Match Report Premier League

Match Report: စိန္႔ဂ်ိမ္းစ္ပါ့ခ္မွာ ဥေရာပေမွ်ာ္လင့္ခ်က္ေတြကို တားဆီးခံခဲ့ရတဲ့ ခရစၥ ဝိုင္လ္ဒါ

ရွက္ဖီးလ္ဒ္ယူႏုိက္တက္ရဲ႕ ခရစၥ ဝိုင္လ္ဒါကို အရင္ ပရီးမီးယားလိဂ္နည္းျပေဟာင္းထဲက ဘယ္သူနဲ႔ တူသလဲလုိ႔ ပရိသတ္ေတြကို ေမးရင္ အာဆင္ဝင္းဂါးလို႔ပဲ ေျပာၾကဖို႔ မ်ားပါတယ္။ ကိုယ့္ရဲ႕ ကစားကြက္ေပၚမွာ ယုံၾကည္မွဳ အရမ္းလြန္ကဲၿပီး ကစားသမားအေျပာင္းအလဲေတြ လုပ္တတ္တာမွာ အာဆင္နယ္နည္းျပေဟာင္းႀကီးနဲ႔ တူညီတဲ့ ဝုိင္လ္ဒါဟာ ဒီေန႔မွာလည္း စိန္႔ဂ်ိမ္းစ္ပါ့ခ္မွာ အမွတ္ဗလာနဲ႔ အိမ္ျပန္ခဲ့ရတာျဖစ္ပါတယ္။

ခံစစ္အထုိင္မွာ အေတာင့္တင္းဆုံးကစားသမား အိုကြန္နဲလ္ မပါႏုိင္ခ်ိန္မွာ ရွက္ဖီးလ္ဒ္ရဲ႕ ေနာက္တန္းရဲ႕ လုပ္အားႏွဳန္းက က်ဆင္းစျပဳေနၿပီး ဒီေနရာမွာ အသင္းနဲ႔ မတန္ေအာင္ ေပါင္ ၂၂ သန္းခြဲ ေပးေခၚထားခဲ့တဲ့ ေနာ္ေဝသား ဆန္ဒါ ဘာဂါကေတာ့ ထုံးစံအတုိင္း အလုပ္မျဖစ္တဲ့ ကြင္းလယ္ကို ေဆးထိုးခဲ့ခ်ိန္မွာ ပထမရာသီဝက္က ေျခစြမ္းျပၿပီးမွ ေနရာေပ်ာက္ေနခဲ့တဲ့ လန္းစထရမ္အတြက္ေတာ့ အားနာစရာျဖစ္ခဲ့ပါတယ္။

နယူးကာဆယ္လ္နည္းျပ စတိဗ္ ဘ႐ုစ္ကေတာ့ သူတုိ႔ရဲ႕ အေကာင္းဆုံးလူစာရင္းကို ပြဲထုတ္လာခဲ့ၿပီး ရစ္ခ်ီနဲ႔ ရွယ္လ္ဗီတုိ႔ရဲ႕ ကြင္းလယ္က ေဘာလုံးျဖန္႔ေဝမွဳေကာင္းသလို အယ္လ္မီရြန္နဲ႔ စန္မက္ဇီမင္တို႔ကေတာ့ ေတာင္ပံေတြမွာ ေျခစြမ္းျပခဲ့ၿပီး ဘရာဇီးလ္သားတုိက္စစ္မွဴး ဂ်ဳိလင္တန္ကလည္း ရွက္ဖီးလ္ဒ္ေနာက္တန္းကို ဖိအားေပးႏုိင္ခဲ့ပါတယ္။

