Match Report Premier League

အိမ္ကြင္းႏုိင္ပြဲနဲ႔ ရွက္ဖီးလ္ဒ္ယူႏုိက္တက္ကို ေက်ာ္တက္ခဲ့တဲ့ ေမာ္ရင္ညဳိရဲ႕ စပါးစ္

ဒီေန႔မွာ ကစားခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္မွာေတာ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ဒီပြဲစဥ္မွာေတာ့ သူတုိ႔ထက္ အဘက္ဘက္က အားနည္းတဲ့ ၿမဳိ႕ခံၿပဳိင္ဘက္ ဝက္စ္ဟမ္းယူႏုိက္တက္အသင္းကို အျပန္အလွန္ကစားခဲ့ရေပမယ့္ ပုိမိုသာလြန္တဲ့ အဆုံးသတ္ပိုင္းနဲ႔ အႏုိင္ယူၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၇ ကို တက္ေရာက္လာႏုိင္ခဲ့ပါတယ္။

ေမာ္ရင္ညဳိအေနနဲ႔ ဒီပြဲမွာ ကြင္းလယ္အဖ်က္ကစားသမားစစ္စစ္ကို မသုံးခဲ့ဘဲ ဆစ္ဆုိကိုနဲ႔ လိုဆဲလ္ဆိုတုိ႔ကို အထိုင္ထားၿပီး သူတုိ႔ေရွ႕က လူးကပ္စ္ မူရာ၊ အယ္လီနဲ႔ ဆြန္ေဟာင္မင္တုိ႔ကို ကစားခုိင္းခဲ့သလုိ တုိက္စစ္မွာေတာ့ ဟာရီကိန္းကို အေထာင္ထားခဲ့ၿပီး ပြဲထြက္လာခဲ့ပါတယ္။ ဒါေပမယ့္ အာ႐ုံေတြမ်ားေနတဲ့ အယ္လီ ေျခစြမ္းမျပႏိုင္ခဲ့သလို တုိက္စစ္လမ္းေၾကာင္းေတြ ပိတ္ဆုိ႔ေနခဲ့ၿပီး သူ႕ကို လဲၿပီးေနာက္ပုိင္းမွ စပါးစ္တုိ႔ ပုံစံမွန္သြားခဲ့တာပါ။

တုိက္စစ္မွဴးေတြ ဒဏ္ရာရေနလို႔ ကြင္းလယ္ကစားသမား အန္တုိနီယိုကို ျမားဦးမွာ တင္ကစားခဲ့တဲ့ ဝက္စ္ဟမ္းကေတာ့ ဒီေန႔မွာ ညာေတာင္ပံက ခ်န္ပီယံရွစ္ ေရာ့ဘင္လို႔ လူသိမ်ားတဲ့ ဂ်ာေရာ့ဒ္ ဘိုဝင္ရဲ႕ ေျခစြမ္းတခ်ဳိ႕နဲ႔ စပါးစ္ကို ၿခိမ္းေျခာက္ႏုိင္ခဲ့ေပမယ့္ ဂိုးသမား လိုရစ္ ေကာင္းေနခဲ့တာေၾကာင့္ ကာကြယ္ႏုိင္ခဲ့သလို ဝက္စ္ဟမ္းဂိုးသမား ဖာဘီယန္စကီကေတာ့ ပုိၿပီး အလုပ္မ်ားခဲ့ပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ ဆြန္ေဟာင္မင္ရဲ႕ သြင္းဂိုးကို လူအနည္းငယ္ကၽြံေနတယ္ဆုိၿပီး VAR နဲ႔ ျပန္လည္ပယ္ဖ်က္ခဲ့တာေၾကာင့္ ဧည့္သည္တုိ႔ ေတာင့္ခံႏုိင္ခဲ့ေပမယ့္ ဒုတိယပုိင္း ၆၃ မိနစ္မွာေတာ့ ဝက္စ္ဟမ္းရဲ႕ ေဆာင္းရာသီေခၚယူမွဳျဖစ္တဲ့ ခ်က္ကြင္းလယ္လူ ဆူးခ်က္ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာေၾကာင့္ စပါးစ္တုိ႔ ဂိုးစရခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာ သေရရဖို႔အတြက္ ဝက္စ္ဟမ္းတုိ႔ ဖိကစားခဲ့သလို စပါးစ္တုိ႔ကေတာ့ တန္ျပန္တုိက္စစ္ကို အဓိက အားျပဳကစားခဲ့ၿပီး ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ဆြန္ေဟာင္မင္ ခင္းေပးလုိက္တာကို ဟာရီကိန္းက ဝက္စ္ဟမ္းေနာက္ခံလူႏွစ္ေယာက္ေရွ႕က ဆြဲေျပးၿပီး ဂိုးသမားနဲ႔အေတြ႕မွာ အပိုင္ကန္သြင္းယူခဲ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲၿပီးဆုံးခဲ့ၿပီး ဥေရာပဝင္ခြင့္ၿပဳိင္ဘက္တစ္သင္းျဖစ္တဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ကို ေက်ာ္တက္ႏုိင္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနေ့မှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာတော့ တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဒီပွဲစဉ်မှာတော့ သူတို့ထက် အဘက်ဘက်က အားနည်းတဲ့ မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းယူနိုက်တက်အသင်းကို အပြန်အလှန်ကစားခဲ့ရပေမယ့် ပိုမိုသာလွန်တဲ့ အဆုံးသတ်ပိုင်းနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၇ ကို တက်ရောက်လာနိုင်ခဲ့ပါတယ်။

