Match Report Premier League

ခ်န္ပီယံလိဂ္ဝင္ဖို႔ မေသခ်ာေသးတဲ့ လက္စတာနဲ႔ ႐ုန္းအားေကာင္းတဲ့ ဘ႐ိုက္တန္တို႔ရဲ႕ သေရပြဲ

ကင္းပါဝါကြင္းမွာ လက္စတာတို႔ သုံးမွတ္ရႏိုင္ဖို႔ ႀကဳိးစားခဲ့ေပမယ့္ တန္းဆင္းဇုန္က လြတ္ဖို႔ ႐ုန္းေနၿပီး တစ္သင္းလုံးရဲ႕ ကစားပုံ က်စ္လ်စ္ေနတဲ့ ဘ႐ိုက္တန္တုိ႔အေနနဲ႔ အေဝးကြင္းသေရပြဲတစ္မွတ္နဲ႔အတူ ေက်နပ္ႏုိင္ခဲ့ၿပီး အႏုိင္ရဖို႔ အေျခအေနေတာင္မွ သူတုိ႔ဘက္က ရွိခဲ့တာျဖစ္ပါတယ္။

နည္းျပ ဂေရဟမ္ ေပါ့တာရဲ႕ လူထုတ္ပုံနဲ႔ ကစားသမားတုိင္းရဲ႕၊ အထူးသျဖင့္ ခံစစ္သမားတုိင္းရဲ႕ ႀကဳိးစားအားထုတ္မွဳက ေကာင္းခဲ့သလို ေဆာင္းရာသီအေျပာင္းအေရႊ႕ကာလမွာ ခ်ဲလ္ဆီးအသင္းကေန ေခၚယူထားခဲ့တဲ့ ညာေနာက္ခံလူ တာရစ္ခ္ လမ့္ပ္တီက ေဂ်မီ ဗာဒီကို ေကာင္းေကာင္း ထိန္းခ်ဳပ္သြားႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္မွာ လက္စတာေနာက္ခံလူ ဂ်ိမ္းစ္ ဂ်ပ္စ္တင္နဲ႔ ဘ႐ိုက္တန္တုိက္စစ္မွဴး အာရြန္ ကြန္ႏိုလီတုိ႔ ယွဥ္ေျပးရင္ ပင္နယ္တီဧရိယာထဲ လဲက်ခဲ့တာကို ဒိုင္လူႀကီး လီးေမဆန္က ပင္နယ္တီ သတ္မွတ္ေပးခဲ့ၿပီး ဒါကို ၿပီးခဲ့တဲ့ပြဲက အႏိုင္ဂိုးရွင္ နီးလ္ ေမာ္ေပကန္သြင္းရာမွာ ဂိုးသမား ကက္စပါ ရွမုိက္ကယ္က ကာကြယ္သြားႏုိင္ခဲ့ပါတယ္။

အေဝးကြင္းေပမယ့္ ဘ႐ိုက္တန္တုိ႔ ဖိကစားခဲ့ၿပီး လက္စတာတို႔ကေတာ့ ေကာင္တာမ်ားခဲ့ၿပီး ဒီကေန ရရွိႏုိင္တဲ့ အခြင့္အေရးေတြကိုေတာ့ ေဘာလုံးကၽြမ္းက်င္မွဳနည္းတဲ့ အီဟန္နာခ်ဳိရဲ႕ အထိန္းအသိမ္းေတြက ေႏွာင့္ေႏွးေစခဲ့ၿပီး ဗာဒီဆီကိုလည္း ေရာက္လာတဲ့ ေဘာလုံးျဖန္႔ေဝမွဳေတြက အခ်ိန္မွန္ ေနရာမွန္မွာ မရွိခဲ့တာျဖစ္ပါတယ္။

လက္စတာနည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ကေတာ့ သူ႕ရဲ႕ အသင္းနဲ႔ ပြဲ ၅၀ ျပည့္မွာ စမ္းသပ္မွဳေတြ လုပ္တာမ်ားေနၿပီး ဒီေန႔မွာေတာ့ ကြင္းလယ္အထိုင္မွာ အန္ဒီဒီနဲ႔ မန္ဒီတုိ႔လို အဖ်က္ႏွစ္ေယာက္ကို တြဲေပးခဲ့ၿပီး တုိက္စစ္မွဴးေနရာမွာေရာ ေတာင္ပံေနရာမွာပါ အသားမက်တဲ့ အီဟန္နာခ်ဳိနဲ႔ ဂေရးတုိ႔ရဲ႕ ဗာဒီနဲ႔ ၄-၃-၃ တုိက္စစ္ကလည္း ဘ႐ိုက္တန္အတြက္ ရင္ခုန္စရာမျဖစ္ခဲ့တာပါ။

