Match Report Premier League

Match Report: ဗီလာပါ့ခ္မွာ အႏုိင္ကစားၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ထိန္းသိမ္းထားဆဲ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီတစ္ပတ္မွာေတာ့ တန္းဆင္းဇုန္အသင္း အက္စတန္ဗီလာနဲ႔ အေဝးကြင္း ဗီလာပါ့ခ္မွာ ဆုံေတြ႕ခဲ့ၿပီး နည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ေတာ့ သူ႕ရဲ႕ ေမြးေန႔လက္ေဆာင္အျဖစ္ ႏုိင္ပြဲကို အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာရဲ႕ ဖန္တီးမွဳႏွစ္ႀကိမ္နဲ႔အတူ ရယူႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ခ်ဲလ္ဆီးအသင္းဟာ ဂိုးသမား ကီပါကို ျပန္လည္အသုံးျပဳခဲ့ၿပီး ခံစစ္မွာ ႐ူဒီဂါနဲ႔ ဒိန္းမတ္သား ခရစၥတင္ဆန္ကို တြဲဖက္ေပးခဲ့သလို ကြင္းလယ္မွာေတာ့ အသင္းကေန အနားေပးထားခဲ့တဲ့ ျပင္သစ္သား ကြန္ေတကို ကိုဗာခ်စ္နဲ႔ တြဲေပးခဲ့ၿပီး ေရွ႕မွာေတာ့ ဂ်ီ႐ူးကို ဝီလီယန္၊ ေမဆန္ေမာင့္နဲ႔ ေလာ့ဖ္တပ္စ္ခ်ိခ္တုိ႔နဲ႔ ေထာက္ပံ့ေပးခဲ့တာျဖစ္ပါတယ္။

ဗီလာဘက္ကေတာ့ သူတုိ႔ရဲ႕လူငယ္တုိက္စစ္မွဴး ေဒးဗစ္ကို ဆက္လက္သုံးစြဲခဲ့ၿပီး က်န္တဲ့ေနရာေတြမွာေတာ့ အေျပာင္းအလဲမရွိဘဲ ပြဲထြက္ခဲ့သလို ဂိုးသမားေနရာမွာလည္း ေရးနားကို မသုံးဘဲ ရွက္ဖီးလ္ဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ေဘာလုံးနဲ႔အတူ ဂိုးထဲဝင္သြားခဲ့တဲ့ ေနာ္ေဝဂိုးသမား နီလန္းကိုပဲ ဆက္လက္သုံးစြဲခဲ့ပါတယ္။

ဧည့္သည္အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာနဲ႔ ေမဆန္ေမာင့္တုိ႔ရဲ႕ အျမင့္ေဘာ အနိမ့္ေဘာ ျဖတ္တင္မွဳေတြ အလုပ္ျဖစ္ခဲ့လို႔ အိမ္ရွင္တုိ႔ အသည္းအသန္ ကာကြယ္ေနခဲ့ရေပမယ့္ အဖြင့္ဂိုးရရွိခဲ့တာကေတာ့ ဗီလာတို႔ပဲျဖစ္ပါတယ္။ ပြဲခ်ိန္ ၄၃ မိနစ္မွာ ေဒါက္ဂလပ္စ္ လူးဝစ္ရဲ႕ ျဖတ္တင္ေဘာကို ေနာက္ခံလူ ေကာ့တနီ ေဟာ့စ္က ႏွစ္ႀကိမ္ပိတ္သြင္းသြားခဲ့ၿပီး ပထမပုိင္းအၿပီးမွာ ခ်ဲလ္ဆီးတုိ႔ ရွဳံးနိမ့္ေနခဲ့တာပါ။