ပထမပုိင္းမွာကတည္းက ယုံၾကည္မွဳအျပည့္နဲ႔ ကစားေနခဲ့တဲ့ နယူးကာဆယ္လ္အသင္းဟာ သူတုိ႔ရဲ႕အသင္းကို ေျပာင္းလဲေပးမယ့္ ျဖစ္ႏုိင္ဖြယ္ ပုိင္ရွင္သစ္ ႏွစ္ဦးအတြက္ ေျခစြမ္းျပေနၾကသလားလုိ႔လည္း ထင္စရာျဖစ္ခဲ့ၿပီး အႀကိမ္ႀကိမ္ထုိးေဖာက္ဂိုးသြင္းမွဳေတြကို ရွက္ဖီးလ္ဒ္ခံစစ္က ကာကြယ္ခဲ့ရခ်ိန္မွာ ေက်းဇူးကန္းၿပီး အရန္ခုံေပၚပုိ႔ထားတဲ့ မက္ဂိုးလ္ဒရစ္နဲ႔ မူးေဆးတို႔မပါဝင္ဘဲ သံေယာဇဥ္နဲ႔ ေငြမ်က္ႏွာၾကည့္ထားတဲ့ ဘီလီ ရွာ့ပ္နဲ႔ မက္ဘာနီတုိ႔ကိုေတာ့ ငွက္က်ားေတြက သက္သက္သာသာပဲ ထိန္းခ်ဳပ္ႏုိင္ခဲ့ပါတယ္။

ဒီပြဲရဲ႕အလွည့္အေျပာင္းကေတာ့ ဒုတိယပုိင္းမွာ ျဖစ္ေပၚခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ပယ္ခံခဲ့ရတဲ့ ရွက္ဖီးလ္ဒ္ေနာက္ခံလူ အီဂန္ရဲ႕ ထုတ္ပယ္ခံရမွဳျဖစ္ပါတယ္။ တန္ျပန္တုိက္စစ္ကေန ေဘာလုံးဆြဲေျပးတဲ့ ဂ်ဳိလင္တန္ကို ပထမပုိင္းမွာ တစ္ဝါထိၿပီးျဖစ္တဲ့ အီဂန္က ဆြဲထားလို႔ ဒိုင္လူႀကီး ေဒးဗစ္ ကူးထ္က ဒုတိယအဝါကတ္ကို ခ်ီးျမႇင့္လိုက္တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ယုံၾကည္မွဳလြန္ကဲတဲ့ ဝိုင္လ္ဒါဟာ ဂိုးမရွိသေရအေနအထားမွာေတာင္ ခံစစ္အလယ္လူတစ္ဦးကို ထပ္မထည့္ခဲ့ဘဲ သုံးေယာက္တန္းအထိုင္ ပ်က္စီးခဲ့တာကို ထုိင္ၾကည့္ေနခဲ့သလို နယူးကာဆယ္လ္ကေတာ့ တရစပ္ထိုးေဖာက္ရင္း ပြဲခ်ိန္ ၅၅ မိနစ္မွာ ဧည့္သည္ေနာက္ခံလူ စတီဗင္စ္ ေဘာလုံးကို ေခ်ာ္ကန္မိတာကေန စန္မက္ဇီမင္က သူ႕ဆီ ေရာက္လာတဲ့ ေဘာလုံးကို အနိမ့္ေဘာကန္သြင္းၿပီး အဖြင့္ဂိုးယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ အိမ္ရွင္ငွက္က်ားေတြ ဒုတိယဂိုး ထပ္မံရခဲ့ၿပီး ကြင္းလယ္မွာ ေျခစြမ္းျပေနတဲ့ ရစ္ခ်ီက ေဟဒန္ေပးလိုက္တဲ့ ေဘာလုံးကို ရွက္ဖီးလ္ဒ္ဂိုးေရွ႕ ဆြဲယူလာၿပီး ပိတ္ဆို႔ထားတဲ့ ေနာက္ခံလူေတြၾကားက ကန္သြင္းရာမွာ ဂိုးဝင္သြားခဲ့ၿပီး ဂိုးသမား ဟန္ဒါဆန္ရဲ႕ျမင္ကြင္းမွာ ဘာရွမ္က ကြယ္ေနတာေၾကာင့္ ဖမ္းယူဖို႔ မတတ္ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

