Premier League

အိမ္ကြင္းမွာ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္ တြဲဖက္ၿပီး ပြဲထြက္လာဖြယ္ရွိတဲ့ ယူႏုိက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ အိုလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ ဒီေန႔ညမွာ ကစားမယ့္ ရွက္ဖီးလ္ဒ္ယူႏုိက္တက္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ ပရိသတ္ေတြ ျမင္ခ်င္ေနၾကတဲ့ ေပါလ္ ေပါ့ဘာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္ ကြင္းလယ္အတြဲကို ပြဲထုတ္ဖြယ္ရွိေနၿပီး ပုံစံက်ဆင္းေနတဲ့ ဧည့္သည္ေတြကို ဖိအားေပးဖို႔ ရွိေနပါတယ္။

ေပါ့ဘာအေနနဲ႔ ၿပီးခဲ့တဲ့ အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ အိမ္ကြင္းပြဲမွာ ေနာက္ဆုံး ပြဲခ်ိန္ျပည့္ ကစားခဲ့ရတာကလြဲလို႔ လက္ရွိအခ်ိန္အထိ ပြဲထြက္ခြင့္ေတာ့ မရေသးဘဲ ဒီေနာက္ပုိင္းမွာ လူစားဝင္ကစားခြင့္ ႏွစ္ႀကိမ္အၿပီး ေဘာက္ဆင္ေဒးမွာ ဒဏ္ရာထပ္ရခဲ့လို႔ ၿပီးခဲ့တဲ့ စပါးစ္နဲ႔ပြဲက လူစားဝင္ ကစားခြင့္ဟာ သူ႕ရဲ႕ ၂၀၂၀ ခုႏွစ္အတြင္း ပထမဆုံးကစားခြင့္လည္းျဖစ္ခဲ့ပါတယ္။

စပါးစ္နဲ႔ပြဲမွာ လူစားဝင္ၿပီး ပင္နယ္တီတစ္လုံးကို ပါးပါးနပ္နပ္ ရယူေပးခဲ့ၿပီး အသင္းအတြက္ ေခ်ပဂိုးကို ဘ႐ူႏို ဖာနန္ဒက္စ္ ကန္သြင္းဖို႔ ဖန္တီးေပးခဲ့တဲ့ ေပါ့ဘာနဲ႔ ေပၚတူဂီသားတုိ႔ရဲ႕ အတြဲကို ပရိသတ္ေတြက ျမင္ခ်င္ေနၾကတာျဖစ္ၿပီး သူတုိ႔ႏွစ္ဦး ပူးေပါင္းတဲ့ ကစားပုံကလည္း စိတ္ေက်နပ္စရာျဖစ္ႏုိင္မယ္လုိ႔ ယူဆေနၾကပါတယ္။

နည္းျပ ဆုိးလ္ရွားကေတာ့ ေပါ့ဘာ ျပန္ပါလာၿပီး ကိုးလ ဆယ္လအတြင္း ပထမဆုံးအႀကိမ္ ျပန္ကစားႏုိင္လို႔ ဝမ္းသာေၾကာင္းဆုိခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔အတူ ယုံၾကည္မွဳ ျမင့္မားေနတဲ့ အသင္းသားေတြအေနနဲ႔ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ကို အိမ္ကြင္းမွာ အႏုိင္ယူၿပီး အေပၚက အသင္းေတြနဲ႔ အမွတ္ကြာဟမွဳကို ေလွ်ာ့ခ်ႏုိင္ဖို႔လည္း ေမွ်ာ္လင့္ေနတယ္လို႔ ဆုိပါတယ္။