ဗီလာရဲ႕ ခံစစ္ပုိင္းကေတာ့ ဒီေန႔မွာ ေတာ္ေတာ္ေလး အလုပ္မ်ားခဲ့သလို စုဖြဲ႕မွဳလည္း ေကာင္းေနခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတုိ႔ ထိုးေဖာက္ရ ခက္ခဲခဲ့ေပမယ့္ ဒုတိယပုိင္းမွာ ေလာ့ဖ္တပ္စ္ခ်ိခ္နဲ႔ ကိုဗာခ်စ္အစား ပူလီရွစ္ခ်္နဲ႔ ဘာကလီတုိ႔ ဝင္လာခ်ိန္မွာေတာ့ ဗီလာတုိ႔ ထိန္းသိမ္းရခက္ခဲခဲ့ၿပီး ႏွစ္မိနစ္အတြင္းမွာ ႏွစ္ဂိုး ခြင့္ျပဳခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ခ်ဲလ္ဆီးတုိ႔ ေခ်ပဂိုးရခဲ့ၿပီး ညာေတာင္ပံမွာ ေနရာယူထားခဲ့တဲ့ ေနာက္ခံလူ အက္ဇ္ပီလီေကြတာရဲ႕ ျဖတ္တင္ေဘာကို ဘယ္ေတာင္ပံက ေျပးဝင္လာခဲ့တဲ့ ပူလီရွစ္ခ်္က ေျပးပိတ္ၿပီး အမွားအယြင္းေတြ ရွိခဲ့ေပမယ့္ တစ္ခ်ိန္လုံး ကံေကာင္းေနခဲ့တဲ့ ဗီလာဂိုးသမား နီလန္းရဲ႕ အေပၚဘက္ ဂိုးပိုက္အမိုးေပၚကို ပိတ္သြင္းယူႏုိင္ခဲ့တာပါ။

၆၂ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ခ်ဲလ္ဆီးတုိ႔ အႏုိင္ဂိုးရယူသြားႏုိင္ခဲ့ၿပီး ဗီလာေနာက္ခံလူေတြ အတန္းလုိက္ႀကီး ဂိုးနားအထိ ဆင္းသြားခ်ိန္မွာ ေနာက္ခ်န္ေနခဲ့တဲ့ ဂ်ီ႐ူးက ဘယ္ျခမ္းကို ေရာက္ေနတဲ့ အက္ဇ္ပီလီေကြတာရဲ႕ အနိမ့္ေဘာ Cut Back ကို ကန္သြင္းရာမွာ ဗီလာကြင္းလယ္ကစားသမား အူရီဟန္းနဲ႔ထိၿပီး ဝင္သြားခဲ့လို႔ သုံးမွတ္တန္ တစ္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ဂ်ီ႐ူးအစား ေအဘရာဟမ္၊ ဝီလီယန္အစား ရီးစ္ဂ်ိမ္းစ္တို႔ကို ထည့္သြင္းကစားၿပီး ေဘာလုံးပုိင္ဆုိင္မွဳကို ထိန္းသိမ္း ကစားသြားခဲ့ၿပီး ဗီလာရဲ႕ အျမင့္ေဘာေတြကို ႀကံ့ႀကံ့ခံ ထိန္းသိမ္းရင္း ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ဆက္လက္ထိန္းသိမ္းထားႏုိင္ေစမယ့္ သုံးမွတ္ရယူၿပီး ဇြန္လ ၂၀ မွာ ေမြးဖြားခဲ့တဲ့ နည္းျပ လမ္းပတ္ကို ေမြးေန႔လက္ေဆာင္ေပးသြားခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ ဒီတစ်ပတ်မှာတော့ တန်းဆင်းဇုန်အသင်း အက်စတန်ဗီလာနဲ့ အဝေးကွင်း ဗီလာပါ့ခ်မှာ ဆုံတွေ့ခဲ့ပြီး နည်းပြ ဖရန့် လမ်းပတ်အနေနဲ့တော့ သူ့ရဲ့ မွေးနေ့လက်ဆောင်အဖြစ် နိုင်ပွဲကို အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာရဲ့ ဖန်တီးမှုနှစ်ကြိမ်နဲ့အတူ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ချဲလ်ဆီးအသင်းဟာ ဂိုးသမား ကီပါကို ပြန်လည်အသုံးပြုခဲ့ပြီး ခံစစ်မှာ ရူဒီဂါနဲ့ ဒိန်းမတ်သား ခရစ္စတင်ဆန်ကို တွဲဖက်ပေးခဲ့သလို ကွင်းလယ်မှာတော့ အသင်းကနေ အနားပေးထားခဲ့တဲ့ ပြင်သစ်သား ကွန်တေကို ကိုဗာချစ်နဲ့ တွဲပေးခဲ့ပြီး ရှေ့မှာတော့ ဂျီရူးကို ဝီလီယန်၊ မေဆန်မောင့်နဲ့ လော့ဖ်တပ်စ်ချိခ်တို့နဲ့ ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

ဗီလာဘက်ကတော့ သူတို့ရဲ့လူငယ်တိုက်စစ်မှူး ဒေးဗစ်ကို ဆက်လက်သုံးစွဲခဲ့ပြီး ကျန်တဲ့နေရာတွေမှာတော့ အပြောင်းအလဲမရှိဘဲ ပွဲထွက်ခဲ့သလို ဂိုးသမားနေရာမှာလည်း ရေးနားကို မသုံးဘဲ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ပွဲမှာ ဘောလုံးနဲ့အတူ ဂိုးထဲဝင်သွားခဲ့တဲ့ နော်ဝေဂိုးသမား နီလန်းကိုပဲ ဆက်လက်သုံးစွဲခဲ့ပါတယ်။

