Premier League

ေဒးဗစ္ ေဆးလ္ဗားအတြက္ အစားထိုးလို႔ရၿပီလို႔ ဖိုဒန္ကို ဂြါဒီယိုလာခ်ီးက်ဴး

ၿပီးခဲ့တဲ့ ဘန္ေလနဲ႔ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္မွာ ေျခစြမ္းျပၿပီး ၂ ဂိုး သြင္းယူႏုိင္ခဲ့တဲ့ မန္ခ်က္စတာစီးတီးလူငယ္ကစားသမား ဖီးလ္ ဖိုဒန္ရဲ႕ ေျခစြမ္းကို အသင္းနည္းျပ ပက္ပ္ ဂြါဒီယိုလာက ခ်ီးက်ဴးသြားခဲ့ၿပီး ဒီရာသီကုန္မွာ လမ္းခြဲမယ့္ ေဒးဗစ္ ေဆးလ္ဗားအတြက္ အစားထိုးေခၚယူဖို႔ လူသစ္ မလိုေတာ့ဘူးလို႔လည္း ေျပာၾကားလိုက္ပါတယ္။

အသင္းရဲ႕ တုိက္စစ္မွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ အသက္ ၂၀ အရြယ္ ကစားသမားကို ကၽြမ္းက်င္သူေတြနဲ႔ ပရိသတ္ေတြက စပိန္ေျခစြမ္းနဲ႔ အဂၤလန္ကစားသမားလို႔ ခ်ီးက်ဴးထားခဲ့ၾကၿပီး မေန႔ညကပြဲမွာ ပြဲခ်ိန္ ၂၂ မိနစ္နဲ႔ ၆၂ မိနစ္ေတြမွာ မတူညီတဲ့ အေနအထားေတြကေန လွပတဲ့ သြင္းဂိုးေတြကို ရယူႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

အဲ့ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရတဲ့ ဖိုဒန္ဟာ သူ႕ရဲ႕ မန္စီးတီးအက်ႌမိုးျပာေရာင္နဲ႔ ကစားရခဲ့သမွ်ထဲမွာ အေကာင္းဆုံး ေျခစြမ္းရခဲ့တဲ့ပြဲလုိ႔လည္း ဝန္ခံေျပာၾကားသြားခဲ့ၿပီး သူ႕အေနနဲ႔ ဒီေန႔လုိမ်ဳိး အျမဲတမ္းကစားႏုိင္ဖို႔ သင္ယူေလ့လာမွဳေတြကိုလည္း အျမဲမျပတ္ျပဳလုပ္ေနတယ္လုိ႔ ဆိုသြားခဲ့ပါတယ္။

“ဖီးလ္က ကစားခြင့္ရတုိင္း ဘယ္ေတာ့မွ ေျခစြမ္းမေကာင္းတာမ်ဳိး မေတြ႕ရပါဘူး။ သူ႕ရဲ႕ အက်င့္စ႐ိုက္နဲ႔ ခံယူခ်က္က သူ႕အေနနဲ႔ ကစားရသည္ျဖစ္စ မကစားရသည္ျဖစ္ေစ ေဘာလုံးကို ခ်စ္စိတ္နဲ႔ ကစားဖို႔ အသင့္ရွိေနတာပါ။ အသက္ ၂၀ အရြယ္သာ ရွိေသးလို႔ သူဟာ လာမယ့္ ဆယ္စုႏွစ္တစ္စုေတာ့ ေကာင္းေကာင္းေျခစြမ္းျပႏိုင္ဦးမွာျဖစ္ၿပီး သူ႕ရဲ႕သြင္းဂိုးႏွစ္ဂိုးထက္ ပိုေကာင္းတဲ့ တိုက္ပြဲဝင္ကစားပုံကို ပုိသေဘာက်မိပါတယ္”လို႔ ဂြါဒီယိုလာက ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဒါ့အျပင္ စပိန္သားနည္းျပက သူ႕အေနနဲ႔ အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ဘီဂီရီစတိန္းနဲ႔ တုိင္ပင္ခဲ့ၿပီးၿပီျဖစ္ၿပီး အသင္းကေန ထြက္ခြာေတာ့မယ့္ ေဒးဗစ္ ေဆးလ္ဗားနဲ႔ ကစားမယ့္ေနရာခ်င္း တူညီတဲ့ ဖိုဒန္ကို အဆင္သင့္ အစားထိုးအသုံးျပဳႏိုင္မွာျဖစ္လို႔ ကစားသမားသစ္ေခၚဖို႔ ပူပင္စရာမလိုေတာ့ဘူးလို႔ ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL & SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ဘန်လေနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ ခြေစွမ်းပြပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးလူငယ်ကစားသမား ဖီးလ် ဖိုဒန်ရဲ့ ခြေစွမ်းကို အသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာက ချီးကျူးသွားခဲ့ပြီး ဒီရာသီကုန်မှာ လမ်းခွဲမယ့် ဒေးဗစ် ဆေးလ်ဗားအတွက် အစားထိုးခေါ်ယူဖို့ လူသစ် မလိုတော့ဘူးလို့လည်း ပြောကြားလိုက်ပါတယ်။