မော်ရင်ညိုအနေနဲ့ ဒီပွဲမှာ ကွင်းလယ်အဖျက်ကစားသမားစစ်စစ်ကို မသုံးခဲ့ဘဲ ဆစ်ဆိုကိုနဲ့ လိုဆဲလ်ဆိုတို့ကို အထိုင်ထားပြီး သူတို့ရှေ့က လူးကပ်စ် မူရာ၊ အယ်လီနဲ့ ဆွန်ဟောင်မင်တို့ကို ကစားခိုင်းခဲ့သလို တိုက်စစ်မှာတော့ ဟာရီကိန်းကို အထောင်ထားခဲ့ပြီး ပွဲထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အာရုံတွေများနေတဲ့ အယ်လီ ခြေစွမ်းမပြနိုင်ခဲ့သလို တိုက်စစ်လမ်းကြောင်းတွေ ပိတ်ဆို့နေခဲ့ပြီး သူ့ကို လဲပြီးနောက်ပိုင်းမှ စပါးစ်တို့ ပုံစံမှန်သွားခဲ့တာပါ။

တိုက်စစ်မှူးတွေ ဒဏ်ရာရနေလို့ ကွင်းလယ်ကစားသမား အန်တိုနီယိုကို မြားဦးမှာ တင်ကစားခဲ့တဲ့ ဝက်စ်ဟမ်းကတော့ ဒီနေ့မှာ ညာတောင်ပံက ချန်ပီယံရှစ် ရော့ဘင်လို့ လူသိများတဲ့ ဂျာရော့ဒ် ဘိုဝင်ရဲ့ ခြေစွမ်းတချို့နဲ့ စပါးစ်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဂိုးသမား လိုရစ် ကောင်းနေခဲ့တာကြောင့် ကာကွယ်နိုင်ခဲ့သလို ဝက်စ်ဟမ်းဂိုးသမား ဖာဘီယန်စကီကတော့ ပိုပြီး အလုပ်များခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးကို လူအနည်းငယ်ကျွံနေတယ်ဆိုပြီး VAR နဲ့ ပြန်လည်ပယ်ဖျက်ခဲ့တာကြောင့် ဧည့်သည်တို့ တောင့်ခံနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ၆၃ မိနစ်မှာတော့ ဝက်စ်ဟမ်းရဲ့ ဆောင်းရာသီခေါ်ယူမှုဖြစ်တဲ့ ချက်ကွင်းလယ်လူ ဆူးချက် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် စပါးစ်တို့ ဂိုးစရခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ သရေရဖို့အတွက် ဝက်စ်ဟမ်းတို့ ဖိကစားခဲ့သလို စပါးစ်တို့ကတော့ တန်ပြန်တိုက်စစ်ကို အဓိက အားပြုကစားခဲ့ပြီး ပွဲချိန် ၈၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဆွန်ဟောင်မင် ခင်းပေးလိုက်တာကို ဟာရီကိန်းက ဝက်စ်ဟမ်းနောက်ခံလူနှစ်ယောက်ရှေ့က ဆွဲပြေးပြီး ဂိုးသမားနဲ့အတွေ့မှာ အပိုင်ကန်သွင်းယူခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့ပြီး ဥရောပဝင်ခွင့်ပြိုင်ဘက်တစ်သင်းဖြစ်တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို ကျော်တက်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.