Premier League

အာဆင္နယ္ကစားသမားေတြကို မယုံဖို႔ အာတီတာကို တုိက္တြန္းလုိက္တဲ့ ဂယ္ရီ နဗီးလ္

စကိုင္းစပုိ႔စ္ရဲ႕ ေဘာလုံးကၽြမ္းက်င္သူတစ္ဦးျဖစ္တဲ့ ဂယ္ရီ နဗီးလ္က အာဆင္နယ္ကစားသမားေတြဟာ ေသြးဆူတတ္ၾကသူေတြျဖစ္ၿပီး ပြဲအတြင္းမွာ အမွားေတြ က်ဴးလြန္ၿပီးရင္ ဖိအားေတြနဲ႔အတူ ဆက္တုိက္ထပ္မွားတတ္ၾကသူေတြျဖစ္လို႔ ယုံၾကည္လို႔ မျဖစ္ႏုိင္ဘဲ ေသြးေအးေအးနဲ႔ တည္ၿငိမ္သူမ်ဳိးေတြကို ရွာေဖြအစားထုိးဖို႔ တုိက္တြန္းလုိက္ပါတယ္။

အစ္တီဟတ္က ပြဲမွာ အမွားႏွစ္ႀကိမ္နဲ႔အတူ ထုတ္ပယ္ခံခဲ့ရတဲ့ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ဘ႐ိုက္တန္နဲ႔ပြဲမွာ တည္တည္ၿငိမ္ၿငိမ္မရွိခဲ့တဲ့ တျခား အာဆင္နယ္ ေနာက္ခံလူေတြဟာ ဂယ္ရီ နဗီးလ္ရဲ႕ ေထာက္ျပစရာေတြလည္းျဖစ္ခဲ့ၿပီး ဖိအားဒဏ္ မခံႏုိင္တဲ့ ပုံစံေတြနဲ႔ ဟိုးလ္ဒင္းရဲ႕ ရွင္းထုတ္ဖို႔ ကေယာင္ေျခာက္ျခားျဖစ္ေနၿပီးမွ ဂိုးထဲက ေဘာလုံးကို လက္နဲ႔ ပုတ္ထုတ္တဲ့ ပုံစံကလည္း ဆိုးရြားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တုိ႔အေနနဲ႔ အာဆင္နယ္အသင္းကို ယုံၾကည္ဖို႔ မျဖစ္ႏုိင္ဘူး။ သူတုိ႔က ဒီႏွစ္ပုိင္းေတြမွာ ဘာမွ စြမ္းေဆာင္မျပႏုိင္တဲ့ အသင္းတစ္သင္း ျဖစ္ေနခဲ့တာပါ။ ကၽြန္ေတာ္တုိ႔အားလုံး ေျပာခ်င္တာကေတာ့ အာတီတာအေနနဲ႔ အသင္းရဲ႕ ကစားပုံကို ျပင္ဆင္ေနဖို႔ထက္ ခံစစ္ပိုင္းကို ေသခ်ာသုံးသပ္ၿပီး ဘယ္သူေတြက သုံးစြဲလို႔ မရေတာ့မယ့္သူေတြလဲဆုိတာကို သိသင့္ပါၿပီ”လို႔ နဗီးလ္က ဆိုပါတယ္။

“အသင္းတစ္သင္းမွာ ဘယ္လိုပဲ ကစားပုံေကာင္းဖို႔ လုပ္ေဆာင္ေနေပမယ့္ ခံစစ္သမားတစ္ေယာက္က အမွားက်ဴးလြန္ခဲ့ရင္ ဒုကၡေရာက္တတ္ပါတယ္။ အာဆင္နယ္မွာ အာ႐ုံစူးစိုက္မွဳေကာင္းတဲ့ ခံစစ္သမားေတြ လိုေနတာပါ။ ကၽြန္ေတာ့္ရဲ႕ ကစားသမားဘဝတုန္းက စိတ္လွဳပ္ရွားတတ္လုိ႔ နည္းျပႀကီး ဖာဂူဆန္ရဲ႕ အဆူခံရတာေတြကို မွတ္မိေနပါေသးတယ္။ ခံစစ္သမားေကာင္းဟာ ေခါင္းေအးေအး ထားတတ္ရပါမယ္”လို႔လည္း နဗီးလ္က ဆုိပါတယ္။

