နယ်တို့ ခေါ်ယူဖို့ အခွင့်အရေးနည်းဖွယ် ရှိနေပြီး ကစားသမားအနေနဲ့ အသင်းက ထွက်ခွာရင် ပရီးမီးယားလိဂ်ထက် ဘွန်ဒက်စ်လီဂါကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.