Match Report Premier League

အဲဗာတန္နဲ႔ အန္ဆယ္ေလာ့တီက ပုိေၾကာက္ဖို႔ေကာင္းခဲ့တဲ့ မာေဆးဆုိက္ဒါဘီ

လီဗာပူးလ္အသင္းကို ဂြတ္ဒီဆန္ပါ့ခ္မွာ ပရီးမီးယားလိဂ္ဖလား ရယူမသြားႏုိင္ဖို႔ လုပ္ေဆာင္သြားမယ္လို႔ ႀကဳံးဝါးထားခဲ့တဲ့ အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီရဲ႕ ဗ်ဴဟာေျမာက္ကစားဟန္ဟာ ဒီေန႔မွာ ပါးနပ္မွဳနဲ႔အတူ လိုအပ္သလို ၿခိမ္းေျခာက္ႏုိင္တဲ့ ပုံစံကို ျပသခဲ့ၿပီး ဧည့္သည္ေတြ အသာစီး မရတဲ့ ဒါဘီတစ္ခုျဖစ္ခဲ့ပါတယ္။

နည္းျပ ယာဂန္ကေလာ့ပ္ကေတာ့ ဒီပြဲမွာ အသင္းရဲ႕ ျမန္ႏွဳန္းျမင့္ကစားသမားႏွစ္ဦးျဖစ္တဲ့ ေရာဘတ္ဆန္နဲ႔ မိုဆာလားတုိ႔ကို ခ်န္ထားခဲ့ၿပီး က်န္တဲ့ကစားသမားေတြကို အသုံးျပဳခဲ့သလို တုိက္စစ္မွာ မီနာမီႏိုကို အသုံးျပဳခဲ့ၿပီး အေထာင္တုိက္စစ္မွဴးစစ္စစ္ မကစားတဲ့ အလ်ဥ္းသင့္သလို ေရြ႕လ်ားကစားဟန္မွာ ကြင္းလယ္က ဒဏ္ရာသက္သာလာတဲ့ ကီတာနဲ႔ ေထာက္ကူေပးခဲ့ပါတယ္။

ဒီေန႔ပြဲမွာ လီဗာပူးလ္အသင္းရဲ႕ တုိက္စစ္ဆင္မွဳထက္ အိမ္ရွင္အဲဗာတန္တုိ႔ရဲ႕ တုိက္စစ္ဆင္မွဳေတြက ပုိမိုအႏၲရာယ္မ်ားခဲ့ၿပီး ကံမလုိက္ခဲ့လို႔သာ ႏွစ္သင္းစလုံး ဂိုးမရခဲ့မွဳနဲ႔ ဘဲဥမကြဲဘဲ ၿပီးဆုံးခဲ့တာပါ။ လီဗာပူးလ္ဘက္က ဖရီးကစ္ေတြကို အဲဗာတန္ေနာက္တန္းနဲ႔ ဂိုးသမား ပစ္ခ္ဖို႔ဒ္တုိ႔ ကာကြယ္ခဲ့ရသလို အန္ဆယ္ေလာ့တီရဲ႕ ဂိုးဧရိယာနဲ႔ မနီးခင္မွာကို ခပ္ၾကမ္းၾကမ္း ကစားခုိင္းထားပုံလည္းရပါတယ္။

အဝါကတ္ကို ေဈးဦးေပါက္ခဲ့သူကေတာ့ ဝါရင့္ကစားသမား မီလ္နာျဖစ္ၿပီး သူတုိ႔ကို တစ္ခ်ိန္လုံး ဒုကၡေပးေနခဲ့တဲ့ ရစ္ခ်ာလစ္ဆန္ကို ဟန္ခ်က္ ပ်က္ေနတုန္းမွာ ကြင္းေဘးလြင့္သြားေအာင္ တြန္းတုိက္ခဲ့တာပါ။ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးေတာင္ပံသမားတစ္ဦးျဖစ္တဲ့ ရစ္ခ်ာလစ္ဆန္ဟာ ဒီေန႔ပြဲမွာ လီဗာပူးလ္ေနာက္တန္းကို ေတာက္ေလွ်ာက္ၿခိမ္းေျခာက္ေနခဲ့ၿပီး သူ႕ရဲ႕တြဲဖက္တုိက္စစ္မွဴးဟာ ကဲလ္ဗတ္-လူဝင္ထက္ ပုိေကာင္းတဲ့သူဆုိရင္ အဲဗာတန္ရဲ႕ ႏုိင္ပြဲလည္း ျဖစ္သြားႏိုင္ပါတယ္။

