Premier League Transfer News

လီႏိုရဲ႕ အစားထိုးမွဳအျဖစ္ မန္ခ်က္စတာစီးတီးဂိုးသမားကို စိတ္ဝင္စားလာတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ ဒူးဒဏ္ရာေၾကာင့္ တစ္ႏွစ္ပတ္ဝန္းက်င္ အနားယူရေတာ့မွာျဖစ္တဲ့ ဂိုးသမား ဘန္းဒ္ လီႏိုရဲ႕ ေနရာအတြက္ ကာလတုိ အစားထိုးမွဳအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းရဲ႕ အပယ္ခံဂိုးသမား ကေလာ္ဒီယို ဘရာဗိုကို ေခၚယူသြားဖို႔ စိတ္ဝင္စားလာခဲ့ပါတယ္။

အစ္တီဟတ္ကြင္းကို နည္းျပ ပက္ပ္ ဂြါဒီယိုလာနဲ႔အတူ ၂၀၁၆ ခုႏွစ္မွာ ေရာက္ရွိလာခဲ့တဲ့ ဂိုးသမားဟာ အသင္းအတြက္ ပရီးမီးယားလိဂ္ပြဲေပါင္း ၂၉ ပြဲ အပါအဝင္ ပြဲေပါင္း ၆၀ ကစားထားခဲ့ၿပီး ဘရာဇီးလ္ဂိုးသမား အီဒါဆန္ ေရာက္မလာခင္အခ်ိန္အထိ ဦးစားေပးအေနအထားမွာ ရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ အရန္ခုံမွာသာ အခ်ိန္ကုန္ေနသူလည္းျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အရြယ္ ခ်ီလီလက္ေရြးစင္ဂိုးသမားဟာ ဝါရင့္ကစားသမားတစ္ဦးလည္းျဖစ္ၿပီး ကိုလိုကိုလို၊ ရီးရဲလ္ဆုိစီဒက္၊ ဘာစီလိုနာအသင္းေတြမွာ မန္စီးတီးကို မေရာက္ခင္ ကစားခဲ့သူျဖစ္ၿပီး ဆုဖလားေတြလည္း ဆြတ္ခူးႏုိင္ခဲ့သလို ႏုိင္ငံအဆင့္မွာလည္း ကိုပါအေမရိက ဖလားႏွစ္ႀကိမ္ ရယူထားႏုိင္ခဲ့သူျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာနဲ႔ မန္ခ်က္စတာစီးတီးအသင္းမွာ သုံးႏွစ္အတူ လက္တြဲခဲ့ဖူးတဲ့ ဘရာဗိုကို အာဆင္နယ္တာဝန္ရွိသူေတြကေတာ့ လီႏိုအတြက္ အျဖစ္သင့္ဆုံး အစားထုိးမွဳလို႔လည္း ရွဳျမင္ထားၿပီး ဒီကစားသမားအေနနဲ႔ ေႏြရာသီမွာ မန္စီးတီးနဲ႔ စာခ်ဳပ္ကုန္ဆုံးမွာလည္းျဖစ္ပါတယ္။

စပိန္ကလာတဲ့ သတင္းေတြအရေတာ့ အာတီတာအေနနဲ႔ ခ်ီလီလက္ေရြးစင္အျဖစ္ ကစားႏုိင္ဆဲျဖစ္တဲ့ ဘရာဗိုမွာ ျပသစရာ အရည္အေသြးေတြ က်န္ရွိေနေသးတယ္လို႔ ယုံၾကည္ေနၿပီး စိတ္ခ်ရတဲ့ ဂိုးသမားတစ္ဦးအေနနဲ႔ လီႏိုရဲ႕ေနရာမွာ ကာလတို အစားထိုးမွဳအျဖစ္ တစ္ႏွစ္စာခ်ဳပ္ေလာက္နဲ႔ ေခၚယူအသုံးျပဳႏုိင္ဖြယ္ရွိတယ္လုိ႔ ေဖာ္ျပခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ဒူးဒဏ်ရာကြောင့် တစ်နှစ်ပတ်ဝန်းကျင် အနားယူရတော့မှာဖြစ်တဲ့ ဂိုးသမား ဘန်းဒ် လီနိုရဲ့ နေရာအတွက် ကာလတို အစားထိုးမှုအနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ အပယ်ခံဂိုးသမား ကလော်ဒီယို ဘရာဗိုကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။

အစ်တီဟတ်ကွင်းကို နည်းပြ ပက်ပ် ဂွါဒီယိုလာနဲ့အတူ ၂၀၁၆ ခုနှစ်မှာ ရောက်ရှိလာခဲ့တဲ့ ဂိုးသမားဟာ အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၂၉ ပွဲ အပါအဝင် ပွဲပေါင်း ၆၀ ကစားထားခဲ့ပြီး ဘရာဇီးလ်ဂိုးသမား အီဒါဆန် ရောက်မလာခင်အချိန်အထိ ဦးစားပေးအနေအထားမှာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ အရန်ခုံမှာသာ အချိန်ကုန်နေသူလည်းဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ချီလီလက်ရွေးစင်ဂိုးသမားဟာ ဝါရင့်ကစားသမားတစ်ဦးလည်းဖြစ်ပြီး ကိုလိုကိုလို၊ ရီးရဲလ်ဆိုစီဒက်၊ ဘာစီလိုနာအသင်းတွေမှာ မန်စီးတီးကို မရောက်ခင် ကစားခဲ့သူဖြစ်ပြီး ဆုဖလားတွေလည်း ဆွတ်ခူးနိုင်ခဲ့သလို နိုင်ငံအဆင့်မှာလည်း ကိုပါအမေရိက ဖလားနှစ်ကြိမ် ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာနဲ့ မန်ချက်စတာစီးတီးအသင်းမှာ သုံးနှစ်အတူ လက်တွဲခဲ့ဖူးတဲ့ ဘရာဗိုကို အာဆင်နယ်တာဝန်ရှိသူတွေကတော့ လီနိုအတွက် အဖြစ်သင့်ဆုံး အစားထိုးမှုလို့လည်း ရှုမြင်ထားပြီး ဒီကစားသမားအနေနဲ့ နွေရာသီမှာ မန်စီးတီးနဲ့ စာချုပ်ကုန်ဆုံးမှာလည်းဖြစ်ပါတယ်။

စပိန်ကလာတဲ့ သတင်းတွေအရတော့ အာတီတာအနေနဲ့ ချီလီလက်ရွေးစင်အဖြစ် ကစားနိုင်ဆဲဖြစ်တဲ့ ဘရာဗိုမှာ ပြသစရာ အရည်အသွေးတွေ ကျန်ရှိနေသေးတယ်လို့ ယုံကြည်နေပြီး စိတ်ချရတဲ့ ဂိုးသမားတစ်ဦးအနေနဲ့ လီနိုရဲ့နေရာမှာ ကာလတို အစားထိုးမှုအဖြစ် တစ်နှစ်စာချုပ်လောက်နဲ့ ခေါ်ယူအသုံးပြုနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.