အသင်းရဲ့ တိုက်စစ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အသက် ၂၀ အရွယ် ကစားသမားကို ကျွမ်းကျင်သူတွေနဲ့ ပရိသတ်တွေက စပိန်ခြေစွမ်းနဲ့ အင်္ဂလန်ကစားသမားလို့ ချီးကျူးထားခဲ့ကြပြီး မနေ့ညကပွဲမှာ ပွဲချိန် ၂၂ မိနစ်နဲ့ ၆၂ မိနစ်တွေမှာ မတူညီတဲ့ အနေအထားတွေကနေ လှပတဲ့ သွင်းဂိုးတွေကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဖိုဒန်ဟာ သူ့ရဲ့ မန်စီးတီးအင်္ကျီမိုးပြာရောင်နဲ့ ကစားရခဲ့သမျှထဲမှာ အကောင်းဆုံး ခြေစွမ်းရခဲ့တဲ့ပွဲလို့လည်း ဝန်ခံပြောကြားသွားခဲ့ပြီး သူ့အနေနဲ့ ဒီနေ့လိုမျိုး အမြဲတမ်းကစားနိုင်ဖို့ သင်ယူလေ့လာမှုတွေကိုလည်း အမြဲမပြတ်ပြုလုပ်နေတယ်လို့ ဆိုသွားခဲ့ပါတယ်။

“ဖီးလ်က ကစားခွင့်ရတိုင်း ဘယ်တော့မှ ခြေစွမ်းမကောင်းတာမျိုး မတွေ့ရပါဘူး။ သူ့ရဲ့ အကျင့်စရိုက်နဲ့ ခံယူချက်က သူ့အနေနဲ့ ကစားရသည်ဖြစ်စ မကစားရသည်ဖြစ်စေ ဘောလုံးကို ချစ်စိတ်နဲ့ ကစားဖို့ အသင့်ရှိနေတာပါ။ အသက် ၂၀ အရွယ်သာ ရှိသေးလို့ သူဟာ လာမယ့် ဆယ်စုနှစ်တစ်စုတော့ ကောင်းကောင်းခြေစွမ်းပြနိုင်ဦးမှာဖြစ်ပြီး သူ့ရဲ့သွင်းဂိုးနှစ်ဂိုးထက် ပိုကောင်းတဲ့ တိုက်ပွဲဝင်ကစားပုံကို ပိုသဘောကျမိပါတယ်”လို့ ဂွါဒီယိုလာက ချီးကျူးသွားခဲ့ပါတယ်။

ဒါ့အပြင် စပိန်သားနည်းပြက သူ့အနေနဲ့ အသင်းရဲ့ အားကစားဒါရိုက်တာ ဘီဂီရီစတိန်းနဲ့ တိုင်ပင်ခဲ့ပြီးပြီဖြစ်ပြီး အသင်းကနေ ထွက်ခွာတော့မယ့် ဒေးဗစ် ဆေးလ်ဗားနဲ့ ကစားမယ့်နေရာချင်း တူညီတဲ့ ဖိုဒန်ကို အဆင်သင့် အစားထိုးအသုံးပြုနိုင်မှာဖြစ်လို့ ကစားသမားသစ်ခေါ်ဖို့ ပူပင်စရာမလိုတော့ဘူးလို့ ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL & SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.