ဆာလားနဲ႔ ေရာဘတ္ဆန္တုိ႔ ပါမလာတဲ့ လီဗာပူးလ္ရဲ႕ တုိက္စစ္စြမ္းေဆာင္ရည္က သာမန္သာရွိခဲ့ေပမယ့္ အဲဗာတန္ကေတာ့ ေတာ္ေတာ္ေလးေကာင္းခဲ့လို႔ ဂိုးသမား အယ္လီဆန္နဲ႔ ဗန္ဒိုက္တုိ႔ အသည္းအသန္ကာကြယ္ခဲ့ရၿပီး ကံေကာင္းလို႔သာ တြမ္ေဒးဗီးစ္ရဲ႕ ကန္ခ်က္က ဂ်ဳိးဂိုမက္ဇ္နဲ႔ထိၿပီး တုိင္ထိထြက္ခဲ့လို႔ျဖစ္ပါတယ္။ ဒီေန႔ပြဲမွာေတာ့ ကြင္းလယ္ဒိုင္ မုိက္ဒင္းရဲ႕ ပါးနပ္တဲ့ ကိုင္တြယ္မွဳနဲ႔ ဂိုးမရွိသေရသာျဖစ္ခဲ့ၿပီး ျမင္ေနက် မာေဆးဆုိက္ဒါဘီေတြထက္ေတာ့ ဆားေပါ့တဲ့ ဒါဘီတစ္ပြဲသာျဖစ္ခဲ့ေၾကာင္း ေရးသားလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းကို ဂွတ်ဒီဆန်ပါ့ခ်မှာ ပရီးမီးယားလိဂ်ဖလား ရယူမသွားနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ကြုံးဝါးထားခဲ့တဲ့ အဲဗာတန်နည်းပြ အန်ဆယ်လော့တီရဲ့ ဗျူဟာမြောက်ကစားဟန်ဟာ ဒီနေ့မှာ ပါးနပ်မှုနဲ့အတူ လိုအပ်သလို ခြိမ်းခြောက်နိုင်တဲ့ ပုံစံကို ပြသခဲ့ပြီး ဧည့်သည်တွေ အသာစီး မရတဲ့ ဒါဘီတစ်ခုဖြစ်ခဲ့ပါတယ်။

နည်းပြ ယာဂန်ကလော့ပ်ကတော့ ဒီပွဲမှာ အသင်းရဲ့ မြန်နှုန်းမြင့်ကစားသမားနှစ်ဦးဖြစ်တဲ့ ရောဘတ်ဆန်နဲ့ မိုဆာလားတို့ကို ချန်ထားခဲ့ပြီး ကျန်တဲ့ကစားသမားတွေကို အသုံးပြုခဲ့သလို တိုက်စစ်မှာ မီနာမီနိုကို အသုံးပြုခဲ့ပြီး အထောင်တိုက်စစ်မှူးစစ်စစ် မကစားတဲ့ အလျဉ်းသင့်သလို ရွေ့လျားကစားဟန်မှာ ကွင်းလယ်က ဒဏ်ရာသက်သာလာတဲ့ ကီတာနဲ့ ထောက်ကူပေးခဲ့ပါတယ်။

ဒီနေ့ပွဲမှာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ဆင်မှုထက် အိမ်ရှင်အဲဗာတန်တို့ရဲ့ တိုက်စစ်ဆင်မှုတွေက ပိုမိုအန္တရာယ်များခဲ့ပြီး ကံမလိုက်ခဲ့လို့သာ နှစ်သင်းစလုံး ဂိုးမရခဲ့မှုနဲ့ ဘဲဥမကွဲဘဲ ပြီးဆုံးခဲ့တာပါ။ လီဗာပူးလ်ဘက်က ဖရီးကစ်တွေကို အဲဗာတန်နောက်တန်းနဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်တို့ ကာကွယ်ခဲ့ရသလို အန်ဆယ်လော့တီရဲ့ ဂိုးဧရိယာနဲ့ မနီးခင်မှာကို ခပ်ကြမ်းကြမ်း ကစားခိုင်းထားပုံလည်းရပါတယ်။

အဝါကတ်ကို ဈေးဦးပေါက်ခဲ့သူကတော့ ဝါရင့်ကစားသမား မီလ်နာဖြစ်ပြီး သူတို့ကို တစ်ချိန်လုံး ဒုက္ခပေးနေခဲ့တဲ့ ရစ်ချာလစ်ဆန်ကို ဟန်ချက် ပျက်နေတုန်းမှာ ကွင်းဘေးလွင့်သွားအောင် တွန်းတိုက်ခဲ့တာပါ။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတောင်ပံသမားတစ်ဦးဖြစ်တဲ့ ရစ်ချာလစ်ဆန်ဟာ ဒီနေ့ပွဲမှာ လီဗာပူးလ်နောက်တန်းကို တောက်လျှောက်ခြိမ်းခြောက်နေခဲ့ပြီး သူ့ရဲ့တွဲဖက်တိုက်စစ်မှူးဟာ ကဲလ်ဗတ်-လူဝင်ထက် ပိုကောင်းတဲ့သူဆိုရင် အဲဗာတန်ရဲ့ နိုင်ပွဲလည်း ဖြစ်သွားနိုင်ပါတယ်။

ဆာလားနဲ့ ရောဘတ်ဆန်တို့ ပါမလာတဲ့ လီဗာပူးလ်ရဲ့ တိုက်စစ်စွမ်းဆောင်ရည်က သာမန်သာရှိခဲ့ပေမယ့် အဲဗာတန်ကတော့ တော်တော်လေးကောင်းခဲ့လို့ ဂိုးသမား အယ်လီဆန်နဲ့ ဗန်ဒိုက်တို့ အသည်းအသန်ကာကွယ်ခဲ့ရပြီး ကံကောင်းလို့သာ တွမ်ဒေးဗီးစ်ရဲ့ ကန်ချက်က ဂျိုးဂိုမက်ဇ်နဲ့ထိပြီး တိုင်ထိထွက်ခဲ့လို့ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာတော့ ကွင်းလယ်ဒိုင် မိုက်ဒင်းရဲ့ ပါးနပ်တဲ့ ကိုင်တွယ်မှုနဲ့ ဂိုးမရှိသရေသာဖြစ်ခဲ့ပြီး မြင်နေကျ မာဆေးဆိုက်ဒါဘီတွေထက်တော့ ဆားပေါ့တဲ့ ဒါဘီတစ်ပွဲသာဖြစ်ခဲ့ကြောင်း ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.