ဒါ့အျပင္ ဂယ္ရီ နဗီးလ္က အာဆင္နယ္အသင္းမွာ အမ်ားမ်ားစြာက်ဴးလြန္တတ္တဲ့ ေဒးဗစ္ လူးဝစ္ဇ္၊ ဆုိကရာတစ္နဲ႔ မူစတာဖီတုိ႔လို ကစားသမားေတြ မ်ားျပားေနေၾကာင္း၊ မာနအခံနဲ႔ မလိုအပ္ဘဲ ေဘာလုံးကို အတင္းဝင္လုယူၾကတာျဖစ္ေၾကာင္း၊ ခံစစ္သမားဆုိတာ တစ္ဖက္က တုိက္စစ္ဆင္လာသူကို အခ်ိန္ဆြဲထားၿပီး အႏၲရာယ္မေပးႏုိင္ေအာင္ ကာကြယ္ထားရင္း အသင္းေဖာ္ေတြနဲ႔အတူ စုစည္းဖ်က္ထုတ္တတ္ဖို႔ကသာ အဓိကျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့တယ္လို႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စကိုင်းစပို့စ်ရဲ့ ဘောလုံးကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဂယ်ရီ နဗီးလ်က အာဆင်နယ်ကစားသမားတွေဟာ သွေးဆူတတ်ကြသူတွေဖြစ်ပြီး ပွဲအတွင်းမှာ အမှားတွေ ကျူးလွန်ပြီးရင် ဖိအားတွေနဲ့အတူ ဆက်တိုက်ထပ်မှားတတ်ကြသူတွေဖြစ်လို့ ယုံကြည်လို့ မဖြစ်နိုင်ဘဲ သွေးအေးအေးနဲ့ တည်ငြိမ်သူမျိုးတွေကို ရှာဖွေအစားထိုးဖို့ တိုက်တွန်းလိုက်ပါတယ်။

အစ်တီဟတ်က ပွဲမှာ အမှားနှစ်ကြိမ်နဲ့အတူ ထုတ်ပယ်ခံခဲ့ရတဲ့ ဒေးဗစ် လူးဝစ်ဇ်နဲ့ ဘရိုက်တန်နဲ့ပွဲမှာ တည်တည်ငြိမ်ငြိမ်မရှိခဲ့တဲ့ တခြား အာဆင်နယ် နောက်ခံလူတွေဟာ ဂယ်ရီ နဗီးလ်ရဲ့ ထောက်ပြစရာတွေလည်းဖြစ်ခဲ့ပြီး ဖိအားဒဏ် မခံနိုင်တဲ့ ပုံစံတွေနဲ့ ဟိုးလ်ဒင်းရဲ့ ရှင်းထုတ်ဖို့ ကယောင်ခြောက်ခြားဖြစ်နေပြီးမှ ဂိုးထဲက ဘောလုံးကို လက်နဲ့ ပုတ်ထုတ်တဲ့ ပုံစံကလည်း ဆိုးရွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ အာဆင်နယ်အသင်းကို ယုံကြည်ဖို့ မဖြစ်နိုင်ဘူး။ သူတို့က ဒီနှစ်ပိုင်းတွေမှာ ဘာမှ စွမ်းဆောင်မပြနိုင်တဲ့ အသင်းတစ်သင်း ဖြစ်နေခဲ့တာပါ။ ကျွန်တော်တို့အားလုံး ပြောချင်တာကတော့ အာတီတာအနေနဲ့ အသင်းရဲ့ ကစားပုံကို ပြင်ဆင်နေဖို့ထက် ခံစစ်ပိုင်းကို သေချာသုံးသပ်ပြီး ဘယ်သူတွေက သုံးစွဲလို့ မရတော့မယ့်သူတွေလဲဆိုတာကို သိသင့်ပါပြီ”လို့ နဗီးလ်က ဆိုပါတယ်။

“အသင်းတစ်သင်းမှာ ဘယ်လိုပဲ ကစားပုံကောင်းဖို့ လုပ်ဆောင်နေပေမယ့် ခံစစ်သမားတစ်ယောက်က အမှားကျူးလွန်ခဲ့ရင် ဒုက္ခရောက်တတ်ပါတယ်။ အာဆင်နယ်မှာ အာရုံစူးစိုက်မှုကောင်းတဲ့ ခံစစ်သမားတွေ လိုနေတာပါ။ ကျွန်တော့်ရဲ့ ကစားသမားဘဝတုန်းက စိတ်လှုပ်ရှားတတ်လို့ နည်းပြကြီး ဖာဂူဆန်ရဲ့ အဆူခံရတာတွေကို မှတ်မိနေပါသေးတယ်။ ခံစစ်သမားကောင်းဟာ ခေါင်းအေးအေး ထားတတ်ရပါမယ်”လို့လည်း နဗီးလ်က ဆိုပါတယ်။

ဒါ့အပြင် ဂယ်ရီ နဗီးလ်က အာဆင်နယ်အသင်းမှာ အများများစွာကျူးလွန်တတ်တဲ့ ဒေးဗစ် လူးဝစ်ဇ်၊ ဆိုကရာတစ်နဲ့ မူစတာဖီတို့လို ကစားသမားတွေ များပြားနေကြောင်း၊ မာနအခံနဲ့ မလိုအပ်ဘဲ ဘောလုံးကို အတင်းဝင်လုယူကြတာဖြစ်ကြောင်း၊ ခံစစ်သမားဆိုတာ တစ်ဖက်က တိုက်စစ်ဆင်လာသူကို အချိန်ဆွဲထားပြီး အန္တရာယ်မပေးနိုင်အောင် ကာကွယ်ထားရင်း အသင်းဖော်တွေနဲ့အတူ စုစည်းဖျက်ထုတ်တတ်ဖို့ကသာ အဓိကဖြစ်ကြောင်း ပြောကြားသွားခဲ့တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.