Premier League

၂၂.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ပထမဝါဆုိလဆန္း ၃ ရက္၊ တနလၤာေန႔။

၂၂.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ပထမဝါဆုိလဆန္း ၃ ရက္၊ တနလၤာေန႔၊ အၿမိတၱစုတ္။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ေန႔လယ္ ၁၂:၅၈ အထိ တိထီ ၁ လုံး။ ေက်ာ္လွ်င္ ၂ လုံး။ ၂ လုံးတြင္ မတယုဂ္၊ လုပ္ငန္းသစ္မ်ား စတင္ျခင္း မျပဳရ၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုသည့္အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၄:၂၉ အထိ အျဒနကၡတ္။ ေက်ာ္လွ်င္ ပုဏၰဖုသွ်ဳနကၡတ္။ ညေန ၁၃:၃၃ အထိ ဝုဒၶိယုဂ္၊ ဖြံ႕ၿဖဳိးႀကီးထြားျခင္း၊ ဉာဏ္ပညာကို အရင္းတည္၍ ေျပာဆုိလုပ္ကိုင္ ေဆာင္ရြက္ရသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဓူဝယုဂ္၊ တည္ၿငိမ္ျခင္း၊ အင္အားရွိျခင္း၊ တစ္သမတ္တည္း ျဖစ္ျခင္း၊ မိမိအား အက်ဳိးေပးလ်က္ရွိေသာ လုပ္ငန္းကို ျမႇင့္တင္ပါ။ သန္ရာသန္ရာ ဖိဖိစီးစီး ေဆာင္ရြက္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
ေန႔လယ္ ၁၂:၅၈ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ညသန္းေခါင္ေက်ာ္ ၄၂ မိနစ္အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသုိင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ေန႔လယ္ ၁၂:၅၈ အထိ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။ ေက်ာ္လွ်င္ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၂.၆.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၃ ရက်၊ တနင်္လာနေ့၊ အမြိတ္တစုတ်။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နေ့လယ် ၁၂:၅၈ အထိ တိထီ ၁ လုံး။ ကျော်လျှင် ၂ လုံး။ ၂ လုံးတွင် မတယုဂ်၊ လုပ်ငန်းသစ်များ စတင်ခြင်း မပြုရ၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၄:၂၉ အထိ အဒြနက္ခတ်။ ကျော်လျှင် ပုဏ္ဏဖုသျှုနက္ခတ်။ ညနေ ၁၃:၃၃ အထိ ဝုဒ္ဓိယုဂ်၊ ဖွံ့ဖြိုးကြီးထွားခြင်း၊ ဉာဏ်ပညာကို အရင်းတည်၍ ပြောဆိုလုပ်ကိုင် ဆောင်ရွက်ရသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဓူဝယုဂ်၊ တည်ငြိမ်ခြင်း၊ အင်အားရှိခြင်း၊ တစ်သမတ်တည်း ဖြစ်ခြင်း၊ မိမိအား အကျိုးပေးလျက်ရှိသော လုပ်ငန်းကို မြှင့်တင်ပါ။ သန်ရာသန်ရာ ဖိဖိစီးစီး ဆောင်ရွက်ပါ။

တစ်နေ့တာ ကရိုဏ်း။
နေ့လယ် ၁၂:၅၈ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ညသန်းခေါင်ကျော် ၄၂ မိနစ်အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နေ့လယ် ၁၂:၅၈ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)