ဒုတိယပုိင္း ေရေသာက္ရပ္နားခ်ိန္မွာ လက္စတာတုိ႔အေနနဲ႔ သူတုိ႔အသားက်တဲ့ ၄-၁-၄-၁ ပုံစံကို ျပန္ေျပာင္းခဲ့ေပမယ့္ စုဖြဲ႕မွဳေကာင္းေနတဲ့ ဘ႐ိုက္တန္ေနာက္တန္းနဲ႔ ေတာင္ပံခံစစ္ေတြကို မေက်ာ္ႏိုင္ခဲ့ဘဲ ဂိုးမရွိသေရနဲ႔သာ ပြဲၿပီးဆုံးခဲ့ရၿပီး ၿပဳိင္ဘက္ေတြကေတာ့ နည္းျပ ေရာ့ဂ်ားစ္ကို ကစားကြက္စမ္းသပ္မွဳေတြ မၾကာခဏလုပ္ဖို႔ ေတာင္းဆိုေနၾကမွာ ေသခ်ာသလို အိမ္ကြင္းမွာ အမွတ္ေလ်ာ့ခဲ့တာကေတာ့ အပိုင္မေျပာႏိုင္ေသးတဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တုိ႔ရဲ႕ ဖိအားေပးမွဳကို ႀကဳံလာရဖို႔လည္း ရွိေနၿပီျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကင်းပါဝါကွင်းမှာ လက်စတာတို့ သုံးမှတ်ရနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် တန်းဆင်းဇုန်က လွတ်ဖို့ ရုန်းနေပြီး တစ်သင်းလုံးရဲ့ ကစားပုံ ကျစ်လျစ်နေတဲ့ ဘရိုက်တန်တို့အနေနဲ့ အဝေးကွင်းသရေပွဲတစ်မှတ်နဲ့အတူ ကျေနပ်နိုင်ခဲ့ပြီး အနိုင်ရဖို့ အခြေအနေတောင်မှ သူတို့ဘက်က ရှိခဲ့တာဖြစ်ပါတယ်။

နည်းပြ ဂရေဟမ် ပေါ့တာရဲ့ လူထုတ်ပုံနဲ့ ကစားသမားတိုင်းရဲ့၊ အထူးသဖြင့် ခံစစ်သမားတိုင်းရဲ့ ကြိုးစားအားထုတ်မှုက ကောင်းခဲ့သလို ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးအသင်းကနေ ခေါ်ယူထားခဲ့တဲ့ ညာနောက်ခံလူ တာရစ်ခ် လမ့်ပ်တီက ဂျေမီ ဗာဒီကို ကောင်းကောင်း ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ လက်စတာနောက်ခံလူ ဂျိမ်းစ် ဂျပ်စ်တင်နဲ့ ဘရိုက်တန်တိုက်စစ်မှူး အာရွန် ကွန်နိုလီတို့ ယှဉ်ပြေးရင် ပင်နယ်တီဧရိယာထဲ လဲကျခဲ့တာကို ဒိုင်လူကြီး လီးမေဆန်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပြီး ဒါကို ပြီးခဲ့တဲ့ပွဲက အနိုင်ဂိုးရှင် နီးလ် မော်ပေကန်သွင်းရာမှာ ဂိုးသမား ကက်စပါ ရှမိုက်ကယ်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

အဝေးကွင်းပေမယ့် ဘရိုက်တန်တို့ ဖိကစားခဲ့ပြီး လက်စတာတို့ကတော့ ကောင်တာများခဲ့ပြီး ဒီကနေ ရရှိနိုင်တဲ့ အခွင့်အရေးတွေကိုတော့ ဘောလုံးကျွမ်းကျင်မှုနည်းတဲ့ အီဟန်နာချိုရဲ့ အထိန်းအသိမ်းတွေက နှောင့်နှေးစေခဲ့ပြီး ဗာဒီဆီကိုလည်း ရောက်လာတဲ့ ဘောလုံးဖြန့်ဝေမှုတွေက အချိန်မှန် နေရာမှန်မှာ မရှိခဲ့တာဖြစ်ပါတယ်။

လက်စတာနည်းပြ ဘရန်ဒန် ရော့ဂျားစ်ကတော့ သူ့ရဲ့ အသင်းနဲ့ ပွဲ ၅၀ ပြည့်မှာ စမ်းသပ်မှုတွေ လုပ်တာများနေပြီး ဒီနေ့မှာတော့ ကွင်းလယ်အထိုင်မှာ အန်ဒီဒီနဲ့ မန်ဒီတို့လို အဖျက်နှစ်ယောက်ကို တွဲပေးခဲ့ပြီး တိုက်စစ်မှူးနေရာမှာရော တောင်ပံနေရာမှာပါ အသားမကျတဲ့ အီဟန်နာချိုနဲ့ ဂရေးတို့ရဲ့ ဗာဒီနဲ့ ၄-၃-၃ တိုက်စစ်ကလည်း ဘရိုက်တန်အတွက် ရင်ခုန်စရာမဖြစ်ခဲ့တာပါ။

ဒုတိယပိုင်း ရေသောက်ရပ်နားချိန်မှာ လက်စတာတို့အနေနဲ့ သူတို့အသားကျတဲ့ ၄-၁-၄-၁ ပုံစံကို ပြန်ပြောင်းခဲ့ပေမယ့် စုဖွဲ့မှုကောင်းနေတဲ့ ဘရိုက်တန်နောက်တန်းနဲ့ တောင်ပံခံစစ်တွေကို မကျော်နိုင်ခဲ့ဘဲ ဂိုးမရှိသရေနဲ့သာ ပွဲပြီးဆုံးခဲ့ရပြီး ပြိုင်ဘက်တွေကတော့ နည်းပြ ရော့ဂျားစ်ကို ကစားကွက်စမ်းသပ်မှုတွေ မကြာခဏလုပ်ဖို့ တောင်းဆိုနေကြမှာ သေချာသလို အိမ်ကွင်းမှာ အမှတ်လျော့ခဲ့တာကတော့ အပိုင်မပြောနိုင်သေးတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ဖိအားပေးမှုကို ကြုံလာရဖို့လည်း ရှိနေပြီဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.