အသင္းကို အဆင့္ ၁၂ ေနရာကို တက္ေရာက္ႏုိင္ေစခဲ့တဲ့ ပြဲသိမ္းဂိုးကိုေတာ့ ပြဲခ်ိန္ ၇၈ မိနစ္မွာ ဂ်ဳိလင္တန္က ေတာင္ပံက အယ္လ္မီရြန္ကို ခ်ေပးခဲ့ၿပီး ဆြဲေပးသြားခဲ့တဲ့ ပါရာေဂြးသားက ဂိုးဧရိယာထဲ အနိမ့္ေဘာ ျပန္ခ်ေပးတာကို အသင့္ျပန္လည္ေစာင့္စားေနတဲ့ ဂ်ဳိလင္တန္ကပဲ အနီးကပ္ ပိတ္သြင္းႏုိင္ခဲ့လို႔ စိန္႔ဂ်ိမ္းစ္ပါ့ခ္မွာ အိမ္ရွင္ေတြ သုံးမွတ္ရယူခဲ့ၿပီး ပြဲက်ပ္ေတြ ႀကဳံေနခဲ့တဲ့ ရွက္ဖီးလ္ဒ္တို႔ကေတာ့ ဥေရာပဝင္ခြင့္အတြက္ ၿခိမ္းေျခာက္ခံခဲ့ရၿပီျဖစ္ေၾကာင္းလည္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရှက်ဖီးလ်ဒ်ယူနိုက်တက်ရဲ့ ခရစ္စ ဝိုင်လ်ဒါကို အရင် ပရီးမီးယားလိဂ်နည်းပြဟောင်းထဲက ဘယ်သူနဲ့ တူသလဲလို့ ပရိသတ်တွေကို မေးရင် အာဆင်ဝင်းဂါးလို့ပဲ ပြောကြဖို့ များပါတယ်။ ကိုယ့်ရဲ့ ကစားကွက်ပေါ်မှာ ယုံကြည်မှု အရမ်းလွန်ကဲပြီး ကစားသမားအပြောင်းအလဲတွေ လုပ်တတ်တာမှာ အာဆင်နယ်နည်းပြဟောင်းကြီးနဲ့ တူညီတဲ့ ဝိုင်လ်ဒါဟာ ဒီနေ့မှာလည်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာဖြစ်ပါတယ်။

ခံစစ်အထိုင်မှာ အတောင့်တင်းဆုံးကစားသမား အိုကွန်နဲလ် မပါနိုင်ချိန်မှာ ရှက်ဖီးလ်ဒ်ရဲ့ နောက်တန်းရဲ့ လုပ်အားနှုန်းက ကျဆင်းစပြုနေပြီး ဒီနေရာမှာ အသင်းနဲ့ မတန်အောင် ပေါင် ၂၂ သန်းခွဲ ပေးခေါ်ထားခဲ့တဲ့ နော်ဝေသား ဆန်ဒါ ဘာဂါကတော့ ထုံးစံအတိုင်း အလုပ်မဖြစ်တဲ့ ကွင်းလယ်ကို ဆေးထိုးခဲ့ချိန်မှာ ပထမရာသီဝက်က ခြေစွမ်းပြပြီးမှ နေရာပျောက်နေခဲ့တဲ့ လန်းစထရမ်အတွက်တော့ အားနာစရာဖြစ်ခဲ့ပါတယ်။

