Premier League

ခ်ဲလ္ဆီးအသင္းနဲ႔ ဆက္စပ္သတင္းမ်ား တစ္ေန႔တာ စုစည္းမွဳ

ၿပီးခဲ့တဲ့ တနလၤာေန႔အတြက္ ရရွိခဲ့တဲ့ တစ္ေန႔တာအတြင္း ခ်ဲလ္ဆီးအသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ စုစည္းတင္ဆက္ေပးလုိက္ပါတယ္။

– ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္တုန္းက ကစားသမား၀ယ္ခြင့္ပိတ္ခံခဲ့ရတဲ့ ေနာက္ဆက္တြဲရလဒ္အေနနဲ႔ ခ်ဲလ္ဆီးအသင္းဟာ အေျပာင္းအေရႊ႕ေစ်းကြက္ေနာက္ဆံုး(၂)ရပ္အတြင္း အသားတင္အျမတ္ေငြ ယူရို(၂၀၆)သန္းအထိရွိခဲ့ပါတယ္။ ဒီပမာဏက ဥေရာပထိပ္တန္းလိဂ္(၅)ခုမွာ အေျပာင္းအေရႊ႕ေစ်းကြက္ေနာက္ဆံုး(၂)ရပ္အတြင္း အမ်ားဆံုးအျမတ္ေငြပမာဏလည္းျဖစ္ပါတယ္။

– ခရိုေအးရွားကြင္းလယ္လူ ကိုဗာဆစ္က သူ႔မိသားစု၀င္ေတြအားလံုး လန္ဒန္ၿမိဳ႕မွာ အေျခက်ေနၿပီလို႔ ခ်ဲလ္ဆီးမဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ေျပာခဲ့ပါတယ္။ တစ္ဆက္တည္းမွာပဲ ဒီလို မိသားစု၀င္ေတြအတြက္ ေနရာေဒသသစ္နဲ႔ အေျခက်ဖို႔က သူ႔အတြက္ အင္မတန္အေရးႀကီးတယ္လို႔လည္း ဖြင့္ဟခဲ့ပါတယ္။

– ၿပီးခဲ့တဲ့ေဆာင္းရာသီေစ်းကြက္က အဓိကကစားသမားေခၚယူမႈတစ္ေယာက္မွမရွိခဲ့လို႔ နည္းျပ လမ္းပတ္ကိုယ္တိုင္ ေဒါသထြက္ခဲ့ေပမယ့္ လာမယ့္ ေႏြရာသီမွာေတာ့ ကစားသမားအေျပာင္းအေရႊ႕အသံုးစရိတ္ ေပါင္သန္း(၁၀၀)ေက်ာ္အထိ ခ်ဲလ္ဆီးထုတ္ေပးမယ္လို႔ သတင္းထြက္ေနပါတယ္။

– အီတလီကြင္းလယ္လူ ေယာ္ဂင္ဟိုကို ဂ်ဴဗင္တပ္စ္အသင္းက ေခၚမယ္လို႔ သတင္းထြက္ေနခ်ိန္မွာ သူ႔ေအးဂ်င့္က ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္း (၃)ႏွစ္က်န္ေသးေပမယ့္ အေျပာင္းအေရႊ႕ကိစၥမျဖစ္လာႏိုင္ဘူးလို႔ တတ္အပ္ေျပာလို႔မရဘူးလို႔ ဆိုလိုက္ပါတယ္။

– ပရီးမီးယားလိဂ္ရဲ႕ ေဆာင္းရာသီအားလပ္ခ်ိန္ ပထမအပတ္အတြင္း နားရက္ေပးခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ မကစားခင္(၁)ပတ္အလိုမွာ အသင္းသားလံုး ေလ့က်င့္ခန္းျပန္ဆင္းရမယ္လို႔ နည္းျပ လမ္းပတ္က ညႊန္ၾကားထားပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ တနင်္လာနေ့အတွက် ရရှိခဲ့တဲ့ တစ်နေ့တာအတွင်း ချဲလ်ဆီးအသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

– ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တုန်းက ကစားသမားဝယ်ခွင့်ပိတ်ခံခဲ့ရတဲ့ နောက်ဆက်တွဲရလဒ်အနေနဲ့ ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံး(၂)ရပ်အတွင်း အသားတင်အမြတ်ငွေ ယူရို(၂၀၆)သန်းအထိရှိခဲ့ပါတယ်။ ဒီပမာဏက ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံး(၂)ရပ်အတွင်း အများဆုံးအမြတ်ငွေပမာဏလည်းဖြစ်ပါတယ်။

– ခရိုအေးရှားကွင်းလယ်လူ ကိုဗာဆစ်က သူ့မိသားစုဝင်တွေအားလုံး လန်ဒန်မြို့မှာ အခြေကျနေပြီလို့ ချဲလ်ဆီးမဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီလို မိသားစုဝင်တွေအတွက် နေရာဒေသသစ်နဲ့ အခြေကျဖို့က သူ့အတွက် အင်မတန်အရေးကြီးတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

– ပြီးခဲ့တဲ့ဆောင်းရာသီဈေးကွက်က အဓိကကစားသမားခေါ်ယူမှုတစ်ယောက်မှမရှိခဲ့လို့ နည်းပြ လမ်းပတ်ကိုယ်တိုင် ဒေါသထွက်ခဲ့ပေမယ့် လာမယ့် နွေရာသီမှာတော့ ကစားသမားအပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း(၁၀၀)ကျော်အထိ ချဲလ်ဆီးထုတ်ပေးမယ်လို့ သတင်းထွက်နေပါတယ်။

– အီတလီကွင်းလယ်လူ ယော်ဂင်ဟိုကို ဂျူဗင်တပ်စ်အသင်းက ခေါ်မယ်လို့ သတင်းထွက်နေချိန်မှာ သူ့အေးဂျင့်က ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း (၃)နှစ်ကျန်သေးပေမယ့် အပြောင်းအရွှေ့ကိစ္စမဖြစ်လာနိုင်ဘူးလို့ တတ်အပ်ပြောလို့မရဘူးလို့ ဆိုလိုက်ပါတယ်။

– ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီအားလပ်ချိန် ပထမအပတ်အတွင်း နားရက်ပေးခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ မကစားခင်(၁)ပတ်အလိုမှာ အသင်းသားလုံး လေ့ကျင့်ခန်းပြန်ဆင်းရမယ်လို့ နည်းပြ လမ်းပတ်က ညွှန်ကြားထားပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.