ဧည့်သည်အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာနဲ့ မေဆန်မောင့်တို့ရဲ့ အမြင့်ဘော အနိမ့်ဘော ဖြတ်တင်မှုတွေ အလုပ်ဖြစ်ခဲ့လို့ အိမ်ရှင်တို့ အသည်းအသန် ကာကွယ်နေခဲ့ရပေမယ့် အဖွင့်ဂိုးရရှိခဲ့တာကတော့ ဗီလာတို့ပဲဖြစ်ပါတယ်။ ပွဲချိန် ၄၃ မိနစ်မှာ ဒေါက်ဂလပ်စ် လူးဝစ်ရဲ့ ဖြတ်တင်ဘောကို နောက်ခံလူ ကော့တနီ ဟော့စ်က နှစ်ကြိမ်ပိတ်သွင်းသွားခဲ့ပြီး ပထမပိုင်းအပြီးမှာ ချဲလ်ဆီးတို့ ရှုံးနိမ့်နေခဲ့တာပါ။

ဗီလာရဲ့ ခံစစ်ပိုင်းကတော့ ဒီနေ့မှာ တော်တော်လေး အလုပ်များခဲ့သလို စုဖွဲ့မှုလည်း ကောင်းနေခဲ့တာကြောင့် ချဲလ်ဆီးတို့ ထိုးဖောက်ရ ခက်ခဲခဲ့ပေမယ့် ဒုတိယပိုင်းမှာ လော့ဖ်တပ်စ်ချိခ်နဲ့ ကိုဗာချစ်အစား ပူလီရှစ်ချ်နဲ့ ဘာကလီတို့ ဝင်လာချိန်မှာတော့ ဗီလာတို့ ထိန်းသိမ်းရခက်ခဲခဲ့ပြီး နှစ်မိနစ်အတွင်းမှာ နှစ်ဂိုး ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ချဲလ်ဆီးတို့ ချေပဂိုးရခဲ့ပြီး ညာတောင်ပံမှာ နေရာယူထားခဲ့တဲ့ နောက်ခံလူ အက်ဇ်ပီလီကွေတာရဲ့ ဖြတ်တင်ဘောကို ဘယ်တောင်ပံက ပြေးဝင်လာခဲ့တဲ့ ပူလီရှစ်ချ်က ပြေးပိတ်ပြီး အမှားအယွင်းတွေ ရှိခဲ့ပေမယ့် တစ်ချိန်လုံး ကံကောင်းနေခဲ့တဲ့ ဗီလာဂိုးသမား နီလန်းရဲ့ အပေါ်ဘက် ဂိုးပိုက်အမိုးပေါ်ကို ပိတ်သွင်းယူနိုင်ခဲ့တာပါ။

၆၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ချဲလ်ဆီးတို့ အနိုင်ဂိုးရယူသွားနိုင်ခဲ့ပြီး ဗီလာနောက်ခံလူတွေ အတန်းလိုက်ကြီး ဂိုးနားအထိ ဆင်းသွားချိန်မှာ နောက်ချန်နေခဲ့တဲ့ ဂျီရူးက ဘယ်ခြမ်းကို ရောက်နေတဲ့ အက်ဇ်ပီလီကွေတာရဲ့ အနိမ့်ဘော Cut Back ကို ကန်သွင်းရာမှာ ဗီလာကွင်းလယ်ကစားသမား အူရီဟန်းနဲ့ထိပြီး ဝင်သွားခဲ့လို့ သုံးမှတ်တန် တစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဂျီရူးအစား အေဘရာဟမ်၊ ဝီလီယန်အစား ရီးစ်ဂျိမ်းစ်တို့ကို ထည့်သွင်းကစားပြီး ဘောလုံးပိုင်ဆိုင်မှုကို ထိန်းသိမ်း ကစားသွားခဲ့ပြီး ဗီလာရဲ့ အမြင့်ဘောတွေကို ကြံ့ကြံ့ခံ ထိန်းသိမ်းရင်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်လက်ထိန်းသိမ်းထားနိုင်စေမယ့် သုံးမှတ်ရယူပြီး ဇွန်လ ၂၀ မှာ မွေးဖွားခဲ့တဲ့ နည်းပြ လမ်းပတ်ကို မွေးနေ့လက်ဆောင်ပေးသွားခဲ့တာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.