နယူးကာဆယ်လ်နည်းပြ စတိဗ် ဘရုစ်ကတော့ သူတို့ရဲ့ အကောင်းဆုံးလူစာရင်းကို ပွဲထုတ်လာခဲ့ပြီး ရစ်ချီနဲ့ ရှယ်လ်ဗီတို့ရဲ့ ကွင်းလယ်က ဘောလုံးဖြန့်ဝေမှုကောင်းသလို အယ်လ်မီရွန်နဲ့ စန်မက်ဇီမင်တို့ကတော့ တောင်ပံတွေမှာ ခြေစွမ်းပြခဲ့ပြီး ဘရာဇီးလ်သားတိုက်စစ်မှူး ဂျိုလင်တန်ကလည်း ရှက်ဖီးလ်ဒ်နောက်တန်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာကတည်းက ယုံကြည်မှုအပြည့်နဲ့ ကစားနေခဲ့တဲ့ နယူးကာဆယ်လ်အသင်းဟာ သူတို့ရဲ့အသင်းကို ပြောင်းလဲပေးမယ့် ဖြစ်နိုင်ဖွယ် ပိုင်ရှင်သစ် နှစ်ဦးအတွက် ခြေစွမ်းပြနေကြသလားလို့လည်း ထင်စရာဖြစ်ခဲ့ပြီး အကြိမ်ကြိမ်ထိုးဖောက်ဂိုးသွင်းမှုတွေကို ရှက်ဖီးလ်ဒ်ခံစစ်က ကာကွယ်ခဲ့ရချိန်မှာ ကျေးဇူးကန်းပြီး အရန်ခုံပေါ်ပို့ထားတဲ့ မက်ဂိုးလ်ဒရစ်နဲ့ မူးဆေးတို့မပါဝင်ဘဲ သံယောဇဉ်နဲ့ ငွေမျက်နှာကြည့်ထားတဲ့ ဘီလီ ရှာ့ပ်နဲ့ မက်ဘာနီတို့ကိုတော့ ငှက်ကျားတွေက သက်သက်သာသာပဲ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒီပွဲရဲ့အလှည့်အပြောင်းကတော့ ဒုတိယပိုင်းမှာ ဖြစ်ပေါ်ခဲ့ပြီး ပွဲချိန် မိနစ် ၅၀ မှာ နှစ်ဝါတစ်နီနဲ့ အထုတ်ပယ်ခံခဲ့ရတဲ့ ရှက်ဖီးလ်ဒ်နောက်ခံလူ အီဂန်ရဲ့ ထုတ်ပယ်ခံရမှုဖြစ်ပါတယ်။ တန်ပြန်တိုက်စစ်ကနေ ဘောလုံးဆွဲပြေးတဲ့ ဂျိုလင်တန်ကို ပထမပိုင်းမှာ တစ်ဝါထိပြီးဖြစ်တဲ့ အီဂန်က ဆွဲထားလို့ ဒိုင်လူကြီး ဒေးဗစ် ကူးထ်က ဒုတိယအဝါကတ်ကို ချီးမြှင့်လိုက်တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယုံကြည်မှုလွန်ကဲတဲ့ ဝိုင်လ်ဒါဟာ ဂိုးမရှိသရေအနေအထားမှာတောင် ခံစစ်အလယ်လူတစ်ဦးကို ထပ်မထည့်ခဲ့ဘဲ သုံးယောက်တန်းအထိုင် ပျက်စီးခဲ့တာကို ထိုင်ကြည့်နေခဲ့သလို နယူးကာဆယ်လ်ကတော့ တရစပ်ထိုးဖောက်ရင်း ပွဲချိန် ၅၅ မိနစ်မှာ ဧည့်သည်နောက်ခံလူ စတီဗင်စ် ဘောလုံးကို ချော်ကန်မိတာကနေ စန်မက်ဇီမင်က သူ့ဆီ ရောက်လာတဲ့ ဘောလုံးကို အနိမ့်ဘောကန်သွင်းပြီး အဖွင့်ဂိုးယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ အိမ်ရှင်ငှက်ကျားတွေ ဒုတိယဂိုး ထပ်မံရခဲ့ပြီး ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ ရစ်ချီက ဟေဒန်ပေးလိုက်တဲ့ ဘောလုံးကို ရှက်ဖီးလ်ဒ်ဂိုးရှေ့ ဆွဲယူလာပြီး ပိတ်ဆို့ထားတဲ့ နောက်ခံလူတွေကြားက ကန်သွင်းရာမှာ ဂိုးဝင်သွားခဲ့ပြီး ဂိုးသမား ဟန်ဒါဆန်ရဲ့မြင်ကွင်းမှာ ဘာရှမ်က ကွယ်နေတာကြောင့် ဖမ်းယူဖို့ မတတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အသင်းကို အဆင့် ၁၂ နေရာကို တက်ရောက်နိုင်စေခဲ့တဲ့ ပွဲသိမ်းဂိုးကိုတော့ ပွဲချိန် ၇၈ မိနစ်မှာ ဂျိုလင်တန်က တောင်ပံက အယ်လ်မီရွန်ကို ချပေးခဲ့ပြီး ဆွဲပေးသွားခဲ့တဲ့ ပါရာဂွေးသားက ဂိုးဧရိယာထဲ အနိမ့်ဘော ပြန်ချပေးတာကို အသင့်ပြန်လည်စောင့်စားနေတဲ့ ဂျိုလင်တန်ကပဲ အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ အိမ်ရှင်တွေ သုံးမှတ်ရယူခဲ့ပြီး ပွဲကျပ်တွေ ကြုံနေခဲ့တဲ့ ရှက်ဖီးလ်ဒ်တို့ကတော့ ဥရောပဝင်ခွင့်အတွက် ခြိမ်းခြောက်ခံခဲ့ရပြီဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.