အိုးလ္ထရက္ဖို႔ဒ္မွာ သူတုိ႔ရဲ႕ အငွားခ်ထားတဲ့ ဂိုးသမား ဟန္ဒါဆန္မပါဘဲ ကစားမယ့္ ဒီပြဲစဥ္အတြက္ ဘီဘီစီရဲ႕ ေလာ္႐ိုကေတာ့ ၂-၀ လုိ႔ ခန္႔မွန္းထားၿပီး အြန္လိုင္းေလာင္းကစားကုမၸဏီေတြရဲ႕ သံတမန္ေတြျဖစ္ၾကတဲ့ မန္ယူတုိက္စစ္မွဴးေဟာင္း အုိဝင္နဲ႔ ဘာဘာေတာ့ဗ္တို႔ကေတာ့ ႏွစ္ဦးစလုံး တစ္ညီတစ္ညြတ္တည္း ၂-၁ လုိ႔ ခန္႔မွန္းထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ဒီနေ့ညမှာ ကစားမယ့် ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ပရိသတ်တွေ မြင်ချင်နေကြတဲ့ ပေါလ် ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ် ကွင်းလယ်အတွဲကို ပွဲထုတ်ဖွယ်ရှိနေပြီး ပုံစံကျဆင်းနေတဲ့ ဧည့်သည်တွေကို ဖိအားပေးဖို့ ရှိနေပါတယ်။

ပေါ့ဘာအနေနဲ့ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာ နောက်ဆုံး ပွဲချိန်ပြည့် ကစားခဲ့ရတာကလွဲလို့ လက်ရှိအချိန်အထိ ပွဲထွက်ခွင့်တော့ မရသေးဘဲ ဒီနောက်ပိုင်းမှာ လူစားဝင်ကစားခွင့် နှစ်ကြိမ်အပြီး ဘောက်ဆင်ဒေးမှာ ဒဏ်ရာထပ်ရခဲ့လို့ ပြီးခဲ့တဲ့ စပါးစ်နဲ့ပွဲက လူစားဝင် ကစားခွင့်ဟာ သူ့ရဲ့ ၂၀၂၀ ခုနှစ်အတွင်း ပထမဆုံးကစားခွင့်လည်းဖြစ်ခဲ့ပါတယ်။

စပါးစ်နဲ့ပွဲမှာ လူစားဝင်ပြီး ပင်နယ်တီတစ်လုံးကို ပါးပါးနပ်နပ် ရယူပေးခဲ့ပြီး အသင်းအတွက် ချေပဂိုးကို ဘရူနို ဖာနန်ဒက်စ် ကန်သွင်းဖို့ ဖန်တီးပေးခဲ့တဲ့ ပေါ့ဘာနဲ့ ပေါ်တူဂီသားတို့ရဲ့ အတွဲကို ပရိသတ်တွေက မြင်ချင်နေကြတာဖြစ်ပြီး သူတို့နှစ်ဦး ပူးပေါင်းတဲ့ ကစားပုံကလည်း စိတ်ကျေနပ်စရာဖြစ်နိုင်မယ်လို့ ယူဆနေကြပါတယ်။

နည်းပြ ဆိုးလ်ရှားကတော့ ပေါ့ဘာ ပြန်ပါလာပြီး ကိုးလ ဆယ်လအတွင်း ပထမဆုံးအကြိမ် ပြန်ကစားနိုင်လို့ ဝမ်းသာကြောင်းဆိုခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်နဲ့အတူ ယုံကြည်မှု မြင့်မားနေတဲ့ အသင်းသားတွေအနေနဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို အိမ်ကွင်းမှာ အနိုင်ယူပြီး အပေါ်က အသင်းတွေနဲ့ အမှတ်ကွာဟမှုကို လျှော့ချနိုင်ဖို့လည်း မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ သူတို့ရဲ့ အငှားချထားတဲ့ ဂိုးသမား ဟန်ဒါဆန်မပါဘဲ ကစားမယ့် ဒီပွဲစဉ်အတွက် ဘီဘီစီရဲ့ လော်ရိုကတော့ ၂-၀ လို့ ခန့်မှန်းထားပြီး အွန်လိုင်းလောင်းကစားကုမ္ပဏီတွေရဲ့ သံတမန်တွေဖြစ်ကြတဲ့ မန်ယူတိုက်စစ်မှူးဟောင်း အိုဝင်နဲ့ ဘာဘာတော့ဗ်တို့ကတော့ နှစ်ဦးစလုံး တစ်ညီတစ်ညွတ်တည်း ၂-၁ လို့ ခန့်မှန်းထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.