Premier League

လီဗာပူးလ္အသင္းနဲ႔ ဆက္စပ္သတင္းမ်ား တစ္ေန႔တာ စုစည္းမွဳ

ၿပီးခဲ့တဲ့ တနလၤာေန႔အတြက္ ရရွိခဲ့တဲ့ တစ္ေန႔တာအတြင္း လီဗာပူးလ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ စုစည္းတင္ဆက္ေပးလုိက္ပါတယ္။

-ဒဏ္ရာေၾကာင့္နားေနရတဲ့ ကြင္းလယ္လူ ဂ်ိမ္းစ္ မီလ္နာနဲ႔ ဆာဒီယို မာေနးတို႔ႏွစ္ေယာက္စလံုး ဒဏ္ရာသက္သာလာၿပီလို႔ ေနာ႔၀ွစ္ခ်္နဲ႔ပြဲမွာ ျပန္ကစားႏိုင္ေျခရွိေနပါတယ္။ မီလ္နာဟာ အဲဗာတန္နဲ႔ အက္္ဖ္ေအဖလားပြဲကတည္းက နားခဲ့ရၿပီး မာေနးကေတာ့ ၀ုဗ္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ ဒဏ္ရာရခဲ့ပါတယ္။

-ဘရာဇီးတိုက္စစ္မွဴး ေရာဘတ္တို ဖာမီႏိုကို ေပါင္ ၇၅ သန္းနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းကို ထုတ္ေရာင္းျဖစ္ခဲ့ရင္ စာခ်ဳပ္ဖ်က္တန္ေၾကး ေပါင္ ၅၁ သန္း ထည့္သြင္းထားတယ္လို႔ သိထားရတဲ့ RBလိုက္ပ္ဇစ္တိုက္စစ္မွဴး တီမို ဗာနာကို ေခၚယူဖို႔ လီဗာပူးပစ္မွတ္ထားေနပါတယ္။

-ဒဏ္ရာေၾကာင့္ လီဗာပူးလ္အသင္းရဲ႕ ေနာက္ဆံုး(၄)ပြဲကို လြဲေခ်ာ္ခဲ့ရတဲ့ ဆြစ္ဇာလန္ေတာင္ပံကစားသမား ခ်ာဒန္ ရွာကီရီဟာ ႀကံ့ခိုင္မႈျပန္ျပည့္လာဖို႔ ရုန္းကန္ေနရပါေသးတယ္။ ဒီပံုစံအရေတာ့ ေဆာင္းရာသီအားလပ္ရက္အလြန္ ေနာ့၀စ္ခ်္နဲ႔ပြဲမွာ ျပန္ကစားႏိုင္ဦးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

-ဂ်ပန္လက္ေရြးစင္ေတာင္ပံကစားသမား တာကူမီ မီနာမီႏိုက လီဗာပူးအသင္းမွာ ဆာဒီယို မာေနးနဲ႔ နာဘီ ကီတာတို႔ဆီက ေဘာလံုးအေတြ႕အႀကံဳေတြကို သင္ယူေနတယ္လို႔ ဖြင့္ေျပာလိုက္ပါတယ္။ သူေျပာခဲ့တဲ့ ကစားသမားႏွစ္ဦးလုံးဟာ တူညီတဲ့ အသင္းျဖစ္တဲ့ ရက္ဘူးလ္ ဆာ့လ္ဇ္ဘတ္မွာ ကစားခဲ့ၾကဖူးေတြလည္း ျဖစ္ၾကပါတယ္။

-ေလဗာကူဆင္အသင္းမွာ ေျခစြမ္းျပေနတဲ့ ဂ်ာမန္လူငယ္ေျခတက္ ကိုင္ ဟာဗတ္ဇ္ကို လာမယ့္ေႏြရာသီမွာေခၚယူဖို႔ လီဗာပူးအသင္းနည္းျပ ယာဂန္ ကေလာ့ပ္က ပစ္မွတ္ထားေနပါတယ္။ ဟာဗက္ဇ္ကို ဘိုင္ယန္ျမဴးနစ္နဲ႔ ဘာစီလိုနာတို႔လို ဥေရာပထိပ္တန္းအသင္းေတြကလည္း စိတ္၀င္စားေနပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

ပြီးခဲ့တဲ့ တနင်္လာနေ့အတွက် ရရှိခဲ့တဲ့ တစ်နေ့တာအတွင်း လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

-ဒဏ်ရာကြောင့်နားနေရတဲ့ ကွင်းလယ်လူ ဂျိမ်းစ် မီလ်နာနဲ့ ဆာဒီယို မာနေးတို့နှစ်ယောက်စလုံး ဒဏ်ရာသက်သာလာပြီလို့ နော့ဝှစ်ချ်နဲ့ပွဲမှာ ပြန်ကစားနိုင်ခြေရှိနေပါတယ်။ မီလ်နာဟာ အဲဗာတန်နဲ့ အက်ဖ်အေဖလားပွဲကတည်းက နားခဲ့ရပြီး မာနေးကတော့ ဝုဗ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့ပါတယ်။

-ဘရာဇီးတိုက်စစ်မှူး ရောဘတ်တို ဖာမီနိုကို ပေါင် ၇၅ သန်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ထုတ်ရောင်းဖြစ်ခဲ့ရင် စာချုပ်ဖျက်တန်ကြေး ပေါင် ၅၁ သန်း ထည့်သွင်းထားတယ်လို့ သိထားရတဲ့ RBလိုက်ပ်ဇစ်တိုက်စစ်မှူး တီမို ဗာနာကို ခေါ်ယူဖို့ လီဗာပူးပစ်မှတ်ထားနေပါတယ်။

-ဒဏ်ရာကြောင့် လီဗာပူးလ်အသင်းရဲ့ နောက်ဆုံး(၄)ပွဲကို လွဲချော်ခဲ့ရတဲ့ ဆွစ်ဇာလန်တောင်ပံကစားသမား ချာဒန် ရှာကီရီဟာ ကြံ့ခိုင်မှုပြန်ပြည့်လာဖို့ ရုန်းကန်နေရပါသေးတယ်။ ဒီပုံစံအရတော့ ဆောင်းရာသီအားလပ်ရက်အလွန် နော့ဝစ်ချ်နဲ့ပွဲမှာ ပြန်ကစားနိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

-ဂျပန်လက်ရွေးစင်တောင်ပံကစားသမား တာကူမီ မီနာမီနိုက လီဗာပူးအသင်းမှာ ဆာဒီယို မာနေးနဲ့ နာဘီ ကီတာတို့ဆီက ဘောလုံးအတွေ့အကြုံတွေကို သင်ယူနေတယ်လို့ ဖွင့်ပြောလိုက်ပါတယ်။ သူပြောခဲ့တဲ့ ကစားသမားနှစ်ဦးလုံးဟာ တူညီတဲ့ အသင်းဖြစ်တဲ့ ရက်ဘူးလ် ဆာ့လ်ဇ်ဘတ်မှာ ကစားခဲ့ကြဖူးတွေလည်း ဖြစ်ကြပါတယ်။

-လေဗာကူဆင်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဂျာမန်လူငယ်ခြေတက် ကိုင် ဟာဗတ်ဇ်ကို လာမယ့်နွေရာသီမှာခေါ်ယူဖို့ လီဗာပူးအသင်းနည်းပြ ယာဂန် ကလော့ပ်က ပစ်မှတ်ထားနေပါတယ်။ ဟာဗက်ဇ်ကို ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့လို ဥရောပထိပ်တန်းအသင်းတွေကလည်း စိတ်ဝင်စားနေပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.